ကမာၻႀကီးက ဘယ္ေလာက္ေတာင္ေျပာင္းလဲသြားသလဲဆိုတာကို ေဖာ္ျပေနတဲ့ ေခတ္ကိုထင္ဟပ္ေစတဲ့ ရုပ္ပံုေလးေတြ

0
2532
ကမာၻႀကီးက ဘယ္ေလာက္ေတာင္ ေျပာင္းလဲသြားသလဲဆိုတာကို

ေလေၾကာင္းခရီးသြားလာမႈကို ခ်မ္းသာတဲ့သူေတြသာ အသံုးျပဳခဲ့တဲ့အခ်ိန္ကို မွတ္မိပါသလား ? ဒါမွမဟုတ္ အိမ္ျပင္မွာ ထြက္ေဆာ့ရတဲ့ ကေလးဘဝကို သတိရမိပါသလား? ၂၀၁၇ခုႏွစ္က စစ္တမ္းတစ္ခုအရ အသက္၁၂ မွ၁၅ႏွစ္ကေလးေတြဟာ ဗီဒီယိုဂိမ္းကစားျခင္းျဖင့္ တစ္ပတ္ကို ၁၂.၂နာရီဝန္းက်င္ေလာက္ သံုးၾကတယ္လို႔ဆိုပါတယ္။ နည္းပညာေတြ တိုးတတ္လာတာနဲ႔အမွ် ကမာၻႀကီးက ေျပာင္းလဲသြားသလို လူေတြရဲ႕အမူအက်င့္ေတြ၊ ဓေလ့ေတြကလည္း ေျပာင္းလဲသြားခဲ့ပါတယ္။ ဥပမာ- စမတ္ဖုန္းေတြ၊ နည္းပညာေတြ မတိုးတတ္ခင္တုန္းက မိုးေအးေအးနဲ႔ ေစာင္ၿခံဳၿပီး ကာတြန္းစာအုပ္ဖတ္ရတဲ့ ကေလးဘဝက အရသာကို ယခုေခတ္ကေလးေတြ သိႏိုင္မွာမဟုတ္ပါဘူး။ ယခုေခတ္မွာ ကေလးေတြဟာ စာအုပ္အစား ဖုန္းေတြ၊ အင္တာနက္ေတြနဲ႔ အခ်ိန္ကုန္လာၾကလို႔ပါ။ ဒါ့ေၾကာင့္ ယခင္အခ်ိန္တုန္းကနဲ႕ ယခုအခ်ိိန္မွာ ကမာၻႀကီးဟာ ဘယ္ေလာက္ေတာင္ ေျပာင္းလဲသြားလဲဆိုတာကို ရုပ္ပံုေလးေတြနဲ႔အတူ မွ်ေဝေပးခ်င္ပါတယ္။ ဒီရုပ္ပံုေလးေတြကို သင္ျမင္တဲ့အခါ ယခင္က လြမ္းဆြတ္ဖြယ္အခ်ိန္ေလးေတြကို သတိရမိေနမွာ မလြဲပါဘူး။
၁။ လူသားမ်ားႏွင့္ သူတို႔ရဲ႕ကြန္ျပဴတာ အသြင္အျပင္


ယေန႔ေခတ္မွာ ကၽြန္ေတာ္တို႔ဟာ က်န္းမာေရးျပႆနာေတြကို မၾကာခဏ ေတြ႕ႀကံဳလာရၿပီး အဝလြန္ျခင္းကလည္း စိုးရိမ္စရာတစ္ခုျဖစ္လာပါတယ္။ပါတယ္။ ဒါက ကြန္ျပဴတာေပၚမွာ အရမ္းကို မွီခိုလာၾကၿပီး ကၽြန္ေတာ္တို႔ရဲ႕ေန႔ရက္ေတြကို ကြန္ျပဴတာေပၚမွာပဲ အခ်ိန္ကုန္လာတာေၾကာင့္ ျဖစ္ပါတယ္။ ယေန႔မွာ ကၽြန္ေတာ္တို႔ဟာ သူတို႔ကို လံုးဝစြဲလမ္းေနပါၿပီ။
၂။ လမ္းခြဲျခင္း


လမ္းခြဲမႈတစ္္ခုေပၚမွာ နာက်င္ခံစားရျခင္းဆိုတာ အတိတ္က အရာတစ္ခုပါ။ မ်ိဳးဆက္သစ္ေတြဟာ ဆံုးရံႈးသြားတဲ့အရာေတြနဲ႔ လူေတြအေပၚမွာ ပူေဆြးလြမ္းဆြတ္ေနျခင္းမရွိဘဲ လက္ေတြ႔က်လြန္းေနၾကပါၿပီ။ သူတို႔ဟာ စူးစမ္းရွာေဖြသူေတြနဲ႔ စြန္႔စားမႈ ရွာေဖြသူေတြျဖစ္ၾကပါတယ္။ အသည္းကြဲတာကို ခရီးသြားတာနဲ႔ ေျဖေဖ်ာက္ၾကပါတယ္။
၃။ အိမ္ေထာင္ေရး


ယခုမွာ တစ္ေယာက္နဲ႔ တစ္ေယာက္အရမ္းခ်စ္ၾကတဲ့ စံုတြဲေတြေတာင္မွ ေဝးကြာမႈက အခ်ိန္ၾကာလာရင္ သူ႔အလိုလို အခ်စ္ေတြ ေသြးေအးသြားတတ္ၾကပါတယ္။ ယေန႔မွာ စံုတြဲေတြအၾကား အႀကီးမားဆံုးအတားအဆီးက နညး္ပညာ သံုးစြဲမႈေတြ တိုးျမွင့္လာလို႔ပဲ ျဖစ္ပါတယ္။
၄။ ပို္က္ဆံထုတ္တဲ့အခါ


သင့္ဘဏ္အေကာင့္ထဲကေန ပိုက္ဆံထုတ္ဖို႔ လူတန္းရွည္ႀကီး တန္းစီၿပီး ေစာင့္ဆိုင္းရတဲ့ အခ်ိန္ကို မွတ္မိပါသလား? ယခင္က ပိုက္ဆံတစ္ခါထုတ္ဖို႔ စာရြက္စာတမ္းေတြ အမ်ားႀကီးနဲ႔ အခ်ိန္ကုန္ခံေစာင့္ဆိုင္းခဲ့ၾကရပါတယ္။ ယေန႔မွာေတာ့ အလြယ္တကူေငြထုတ္လို႔ရတဲ့အျပင္ ဘယ္အခ်ိန္သြားထုတ္ထုတ္ ရတာေၾကာင့္ အခ်ိန္လည္း ကုန္စရာမလိုေတာ့ပါဘူး။
၅။ ရုပ္ရွင္ရံု


ရုပ္ရွင္ရံုထဲမွာ ျခင္ကိုက္ခံၿပီး ရုပ္ရွင္ထိုင္ၾကည့္ရတဲ့ အေတြ႕အႀကံဳေတြကို ေမ့လိုက္ပါေတာ့။ ယေန႔မွာ အဲကြန္းေအးေအးေလးနဲ႔ 3D ၊ 4D ရုပ္ရွင္ေတြ အဆင့္ျမင့္ျမင့္ ၾကည့္ႏိုင္သလို ကိုယ့္ရဲ႕ ကိုယ္ပိုင္ကားထဲမွာေတာင္ ရုပ္ရွင္ၾကည့္ႏိုင္ပါတယ္။ ဒါကို drive-in theaters လို႔ေခၚပါတယ္။
၆။ ေက်ာင္းေတြမွာ စာသင္တဲ့အခါ


အရင္တုန္းကလို စာမရလို႔ ဆရာမအျပစ္ေပးမလား? ႀကိမ္လံုးနဲ႔ရိုက္မလား? လို႔ စုိးရိမ္ေၾကာက္လန္႔စရာမလိုေတာ့ပါဘူး။ ဥပေဒေတြ၊ နည္းပညာေတြ တိုးတတ္လာတာနဲ႔အမွ် ဆရာ/ဆရာနဲ႔ ေက်ာင္းသားေတြဟာ ေပ်ာ္ေပ်ာ္ပါးပါး စာသင္လို႔ရေနပါၿပီ။
၇။ လူဦးေရ ထူထပ္မႈ


ယေန႔ Public places ေတြမွာ စုၿပံဳျပြတ္သိပ္ေနၾကပါၿပီ။ ကမာၻ႕ရဲ႕ေဒသအမ်ားအျပားမွာ လူဦးေရ တိုးပြားမ်ားျပားလာတာေၾကာင့္ ျဖစ္ပါတယ္။
၈။ အိမ္ယာ


ယခင္ကလုိ တိတ္ဆိတ္ၿငိမ္သက္တဲ့ ပတ္ဝန္းက်င္မွာ တုိက္ႀကီးေဆာက္ၿပီး ေအးေအးခ်မ္းခ်မ္းေနလို႔မရေတာ့ပါဘူး။ ယေန႔မွာ လူဦးေရထူထပ္လာတာနဲ႔အမွ် အိမ္အႀကီးေတြကို အေသးစားတိုက္ခန္းမ်ားျဖင့္ အစားထိုးလာၾကပါၿပီ။ ပထမတစ္ခ်က္က ကန္႔သတ္ေနရာေတြနဲ႔ ေငြေၾကးတတ္ႏိုင္မႈေတြ က်ဆင္းသြားခဲ့ၾကလို႔ပါ။
၉။ မိတ္ေဆြေတြကို စကားေျပာတဲ့အခါ


ကၽြန္ေတာ္တို႔မွာ ယခုအခါ သူငယ္ခ်င္းနဲ႔ေတြ႔ဆံုဖို႔ အခ်ိန္ေတာင္ မရွိၾကပါဘူး။ ဟဲလိုလို႔ ေျပာဖို႔ ဆိုရွယ္မီဒီယာေတြေပၚမွာ မွီခိုေနၾကရပါတယ္။
၁၀။ ကေလးေတြ ဘယ္လိုေဆာ့ကစားလဲ


တစ္ေန႔တစ္ေန႔ ကစားရမယ့္အခ်ိန္ကို ေစာင့္ဆိုင္းေနရတဲ့ ကေလးဘဝကို မွတ္မိပါသလား? အရင္တုန္းက ကေလးေတြက အတူတူကစားၾကၿပီး ကစားဖို႔ အျပင္သြားရေလ့ရွိပါတယ္။ ဒါက ကေလးေတြအတြက္ ရုပ္ပိုင္းဆိုင္ရာ ေလ့က်င့္ခန္းကိုသာ ေပးတာမဟုတ္ပါဘူး။ သူတို႔ရဲ႕ လူမႈဆက္ဆံေရးကိုလည္း ပိုမိုအားေကာင္းေစခဲ့ပါတယ္။ သို႔ေသာ္လည္း ယေန႔ကေလးေတြရဲ႕ရင္းႏွီးမႈက သူတို႔အႀကိဳက္ဆံုး ဗီဒီယိုဂိမ္းရဲ႕ ရီမုကြန္ထိုးေပၚမွာသာ ရွိေနပါတယ္။
၁၁။ နည္းပညာ


တစ္ေယာက္ေယာက္နဲ႔ ဆက္သြယ္ဖို႔ တယ္လီဖုန္းေအာ္ပေရတာႏွင့္အတူ ႏိုင္ငံရပ္ျခားေခၚဖို႔ ႀကိဳတင္စာရင္းေပးရတဲ့ အခ်ိန္ေတြ ရွိခဲ့ပါတယ္။ ယေန႔မွာ သင့္အိပ္ကပ္ထဲက တစ္ျပားတစ္ခ်ပ္မွမကုန္ဘဲ video call ေခၚလို႔ရၿပီး live chat လို႔ ရေနႏိုင္ပါၿပီ။
၁၂။ Entertainment


အရင္က ေပ်ာ္ရြင္ဖို႔အတြက္ လမ္းေပၚမွာ ကစားတာ၊ အိမ္မွာ ပါတီလုပ္တာ၊ ေပ်ာ္ပြဲစားထြက္ရတာေတြ ရွိခဲ့ပါတယ္။ ယေန႔မွာ ကေလးေတြအားလံုးရဲ႕ ေပ်ာ္ရြင္မႈနဲ႔ မွ်ေဝမႈက ဗီဒီယိုဂိမ္းေတြ၊ မိုဘိုင္းဖုန္းေတြနဲ႔ ကြန္ပ်ဴတာေတြပဲ ျဖစ္ပါတယ္။
၁၃။ အလုပ္


စုပံုေနတဲ့ ဖိုင္တစ္ထပ္ႀကီးနဲ႔ ရံုးမွာ အခ်ိန္ၾကာၾကာလုပ္ရတဲ့အလုပ္ေတြကို ယေန႔ အိမ္မွာသက္ေတာင့္သက္သာအလုပ္လုပ္ရတဲ့ ေရြးခ်ယ္မႈမ်ားနဲ႔ အစားထိုးလာၾကပါၿပီ။ ယေန႔နည္းပညာေၾကာင့္ပဲ အလုပ္လုပ္ရတာ ပိုမိုလြယ္ကူလာၿပီး အခ်ိန္ကုန္သက္သာလာပါၿပီ။
၁၄။ မိသားစု တည္ေဆာက္မႈ


အိမ္ေထာင္က်ၿပီး မိသားစုနဲ႕တစ္အိမ္ထဲ စုေနၾကတဲ့ ဓေလ့ဟာ တျဖည္းျဖည္း အတိတ္မွာ က်န္ခဲ့ပါၿပီ။ ယေန႔မွာ အမ်ားစုဟာ ႏ်ဳကလီးယား မိသားစုေတြပါပဲ။
သင့္အတြက္ ဒီဆယ္စုႏွစ္ကာလအတြင္းမွာ ဘယ္လိုေတြ ေျပာင္းလဲသြားပါသလဲ? သင့္ရဲ႕အေတြ႕အႀကံဳေလးမ်ားကိို မွ်ေဝေပးႏိုင္ပါတယ္။
#Lifestyle_Myanmar
#LM_Nandar
Source-brightside

Unicode

ကမ္ဘာကြီးက ဘယ်လောက်တောင်ပြောင်းလဲသွားသလဲဆိုတာကို ဖော်ပြနေတဲ့ ခေတ်ကိုထင်ဟပ်စေတဲ့ ရုပ်ပုံလေးတွေ
လေကြောင်းခရီးသွားလာမှုကို ချမ်းသာတဲ့သူတွေသာ အသုံးပြုခဲ့တဲ့အချိန်ကို မှတ်မိပါသလား ? ဒါမှမဟုတ် အိမ်ပြင်မှာ ထွက်ဆော့ရတဲ့ ကလေးဘဝကို သတိရမိပါသလား? ၂၀၁ရခုနှစ်က စစ်တမ်းတစ်ခုအရ အသက်၁၂ မှ၁၅နှစ်ကလေးတွေဟာ ဗီဒီယိုဂိမ်းကစားခြင်းဖြင့် တစ်ပတ်ကို ၁၂.၂နာရီဝန်းကျင်လောက် သုံးကြတယ်လို့ဆိုပါတယ်။ နည်းပညာတွေ တိုးတတ်လာတာနဲ့အမျှ ကမ္ဘာကြီးက ပြောင်းလဲသွားသလို လူတွေရဲ့အမူအကျင့်တွေ၊ ဓလေ့တွေကလည်း ပြောင်းလဲသွားခဲ့ပါတယ်။ ဥပမာ- စမတ်ဖုန်းတွေ၊ နည်းပညာတွေ မတိုးတတ်ခင်တုန်းက မိုးအေးအေးနဲ့ စောင်ခြုံပြီး ကာတွန်းစာအုပ်ဖတ်ရတဲ့ ကလေးဘဝက အရသာကို ယခုခေတ်ကလေးတွေ သိနိုင်မှာမဟုတ်ပါဘူး။ ယခုခေတ်မှာ ကလေးတွေဟာ စာအုပ်အစား ဖုန်းတွေ၊ အင်တာနက်တွေနဲ့ အချိန်ကုန်လာကြလို့ပါ။ ဒါ့ကြောင့် ယခင်အချိန်တုန်းကနဲ့ ယခုအချိိန်မှာ ကမ္ဘာကြီးဟာ ဘယ်လောက်တောင် ပြောင်းလဲသွားလဲဆိုတာကို ရုပ်ပုံလေးတွေနဲ့အတူ မျှဝေပေးချင်ပါတယ်။ ဒီရုပ်ပုံလေးတွေကို သင်မြင်တဲ့အခါ ယခင်က လွမ်းဆွတ်ဖွယ်အချိန်လေးတွေကို သတိရမိနေမှာ မလွဲပါဘူး။
၁။ လူသားများနှင့် သူတို့ရဲ့ကွန်ပြူတာ အသွင်အပြင်
ယနေ့ခေတ်မှာ ကျွန်တော်တို့ဟာ ကျန်းမာရေးပြဿနာတွေကို မကြာခဏ တွေ့ကြုံလာရပြီး အဝလွန်ခြင်းကလည်း စိုးရိမ်စရာတစ်ခုဖြစ်လာပါတယ်။ပါတယ်။ ဒါက ကွန်ပြူတာပေါ်မှာ အရမ်းကို မှီခိုလာကြပြီး ကျွန်တော်တို့ရဲ့နေ့ရက်တွေကို ကွန်ပြူတာပေါ်မှာပဲ အချိန်ကုန်လာတာကြောင့် ဖြစ်ပါတယ်။ ယနေ့မှာ ကျွန်တော်တို့ဟာ သူတို့ကို လုံးဝစွဲလမ်းနေပါပြီ။
၂။ လမ်းခွဲခြင်း
လမ်းခွဲမှုတစ််ခုပေါ်မှာ နာကျင်ခံစားရခြင်းဆိုတာ အတိတ်က အရာတစ်ခုပါ။ မျိုးဆက်သစ်တွေဟာ ဆုံးရှုံးသွားတဲ့အရာတွေနဲ့ လူတွေအပေါ်မှာ ပူဆွေးလွမ်းဆွတ်နေခြင်းမရှိဘဲ လက်တွေ့ကျလွန်းနေကြပါပြီ။ သူတို့ဟာ စူးစမ်းရှာဖွေသူတွေနဲ့ စွန့်စားမှု ရှာဖွေသူတွေဖြစ်ကြပါတယ်။ အသည်းကွဲတာကို ခရီးသွားတာနဲ့ ဖြေဖျောက်ကြပါတယ်။
၃။ အိမ်ထောင်ရေး
ယခုမှာ တစ်ယောက်နဲ့ တစ်ယောက်အရမ်းချစ်ကြတဲ့ စုံတွဲတွေတောင်မှ ဝေးကွာမှုက အချိန်ကြာလာရင် သူ့အလိုလို အချစ်တွေ သွေးအေးသွားတတ်ကြပါတယ်။ ယနေ့မှာ စုံတွဲတွေအကြား အကြီးမားဆုံးအတားအဆီးက နညး်ပညာ သုံးစွဲမှုတွေ တိုးမြှင့်လာလို့ပဲ ဖြစ်ပါတယ်။
၄။ ပို်က်ဆံထုတ်တဲ့အခါ
သင့်ဘဏ်အကောင့်ထဲကနေ ပိုက်ဆံထုတ်ဖို့ လူတန်းရှည်ကြီး တန်းစီပြီး စောင့်ဆိုင်းရတဲ့ အချိန်ကို မှတ်မိပါသလား? ယခင်က ပိုက်ဆံတစ်ခါထုတ်ဖို့ စာရွက်စာတမ်းတွေ အများကြီးနဲ့ အချိန်ကုန်ခံစောင့်ဆိုင်းခဲ့ကြရပါတယ်။ ယနေ့မှာတော့ အလွယ်တကူငွေထုတ်လို့ရတဲ့အပြင် ဘယ်အချိန်သွားထုတ်ထုတ် ရတာကြောင့် အချိန်လည်း ကုန်စရာမလိုတော့ပါဘူး။
၅။ ရုပ်ရှင်ရုံ
ရုပ်ရှင်ရုံထဲမှာ ခြင်ကိုက်ခံပြီး ရုပ်ရှင်ထိုင်ကြည့်ရတဲ့ အတွေ့အကြုံတွေကို မေ့လိုက်ပါတော့။ ယနေ့မှာ အဲကွန်းအေးအေးလေးနဲ့ 3D ၊ 4D ရုပ်ရှင်တွေ အဆင့်မြင့်မြင့် ကြည့်နိုင်သလို ကိုယ့်ရဲ့ ကိုယ်ပိုင်ကားထဲမှာတောင် ရုပ်ရှင်ကြည့်နိုင်ပါတယ်။ ဒါကို drive-in theaters လို့ခေါ်ပါတယ်။
၆။ ကျောင်းတွေမှာ စာသင်တဲ့အခါ
အရင်တုန်းကလို စာမရလို့ ဆရာမအပြစ်ပေးမလား? ကြိမ်လုံးနဲ့ရိုက်မလား? လို့ စိုးရိမ်ကြောက်လန့်စရာမလိုတော့ပါဘူး။ ဥပဒေတွေ၊ နည်းပညာတွေ တိုးတတ်လာတာနဲ့အမျှ ဆရာ/ဆရာနဲ့ ကျောင်းသားတွေဟာ ပျော်ပျော်ပါးပါး စာသင်လို့ရနေပါပြီ။
၇။ လူဦးရေ ထူထပ်မှု
ယနေ့ Public places တွေမှာ စုပြုံပြွတ်သိပ်နေကြပါပြီ။ ကမ္ဘာ့ရဲ့ဒေသအများအပြားမှာ လူဦးရေ တိုးပွားများပြားလာတာကြောင့် ဖြစ်ပါတယ်။
၈။ အိမ်ယာ
ယခင်ကလို တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်မှာ တိုက်ကြီးဆောက်ပြီး အေးအေးချမ်းချမ်းနေလို့မရတော့ပါဘူး။ ယနေ့မှာ လူဦးရေထူထပ်လာတာနဲ့အမျှ အိမ်အကြီးတွေကို အသေးစားတိုက်ခန်းများဖြင့် အစားထိုးလာကြပါပြီ။ ပထမတစ်ချက်က ကန့်သတ်နေရာတွေနဲ့ ငွေကြေးတတ်နိုင်မှုတွေ ကျဆင်းသွားခဲ့ကြလို့ပါ။
၉။ မိတ်ဆွေတွေကို စကားပြောတဲ့အခါ
ကျွန်တော်တို့မှာ ယခုအခါ သူငယ်ချင်းနဲ့တွေ့ဆုံဖို့ အချိန်တောင် မရှိကြပါဘူး။ ဟဲလိုလို့ ပြောဖို့ ဆိုရှယ်မီဒီယာတွေပေါ်မှာ မှီခိုနေကြရပါတယ်။
၁၀။ ကလေးတွေ ဘယ်လိုဆော့ကစားလဲ
တစ်နေ့တစ်နေ့ ကစားရမယ့်အချိန်ကို စောင့်ဆိုင်းနေရတဲ့ ကလေးဘဝကို မှတ်မိပါသလား? အရင်တုန်းက ကလေးတွေက အတူတူကစားကြပြီး ကစားဖို့ အပြင်သွားရလေ့ရှိပါတယ်။ ဒါက ကလေးတွေအတွက် ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းကိုသာ ပေးတာမဟုတ်ပါဘူး။ သူတို့ရဲ့ လူမှုဆက်ဆံရေးကိုလည်း ပိုမိုအားကောင်းစေခဲ့ပါတယ်။ သို့သော်လည်း ယနေ့ကလေးတွေရဲ့ရင်းနှီးမှုက သူတို့အကြိုက်ဆုံး ဗီဒီယိုဂိမ်းရဲ့ ရီမုကွန်ထိုးပေါ်မှာသာ ရှိနေပါတယ်။
၁၁။ နည်းပညာ
တစ်ယောက်ယောက်နဲ့ ဆက်သွယ်ဖို့ တယ်လီဖုန်းအော်ပရေတာနှင့်အတူ နိုင်ငံရပ်ခြားခေါ်ဖို့ ကြိုတင်စာရင်းပေးရတဲ့ အချိန်တွေ ရှိခဲ့ပါတယ်။ ယနေ့မှာ သင့်အိပ်ကပ်ထဲက တစ်ပြားတစ်ချပ်မှမကုန်ဘဲ video call ခေါ်လို့ရပြီး live chat လို့ ရနေနိုင်ပါပြီ။
၁၂။ Entertainment
အရင်က ပျော်ရွင်ဖို့အတွက် လမ်းပေါ်မှာ ကစားတာ၊ အိမ်မှာ ပါတီလုပ်တာ၊ ပျော်ပွဲစားထွက်ရတာတွေ ရှိခဲ့ပါတယ်။ ယနေ့မှာ ကလေးတွေအားလုံးရဲ့ ပျော်ရွင်မှုနဲ့ မျှဝေမှုက ဗီဒီယိုဂိမ်းတွေ၊ မိုဘိုင်းဖုန်းတွေနဲ့ ကွန်ပျူတာတွေပဲ ဖြစ်ပါတယ်။
၁၃။ အလုပ်
စုပုံနေတဲ့ ဖိုင်တစ်ထပ်ကြီးနဲ့ ရုံးမှာ အချိန်ကြာကြာလုပ်ရတဲ့အလုပ်တွေကို ယနေ့ အိမ်မှာသက်တောင့်သက်သာအလုပ်လုပ်ရတဲ့ ရွေးချယ်မှုများနဲ့ အစားထိုးလာကြပါပြီ။ ယနေ့နည်းပညာကြောင့်ပဲ အလုပ်လုပ်ရတာ ပိုမိုလွယ်ကူလာပြီး အချိန်ကုန်သက်သာလာပါပြီ။
၁၄။ မိသားစု တည်ဆောက်မှု
အိမ်ထောင်ကျပြီး မိသားစုနဲ့တစ်အိမ်ထဲ စုနေကြတဲ့ ဓလေ့ဟာ တဖြည်းဖြည်း အတိတ်မှာ ကျန်ခဲ့ပါပြီ။ ယနေ့မှာ အများစုဟာ နျုကလီးယား မိသားစုတွေပါပဲ။
သင့်အတွက် ဒီဆယ်စုနှစ်ကာလအတွင်းမှာ ဘယ်လိုတွေ ပြောင်းလဲသွားပါသလဲ? သင့်ရဲ့အတွေ့အကြုံလေးများကိို မျှဝေပေးနိုင်ပါတယ်။
#Lifestyle_Myanmar
#LM_Nandar
Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here