ကမာၻ႔ထိပ္တန္းေမာ္ဒယ္တစ္ဦးျဖစ္တဲ့ Gigi Hadi ဟာ ဖက္ရွင္ေလာကကို လႊမ္းမိုးခဲ့တယ္ဆိုတာ ျငင္းပယ္လို႔မရပါဘူး။ မေရတြက္ႏိုင္တဲ့ runwayပြဲေတြ၊ မဂၢဇင္းကာဗာေတြ၊ ကမ္ပိန္းေတြႏွင့္အတူ Gigi ဟာ ေမာ္ဒယ္ေလာကရဲ႕ထိပ္တန္းေနရာမွာ ရပ္တည္ေနသူတစ္ဦးပါ။ သူမဟာ ကယ္လီဖိုးနီးယားနိုင္ငံသူျဖစ္ၿပီး 2015ခုႏွစ္မွာ ေလာ့စ္အိန္ဂ်လိမွာ က်င္းပခဲ့တဲ့ ဖက္ရွင္ဆိုင္ရာ ႏွစ္ပတ္လည္အခမ္းအနားမွာ ပထမဆုရခဲ့ၿပီး ထိပ္တန္းေမာ္ဒယ္တစ္ေယာက္ျဖစ္လာခဲ့တာပါ။ သူမဟာ အရပ္ျမင့္ျမင့္ႏွင့္ ခႏၶာကိုယ္အခ်ိဳးအစား လွပေျပျပစ္တဲ့သူတစ္ဦးျဖစ္ၿပီး ဖက္ရွင္နဲ႔ပတ္သတ္လာရင္ ဖက္ရွင္ဘုရင္မတစ္ဦးလို႔ ဆိုရမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အမိုက္စား ဖက္ရွင္ခ်စ္သူေတြအတြက္ အတုယူဝတ္ဆင္လို႔ရေအာင္ Gigi Hadi ရဲ႕ဖက္ရွင္စတိုင္ေလးေတြကို မွ်ေဝေပးလိုက္ပါတယ္။
၁။ Gigi Hadid ရဲ႕အားကစားဖက္ရွင္
သူမအႏွစ္သက္ဆံုးအားကစားဖက္ရွင္ အစိတ္အပိုင္းတစ္ခ်ိဳ႕ကေတာ့ leggings, sweatpants, sneakers, and cropped tees တို႔ပါဝင္ပါတယ္။ ဥပမာ- tracksuit ေဘာင္းဘီတစ္စံု၊ အားကစား crop top တစ္ထည္ႏွင့္အတူ အားကစားဖိနပ္အထူႏွင့္ အိုဗာဆိုဒ္ bomber jacketတစ္ထည္တို႔ျဖစ္ပါတယ္။
၂။ Ripped ဂ်င္း
Ripped ဂ်င္းဟာ Gigi အၿမဲတမ္းဝတ္ေလ့ရွိတဲ့ ေပါ့ေပါ့ပါးပါး စတိုင္တစ္ခုျဖစ္ပါတယ္။ ဓါတ္ပံုရုိက္ကူးေရးေတြ၊ ပြဲေတြ၊ day outေတြ ရွိရွိ/မရွိရွိ ripped ဂ်င္းနဲ႔ ဂ်င္းေဘာင္းဘီတိုဟာ Gigi မၾကာခဏ ဝတ္ဆင္ေလ့ရွိတဲ့ ဖက္ရွင္ပါ။
၃။ ဒူးဖံုးဘြတ္ဖိနပ္ေတြ
ဖိနပ္နဲ႔ပတ္သတ္လာတဲ့အခါ Gigi ဟာ ဒူးဖံုးဘြတ္ဖိနပ္တစ္စံုကို ပံုမွန္ေရြးခ်ယ္ပါတယ္။ ဒီဖိနပ္က သူမရဲ႕ ရွည္သြယ္တဲ့ေျခေထာက္ကို ပိုၿပီး ဆြဲေဆာင္မႈရွိေစတဲ့အျပင္ သူမရဲ႕အသြင္အျပင္နဲ႔ အရမ္းလိုက္ဖက္မႈရွိပါတယ္။ Gigi လို ဒူးဖံုးဘြတ္ဖိနပ္တစ္စံုကို ဝတ္ဆင္ရင္ ေပါင္အနည္းငယ္လွစ္ဟျပဖို႔ သတိရပါ။ အဲ့ဒီလိုဝတ္ဖို႔ mini ဂါဝန္ သို႔မဟုတ္ mini စကတ္ေလးေတြ ဝတ္ဆင္ႏိုင္ပါတယ္။ ဒါ့မွသာ သင့္ေျခေထာက္ရွည္သြယ္တာကို ေပၚလြင္ေစမွာပါ။
၄။ Crop Tops
Crop Tops ဟာ Gigi လိုခႏၶာကိုယ္အခ်ိဳးအစားရွိသူေတြအတြက္ လုိက္ဖက္တဲ့ ဖက္ရွင္တစ္ခုပါ။ Gigi အႀကိဳက္ဆံုးေရြးခ်ယ္မႈကေတာ့ အားကစားေဘာင္းဘီ၊ အသားကပ္ေဘာင္းဘီ၊ cropped jeans ေတြကို Crop Tops နဲ႔တြဲဝတ္တာပဲျဖစ္ပါတယ္။
၅။ အိုဗာဆိုဒ္ကုတ္အကၤ်ီ
နယူးေယာက္ရဲ႕ေဆာင္းက အရမ္းေအးပါတယ္။ ေဆာင္းရာသီတစ္ေလွ်ာက္လံုး ေႏြးေထြးေနဖို႔အတြက္ Gigi ေရြးခ်ယ္တဲ့ဖက္ရွင္ကေတာ့ အိုဗာဆိုဒ္ကုတ္ေလးေတြပဲျဖစ္ပါတယ္။ သင့္မွာ Gigi လိုအရပ္အျမင့္မရွိဘူးဆိုရင္၊ Gigi လိုအိုဗာဆိုဒ္ကုတ္ေလးေတြ ဝတ္ဆင္မယ္ဆိုရင္ ေဒါက္ျမင့္ဖိနပ္စီးတာ သို႔မဟုတ္ ဒူးအထက္ထိပဲရွိတဲ့ ကုတ္အကၤ်ီကို ေရြးခ်ယ္တာ ျပဳလုပ္သင့္ပါတယ္။
၆။ ေဘးခြဲထားတဲ့ ဂါဝန္ရွည္ေတြ
ညေနခင္းပြဲေတြ၊ အခမ္းအနားေတြ၊ formal အခမ္းအနားေတြအတြက္ ဂါဝန္ရွည္က မၾကာခဏလိုအပ္ပါတယ္။ ေမာ္ဒယ္ Gigi ကေတာ့ ေဘးခြဲထားတဲ့ ဂါဝန္ရွည္ေတြကို ဝတ္ဆင္ဖို႔ မၾကာခဏေရြးခ်ယ္ေလ့ရွိပါတယ္။ ေပါင္အျမင့္ထိခြဲထားတဲ့ ဒီဂါဝန္ေတြက သူမရဲ႕ သဲနာရီပံု ကိုယ္ခႏၶာပံုပန္းသ႑ာန္ကို ေပၚလြင္ေစတာေၾကာင့္ပါ။
၇။ Suits
ဒါကေတာ့ စီးပြားေရးလုပ္ငန္းေတြနဲ႔ ပတ္သတ္လာတဲ့အခါ သူမေရြးခ်ယ္တတ္တဲ့ ဖက္ရွင္တစ္ခုပါ။ ေမာ္ဒယ္ဟာ အစည္းအေဝးေတြ၊ ဓါတ္ပံုရိုက္ကူးေရးေတြအတြက္ suits ဝတ္ဆင္တတ္တာကို မၾကာခဏေတြ႕ရပါတယ္။ သူမဟာ ဘယ္ေတာ့မွ အေရာင္မိႈင္းမိႈင္း ဝတ္စံုေတြ ဝတ္ဆင္ေလ့မရွိပါဘူး။ ပ်င္းစရာေကာင္းတဲ့ အနက္ေရာင္ Suits ေတြအစား အနီေရာင္၊ ပန္းေရာင္ကဲ့သို႔ အေရာင္ရင့္ေတြ ေရြးခ်ယ္တတ္ပါတယ္။
၈။ ခံုထူဖိနပ္ေတြ
သူမမွာ အရပ္ပိုျမင့္ဖို႔ မလိုအပ္ေပမယ့္ Gigi ကေတာ့ ခံုထူဖိနပ္တစ္စံုကို ဝတ္ဆင္ရတာ ႏွစ္သက္ပါတယ္။ Gigi ဟာ ခံုထူရႈးဖိနပ္ေတြ၊ ႀကိဳးသိုင္းေဒါက္ျမင့္ေတြကို ဝတ္ဆင္ရတာ ႏွစ္သက္ပါတယ္။
၉။ Gigi Hadid ရဲ႕ဆံပင္ပံုစံ
Gigi အၿမဲတမ္းထားတတ္တဲ့ ဆံပင္အေရာင္ကေတာ့ ေရႊေရာင္ေလးပါ။ သူမရဲ႕ဆံပင္ကို ပိုနီေတးအမ်ိဳးမ်ိဳးစီးတာ၊ ဆံထံုးအျမင့္ထံုးတာ၊ အေပၚတစ္ဝက္စည္းတဲ့ စတိုင္ေလးေတြကို ႀကိဳက္ႏွစ္သက္ပါတယ္။
၁၀။ Gigi Hadid ရဲ႕မိတ္ကပ္
Gigi Hadid မွာ သဘာဝအလွရွိတယ္ဆို ဘယ္သူမွျငင္းပယ္လို႔မရပါဘူး။ သူမရဲ႕အသြင္အျပင္ကို ေျပာင္းလဲတာထက္ ပိုၾကည့္ေကာင္းေစမယ့္ မိတ္ကပ္နည္းနညး္လိမ္းတာကိုပဲ ပံုမွန္အားျဖင့္ ေရြးခ်ယ္ျဖစ္တယ္လို႔ ဆိုပါတယ္။ သူမရဲ႕အၿမဲတမ္းျပင္ေနက် Look ေလးကေတာ့ ေတာက္ပၿပီး ၾကည္လင္တဲ့ မိတ္ကပ္ပါးပါးေလးနဲ႔ ႏႈတ္ခမ္းနီ nude ကာလာေလးျဖစ္ၿပီး မ်က္ေတာင္ေတြ ပိုထူေစဖို႔ မ်က္ေတာင္ေကာ့ေဆးအနက္ေရာင္ကိုသံုးပါတယ္။ မ်က္ခံုးေမႊးကိုေတာ့ သဘာဝပိုဆန္တဲ့ အညိဳေရာင္ေဖ်ာ့ေဖ်ာ့ေလးနဲ႔ ပံုေဖာ္ေလ့ရွိပါတယ္။
#Lifestyle_Myanmar
#LM_Nandar
Unicode
ကမ္ဘာ့ထိပ်တန်းမော်ဒယ်တစ်ဦးဖြစ်တဲ့ Gigi Hadid ရဲ့ ဖက်ရှင်စတိုင်လေးတွေ
ကမ္ဘာ့ထိပ်တန်းမော်ဒယ်တစ်ဦးဖြစ်တဲ့ Gigi Hadi ဟာ ဖက်ရှင်လောကကို လွှမ်းမိုးခဲ့တယ်ဆိုတာ ငြင်းပယ်လို့မရပါဘူး။ မရေတွက်နိုင်တဲ့ runwayပွဲတွေ၊ မဂ္ဂဇင်းကာဗာတွေ၊ ကမ်ပိန်းတွေနှင့်အတူ Gigi ဟာ မော်ဒယ်လောကရဲ့ထိပ်တန်းနေရာမှာ ရပ်တည်နေသူတစ်ဦးပါ။ သူမဟာ ကယ်လီဖိုးနီးယားနိုင်ငံသူဖြစ်ပြီး 2015ခုနှစ်မှာ လော့စ်အိန်ဂျလိမှာ ကျင်းပခဲ့တဲ့ ဖက်ရှင်ဆိုင်ရာ နှစ်ပတ်လည်အခမ်းအနားမှာ ပထမဆုရခဲ့ပြီး ထိပ်တန်းမော်ဒယ်တစ်ယောက်ဖြစ်လာခဲ့တာပါ။ သူမဟာ အရပ်မြင့်မြင့်နှင့် ခန္ဓာကိုယ်အချိုးအစား လှပပြေပြစ်တဲ့သူတစ်ဦးဖြစ်ပြီး ဖက်ရှင်နဲ့ပတ်သတ်လာရင် ဖက်ရှင်ဘုရင်မတစ်ဦးလို့ ဆိုရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အမိုက်စား ဖက်ရှင်ချစ်သူတွေအတွက် အတုယူဝတ်ဆင်လို့ရအောင် Gigi Hadi ရဲ့ဖက်ရှင်စတိုင်လေးတွေကို မျှဝေပေးလိုက်ပါတယ်။
၁။ Gigi Hadid ရဲ့အားကစားဖက်ရှင်
သူမအနှစ်သက်ဆုံးအားကစားဖက်ရှင် အစိတ်အပိုင်းတစ်ချို့ကတော့ leggings, sweatpants, sneakers, and cropped tees တို့ပါဝင်ပါတယ်။ ဥပမာ- tracksuit ဘောင်းဘီတစ်စုံ၊ အားကစား crop top တစ်ထည်နှင့်အတူ အားကစားဖိနပ်အထူနှင့် အိုဗာဆိုဒ် bomber jacketတစ်ထည်တို့ဖြစ်ပါတယ်။
၂။ Ripped ဂျင်း
Ripped ဂျင်းဟာ Gigi အမြဲတမ်းဝတ်လေ့ရှိတဲ့ ပေါ့ပေါ့ပါးပါး စတိုင်တစ်ခုဖြစ်ပါတယ်။ ဓါတ်ပုံရိုက်ကူးရေးတွေ၊ ပွဲတွေ၊ day outတွေ ရှိရှိ/မရှိရှိ ripped ဂျင်းနဲ့ ဂျင်းဘောင်းဘီတိုဟာ Gigi မကြာခဏ ဝတ်ဆင်လေ့ရှိတဲ့ ဖက်ရှင်ပါ။
၃။ ဒူးဖုံးဘွတ်ဖိနပ်တွေ
ဖိနပ်နဲ့ပတ်သတ်လာတဲ့အခါ Gigi ဟာ ဒူးဖုံးဘွတ်ဖိနပ်တစ်စုံကို ပုံမှန်ရွေးချယ်ပါတယ်။ ဒီဖိနပ်က သူမရဲ့ ရှည်သွယ်တဲ့ခြေထောက်ကို ပိုပြီး ဆွဲဆောင်မှုရှိစေတဲ့အပြင် သူမရဲ့အသွင်အပြင်နဲ့ အရမ်းလိုက်ဖက်မှုရှိပါတယ်။ Gigi လို ဒူးဖုံးဘွတ်ဖိနပ်တစ်စုံကို ဝတ်ဆင်ရင် ပေါင်အနည်းငယ်လှစ်ဟပြဖို့ သတိရပါ။ အဲ့ဒီလိုဝတ်ဖို့ mini ဂါဝန် သို့မဟုတ် mini စကတ်လေးတွေ ဝတ်ဆင်နိုင်ပါတယ်။ ဒါ့မှသာ သင့်ခြေထောက်ရှည်သွယ်တာကို ပေါ်လွင်စေမှာပါ။
၄။ Crop Tops
Crop Tops ဟာ Gigi လိုခန္ဓာကိုယ်အချိုးအစားရှိသူတွေအတွက် လိုက်ဖက်တဲ့ ဖက်ရှင်တစ်ခုပါ။ Gigi အကြိုက်ဆုံးရွေးချယ်မှုကတော့ အားကစားဘောင်းဘီ၊ အသားကပ်ဘောင်းဘီ၊ cropped jeans တွေကို Crop Tops နဲ့တွဲဝတ်တာပဲဖြစ်ပါတယ်။
၅။ အိုဗာဆိုဒ်ကုတ်အင်္ကျီ
နယူးယောက်ရဲ့ဆောင်းက အရမ်းအေးပါတယ်။ ဆောင်းရာသီတစ်လျှောက်လုံး နွေးထွေးနေဖို့အတွက် Gigi ရွေးချယ်တဲ့ဖက်ရှင်ကတော့ အိုဗာဆိုဒ်ကုတ်လေးတွေပဲဖြစ်ပါတယ်။ သင့်မှာ Gigi လိုအရပ်အမြင့်မရှိဘူးဆိုရင်၊ Gigi လိုအိုဗာဆိုဒ်ကုတ်လေးတွေ ဝတ်ဆင်မယ်ဆိုရင် ဒေါက်မြင့်ဖိနပ်စီးတာ သို့မဟုတ် ဒူးအထက်ထိပဲရှိတဲ့ ကုတ်အင်္ကျီကို ရွေးချယ်တာ ပြုလုပ်သင့်ပါတယ်။
၆။ ဘေးခွဲထားတဲ့ ဂါဝန်ရှည်တွေ
ညနေခင်းပွဲတွေ၊ အခမ်းအနားတွေ၊ formal အခမ်းအနားတွေအတွက် ဂါဝန်ရှည်က မကြာခဏလိုအပ်ပါတယ်။ မော်ဒယ် Gigi ကတော့ ဘေးခွဲထားတဲ့ ဂါဝန်ရှည်တွေကို ဝတ်ဆင်ဖို့ မကြာခဏရွေးချယ်လေ့ရှိပါတယ်။ ပေါင်အမြင့်ထိခွဲထားတဲ့ ဒီဂါဝန်တွေက သူမရဲ့ သဲနာရီပုံ ကိုယ်ခန္ဓာပုံပန်းသဏ္ဍာန်ကို ပေါ်လွင်စေတာကြောင့်ပါ။
၇။ Suits
ဒါကတော့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သတ်လာတဲ့အခါ သူမရွေးချယ်တတ်တဲ့ ဖက်ရှင်တစ်ခုပါ။ မော်ဒယ်ဟာ အစည်းအဝေးတွေ၊ ဓါတ်ပုံရိုက်ကူးရေးတွေအတွက် suits ဝတ်ဆင်တတ်တာကို မကြာခဏတွေ့ရပါတယ်။ သူမဟာ ဘယ်တော့မှ အရောင်မှိုင်းမှိုင်း ဝတ်စုံတွေ ဝတ်ဆင်လေ့မရှိပါဘူး။ ပျင်းစရာကောင်းတဲ့ အနက်ရောင် Suits တွေအစား အနီရောင်၊ ပန်းရောင်ကဲ့သို့ အရောင်ရင့်တွေ ရွေးချယ်တတ်ပါတယ်။
၈။ ခုံထူဖိနပ်တွေ
သူမမှာ အရပ်ပိုမြင့်ဖို့ မလိုအပ်ပေမယ့် Gigi ကတော့ ခုံထူဖိနပ်တစ်စုံကို ဝတ်ဆင်ရတာ နှစ်သက်ပါတယ်။ Gigi ဟာ ခုံထူရှုးဖိနပ်တွေ၊ ကြိုးသိုင်းဒေါက်မြင့်တွေကို ဝတ်ဆင်ရတာ နှစ်သက်ပါတယ်။
၉။ Gigi Hadid ရဲ့ဆံပင်ပုံစံ
Gigi အမြဲတမ်းထားတတ်တဲ့ ဆံပင်အရောင်ကတော့ ရွှေရောင်လေးပါ။ သူမရဲ့ဆံပင်ကို ပိုနီတေးအမျိုးမျိုးစီးတာ၊ ဆံထုံးအမြင့်ထုံးတာ၊ အပေါ်တစ်ဝက်စည်းတဲ့ စတိုင်လေးတွေကို ကြိုက်နှစ်သက်ပါတယ်။
၁၀။ Gigi Hadid ရဲ့မိတ်ကပ်
Gigi Hadid မှာ သဘာဝအလှရှိတယ်ဆို ဘယ်သူမှငြင်းပယ်လို့မရပါဘူး။ သူမရဲ့အသွင်အပြင်ကို ပြောင်းလဲတာထက် ပိုကြည့်ကောင်းစေမယ့် မိတ်ကပ်နည်းနညး်လိမ်းတာကိုပဲ ပုံမှန်အားဖြင့် ရွေးချယ်ဖြစ်တယ်လို့ ဆိုပါတယ်။ သူမရဲ့အမြဲတမ်းပြင်နေကျ Look လေးကတော့ တောက်ပပြီး ကြည်လင်တဲ့ မိတ်ကပ်ပါးပါးလေးနဲ့ နှုတ်ခမ်းနီ nude ကာလာလေးဖြစ်ပြီး မျက်တောင်တွေ ပိုထူစေဖို့ မျက်တောင်ကော့ဆေးအနက်ရောင်ကိုသုံးပါတယ်။ မျက်ခုံးမွှေးကိုတော့ သဘာဝပိုဆန်တဲ့ အညိုရောင်ဖျော့ဖျော့လေးနဲ့ ပုံဖော်လေ့ရှိပါတယ်။
#Lifestyle_Myanmar
#LM_Nandar