ကမ္ဘာကြီးအပေါ် သင့်အမြင်ကို ဖွင့်လှစ်ပေးမယ့် မင်းသားချော Keanu Reeves ရဲ့ ပြောစကားများ

0
156

ယနေ့အချိန်မှာ ကမ္ဘာကျော်မင်းသားတစ်ဦးဖြစ်နေတဲ့ Keanu Reeves ဟာ သူများတွေထင်သလိုမျိုး ရွှေဘုံစံဘဝကို ပိုင်ဆိုင်ခဲ့ရသူမဟုတ်ပါဘူး။ အသက် ၃ နှစ်အရွယ်မှာ ဖခင်ရဲ့စွန့်ပစ်ထားခဲ့ခြင်းကို ခံခဲ့ရပြီးတော့ အစ်မဖြစ်သူကလည်း သွေးကင်ဆာရောဂါခံစားခဲ့ရပါတယ်။ ဒါတွေတင်သာမကပဲ သူ့ရဲ့သမီးလေးဟာဆိုရင်လည်း အသေလေးမွေးလာခဲ့တဲ့အထိ ပြဿနာပေါင်းမျိုးစုံ၊ ကံဆိုးခြင်းမျိုးစုံကို ကြုံတွေ့ခဲ့ရသူတစ်ဦးဖြစ်ပါတယ်။ ဒီလိုမျိုး ပြဿနာပေါင်းမျိုးစုံကို ကြုံတွေ့ခဲ့ရသူဆိုပေမယ့်လည်း သူ့ရဲ့နှိမ့်ချတတ်တဲ့ အကျင့်စရိုက်နဲ့ ကမ္ဘာကြီးကို အံ့အားသင့်စေခဲ့သူပါ။ ရထားစီးပြီး သွားလာခြင်း၊ ကင်ဆာရောဂါခံစားနေရသူများအတွက် သူ့ရဲ့နာမည်ဖော်ပြခြင်းမရှိဘဲ ငွေကြေးအထောက်အပံ့ပြုလုပ်ခြင်း စတဲ့ သူ့ရဲ့ပြုမူပုံတို့ကြောင့် ဟောလိဝုဒ်မှာ ပြောစမှတ်တွင်လျက်ရှိနေပါတယ်။

-Advertisement-

အခုလိုမျိုး လေးစားအားကျဖွယ်ကောင်းတဲ့ ဟောလိဝုဒ်မင်းသားကြီး Keanu Reeves ပြောခဲ့သမျှ စကားတွေထဲက ကိုယ့်အတွက် အသုံးဝင်မယ့် စကားလေးတွေကို ပြန်ပြီးဝေမျှပေးလိုက်ရပါတယ်။

၁။ မိန်းကလေးတစ်ယောက်ကို ပြုံးအောင်လုပ်နိုင်တာဟာ ဘုရားသခင်ဖန်တီးထားတဲ့ ကမ္ဘာမြေပေါ်က အလှဆုံးအရာတစ်ခုကို သင်မြင်နေရတာပါပဲ။

၂။ ကိုယ်မပျော်ဘူးလို့ ခံစားရပြီဆိုရင် ကိုယ်လိုချင်တဲ့အတိုင်း အရာအားလုံးက ဖြစ်မလာဘူးဆိုရင် တွန့်ဆုတ်နေတာတွေကို ရပ်ပစ်လိုက်ပြီး ကိုယ့်ဘဝကို ပြောင်းလဲလိုက်ပါ။

၃။ တစ်ခါတစ်လေမှာ ကိုယ့်ရန်သူတွေရဲ့ အမှားတွေကနေ ပြန်လည်သင်ယူနိုင်တာကြောင့် သူတို့ဟာ ကိုယ့်ရဲ့အကောင်းဆုံးဆရာတွေလို့လည်း ပြောလို့ရပါတယ်။

၄။ မနက်ဖြန်ဆိုတာဟာ မသေချာတဲ့အနာဂတ်ဖြစ်တာကြောင့် ဒီနေ့ကို အကောင်းဆုံး ကြိုးစားပြီးနေထိုင်လိုက်ပါ။

၅။ တစ်ခါတစ်ရံမှာ ရိုးရှင်းတဲ့ကိစ္စတွေက အောင်မြင်ဖို့အတွက် အခက်အခဲဆုံးဖြစ်လာနိုင်ပါတယ်။

၆။ ကျွန်တော့်ကိုသူများတွေက ဘယ်လိုမျိုးဆက်ဆံစေချင်တာလဲဆိုတာပေါ် မူတည်ပြီးတော့ တစ်ပုံစံတည်းအတိုင်းပဲ ပြန်ပြီးဆက်ဆံဖို့အတွက် သွန်သင်ခံခဲ့ရပါတယ်။ ဒါကို လေးစားသမှုလို့ ခေါ်ပါတယ်။

၇။ တစ်ခါတစ်လေ ကျွန်တော်တို့ဟာ နေ့စဥ်ဘဝထဲက အလုပ်ကိစ္စတွေနဲ့ အင်မတန်ရှုပ်ထွေးနေတာကြောင့် ဘဝရဲ့အလှအပတွေကို မမြင်နိုင်ကြပါဘူး။ ဒါကြောင့် ဖုန်းတွေသုံးတာခဏရပ်ပြီးတော့ ကိုယ်မြင်တဲ့လူတစ်ယောက်ကို နှုတ်ဆက်လိုက်ပြီး နာကျင်နေသလိုခံစားနေရသူတွေကိုတွေ့ရင် ထွေးပွေ့ပေးလိုက်ပါ။

၈။ တစ်ကြိမ်တစ်ခါလောက်တော့ မှားကြည့်လိုက်ပါ။ သင့်ရဲ့ အတ္တမာနအတွက် ကောင်းကျိုးဖြစ်စေပါလိမ့်မယ်။

၉။ အချစ်မရှိဘဲ၊ အချစ်ကိုမခံစားဖူးဘဲ သို့မဟုတ် သူများကိုချစ်ခြင်းမေတ္တာမပေးဖူးဘဲ နေရတာဟာ ပြင်းထန်လွန်းတဲ့ အပြစ်ပေးခြင်းတစ်ခုလို့ ခံယူပါတယ်။

၁၀။ ပျော်ရွှင်မှုကိုရှာဖွေဖို့အတွက် ကျွန်တော့်ကိုနှောင့်ယှက်တားဆီးနေသူဟာ ကျွန်တော်ကိုယ်တိုင်ပါပဲ။

၁၁။ ဘဝမှာကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ အတားအဆီးတွေအကုန်လုံးက ယနေ့သင်ဆိုတာဖြစ်လာအောင် ပုံဖော်ပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် သင့်ကိုပိုပြီးသန်မာလာစေနိုင်မယ့် ခက်ခဲချိန်တွေကို ကျေးဇူးတင်လိုက်ပါ။

#Lifestyle_Myanmar

#Thinzar

Ref-brightside

Zawgyi Font

ကမာၻႀကီးအေပၚ သင့္အျမင္ကို ဖြင့္လွစ္ေပးမယ့္ မင္းသားေခ်ာ Keanu Reeves ရဲ႕ ေျပာစကားမ်ား

ယေန႔အခ်ိန္မွာ ကမာၻေက်ာ္မင္းသားတစ္ဦးျဖစ္ေနတဲ့ Keanu Reeves ဟာ သူမ်ားေတြထင္သလိုမ်ိဳး ေ႐ႊဘုံစံဘဝကို ပိုင္ဆိုင္ခဲ့ရသူမဟုတ္ပါဘူး။ အသက္ ၃ ႏွစ္အ႐ြယ္မွာ ဖခင္ရဲ႕စြန႔္ပစ္ထားခဲ့ျခင္းကို ခံခဲ့ရၿပီးေတာ့ အစ္မျဖစ္သူကလည္း ေသြးကင္ဆာေရာဂါခံစားခဲ့ရပါတယ္။ ဒါေတြတင္သာမကပဲ သူ႔ရဲ႕သမီးေလးဟာဆိုရင္လည္း အေသေလးေမြးလာခဲ့တဲ့အထိ ျပႆနာေပါင္းမ်ိဳးစုံ၊ ကံဆိုးျခင္းမ်ိဳးစုံကို ႀကဳံေတြ႕ခဲ့ရသူတစ္ဦးျဖစ္ပါတယ္။ ဒီလိုမ်ိဳး ျပႆနာေပါင္းမ်ိဳးစုံကို ႀကဳံေတြ႕ခဲ့ရသူဆိုေပမယ့္လည္း သူ႔ရဲ႕ႏွိမ့္ခ်တတ္တဲ့ အက်င့္စ႐ိုက္နဲ႔ ကမာၻႀကီးကို အံ့အားသင့္ေစခဲ့သူပါ။ ရထားစီးၿပီး သြားလာျခင္း၊ ကင္ဆာေရာဂါခံစားေနရသူမ်ားအတြက္ သူ႔ရဲ႕နာမည္ေဖာ္ျပျခင္းမရွိဘဲ ေငြေၾကးအေထာက္အပံ့ျပဳလုပ္ျခင္း စတဲ့ သူ႔ရဲ႕ျပဳမူပုံတို႔ေၾကာင့္ ေဟာလိဝုဒ္မွာ ေျပာစမွတ္တြင္လ်က္ရွိေနပါတယ္။

အခုလိုမ်ိဳး ေလးစားအားက်ဖြယ္ေကာင္းတဲ့ ေဟာလိဝုဒ္မင္းသားႀကီး Keanu Reeves ေျပာခဲ့သမွ် စကားေတြထဲက ကိုယ့္အတြက္ အသုံးဝင္မယ့္ စကားေလးေတြကို ျပန္ၿပီးေဝမွ်ေပးလိုက္ရပါတယ္။

၁။ မိန္းကေလးတစ္ေယာက္ကို ၿပဳံးေအာင္လုပ္ႏိုင္တာဟာ ဘုရားသခင္ဖန္တီးထားတဲ့ ကမာၻေျမေပၚက အလွဆုံးအရာတစ္ခုကို သင္ျမင္ေနရတာပါပဲ။

၂။ ကိုယ္မေပ်ာ္ဘူးလို႔ ခံစားရၿပီဆိုရင္ ကိုယ္လိုခ်င္တဲ့အတိုင္း အရာအားလုံးက ျဖစ္မလာဘူးဆိုရင္ တြန႔္ဆုတ္ေနတာေတြကို ရပ္ပစ္လိုက္ၿပီး ကိုယ့္ဘဝကို ေျပာင္းလဲလိုက္ပါ။

၃။ တစ္ခါတစ္ေလမွာ ကိုယ့္ရန္သူေတြရဲ႕ အမွားေတြကေန ျပန္လည္သင္ယူႏိုင္တာေၾကာင့္ သူတို႔ဟာ ကိုယ့္ရဲ႕အေကာင္းဆုံးဆရာေတြလို႔လည္း ေျပာလို႔ရပါတယ္။

၄။ မနက္ျဖန္ဆိုတာဟာ မေသခ်ာတဲ့အနာဂတ္ျဖစ္တာေၾကာင့္ ဒီေန႔ကို အေကာင္းဆုံး ႀကိဳးစားၿပီးေနထိုင္လိုက္ပါ။

၅။ တစ္ခါတစ္ရံမွာ ႐ိုးရွင္းတဲ့ကိစၥေတြက ေအာင္ျမင္ဖို႔အတြက္ အခက္အခဲဆုံးျဖစ္လာႏိုင္ပါတယ္။

၆။ ကြၽန္ေတာ့္ကိုသူမ်ားေတြက ဘယ္လိုမ်ိဳးဆက္ဆံေစခ်င္တာလဲဆိုတာေပၚ မူတည္ၿပီးေတာ့ တစ္ပုံစံတည္းအတိုင္းပဲ ျပန္ၿပီးဆက္ဆံဖို႔အတြက္ သြန္သင္ခံခဲ့ရပါတယ္။ ဒါကို ေလးစားသမႈလို႔ ေခၚပါတယ္။

၇။ တစ္ခါတစ္ေလ ကြၽန္ေတာ္တို႔ဟာ ေန႔စဥ္ဘဝထဲက အလုပ္ကိစၥေတြနဲ႔ အင္မတန္ရႈပ္ေထြးေနတာေၾကာင့္ ဘဝရဲ႕အလွအပေတြကို မျမင္ႏိုင္ၾကပါဘူး။ ဒါေၾကာင့္ ဖုန္းေတြသုံးတာခဏရပ္ၿပီးေတာ့ ကိုယ္ျမင္တဲ့လူတစ္ေယာက္ကို ႏႈတ္ဆက္လိုက္ၿပီး နာက်င္ေနသလိုခံစားေနရသူေတြကိုေတြ႕ရင္ ေထြးေပြ႕ေပးလိုက္ပါ။

၈။ တစ္ႀကိမ္တစ္ခါေလာက္ေတာ့ မွားၾကည့္လိုက္ပါ။ သင့္ရဲ႕ အတၱမာနအတြက္ ေကာင္းက်ိဳးျဖစ္ေစပါလိမ့္မယ္။

၉။ အခ်စ္မရွိဘဲ၊ အခ်စ္ကိုမခံစားဖူးဘဲ သို႔မဟုတ္ သူမ်ားကိုခ်စ္ျခင္းေမတၱာမေပးဖူးဘဲ ေနရတာဟာ ျပင္းထန္လြန္းတဲ့ အျပစ္ေပးျခင္းတစ္ခုလို႔ ခံယူပါတယ္။

၁၀။ ေပ်ာ္႐ႊင္မႈကိုရွာေဖြဖို႔အတြက္ ကြၽန္ေတာ့္ကိုေႏွာင့္ယွက္တားဆီးေနသူဟာ ကြၽန္ေတာ္ကိုယ္တိုင္ပါပဲ။

၁၁။ ဘဝမွာႀကဳံေတြ႕ခဲ့ရတဲ့ အခက္အခဲ အတားအဆီးေတြအကုန္လုံးက ယေန႔သင္ဆိုတာျဖစ္လာေအာင္ ပုံေဖာ္ေပးခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ သင့္ကိုပိုၿပီးသန္မာလာေစႏိုင္မယ့္ ခက္ခဲခ်ိန္ေတြကို ေက်းဇူးတင္လိုက္ပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here