ကမာၻတစ္ဝွမ္းက အသက္ငယ္ငယ္ရြယ္ရြယ္နဲ႔ ေအာင္ျမင္ေက်ာ္ၾကားတဲ့ ကေလးငယ္ေတြ

0
551
ေအာင္ျမင္ေက်ာ္ၾကားတဲ့ ကေလးငယ္ေတြ
ေအာင္ျမင္ေက်ာ္ၾကားတဲ့ ကေလးငယ္ေတြ

Anastasia Knyazeva

Anastasia Knyazeva အမည္ရွိတဲ့ ႐ုရွားမိန္းကေလးဟာ မၾကာေသးမီက ၿဗိတိသွ်မီဒီယာမွာ ကမာၻ႕ေပၚမွာ အလွဆုံးမိန္းကေလးဆိုၿပီး ေဖာ္ျပျခင္းခံခဲ့ရပါတယ္။ သူမရဲ႕ အသက္အရြယ္ကေတာ့ ၆ႏွစ္သာရွိပါေသးတယ္။ မိခင္ရဲ႕ အဆိုအရသူမမွာ ထူးျခားတဲ့အျပာေရာင္မ်က္ဝန္းကို ပိုင္ဆိုင္ထားၿပီး ေမြးဖြားတုန္းကလည္း အျခားသူေတြလိုသာမန္မဟုတ္ဘဲ ထူးျခားမႈေလးေတြရွိတယ္လို႔ ဆိုပါတယ္။ သူမရဲ႕ ပုံကို ၿမိဳ႕အမ်ားအျပားရဲ႕ၚ လမ္းေဘးေၾကာ္ျငာဆိုင္းဘုတ္ေတြမွာေတြ႕ျမင္ႏိုင္ၿပီး Instagram ေပၚမွာလည္းFollowers ၁သန္းခြဲနီးပါးရွိပါတယ္။

Anna Pavaga

Anna Pavaga အမည္ရွိတဲ့ မိန္းကေလးဟာလည္း ႐ုရွားႏိုင္ငံကပဲျဖစ္ပါတယ္။ သူမဟာ Saint Petersbrg မွာ နတ္မိမယ္ ေသးေသးေလးဆိုၿပီး ေက်ာ္ၾကားပါတယ္။ ဘာေၾကာင့္ ေက်ာ္ၾကားလဲဆိုေတာ့ သူမဟာ အသက္ငယ္ငယ္ရြယ္ရြယ္နဲ႔ ပေရာ္ဖက္ရွင္နယ္ဘဲေလး အကသမားတစ္ေယာက္ ျဖစ္လို႔ပါပဲ။ သူမကို အဝတ္အစား၊ ကေလးကစားစရာနဲ႔ အားကစားကုန္ပစၥည္းေတြ အေရာင္းျမႇင့္တင္တဲ့အခါ သူမကို ဖိတ္ေခၚၾကပါတယ္။ ဒါ့အျပင္ Natroenie Osen ဗီဒီယိုအစီစဥ္မွာ ေဖ်ာ္ေျဖမႈရွိၿပီ ႐ုပ္ရွင္က႑ ေသးငယ္တဲ့အပိုင္းေတြကေန သ႐ုပ္ေဆာင္စလုပ္ဖို႔ ဆက္လက္ႀကိဳးစားေနတဲ့သူျဖစ္ပါတယ္။

Lauren Lunde

Lauren Lunde ဆိုတဲ့ ကေလးမေလးဟာ ေတာင္ကိုရီးယားသူတစ္ဦးျဖစ္ပါတယ္။ ဒါေပမဲ့ မိခင္ျဖစ္သူက ကိုရီးယား၊ ဖခင္ျဖစ္သူက ကေနဒါႏိုင္ငံသား ဆိုေတာ့ သူတို႔ႏွစ္ဦးမွ ေမြးဖြားလိုက္တဲ့ သူမဟာ ထူးျခားတဲ့ လွပမႈေတြ ပိုင္ဆိုင္ထားပါတယ္။Aura Kids, MiniZaru နဲ႔ MiniMe စတဲ့ brand ေတြမွာ ေၾကာ္ျငာ႐ုိက္ကူးတဲ့အလုပ္လုပ္ပါတယ္။ သူမအားလပ္ခ်ိန္ေတြမွာ ကိုရီးယားစစ္အုပ္ခ်ဳပ္ေရးအႏုပညာျဖစ္တဲ့ တိုက္ကြမ္ဒိုကို ကစားေလ့ရွိပါတယ္။

Haileigh Vasquez

Haileigh Vasquez အမည္ရွိတဲ့သူမဟာ အေမရိကန္ႏိုင္ငံသူျဖစ္ၿပီး သူမရဲ႕ ရည္ရြယ္ခ်က္ကေတာ့ ေက်ာ္ၾကားတဲ့ ဒီဇိုင္နာတစ္ေယာက္ျဖစ္ခ်င္သူပဲျဖစ္ပါတယ္။ အနည္းဆုံး နာမည္ေက်ာ္ၾကားတဲ့ Kar Lagerfeld ရဲ႕ ဒီဇိုင္နာေလာက္ေတာ့ျဖစ္ခ်င္တယ္လို႔ဆိုပါတယ္။ ဒါ့ေၾကာင့္ ၂၀၁၇ခုႏွစ္မွာ ဒီဇိုင္နာေက်ာင္းကို တက္ေရာက္ခဲ့ၿပီး ေက်ာင္းမွာ အသက္အငယ္ဆုံးမိန္းကေလးအျဖစ္သတ္မွတ္ျခင္းခံရပါတယ္။ သူမဟာ ေယာက်္ားေလးနဲ႔ မိန္းကေလးမ်ားအတြက္ ဖက္ရွင္ဒီဇိုင္းကိုသာTarget ထားေဆာင္ရြက္ၿပီး ဖက္႐ွင္႐ႈိးပြဲေတြမွာ သူမရဲ႕ ဖက္ရွင္ေတြကို တစ္စိတ္တစ္ပိုင္း ျပသခြင့္ရခဲ့ပါတယ္။ ဒါ့အျပင္ သ႐ုပ္ေဆာင္လုပ္ဖို႔အတြက္လည္း သူမကိုကမ္းလွမ္းထားတာရွိပါတယ္။

William Franklyn-Miller

William Franklyn-Miller ဆိုတဲ့ ေကာင္ေလးဟာ ၾသစေၾတးလ်ႏိုင္ငံသားတစ္ဦးျဖစ္ပါတယ္။ Instagram ေပၚမွာေတာ့ သူ႔ကို Blue- eyed လို႔ေခၚၾကၿပီး ေခ်ာေမာလွပတဲ့ေကာင္ေလးအျဖစ္ ေရပန္းစားခဲ့ပါတယ္။ ယခုအခ်ိန္မွာ ေၾကာ္ျငာေတြ႐ိုက္ကူးေနၿပီး ႐ုပ္ရွင္အတြက္လည္း သ႐ုပ္ေဆာင္လုပ္ဖို႔ လက္လွမ္းမီွသေလာက္ ႀကိဳးစားေနပါတယ္။

Jordyn Reinle

Jordyn Reinle အမည္ရွိတဲ့ ေကာင္မေလးဟာ အေမရိကန္ႏိုင္ငံသူျဖစ္ၿပီး ငယ္ငယ္ရြယ္ရြယ္နဲ႔ ဖက္ရွင္ေလာက္ကကို စတင္ဝင္ေရာက္ခဲ့ပါတယ္။ ဒါ့အျပင္ သူမဟာ ကေလးနဲ႔ ပတ္သတ္တဲ့ နာမည္ႀကီး အေမရိကန္ brand ေတာ္ေတာ္မ်ားမ်ားနဲ႔ အလုပ္အတူတူတြဲလုပ္ပါတယ္။ Instagram ေမာ္ဒယ္ေသးေသးေလးဆိုၿပီး Followers အမ်ားအျပားနဲ႔ ေရပန္းစားလွ်က္ရွိပါတယ္။ ေရွ႕အနာဂတ္အတြက္ ေအာင္ျမင္မႈေတြက သူကို ေစာင့္ႀကိဳေနမွာ အေသအခ်ာပါပဲ။

Laneya Grace

Laneya Grace ဟာ အေမရိကန္သူခံယူထားေပမဲ့ သူတို႔ရဲ႕ ဘိုးဘြားမိဘေတြကေတာ့ စပိန္၊ အေမရိကန္နဲ႔ ဖိလစ္ပိုင္တို႔ကပဲျဖစ္ပါတယ္။ အသက္ ၁၃ႏွစ္အရြယ္မွာ Disney ကုမၸဏီနဲ႔ စာခ်ဳပ္ခ်ဳပ္ခဲ့ၿပီး နာမည္ေက်ာ္ဂီတသမား Avicill နဲ႔လည္းအတူတူ ႐ိုက္ကူးေရးေတြျပဳလုပ္ခဲ့ပါတယ္။ ဒါ့အျပင္ ေၾကာ္ျငာေတြ၊ ဓာတ္ပုံေတြ၊ ဖက္ရွင္ေတြမွာလည္း ေနရာယူလုပ္ကိုင္လွ်က္ရွိပါတယ္။

Colin နဲ႔ Kameron Scott

Colin နဲ႔ Kameron Scott ဟာ အမႊာေတြျဖစ္ၿပီး အေမရိကန္ႏိုင္ငံသားေတြပဲျဖစ္ပါတယ္။ ယခုအခါသူတို႔အမႊာညီကို ဟာ ကယ္လီဖိုးနီးယားရဲ႕ ေမာ္ဒယ္ေအဂ်င္စီမွာ Bensimon ေမာ္ဒယ္အျဖစ္ အလုပ္လုပ္ပါတယ္။

Anastasia Averbukh

Anastasia Averbukh အမည္ရွိတဲ့ မိန္းကေလးကို အစၥေရးမွာေတာ့ အလွဆုံးမိန္းကေလးလို႔ ေခၚၾကပါတယ္။ သူမဟာ ႐ုပ္ရွင္နဲ႔ အစၥေရးရဲ႕ လူႀကိဳက္အမ်ားဆုံး ကေလး brand ေတြမွာ ေၾကာ္ျငာ႐ိုက္ကူးၿပီး နာမည္ႀကီးသူတစ္ဦးျဖစ္ပါတယ္။

#Lifestyle_Myanmar

#Thar_Nage

နာမည္ေတြရဲ႕ ေနာက္ကြယ္မွာ အဓိပၸာယ္ကိုယ္စီ ရွိၾကတဲ့ ထိုင္းစတား(၄)ဦး

Unicode

ကမ္ဘာတစ်ဝှမ်းက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ကျော်ကြားတဲ့ ကလေးငယ်တွေ
Anastasia Knyazeva
Anastasia Knyazeva အမည်ရှိတဲ့ ရုရှားမိန်းကလေးဟာ မကြာသေးမီက ဗြိတိသျှမီဒီယာမှာ ကမ္ဘာ့ပေါ်မှာ အလှဆုံးမိန်းကလေးဆိုပြီး ဖော်ပြခြင်းခံခဲ့ရပါတယ်။ သူမရဲ့ အသက်အရွယ်ကတော့ ၆နှစ်သာရှိပါသေးတယ်။ မိခင်ရဲ့ အဆိုအရသူမမှာ ထူးခြားတဲ့အပြာရောင်မျက်ဝန်းကို ပိုင်ဆိုင်ထားပြီး မွေးဖွားတုန်းကလည်း အခြားသူတွေလိုသာမန်မဟုတ်ဘဲ ထူးခြားမှုလေးတွေရှိတယ်လို့ ဆိုပါတယ်။ သူမရဲ့ ပုံကို မြို့အများအပြားရဲ့ါ် လမ်းဘေးကြော်ငြာဆိုင်းဘုတ်တွေမှာတွေ့မြင်နိုင်ပြီး Instagram ပေါ်မှာလည်းFollowers ၁သန်းခွဲနီးပါးရှိပါတယ်။

Anna Pavaga
Anna Pavaga အမည်ရှိတဲ့ မိန်းကလေးဟာလည်း ရုရှားနိုင်ငံကပဲဖြစ်ပါတယ်။ သူမဟာ Saint Petersbrg မှာ နတ်မိမယ် သေးသေးလေးဆိုပြီး ကျော်ကြားပါတယ်။ ဘာကြောင့် ကျော်ကြားလဲဆိုတော့ သူမဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ပရော်ဖက်ရှင်နယ်ဘဲလေး အကသမားတစ်ယောက် ဖြစ်လို့ပါပဲ။ သူမကို အဝတ်အစား၊ ကလေးကစားစရာနဲ့ အားကစားကုန်ပစ္စည်းတွေ အရောင်းမြှင့်တင်တဲ့အခါ သူမကို ဖိတ်ခေါ်ကြပါတယ်။ ဒါ့အပြင် Natroenie Osen ဗီဒီယိုအစီစဉ်မှာ ဖျော်ဖြေမှုရှိပြီ ရုပ်ရှင်ကဏ္ဍ သေးငယ်တဲ့အပိုင်းတွေကနေ သရုပ်ဆောင်စလုပ်ဖို့ ဆက်လက်ကြိုးစားနေတဲ့သူဖြစ်ပါတယ်။

Lauren Lunde
Lauren Lunde ဆိုတဲ့ ကလေးမလေးဟာ တောင်ကိုရီးယားသူတစ်ဦးဖြစ်ပါတယ်။ ဒါပေမဲ့ မိခင်ဖြစ်သူက ကိုရီးယား၊ ဖခင်ဖြစ်သူက ကနေဒါနိုင်ငံသား ဆိုတော့ သူတို့နှစ်ဦးမှ မွေးဖွားလိုက်တဲ့ သူမဟာ ထူးခြားတဲ့ လှပမှုတွေ ပိုင်ဆိုင်ထားပါတယ်။Aura Kids, MiniZaru နဲ့ MiniMe စတဲ့ brand တွေမှာ ကြော်ငြာရိုက်ကူးတဲ့အလုပ်လုပ်ပါတယ်။ သူမအားလပ်ချိန်တွေမှာ ကိုရီးယားစစ်အုပ်ချုပ်ရေးအနုပညာဖြစ်တဲ့ တိုက်ကွမ်ဒိုကို ကစားလေ့ရှိပါတယ်။

Haileigh Vasquez
Haileigh Vasquez အမည်ရှိတဲ့သူမဟာ အမေရိကန်နိုင်ငံသူဖြစ်ပြီး သူမရဲ့ ရည်ရွယ်ချက်ကတော့ ကျော်ကြားတဲ့ ဒီဇိုင်နာတစ်ယောက်ဖြစ်ချင်သူပဲဖြစ်ပါတယ်။ အနည်းဆုံး နာမည်ကျော်ကြားတဲ့ Kar Lagerfeld ရဲ့ ဒီဇိုင်နာလောက်တော့ဖြစ်ချင်တယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် ၂၀၁၇ခုနှစ်မှာ ဒီဇိုင်နာကျောင်းကို တက်ရောက်ခဲ့ပြီး ကျောင်းမှာ အသက်အငယ်ဆုံးမိန်းကလေးအဖြစ်သတ်မှတ်ခြင်းခံရပါတယ်။ သူမဟာ ယောကျ်ားလေးနဲ့ မိန်းကလေးများအတွက် ဖက်ရှင်ဒီဇိုင်းကိုသာTarget ထားဆောင်ရွက်ပြီး ဖက်ရှင်ရှိုးပွဲတွေမှာ သူမရဲ့ ဖက်ရှင်တွေကို တစ်စိတ်တစ်ပိုင်း ပြသခွင့်ရခဲ့ပါတယ်။ ဒါ့အပြင် သရုပ်ဆောင်လုပ်ဖို့အတွက်လည်း သူမကိုကမ်းလှမ်းထားတာရှိပါတယ်။

William Franklyn-Miller
William Franklyn-Miller ဆိုတဲ့ ကောင်လေးဟာ သြစတြေးလျနိုင်ငံသားတစ်ဦးဖြစ်ပါတယ်။ Instagram ပေါ်မှာတော့ သူ့ကို Blue- eyed လို့ခေါ်ကြပြီး ချောမောလှပတဲ့ကောင်လေးအဖြစ် ရေပန်းစားခဲ့ပါတယ်။ ယခုအချိန်မှာ ကြော်ငြာတွေရိုက်ကူးနေပြီး ရုပ်ရှင်အတွက်လည်း သရုပ်ဆောင်လုပ်ဖို့ လက်လှမ်းမှီသလောက် ကြိုးစားနေပါတယ်။

Jordyn Reinle
Jordyn Reinle အမည်ရှိတဲ့ ကောင်မလေးဟာ အမေရိကန်နိုင်ငံသူဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ဖက်ရှင်လောက်ကကို စတင်ဝင်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် သူမဟာ ကလေးနဲ့ ပတ်သတ်တဲ့ နာမည်ကြီး အမေရိကန် brand တော်တော်များများနဲ့ အလုပ်အတူတူတွဲလုပ်ပါတယ်။ Instagram မော်ဒယ်သေးသေးလေးဆိုပြီး Followers အများအပြားနဲ့ ရေပန်းစားလျှက်ရှိပါတယ်။ ရှေ့အနာဂတ်အတွက် အောင်မြင်မှုတွေက သူကို စောင့်ကြိုနေမှာ အသေအချာပါပဲ။

Laneya Grace
Laneya Grace ဟာ အမေရိကန်သူခံယူထားပေမဲ့ သူတို့ရဲ့ ဘိုးဘွားမိဘတွေကတော့ စပိန်၊ အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ကပဲဖြစ်ပါတယ်။ အသက် ၁၃နှစ်အရွယ်မှာ Disney ကုမ္ပဏီနဲ့ စာချုပ်ချုပ်ခဲ့ပြီး နာမည်ကျော်ဂီတသမား Avicill နဲ့လည်းအတူတူ ရိုက်ကူးရေးတွေပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ကြော်ငြာတွေ၊ ဓာတ်ပုံတွေ၊ ဖက်ရှင်တွေမှာလည်း နေရာယူလုပ်ကိုင်လျှက်ရှိပါတယ်။

Colin နဲ့ Kameron Scott
Colin နဲ့ Kameron Scott ဟာ အမွှာတွေဖြစ်ပြီး အမေရိကန်နိုင်ငံသားတွေပဲဖြစ်ပါတယ်။ ယခုအခါသူတို့အမွှာညီကို ဟာ ကယ်လီဖိုးနီးယားရဲ့ မော်ဒယ်အေဂျင်စီမှာ Bensimon မော်ဒယ်အဖြစ် အလုပ်လုပ်ပါတယ်။

Anastasia Averbukh
Anastasia Averbukh အမည်ရှိတဲ့ မိန်းကလေးကို အစ္စရေးမှာတော့ အလှဆုံးမိန်းကလေးလို့ ခေါ်ကြပါတယ်။ သူမဟာ ရုပ်ရှင်နဲ့ အစ္စရေးရဲ့ လူကြိုက်အများဆုံး ကလေး brand တွေမှာ ကြော်ငြာရိုက်ကူးပြီး နာမည်ကြီးသူတစ်ဦးဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here