ကမ္ဘာတစ်လွှားက စာကြည့်တိုက်များ (သို့) မြေကြီးပေါ်က ကောင်းကင်များ

0
19

ဖေဖော်၀ါရီလဆိုတာ စာကြည့်တိုက်ချစ်သူတွေရဲ့ လလေးတစ်လဖြစ်ပါတယ်။ စာရေးသူ ဒါမှမဟုတ် အချိန်ကာလအရဖွဲ့စည်းထားတဲ့ အသိပညာ၊ မရေမတွက်နိုင်တဲ့ရောင်စုံချည်နှောင်ထားတဲ့ကြိုးလေးတွေနှင့် ပြည့်နေတဲ့ အဆောက်အအုံတွေကို နှစ်သက်တယ်ဆိုရင် ဖေဖော်၀ါရီလဟာ ၀မ်းသာရမယ့်လတစ်လပါပဲ။

-Advertisement-

သင့်အနေနဲ့ ဖတ်ဖို့အတွက် ၀တ္ထုအသစ်ရှာနေတာပဲဖြစ်ဖြစ်၊ စီမံကိန်းတစ်ခုအတွက်သုတေသနပြုလုပ်နေတာပဲဖြစ်ဖြစ် သင့်ပတ်၀န်းကျင်မှာရှိတဲ့ နွေးထွေးတဲ့ကမ္ဘာလေးလိုချင်လို့ပဲဖြစ်ဖြစ် ဒါတွေအားလုံးကို ဖန်တီးပေးနိုင်မယ့် နေရာလေးတစ်ခုရှိပါတယ်။ အဲဒါကတော့ စာကြည့်တိုက်ပဲဖြစ်ပါတယ်။ စာကြည့်တိုက်တွေက လှပတဲ့ဗိသုကာတွေနှင့် သမိုင်းနှစ်သက်တဲ့သူတွေအတွက် နေရာတွေလည်းရှိပါတယ်။ ဒီကနေ့မှာတော့ ကမ္ဘာကြီးပေါ်က အကောင်းဆုံးစာကြည့်တိုက်တွေကို ဗဟုသုတအနေနဲ့ မျှ၀ေဖော်ပြပေးချင်ပါတယ်။

အီလီနွိုက်ပြည်နယ်၊ ချီကာဂိုမှာရှိတဲ့ Stony Island Arts Bankကို ၁၉၂၃ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ ၎င်းက ပြခန်းတွေ၊ စာကြည့်တိုက်တွေနှင့်အတူ အခြားစုဆောင်းမှုတွေများစွာရှိနေပါပြီ။ Ebony နှင့် Jetမဂ္ဂဇင်းထုတ်၀ေသူတွေဖြစ်တဲ့ Johnson Publishing Companyက စာအုပ်တွေနှင့်စာနယ်ဇင်းအားလုံးကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ဒီsiteဟာ ဆိုရင် သမိုင်းပညာရှင်တွေနှင့် တောင်ပိုင်းဒေသသမိုင်းစုဆောင်းသူတွေအတွက် အသင့်လျော်ဆုံးနေရာတစ်ခုဖြစ်ပါတယ်။

နယူးယောက် JP Morganစာကြည့်တိုက်ဟာဆိုရင် Grand Centralနှင့် Penn Stationsတွေကနေပြီးတော့ အနည်းငယ်သာလမ်းလျှောက်ရတဲ့နေရာမှာ တည်ရှိနေတာဖြစ်ပါတယ်။ Henry David Thoreauရဲ့ လက်မှတ်ထိုးထားတဲ့ ဂျာနယ်တွေအပါအ၀င် ထူးခြားတဲ့စာပေနှင့် သမိုင်းစာမူပေါင်းများစွာတည်ရှိနေတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီဂျာနယ်မှအကြောင်းအရာတွေကို Waldenရေးသားတုန်းကလည်း အသုံးပြုခဲ့ပါသေးတယ်တဲ့။

Pennsylnvaniaပြည်နယ်၊ ဗယ်လင်မြို့မှာရှိတဲ့ Lehigh တက္ကသိုလ်ဆိုတာ Lindermanစာကြည့်တိုက်တည်ရှိတဲ့နေရာဖြစ်ပါတယ်။ အဲဒီ့မှာ John James Audubonရဲ့ Bird of America အပါအ၀င် ရှားရှားပါးပါးစာအုပ်တွေကို အများကြီးကို တွေ့နိုင်ပါတယ်။

Torontoတက္ကသိုလ်က Thormas Fisher Rare Book Libraryဟာ ကနေဒါနိုင်ငံရဲ့ ရှားပါးစာအုပ်တွေနှင့် စာမူတွေ အများဆုံးရှိတဲ့နေရာတစ်ခုပါ။ စာရေးဆရာမ မာဂရက်အက်၀ုဒ်ရဲ့ ပရိသတ်တွေအနေနဲ့ သူမရဲ့ မူလအရေးအသားအများအပြားကိုလည်း တွေ့ရနိုင်ပါသေးတယ်။

တကယ်လို့ သင့်အနေနဲ့ ပဲရစ်ကိုသွားဖို့စီစဥ်ထားတယ်ဆိုရင် Sorboneမှာရှိတဲ့ စာဖတ်ခန်းတွေအပြင် Richelieu-Louvoisစာကြည့်တိုက်ကိုလည်း သွားရောက်လည်ပတ်သင့်ပါတယ်။ Richelieu-Louvoisစာကြည့်တိုက်မှာဆိုရင် ၁၈ရာစုအစက စာအုပ်တွေ၊ လက်ရေးစာမူတွေ၊ ဓာတ်ပုံတွေ၊ ပေးစာတွေ စတဲ့အမျိုးအစားစုံလွန်းတဲ့ စာပေတွေအပြင် သိုလှောင်ထားတဲ့ရင်သပ်ရှုမောဖွယ်ဗိသုကာလက်ရာတွေကိုလည်း မြင်တွေ့ရဦးမှာပါ။

သင့်အနေနဲ့ Pragueကို သွားမယ်ဆိုရင် Clementinumစာကြည့်တိုက်ကို သင်လက်လွတ်မှာမဟုတ်တာ သေချာပါတယ်။ Jesuit တက္ကသိုလ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ၁၇၂၂ခုနှစ်က တည်ဆောက်ခဲ့တဲ့ Baroqueဗိသုကာလက်ရာရဲ့ လှပလွန်းပြီးတော့ ယခုချိန်မှာတော့စာအုပ်ပေါင်း ၂၀၀၀၀ကျော်ရှိနေပါပြီ။

ဘူဒါပတ်စ်မှာရှိတဲ့ Szabo Ervin စာကြည့်တိုက်ဟာ Wenckheimနန်းတော်လို့ လူသိများပြီးတော့ ၁၉ရာစုNeo-Baroqueအိမ်ကြီးမှာ တည်ရှိပါတယ်။ ဘန်ဒါပတ်စ်က အကြီးဆုံးစာကြည့်တိုက်ကွန်ယက်ကို တည်ဆောက်ထားတဲ့ အိမ်ကြီးကို စာကြည့်တိုက်အဖြစ်ပြောင်းလဲလိုက်ခြင်းပဲဖြစ်ပါတယ်။

တောင်ကိုရီးယား၊ ဆိုးလ်မြို့မှာရှိတဲ့ Starfieldစာကြည့်တိုက်ကြီးဟာ ဆိုရင် လှပပြီးတောက်ပလင်းလက်နေတဲ့ ခေတ်မီနေရာကြီးတစ်ခုဖြစ်ပါတယ်။ စာအုပ်ပေါင်း ၅၀၀၀၀ပါ၀င်ပြီးတော့ လူတိုင်းအတွက်အခမဲ့ပါတဲ့။

Rioကို ရောက်တဲ့အခါ Royal Portuguese Reading Roomဆိုတာ မလွှဲမရှောင်သာသွားရမယ့်နေရာတစ်ခုဖြစ်ပါတယ်။ ဒီလျို့၀ှက်ကျောက်မျက်၁၈၃၇ခုနှစ်ကစပြီးတော့ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ကြမ်းပြင်ကနေပြီးတော့ မျက်နှာကျက်အထိ သစ်သားစာအုပ်စင်များ၊ ဖန်ထည်ခုံးမျက်နှာကြက်နှင့် ကြည်လင်တဲ့မီးချောင်းတွေပါရှိပါတယ်။ ဒီစာကြည့်တိုက်မှာ အတွဲပေါင်း၃၅၀၀၀၀ကျော်ရှိပြီးတော့ ပေါ်တူဂီစာပေစုဆောင်းမှုအများဆုံးစာကြည့်တိုက်လည်းဖြစ်ပါတယ်။

Lifestyle_Myanmar

Nyein_Thu

sources-sweatpantsandcoffee.

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here