ကမ္ဘာတစ်လွှားက ထူးခြားတဲ့ အလှအပရေးရာ ကုသနည်းများ

0
43

လူတိုင္း ကိုယ့္ကိုယ္ကိုယုံၾကည္မႈရွိေစဖို႔နဲ႔ ေပ်ာ္႐ြင္ေစဖို႔အတြက္ ကိုယ့္ရဲ႕႐ုပ္ရည္အသြင္အျပင္ကို လွပၿပီးက်န္းမာခ်င္ၾကပါတယ္။ ယေနေခတ္မွာေတာ့ လူေတြဟာ အလွျပင္ဆိုင္၊ spa ေတြကိုပိုမိုစိတ္ဝင္စားလာၾကသလို အလွအပေရးရာနည္းလမ္းေတြကိုလည္း ေလ့လာၾကပါတယ္။ ဒါေၾကာင့္ပဲ ကမာၻအရပ္ရပ္က အလွဖန္တီးရွင္ေတြနဲ႔ လုပ္ငန္းရွင္ေတြဟာ customer ေတြကိုဆြဲေဆာင္ႏိုင္ဖို႔အတြက္ နည္းလမ္းမ်ိဳးစုံနဲ႔ႀကိဳးစားလာၾကပါတယ္။ တခ်ိဳ႕နည္းလမ္းေတြဟာဆိုရင္ ေတာ္႐ုံလူေတြ လိုက္မလုပ္ရဲတဲ့ ထူးထူးျခားျခား treatment ေတြျဖစ္ေနတာကို ေတြ႕ရပါတယ္။

၁။ ေႁမြအႏွိပ္ကုထုံး
ေႁမြဆိုရင္ ေသးေသးႀကီးႀကီး ေၾကာက္စရာေကာင္းတဲ့ တိရိစာၦန္အျဖစ္ လူအမ်ားစုကမွတ္ယူထားၾကပါတယ္။ တကယ္လို႔ သင္အႏွိပ္ခံတဲ့ကုတင္ေပၚမွာ လဲေလ်ာင္းေနစဥ္ ေႁမြေတြကသင့္ခႏၶာကိုယ္ေပၚမွာ ရစ္ပတ္ေနမယ္ဆိုရင္ သင္တကယ္ပဲစိတ္အပန္းေျပမယ္လို႔ ထင္ပါသလား။ ယခုလို ေႁမြကိုအသုံးျပဳၿပီးႏွိပ္တဲ့ ကုထုံးကို ဖိလစ္ပိုင္၊ အင္ဒိုနီးရွား၊ ႐ုရွား၊ အစၥေရးနဲ႔ ထိုင္းႏိုင္ငံေတြမွာ ျပဳလုပ္ေနၾကၿပီး ယခုလိုေႁမြအႏွိပ္ကုထုံးဟာ ႏွလုံးေရာဂါကို ေလ်ာ့ခ်ေစျခင္း၊ ကိုယ္ခႏၶာေသြးလည္ပတ္မႈ ကိုေကာင္းေစျခင္းနဲ႔ စိတ္ဖိစီမႈပမာဏကို ေလ်ာ့က်ေစတယ္လို႔ ဆိုပါတယ္။
သင္ယခုနည္းလမ္းနဲ႔အႏွိပ္ခံမယ္ဆိုရင္ ကံေကာင္းတာတစ္ခုကေတာ့ customer ေတြကို အကိုက္မခံရဖို႔အတြက္ ေႁမြရဲ႕ပါးစပ္ကိုတိပ္နဲ႔ပိတ္ထားေပးေၾကာင္း သိရပါတယ္။

၂။ ေမွ်ာ့ကုထုံး
ေမွ်ာနဲ႔ေဆးကုသျခင္းကို အီဂ်စ္ျပည္မွာ လြတ္ခဲ့တဲ့ႏွစ္ေပါင္း ၂၅၀၀ ေလာက္ကအသုံးျပဳခဲ့ၿပီး ယေနေခတ္မွာ ျပန္ခတ္စားလာတယ္လို႔ ဆိုရမွာပါ။ ေမွ်ာ့ကုထုံးဟာ အဆိပ္ထုတ္ျခင္းအတြက္ ထိေရာက္တဲ့ကုထုံးျဖစ္တာေၾကာင့္ လူေတြႏွစ္သက္ၾကတယ္လို႔ သိရပါတယ္။ ေဟာလိဝုဒ္မင္းသမီးႀကီး ဒမ္မီမိုးဟာလည္း အဆိုပါကုထုံးနဲ႔ သူမရဲ႕အလွအပကို ထိန္းသိမ္းခဲ့ပါတယ္။ ေမွ်ာကုထုံးကုသဖို႔အတြက္ ကုသခံမယ့္သူရဲ႕ ခႏၶာကိုယ္ေပၚမွာ မိနစ္ ၂၀ ကေန ၄၅မိနစ္ေလာက္ထိ ေမွ်ာ့ေတြကိုေသြးစုပ္ထုတ္ေစၿပီး အက်ိဳးေက်းဇူးကေတာ့ သြားဖက္ဆိုင္ရာျပႆနာ၊ ေရာဂါကူးစက္မႈ၊ အေရျပားေရာဂါ၊ ႏွလုံးေသြးေၾကာဆိုင္ရာနဲ႔ အာ႐ုံေၾကာျပႆနာေတြကို ေကာင္းမြန္ေစတယ္လို႔ သိရပါတယ္။

၃။ ဘီယာ spa
ေရေႏြးနဲ႔ ေရစိမ္ျခင္းဟာ ကိုယ္ခႏၶာကိုလန္းဆန္းေစျခင္း၊ နာက်င္မႈေတြကို ေလွ်ာခ်ေစျခင္းအတြက္ လူေတြျပဳလုပ္ၾကတာကို သိၿပီးသားပါ။ ဒါေပမယ့္ ပါရာေဂြး၊ ခ်က္၊ ၾသစေတးလ် မွာရွိတဲ့ အခ်ိဳ႕ေသာ Spa ေတြမွာေတာ့ ဘီယာနဲ႔ေရစိမ္တဲ့ ဝန္ေဆာင္မႈကို ရရွိႏိုင္ပါတယ္။ ဘီယာေတြကို ေရခ်ိဳးကန္ထဲမွာထည့္ၿပီး ေရခ်ိဳးရျခင္းေၾကာင့္ စိတ္ဖိစီးမႈေတြကို ေလ်ာ့က်ေစျခင္း၊ ဆံသားနဲ႔အေရျပားျပႆနာေတြကို ကင္းေဝးေစၿပီး၊ ေသြးပူေလ့က်င့္ခန္းလႈပ္ရွားမႈေတြကို ျမႇင့္တင္ေပးႏိုင္ေၾကာင္း သိရွိရပါတယ္။

၄။ Cryotherapy
Cryotherapy ကိုေတာ့ အေအးခံကုထုံးအျဖစ္ လူေတြသိရွိထားၾကပါတယ္။ ၎ရဲ႕နည္းလမ္းက ေရခဲေလာက္ေအာင္ ေအးေနတဲ့ေရထဲမွာ ထိုင္ၿပီး အေအးခံရတာပါ။ ယခုလိုျပဳလုပ္ျခင္းေၾကာင့္ စိတ္ပိုင္းဆိုင္ရာသန္မာၿပီး အသက္ရွည္ေစတယ္လို႔သိရပါတယ္။ ဒါေပမယ့္ယခုနည္းလမ္းဟာ အသစ္ျဖစ္တာေၾကာင့္ ဘယ္လိုေဘးထြက္ဆိုးက်ိဳးေတြ ရွိႏိုင္တယ္ဆိုတာကို အတည္မျပဳႏိုင္ေသးပါဘူး။

၅။ ခ႐ုကုထုံး
မ်က္ႏွာအလွအပနဲ႔ အ႐ြယ္တင္ႏုပ်ိဳေစဖို႔အတြက္ ခ႐ုကုထုံးဟာဆိုရင္ ေရပန္းစားလွ်က္ရွိပါတယ္။ ခ႐ုေတြရဲ႕အခြၽဲမွာ antioxidant နဲ႔ပ႐ိုတိန္းပါဝင္တာေၾကာင့္ အေရျပားအတြက္ ေကာင္းမြန္ေစဖို႔အတြက္ ခ႐ုတါေကိုမ်က္ႏွာေပၚတင္ၿပီး အႏွိပ္ခံေစတာျဖစ္ပါတယ္။ ထိုင္းႏိုင္ငံမွာဆိုရင္ ေရပန္းစားတဲ့ ကုထုံးျဖစ္ပါတယ္။

၆။ ဆိတ္ေယာဂ
ဆိတ္ေယာဂဟာလည္း ေရပန္းစားလွ်က္ရွိၿပီး ဆိတ္ေတြနဲ႔အတူ ေယာဂျပဳလုပ္ျခင္းေၾကာင့္ စိတ္ဖိစီးမႈပမာဏကို ေလွ်ာ့ခ်ေစၿပီး အေၾကာေျပေစတယ္လို႔ သိရပါတယ္။

၇။ ငွက္ေခ်းကုထုံး
ယေန႔ေခတ္မွာလူေတြဟာ လွပဖို႔အတြက္ဆိုရင္ ဘာမဆိုလုပ္ဖို႔ အဆင္သင့္ျဖစ္ေနၾကပါတယ္။ ယခုလိုအလွအပဆိုင္ရာနည္းလမ္းေတြထဲမွာ ငွက္ေခ်းနဲ႔ မ်က္ႏွာကိုသုတ္လိမ္းတဲ့ နည္းလမ္းလည္းပါဝင္ပါတယ္။ ယခုကုထုံးဟာ ဂ်ပန္မွာအသုံးျပဳေနၿပီး အသားအေရကိုျဖဴးေဖြးဝင္းလက္ေစသလို မိတ္ကပ္ဖ်က္ဖို႔အတြက္လည္း အေထာက္အကူျဖစ္ေစေၾကာင္း သိရပါတယ္။

၈။ Apitherapy
ယခုကုထုံးဟာ ပ်ားကေနရရွိတဲ့ ထုတ္ကုန္ေတြကို အသုံးျပဳၿပီးကုသေပးတဲ့ နည္းလမ္းျဖစ္ပါတယ္။ ပ်ားရဲ႕အဆိပ္လည္းပါဝင္ပါတယ္။ အဆိုပါကုထုံးဟာ အဆစ္ေရာဂါ၊ ေရယုံနဲ႔ ကူးစက္ေရာဂါအမ်ားအျပားကိုလည္း ေပ်ာက္ကင္းေစေၾကာင္းသိရပါတယ္။

၉။ ထိုင္း ပါး႐ိုက္ကုထုံး
ဘယ္သူမွ ကိုယ့္ပါးကို႐ိုက္တာကို သည္းခံႏိုင္မွာမဟုတ္ပါဘူး။ ဒါေပမယ့္ တခ်ိဳ႕လူေတြကေတာ့ သူတို႔ရဲ႕အလွအပဆိုင္ရာ ကုထုံးအေနနဲ႔ ပါး႐ိုက္ခံရတာကို ႏွစ္သက္ၾကပါတယ္။ အဆိုပါကုထုံးဟာ ထိုင္းႏိုင္ငံမွာေခတ္စားၿပီး မ်က္ႏွာကိုလက္ေဝွ႔အိတ္ကဲ့သို႔ ႐ိုက္ႏွက္ၿပီး ႏွိပ္နယ္ေပးတာျဖစ္ပါတယ္။
ဒီကုသမႈဟာ အေရးအေၾကာင္းနဲ႔ ေခြၽးေပါက္ေတြကို က်ဳံ႔ေစႏိုင္ေၾကာင္း သိရေပမယ့္ တခ်ိဳ႕ကြၽမ္းက်င္သူေတြကေတာ့ ဒီကုသမႈဟာ မသင့္ေလွ်ာ္ဘူးလို႔ ေဝဖန္လွ်က္ရွိၾကပါတယ္။

၁၀။ ငါးအစာေကြၽးကုထုံး
ယခုနည္းလမ္းဟာလည္း စတင္ၿပီးေရပန္းစားလာေနပါၿပီ။ လူေတြရဲ႕ေျခထာက္ကို garra ruffa ငါးေတြရွိတဲ့ ဇလုံထဲကိုထည့္ၿပီး ဆဲလ္ေသေတြနဲ႔ ၾကမ္းတမ္းတဲံအေရျပားေတြကို အစာေကြၽးတာျဖစ္ပါတယ္။ အခ်ိဳ႕ကြၽမ္းက်င္သူေတြကေတာ့ ငါးေတြေရာဂါတခုခုျဖစ္ေနတဲ့အခ်ိန္မွာ အႏၲရာယ္ရွိႏိုင္ေၾကာင္း မွတ္ခ်က္ေပးပါတယ္။

၁၁။ ရွားေစာင္းပင္နဲ႔ ႏွိပ္ျခင္း
ရွားေစာင္းပင္နဲ႔ႏွိပ္နယ္ေပးျခင္းဟာ အသားအေရကို ေရဓါတ္ျပည့္ဝေစၿပီး လန္းဆန္းေစေၾကာင္း သိရွိရပါတယ္။

၁၂။ အသားကုထုံး
သင္အသားစားရျခင္းကို ႏွစ္သက္ရင္ေတာ့ ယခုကုထုံးဟာ သင့္အတြက္ပါ။ အီတလီ ကစားေသာက္ဆိုင္အခ်ိဳ႕မွာ ယခုဝန္ေဆာင္မႈကို ရရွိႏိုင္ၿပီး ပန္ကန္ထဲမွာအသားေတြကိုထည့္ထားၿပီး သူတို႔ရဲ႕ေခါင္းေပၚကို အဝတ္အုပ္လ်က္နဲ႔ အနံခံေစတာပါ။ ဒီစားေသာက္ဆိုင္ကေတာ့ ကသားေတြကို စားဖို႔အတြက္လည္း ရည္႐ြယ္ထားပါတယ္။

LM_Naung_Naung
Lifestyle_Myanmar

လူတိုင်း ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိစေဖို့နဲ့ ပျော်ရွင်စေဖို့အတွက် ကိုယ့်ရဲ့ရုပ်ရည်အသွင်အပြင်ကို လှပပြီးကျန်းမာချင်ကြပါတယ်။ ယနေခေတ်မှာတော့ လူတွေဟာ အလှပြင်ဆိုင်၊ spa တွေကိုပိုမိုစိတ်ဝင်စားလာကြသလို အလှအပရေးရာနည်းလမ်းတွေကိုလည်း လေ့လာကြပါတယ်။
ဒါကြောင့်ပဲ ကမ္ဘာအရပ်ရပ်က အလှဖန်တီးရှင်တွေနဲ့ လုပ်ငန်းရှင်တွေဟာ customer တွေကိုဆွဲဆောင်နိုင်ဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ကြိုးစားလာကြပါတယ်။ တချို့နည်းလမ်းတွေဟာဆိုရင် တော်ရုံလူတွေ လိုက်မလုပ်ရဲတဲ့ ထူးထူးခြားခြား treatment တွေဖြစ်နေတာကို တွေ့ရပါတယ်။

၁။ မြွေအနှိပ်ကုထုံး
မြွေဆိုရင် သေးသေးကြီးကြီး ကြောက်စရာကောင်းတဲ့ တိရိစ္ဆာန်အဖြစ် လူအများစုကမှတ်ယူထားကြပါတယ်။ တကယ်လို့ သင်အနှိပ်ခံတဲ့ကုတင်ပေါ်မှာ လဲလျောင်းနေစဉ် မြွေတွေကသင့်ခန္ဓာကိုယ်ပေါ်မှာ ရစ်ပတ်နေမယ်ဆိုရင် သင်တကယ်ပဲစိတ်အပန်းပြေမယ်လို့ ထင်ပါသလား။
ယခုလို မြွေကိုအသုံးပြုပြီးနှိပ်တဲ့ ကုထုံးကို ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ရုရှား၊ အစ္စရေးနဲ့ ထိုင်းနိုင်ငံတွေမှာ ပြုလုပ်နေကြပြီး ယခုလိုမြွေအနှိပ်ကုထုံးဟာ နှလုံးရောဂါကို လျော့ချစေခြင်း၊ ကိုယ်ခန္ဓာသွေးလည်ပတ်မှု ကိုကောင်းစေခြင်းနဲ့ စိတ်ဖိစီမှုပမာဏကို လျော့ကျစေတယ်လို့ ဆိုပါတယ်။
သင်ယခုနည်းလမ်းနဲ့အနှိပ်ခံမယ်ဆိုရင် ကံကောင်းတာတစ်ခုကတော့ customer တွေကို အကိုက်မခံရဖို့အတွက် မြွေရဲ့ပါးစပ်ကိုတိပ်နဲ့ပိတ်ထားပေးကြောင်း သိရပါတယ်။

၂။ မျှော့ကုထုံး
မျှောနဲ့ဆေးကုသခြင်းကို အီဂျစ်ပြည်မှာ လွတ်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ လောက်ကအသုံးပြုခဲ့ပြီး ယနေခေတ်မှာ ပြန်ခတ်စားလာတယ်လို့ ဆိုရမှာပါ။ မျှော့ကုထုံးဟာ အဆိပ်ထုတ်ခြင်းအတွက် ထိရောက်တဲ့ကုထုံးဖြစ်တာကြောင့် လူတွေနှစ်သက်ကြတယ်လို့ သိရပါတယ်။ ဟောလိဝုဒ်မင်းသမီးကြီး ဒမ်မီမိုးဟာလည်း အဆိုပါကုထုံးနဲ့ သူမရဲ့အလှအပကို ထိန်းသိမ်းခဲ့ပါတယ်။ မျှောကုထုံးကုသဖို့အတွက် ကုသခံမယ့်သူရဲ့ ခန္ဓာကိုယ်ပေါ်မှာ မိနစ် ၂၀ ကနေ ၄၅မိနစ်လောက်ထိ မျှော့တွေကိုသွေးစုပ်ထုတ်စေပြီး အကျိုးကျေးဇူးကတော့ သွားဖက်ဆိုင်ရာပြဿနာ၊ ရောဂါကူးစက်မှု၊ အရေပြားရောဂါ၊ နှလုံးသွေးကြောဆိုင်ရာနဲ့ အာရုံကြောပြဿနာတွေကို ကောင်းမွန်စေတယ်လို့ သိရပါတယ်။

၃။ ဘီယာ spa
ရေနွေးနဲ့ ရေစိမ်ခြင်းဟာ ကိုယ်ခန္ဓာကိုလန်းဆန်းစေခြင်း၊ နာကျင်မှုတွေကို လျှောချစေခြင်းအတွက် လူတွေပြုလုပ်ကြတာကို သိပြီးသားပါ။ ဒါပေမယ့် ပါရာဂွေး၊ ချက်၊ သြစတေးလျ မှာရှိတဲ့ အချို့သော Spa တွေမှာတော့ ဘီယာနဲ့ရေစိမ်တဲ့ ဝန်ဆောင်မှုကို ရရှိနိုင်ပါတယ်။
ဘီယာတွေကို ရေချိုးကန်ထဲမှာထည့်ပြီး ရေချိုးရခြင်းကြောင့် စိတ်ဖိစီးမှုတွေကို လျော့ကျစေခြင်း၊ ဆံသားနဲ့အရေပြားပြဿနာတွေကို ကင်းဝေးစေပြီး၊ သွေးပူလေ့ကျင့်ခန်းလှုပ်ရှားမှုတွေကို မြှင့်တင်ပေးနိုင်ကြောင်း သိရှိရပါတယ်။

၄။ Cryotherapy
Cryotherapy ကိုတော့ အအေးခံကုထုံးအဖြစ် လူတွေသိရှိထားကြပါတယ်။ ၎င်းရဲ့နည်းလမ်းက ရေခဲလောက်အောင် အေးနေတဲ့ရေထဲမှာ ထိုင်ပြီး အအေးခံရတာပါ။ ယခုလိုပြုလုပ်ခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာသန်မာပြီး အသက်ရှည်စေတယ်လို့သိရပါတယ်။ ဒါပေမယ့်ယခုနည်းလမ်းဟာ အသစ်ဖြစ်တာကြောင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်တယ်ဆိုတာကို အတည်မပြုနိုင်သေးပါဘူး။

၅။ ခရုကုထုံး
မျက်နှာအလှအပနဲ့ အရွယ်တင်နုပျိုစေဖို့အတွက် ခရုကုထုံးဟာဆိုရင် ရေပန်းစားလျှက်ရှိပါတယ်။ ခရုတွေရဲ့အချွဲမှာ antioxidant နဲ့ပရိုတိန်းပါဝင်တာကြောင့် အရေပြားအတွက် ကောင်းမွန်စေဖို့အတွက် ခရုတါေကိုမျက်နှာပေါ်တင်ပြီး အနှိပ်ခံစေတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင် ရေပန်းစားတဲ့ ကုထုံးဖြစ်ပါတယ်။

၆။ ဆိတ်ယောဂ
ဆိတ်ယောဂဟာလည်း ရေပန်းစားလျှက်ရှိပြီး ဆိတ်တွေနဲ့အတူ ယောဂပြုလုပ်ခြင်းကြောင့် စိတ်ဖိစီးမှုပမာဏကို လျှော့ချစေပြီး အကြောပြေစေတယ်လို့ သိရပါတယ်။

၇။ ငှက်ချေးကုထုံး
ယနေ့ခေတ်မှာလူတွေဟာ လှပဖို့အတွက်ဆိုရင် ဘာမဆိုလုပ်ဖို့ အဆင်သင့်ဖြစ်နေကြပါတယ်။ ယခုလိုအလှအပဆိုင်ရာနည်းလမ်းတွေထဲမှာ ငှက်ချေးနဲ့ မျက်နှာကိုသုတ်လိမ်းတဲ့ နည်းလမ်းလည်းပါဝင်ပါတယ်။ ယခုကုထုံးဟာ ဂျပန်မှာအသုံးပြုနေပြီး အသားအရေကိုဖြူးဖွေးဝင်းလက်စေသလို မိတ်ကပ်ဖျက်ဖို့အတွက်လည်း အထောက်အကူဖြစ်စေကြောင်း သိရပါတယ်။

၈။ Apitherapy
ယခုကုထုံးဟာ ပျားကနေရရှိတဲ့ ထုတ်ကုန်တွေကို အသုံးပြုပြီးကုသပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။ ပျားရဲ့အဆိပ်လည်းပါဝင်ပါတယ်။ အဆိုပါကုထုံးဟာ အဆစ်ရောဂါ၊ ရေယုံနဲ့ ကူးစက်ရောဂါအများအပြားကိုလည်း ပျောက်ကင်းစေကြောင်းသိရပါတယ်။

၉။ ထိုင်း ပါးရိုက်ကုထုံး
ဘယ်သူမှ ကိုယ့်ပါးကိုရိုက်တာကို သည်းခံနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် တချို့လူတွေကတော့ သူတို့ရဲ့အလှအပဆိုင်ရာ ကုထုံးအနေနဲ့ ပါးရိုက်ခံရတာကို နှစ်သက်ကြပါတယ်။ အဆိုပါကုထုံးဟာ ထိုင်းနိုင်ငံမှာခေတ်စားပြီး မျက်နှာကိုလက်ဝှေ့အိတ်ကဲ့သို့ ရိုက်နှက်ပြီး နှိပ်နယ်ပေးတာြဖစ်ပါတယ်။
ဒီကုသမှုဟာ အရေးအကြောင်းနဲ့ ချွေးပေါက်တွေကို ကျုံ့စေနိုင်ကြောင်း သိရပေမယ့် တချို့ကျွမ်းကျင်သူတွေကတော့ ဒီကုသမှုဟာ မသင့်လျှော်ဘူးလို့ ဝေဖန်လျှက်ရှိကြပါတယ်။

၁၀။ ငါးအစာကျွေးကုထုံး
ယခုနည်းလမ်းဟာလည်း စတင်ပြီးရေပန်းစားလာနေပါပြီ။ လူတွေရဲ့ခြေထာက်ကို garra ruffa ငါးတွေရှိတဲ့ ဇလုံထဲကိုထည့်ပြီး ဆဲလ်သေတွေနဲ့ ကြမ်းတမ်းတဲံအရေပြားတွေကို အစာကျွေးတာဖြစ်ပါတယ်။ အချို့ကျွမ်းကျင်သူတွေကတော့ ငါးတွေရောဂါတခုခုဖြစ်နေတဲ့အချိန်မှာ အန္တရာယ်ရှိနိုင်ကြောင်း မှတ်ချက်ပေးပါတယ်။

၁၁။ ရှားစောင်းပင်နဲ့ နှိပ်ခြင်း
ရှားစောင်းပင်နဲ့နှိပ်နယ်ပေးခြင်းဟာ အသားအရေကို ရေဓါတ်ပြည့်ဝစေပြီး လန်းဆန်းစေကြောင်း သိရှိရပါတယ်။

၁၂။ အသားကုထုံး
သင်အသားစားရခြင်းကို နှစ်သက်ရင်တော့ ယခုကုထုံးဟာ သင့်အတွက်ပါ။ အီတလီ ကစားသောက်ဆိုင်အချို့မှာ ယခုဝန်ဆောင်မှုကို ရရှိနိုင်ပြီး ပန်ကန်ထဲမှာအသားတွေကိုထည့်ထားပြီး သူတို့ရဲ့ခေါင်းပေါ်ကို အဝတ်အုပ်လျက်နဲ့ အနံခံစေတာပါ။ ဒီစားသောက်ဆိုင်ကတော့ ကသားတွေကို စားဖို့အတွက်လည်း ရည်ရွယ်ထားပါတယ်။
LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here