ကမ္ဘာ့အသက်အရှည်ဆုံး ဖွားဖွားရဲ့ ဘဝပျော်ရွင်မှုနှင့် သက်ရှည်ကျန်းမာခြင်း၏ လှို့ဝှက်ချက်

0
139

ကမ္ဘာ့အသက်အရှည်ဆုံး ဖွားဖွားရဲ့ ဘဝပျော်ရွင်မှုနှင့် သက်ရှည်ကျန်းမာခြင်း၏ လှို့ဝှက်ချက်
၂၀၁၉ခုနှစ်၊ မတ်လ ၉ရက်နေ့က ဂျပန်နိုင်ငံ၊ ဖုခုအိုကမြို့မှာနေထိုင်တဲ့ အသက် ၁၁၆နှစ်အရွယ် အဖွား Kane Tanaka ကို ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိလ်အဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။ သူမမှာ မျက်စိအတွင်းတိမ်နဲ့ အူမကင်ဆာ ကဲ့သို့သော ကျန်းမာရေးနဲ့ပတ်သတ်တဲ့ ပြဿနာတွေ ရှိပေမယ့်လည်း Kane ဟာ သူမဘဝရဲ့ နေ့ရက်တိုင်းကို ပျော်ရွင်စွာနဲ့ ဖြတ်သန်းနေတာဖြစ်ပါတယ်။ အဖွား Kane Tanaka ဟာ ဘာ့ကြောင့် အခုထိ အသက်ရှည်ရှည် နေရသလဲဆိုတဲ့ လှို့ဝှက်ချက်လေးတွေနဲ့ သူမဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံကို အင်တာဗျူးတွေမှာ မျှဝေပေးခဲ့ပါတယ်။

အဖွား Kane Tanaka ဟာ Wright ညီနောင်နှစ်ယောက်ရဲ့ စက်တပ်လေယာဉ်ပျံ တီထွင်မှု အောင်မြင်သော နှစ်ဖြစ်တဲ့ ၁၉၀၃ခုနှစ်၊ ဇန်နဝါရီလ၊ ၃ရက်နေ့မှာ မွေးဖွားခဲ့တာပါ။
သူမရဲ့မိဘတွေကတော့ Kumakichi နဲ့ Kuma Ota တို့ပဲဖြစ်ပါတယ်။ သူမဟာ မိသားစုထဲမှာ ၇ယောက်မြောက်ကလေးဖြစ်ပါတယ်။ သူမဟာ အသက်၁၉နှစ်မှာ မင်္ဂလာပွဲနေ့ကျမှ ပထမဆုံးမြင်ဖူးတဲ့ Hideo Tanaka ဆိုသူနှင့် လက်ထပ်ခဲ့ပါတယ်။

သူမမှာ ကလေး ၅ယောက်ရှိခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ Hideo မှာ ကောက်ညှင်းထမင်း၊ ဂျပန်ရိုးရာချိုချဉ်များနဲ့ အူဒုံ ခေါက်ဆွဲ ထုတ်လုပ်ရောင်းချတဲ့ မိသားစုစီးပွားရေးလုပ်ငန်း ရှိခဲ့ပါတယ်။
၁၉၃၇မှာ ခင်ပွန်းဖြစ်သူ Hideo ဟာစစ်မှုထမ်းရတာကြောင့် Kane ဟာ ဆန်အချောသတ်ခြင်း၊ ဆန်ကိတ်ပြုလုပ်ခြင်းဖြင့် မိသားစုစီးပွားရေးလုပ်ငန်းများမှာ လုပ်ကိုင်ခဲ့ပါတယ်။ သူမဟာ ကလေးတွေကိုလည်း ပြုစုပျိုးထောင်ပြီး Hideoရဲ့အမေကိုလည်း ကြည့်ရှု့စောင့်ရှောက်ရပါတယ်။ Kane ရဲ့သားကြီးဖြစ်သူ Nobuo ဟာ ၁၉၄၃ မှာ စစ်မှုထမ်းဖို့အတွက် သုံ့ပန်းအဖြစ်ခေါ်ခံရပြီး ဒုတိယကမ္ဘာစစ်ပြီးနောက် ၁၉၄၇ခုနှစ်မှာ အိမ်ကို ပြန်ရောက်လာခဲ့ပါတယ်။ Kane ဟာ အသက် ၆၃နှစ်မှာ အငြိမ်းစားယူခဲ့တဲ့အထိ မိသားစုစတိုးမှာ အလုပ်လုပ်နေခဲ့ပါတယ်။

Kane Tanaka ရဲ့ ဘဝပျော်ရွင်မှုနဲ့ အသက်ရှည်ခြင်းရဲ့လှို့ဝှက်ချက်က ဘာတွေဖြစ်မလဲ?

သူမကို အင်တာဗျူးစဉ်က ပြောပြခဲ့တဲ့ လက်တွေ့ကျသော အကြံပေးချက် အနည်းငယ်ရှိပါတယ်။
အိပ်ရာက မနက်စောစောထပါတယ်။ Kane ဟာ ပုံမှန်အားဖြင့် မနက် ၆နာရီမှာ အိပ်ရာထလေ့ရှိပြီး သူမရဲ့တစ်နေ့တာကို စတင်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။


from right: Kane Tanaka, Hana and Nao Sakai (sisters), Kiyoshi Ota (younger brother)

ဦးနှောက်ကို ဖွံ့ဖြိုးတိုးတတ်အောင်လုပ်ပါတယ်။ ဒီဖွားဖွားရဲ့ အကြိုက်ဆုံး pastime ကတော့ စာဖတ်ခြင်းနဲ့ သင်္ချာလေ့လာခြင်း ဖြစ်ပါတယ်။

တတ်ကြွစွာနေပြီး လူတိုင်းနဲ့ ပြောဆိုဆက်ဆံပါ။ Kane ဟာ ကျားကွက်ရွေ့တာ၊ ချက်ထိုးတာစတဲ့ ကစားနည်း တွေမှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ခဲ့ပြီး သူမယခုနေတဲ့ အပန်းဖြေအိမ်မှာ ဝန်ထမ်းတွေနဲ့ ကစားရတာကို နှစ်သက်တယ်လို့ ဆိုပါတယ်။ သူမအကြိုက်ဆုံး ဂိမ်းကတော့ ကျားကွက်ရွှေ့ကစားနည်း ဖြစ်ပါတယ်။

ချောကလက်တွေများများစားပြီး ကော်ဖီအများကြီးသောက်ပါတယ်။ ဒါက သူမလုပ်ခဲ့တဲ့အရာတွေပါပဲ။ ဂင်းနစ်ကမ္ဘာ့စံချိန်အခမ်းအနားမှာ kane ကို ချောကလက်တစ်ဘူး ပေးခဲ့ပါတယ်။ သူမဟာ ချက်ချင်းဖွင့်ပြီး စားခဲ့ပါတယ်။ သူမကို ဒီနေ့ ချောကလက် ဘယ်လောက်များများ စားချင်သလဲလို့မေးတဲ့အခါ သူမက ၁၀၀လို့ ပြန်ပြောခဲ့ပါတယ်။

ဒီအဖွားရဲ့ သက်ရှည် ကျန်းမာပြီး ပျော်ရွင်မှုက မိသားစုဂုဏ်ယူစရာဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် သူမရဲ့ အရေးအပါဆုံးလှို့ဝှက်ချက်က “ဘာကိစ္စပဲဖြစ်ဖြစ် မျှော်လင့်ချက် မဆုံးရှုံးဖိုနဲ့ စိတ်ဓါတ်ကြံ့ခိုင်ဖို့ပါပဲ”။အဖွားဟာ ၂၀၁၈ခုနှစ် အင်တာဗျူးမှာ သူမက အသက် ၁၂၀ထိ နေသွားချင်တယ်လို့ ဆိုပါတယ်။

အဖွား Kane ဂင်းနစ်စံချိန်မဝင်ခင်က ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်တွေ ရှိခဲ့ပါတယ်။ ပြင်သစ်လူမျိုး Jeanne Louise Calment ဟာ ၁၈၇၅ မှာမွေးဖွားခဲ့ပြီး ၁၉၉၇ခုနှစ် သြဂုလ်လ ၄ရက်နေ့မှာ အသက် ၁၂၂နှစ် ၁၆၇ရက်ဖြင့် ကွယ်လွန်ခဲ့ပါတယ်။ ကမ္ဘာ့အသက်အရှည်ဆုံးအမျိုးသားစာရင်းထဲမှာ ဂျပန်အမျိုးသားတစ်ဦးဖြစ်တဲ့ Masazo Nanaka ဟာ အသက် ၁၁၃နှစ် ၁၇၉ရက်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူကွယ်လွန်တာကတော့ ၂၀၁၉ ဇန်နဝါရီလ ၂၀ဖြစ်ပါတယ်။ နောက်ထပ်ကမ္ဘာ့အသက်အရှည်ဆုံးအမျိုးသားကတော့ ၁၈၉၇ ဧပြီ ၁၉မှာ မွေးဖွားခဲ့ပြီး ၂၀၁၃ ဇွန်လ ၁၂ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့ အသက် ၁၁၆နှစ် ၅၄ရက်ရှိတဲ့ ဂျပန်အမျိုးသား Jiroemon Kimura ဖြစ်ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here