ကမာၻ႕ခါးအေသးဆံုး အမ်ိဳးသမီး (၅)ေယာက္

0
1208

Corsets ေတြဟာ ရာစုႏွစ္မ်ားစြာက အမ်ိဳးသမီးေတြရဲ႕ ဖက္ရွင္ေခတ္ေရစီးေၾကာင္းတစ္ခု ျဖစ္ခဲ့ပါတယ္။ အခ်ိန္ေတြေျပာင္းလဲလာတာနဲ႔အမွ် ၎ရဲ႕ ပံုစံႏွင့္ ဒီဇိုင္းေတြကလည္း ေျပာင္းလဲသြားပါတယ္။ ဒီကိုယ္က်ပ္အဝတ္အစားေတြဟာ ဥေရာပမွာ ၁၆ရာစုေလာက္ထဲက လူႀကိဳက္အမ်ားဆံုး ျဖစ္ခဲ့ပါတယ္။ အစပိုင္းမွာ အမ်ိဳးသမီးမ်ားဟာ ေအာက္ခံအျဖစ္ ဝတ္ဆင္ခဲ့ၾကတာပါ။ ေနာက္ပိုင္းမွာ ဖက္ရွင္ပိုျဖစ္လာၿပီး ဂါဝန္အေပၚကေန ထပ္ၿပီးဝတ္ဆင္ခဲ့ၾကပါတယ္။
Corset ရဲ႕အဓိကတာဝန္က အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ခါးကို ပိုေသးေစဖို႔ ျဖစ္ပါတယ္။ ၁၈ရာစုမွာ တင္ပါးကားကားနဲ႔ ခါးေသးေသးေလးက အလွဆံုးျဖစ္တယ္လို႔ ယူဆၾကတာေၾကာင့္ အမ်ိဳးသမီးအမ်ားစုဟာ သဲနာရီပံုခႏၶာကိုယ္အခ်ိဳးအစားရဖို႔ Corset ျဖင့္ ဖန္တီးခဲ့ၾကတာျဖစ္ပါတယ္။
ဒါ့အျပင္ အျမင္အာရံုလွည့္ကြက္တစ္ခုအေနနဲ႔ ခါးအရြယ္အစားကို ေပၚလြင္ေစဖို႔ အသံုးျပဳခဲ့ၾကပါတယ္။ အမ်ိဳးသမီးေတြဟာ သူတို႔ရဲ႕ခါးကို ပိုေသးတဲ့ပံုျဖစ္ေစဖို႔ ပုခံုးကားကားအေပၚထပ္အက်ၤ ီ၊ ႀကီးမားတဲ့ ဂါဝန္ကားကားႀကီးေတြကို အသံုးျပဳခဲ့ၾကပါတယ္။
ယေန႔မွာ corset(ကိုယ္က်ပ္အကၤ်ီ)ေတြဟာ လူႀကိဳက္သိပ္မမ်ားေတာ့ေပမယ့္ တခ်ိဳ႕အမ်ိဳးသမီးေတြက ကမာၻေပၚမွာ အေသးဆံုးခါးကိုရဖို႔ ဒီအကၤ်ီကို ဝတ္ဆင္ျခင္းျဖင့္ ႀကိဳးစားၾကပါတယ္။

၁။ Ethel Granger

Ethel Granger ဟာ ကမာၻမွာ ခါးအေသးဆံုးအမ်ိဳးသမီး ျဖစ္ခဲ့ပါတယ္။ သူမခင္ပြန္းရဲ႕အလိုဆႏၵအရ ထိုအမ်ိဳးသမီးဟာ အရမ္းက်ပ္လြန္းတဲ့ corset ကိုစတင္ ဝတ္ဆင္ခဲ့ပါတယ္။ ၁၀ႏွစ္ေလာက္အၾကာမွာ သူမရဲ႕ခါးက ၁၃လက္မပဲရွိပါေတာ့တယ္။ သူမဟာ နားကပ္ေပါက္ေျမာက္ျမားစြာ ေဖာက္ခဲ့တာေၾကာင့္လည္း Ethel ဟာ တကယ့္ကို ထူးျခားဆန္းျပားတဲ့ အမ်ိဳးသမီး ျဖစ္လာခဲ့ပါတယ္။ ခါးအေသးဆံုး ဂရင္းနစ္စံခ်ိန္ဝင္ခဲ့တဲ့ သူမဟာ Vogue မဂၢဇင္းမ်က္ႏွာဖံုးမွာလည္း ထင္ရွားခဲ့ပါတယ္။

၂။ Cathie Jung

ေနာက္ထပ္ခါးအေသးဆံုး အမ်ိဳးသမီးတစ္ဦးကေတာ့ Cathie Jung ျဖစ္ပါတယ္။ သူမရဲ႕ ေကာ့ဆက္ ခါးအတိုင္းအတာဟာ ၁၅လက္မသာ ရွိပါတယ္။ ထိုအမ်ိဳးသမီးဟာ တစ္ေန႔ကို ၂၃နာရီေလာက္ ေကာ့ဆက္ကို ဝတ္ဆင္ခဲ့ပါတယ္။ ဒီေကာ့ဆက္ကိုဝတ္ဆင္ရျခင္းအေၾကာင္းရင္က ဗစ္တိုးရီးယားဖက္ရွင္ကို သူမအရမ္းမက္ေမာတာေၾကာင့္ ျဖစ္ပါတယ္။ ဒီအမ်ိဳးသမီးဟာ အနာဂတ္မွာ ဒီထက္ပိုေသးတဲ့ ခါးရေအာင္ျပဳလုပ္ဖုိ႔ အစီအစဥ္ရွိပါေသးတယ္လို႔ ဆုိပါတယ္။

၃။ Michele Koebke

ဂ်ာမနီႏိုင္ငံက မိန္းမေခ်ာေလးတစ္ေယာက္ျဖစ္တဲ့ Michele Koebkeဟာ သူမကိုယ္သူမ ဘယ္လုိအာရံုဆြဲေဆာင္ရမလဲဆိုတာ သိပါတယ္။ သူမရဲ႕၁၆လက္မခါးဟာ သံုးႏွစ္ဆက္တိုက္ ေကာ့ဆက္ဝတ္ဆင္ျခင္းရဲ႕ ရလဒ္ေၾကာင့္ျဖစ္ပါတယ္။ သူမ ဒီလိုခါးေသးေသးေလးရဖို႔ ေကာ့ဆက္အေထာက္အပံ့မပါဘဲ မတ္တပ္ရပ္ဖို႔ႏွင့္ ပံုမွန္စားႏိုင္စြမ္းအပါအဝင္ ျပႆနာေပါင္းမ်ားစြာကို ရင္ဆိုင္ခဲ့ရပါတယ္။

၄။ Ioana Spangenberg

Ioana-Spangenberg-9.jpg

Ioana Spangenberg ဟာ ခါးေသးေသးေလးရဖို႔ စိတ္အားထက္သန္တဲ့ ရိုေမးနီးယန္းေမာ္ဒယ္တစ္ဦးျဖစ္ပါတယ္။ သူမရဲ႕လက္မ ၂၀ခါးက သဘာဝအတိုင္းျဖစ္ပါတယ္။ သူမဆယ္ေက်ာ္သက္အ၇ြယ္မွာ သူငယ္ခ်င္းေတြက သူမခါးကို လက္ႏွစ္ဖက္နဲ႔ လာတိုင္းရင္ ေပ်ာ္ရြင္ခဲ့ပါတယ္။ ယခုေတာ့ သူမဟာ ဝလာေအာင္ ႀကိဳးစားေနပါတယ္။

၅။ Ann Ward

အေမရိကန္ Next Top Model ၿပိဳင္ပြဲဝင္ Ann Ward ဟာ သူမရဲ႕ေသးငယ္တဲ့ခါးႏွင့္အတူ ၾကည့္ရႈသူေတြကို တုန္လႈပ္ေစခဲ့ပါတယ္။ သူမရဲ႕ခါးဟာ သဘာဝအတိုင္း ေသးတာလား၊ ေကာ့ဆက္ဝတ္ဆင္လို႔ ေသးတာလားဆိုတာ မေဖာ္ျပခဲ့ေပမယ့္ သူမရဲ႕လွပတဲ့ ပံုသ႑ာန္က ရိႈးမွာ အႏိုင္ရဖို႔ ကူညီေပးခဲ့ပါတယ္။
ဒီလိုခါးေသးေသးေလးျဖစ္ဖုိ႔အတြက္ဒီအမ်ိဳးသမီးေတြရဲ႕ အေၾကာင္းျပခ်က္ေတြက တစ္ေယာက္နဲ႔ တစ္ေယာက္ မတူညီၾကပါဘူး။ ဒါေပမယ့္ ဒီလိုအလြန္အမင္းေသးငယ္တာဟာ က်န္းမာေရးအတြက္ ဆိုးက်ိဳးျဖစ္ေစသလို ဘဝမွာ အႏၱရာယ္ရွိႏိုင္ပါတယ္။

Lifestyle_Myanmar

LM_Nandar

ကမ္ဘာ့ခါးအသေးဆုံး အမျိုးသမီး (၅)ယောက်
Corsets တွေဟာ ရာစုနှစ်များစွာက အမျိုးသမီးတွေရဲ့ ဖက်ရှင်ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ အချိန်တွေပြောင်းလဲလာတာနဲ့အမျှ ၎င်းရဲ့ ပုံစံနှင့် ဒီဇိုင်းတွေကလည်း ပြောင်းလဲသွားပါတယ်။ ဒီကိုယ်ကျပ်အဝတ်အစားတွေဟာ ဥရောပမှာ ၁၆ရာစုလောက်ထဲက လူကြိုက်အများဆုံး ဖြစ်ခဲ့ပါတယ်။ အစပိုင်းမှာ အမျိုးသမီးများဟာ အောက်ခံအဖြစ် ဝတ်ဆင်ခဲ့ကြတာပါ။ နောက်ပိုင်းမှာ ဖက်ရှင်ပိုဖြစ်လာပြီး ဂါဝန်အပေါ်ကနေ ထပ်ပြီးဝတ်ဆင်ခဲ့ကြပါတယ်။
Corset ရဲ့အဓိကတာဝန်က အမျိုးသမီးတစ်ယောက်ရဲ့ ခါးကို ပိုသေးစေဖို့ ဖြစ်ပါတယ်။ ၁၈ရာစုမှာ တင်ပါးကားကားနဲ့ ခါးသေးသေးလေးက အလှဆုံးဖြစ်တယ်လို့ ယူဆကြတာကြောင့် အမျိုးသမီးအများစုဟာ သဲနာရီပုံခန္ဓာကိုယ်အချိုးအစားရဖို့ Corset ဖြင့် ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။
ဒါ့အပြင် အမြင်အာရုံလှည့်ကွက်တစ်ခုအနေနဲ့ ခါးအရွယ်အစားကို ပေါ်လွင်စေဖို့ အသုံးပြုခဲ့ကြပါတယ်။ အမျိုးသမီးတွေဟာ သူတို့ရဲ့ခါးကို ပိုသေးတဲ့ပုံဖြစ်စေဖို့ ပုခုံးကားကားအပေါ်ထပ်အကျင်္ ီ၊ ကြီးမားတဲ့ ဂါဝန်ကားကားကြီးတွေကို အသုံးပြုခဲ့ကြပါတယ်။
ယနေ့မှာ corset(ကိုယ်ကျပ်အင်္ကျီ)တွေဟာ လူကြိုက်သိပ်မများတော့ပေမယ့် တချို့အမျိုးသမီးတွေက ကမ္ဘာပေါ်မှာ အသေးဆုံးခါးကိုရဖို့ ဒီအင်္ကျီကို ဝတ်ဆင်ခြင်းဖြင့် ကြိုးစားကြပါတယ်။
၁။ Ethel Granger
Ethel Granger ဟာ ကမ္ဘာမှာ ခါးအသေးဆုံးအမျိုးသမီး ဖြစ်ခဲ့ပါတယ်။ သူမခင်ပွန်းရဲ့အလိုဆန္ဒအရ ထိုအမျိုးသမီးဟာ အရမ်းကျပ်လွန်းတဲ့ corset ကိုစတင် ဝတ်ဆင်ခဲ့ပါတယ်။ ၁၀နှစ်လောက်အကြာမှာ သူမရဲ့ခါးက ၁၃လက်မပဲရှိပါတော့တယ်။ သူမဟာ နားကပ်ပေါက်မြောက်မြားစွာ ဖောက်ခဲ့တာကြောင့်လည်း Ethel ဟာ တကယ့်ကို ထူးခြားဆန်းပြားတဲ့ အမျိုးသမီး ဖြစ်လာခဲ့ပါတယ်။ ခါးအသေးဆုံး ဂရင်းနစ်စံချိန်ဝင်ခဲ့တဲ့ သူမဟာ Vogue မဂ္ဂဇင်းမျက်နှာဖုံးမှာလည်း ထင်ရှားခဲ့ပါတယ်။

၂။ Cathie Jung
နောက်ထပ်ခါးအသေးဆုံး အမျိုးသမီးတစ်ဦးကတော့ Cathie Jung ဖြစ်ပါတယ်။ သူမရဲ့ ကော့ဆက် ခါးအတိုင်းအတာဟာ ၁၅လက်မသာ ရှိပါတယ်။ ထိုအမျိုးသမီးဟာ တစ်နေ့ကို ၂၃နာရီလောက် ကော့ဆက်ကို ဝတ်ဆင်ခဲ့ပါတယ်။ ဒီကော့ဆက်ကိုဝတ်ဆင်ရခြင်းအကြောင်းရင်က ဗစ်တိုးရီးယားဖက်ရှင်ကို သူမအရမ်းမက်မောတာကြောင့် ဖြစ်ပါတယ်။ ဒီအမျိုးသမီးဟာ အနာဂတ်မှာ ဒီထက်ပိုသေးတဲ့ ခါးရအောင်ပြုလုပ်ဖို့ အစီအစဉ်ရှိပါသေးတယ်လို့ ဆိုပါတယ်။

၃။ Michele Koebke
ဂျာမနီနိုင်ငံက မိန်းမချောလေးတစ်ယောက်ဖြစ်တဲ့ Michele Koebkeဟာ သူမကိုယ်သူမ ဘယ်လိုအာရုံဆွဲဆောင်ရမလဲဆိုတာ သိပါတယ်။ သူမရဲ့၁၆လက်မခါးဟာ သုံးနှစ်ဆက်တိုက် ကော့ဆက်ဝတ်ဆင်ခြင်းရဲ့ ရလဒ်ကြောင့်ဖြစ်ပါတယ်။ သူမ ဒီလိုခါးသေးသေးလေးရဖို့ ကော့ဆက်အထောက်အပံ့မပါဘဲ မတ်တပ်ရပ်ဖို့နှင့် ပုံမှန်စားနိုင်စွမ်းအပါအဝင် ပြဿနာပေါင်းများစွာကို ရင်ဆိုင်ခဲ့ရပါတယ်။

၄။ Ioana Spangenberg
Ioana Spangenberg ဟာ ခါးသေးသေးလေးရဖို့ စိတ်အားထက်သန်တဲ့ ရိုမေးနီးယန်းမော်ဒယ်တစ်ဦးဖြစ်ပါတယ်။ သူမရဲ့လက်မ ၂၀ခါးက သဘာဝအတိုင်းဖြစ်ပါတယ်။ သူမဆယ်ကျော်သက်အရွယ်မှာ သူငယ်ချင်းတွေက သူမခါးကို လက်နှစ်ဖက်နဲ့ လာတိုင်းရင် ပျော်ရွင်ခဲ့ပါတယ်။ ယခုတော့ သူမဟာ ဝလာအောင် ကြိုးစားနေပါတယ်။

၅။ Ann Ward
အမေရိကန် Next Top Model ပြိုင်ပွဲဝင် Ann Ward ဟာ သူမရဲ့သေးငယ်တဲ့ခါးနှင့်အတူ ကြည့်ရှုသူတွေကို တုန်လှုပ်စေခဲ့ပါတယ်။ သူမရဲ့ခါးဟာ သဘာဝအတိုင်း သေးတာလား၊ ကော့ဆက်ဝတ်ဆင်လို့ သေးတာလားဆိုတာ မဖော်ပြခဲ့ပေမယ့် သူမရဲ့လှပတဲ့ ပုံသဏ္ဍာန်က ရှိုးမှာ အနိုင်ရဖို့ ကူညီပေးခဲ့ပါတယ်။
ဒီလိုခါးသေးသေးလေးဖြစ်ဖို့အတွက်ဒီအမျိုးသမီးတွေရဲ့ အကြောင်းပြချက်တွေက တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး။ ဒါပေမယ့် ဒီလိုအလွန်အမင်းသေးငယ်တာဟာ ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေသလို ဘဝမှာ အန္တရာယ်ရှိနိုင်ပါတယ်။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here