ကစားစရာအရုပ်တွေနဲ့ တကယ့် movies ထဲက ဇာတ်ကောင်တွေလို ဓာတ်ပုံဖန်တီးတဲ့ Photographer

0
340
ဓာတ်ပုံဆရာ
ဓာတ်ပုံဆရာ

စိတ်ဝင်စားစရာမကောင်းတဲ့ သာမန်အရုပ်တွေကို ဇာတ်ကောင်ထဲက အဖြစ်အပျက်တွေလို စိတ်ဝင်စရာတွေဖန်တီးယူနေတဲ့ Photographer ကတော့ Jared Middleton ဆိုတဲ့ ဓာတ်ပုံဆရာတစ်ဦးပဲဖြစ်ပါတယ်။

သူရဲ့ ထူးခြားချက်ကတော့ မော်ဒယ်တွေအတွက် အလှဓာတ်ပုံတွေ ရိုက်ပေးတာမျိုးမဟုတ်ဘဲ အရုပ်တွေကိုသာ ရွေးချယ်ပြီး စိတ်ဝင်စားစရာဖြစ်အောင် အသက်သွင်းဖန်တီးရတာပဲဖြစ်ပါတယ်။ သေးငယ်တဲ့ အရုပ်သေးသေးလေးတွေအပေါ် စိတ်ရှည်ရှည်နဲ့ ဖန်တီးပြီး ဓာတ်ပုံရိုက်ရတာကိုကြိုက်နှစ်သက်သူတစ်ဦးလည်းဖြစ်ပါတယ်။ အချို့သူတွေကတော့ သူကိုယ်တိုင်ရိုက်ကူးတဲ့ ဓာတ်ပုံတွေထက် နောက်ကွယ်က ဘယ်လိုဖန်တီး ယူလည်းဆိုတာကို ပိုပြီးစိတ်ဝင်စားကြပါတယ်။

သူရိုက်ကူးတဲ့ ပုံတွေထဲမှာ လိုချင်တဲ့ ပုံစံရရှိဖို့ ဝါယာကြိုးကနေ မီးပွားတွေကျလာအောင် ရှော့ပေးတာတွေ၊ တကယ်မီးတွေ၊ ရေတွေ၊ ယမ်းမှုန့်တွေ အသုံးပြုတာတွေက တကယ့်ကို အနုစိတ်ပြီး စိတ်ရှည်လက်ရှည်နဲ့ ဖန်တီးယူထားတာ တွေ့ရမှာဖြစ်ပါတယ်။

သူဖန်တီးယူတဲ့ ဇာတ်ကောင်းတွေထဲမှာ များသောအားဖြင့် Star Wars ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ကောင်တွေအဖြစ်များပြီး Star Wars ရဲ့ တကယ့်အမာခံပရိတ်သတ်တစ်ဦးလည်းမမှားပါဘူး။ တခါတလေမှာ ပိုကီမွန်ဇာတ်ကောင်တွေကိုလည်း ပုံဖော်ပြီး ဓာတ်ပုံရိုက်ကူတတ်ပါတယ်။

သူရိုက်ကူးတဲ့ ဓာတ်ပုံတွေရဲ့ နောက်ကွယ်က မြင်ကွင်းတွေ၊ ဗီဒီယိုတွေကို ယုဥ်ကြည့်လိုက်မယ်ဆိုရင် သူ့ရဲ့ ဓာတ်ပုံနဲ့ နောက်ကွယ်ကအဖြစ်အပျက်တွေက ဘယ်လောက်စိတ်ဝင်စားစရာကောင်းလဲဆိုတာ တွေ့ရမှာပါ။ ဓာတ်ပုံရိုက်ကူးရတာ ဝါသနာပါသူတွေကိုလည်း သူ့အကောင့်မှာ ဓာတ်ပုံရိုက်ကူးတာနဲ့ပတ်သတ်ပြီး အကြံပေးချက်တွေမျှဝေလေ့ရှိပါတယ်။

#Lifestyle_Myanmar

#Thar_Nage

သူ့တို့ကို ခြေထောက်နဲ့ကန်တဲ့ ကားပိုင်ရှင်ကို Suprise လုပ်ပေးလိုက်တဲ့ ခွေးလေးတွေ

Zawgyi font

ကစားစရာအ႐ုပ္ေတြနဲ႔ တကယ့္ movies ထဲက ဇာတ္ေကာင္ေတြလို ဓာတ္ပုံဖန္တီးတဲ့ Photographer

စိတ္ဝင္စားစရာမေကာင္းတဲ့ သာမန္အ႐ုပ္ေတြကို ဇာတ္ေကာင္ထဲက အျဖစ္အပ်က္ေတြလို စိတ္ဝင္စရာေတြဖန္တီးယူေနတဲ့ Photographer ကေတာ့ Jared Middleton ဆိုတဲ့ ဓာတ္ပုံဆရာတစ္ဦးပဲျဖစ္ပါတယ္။

သူရဲ့ ထူးျခားခ်က္ကေတာ့ ေမာ္ဒယ္ေတြအတြက္ အလွဓာတ္ပုံေတြ ရိုက္ေပးတာမ်ိဳးမဟုတ္ဘဲ အ႐ုပ္ေတြကိုသာ ေရြးခ်ယ္ၿပီး စိတ္ဝင္စားစရာျဖစ္ေအာင္ အသက္သြင္းဖန္တီးရတာပဲျဖစ္ပါတယ္။ ေသးငယ္တဲ့ အ႐ုပ္ေသးေသးေလးေတြအေပၚ စိတ္ရွည္ရွည္နဲ႔ ဖန္တီးၿပီး ဓာတ္ပုံရိုက္ရတာကိုႀကိဳက္ႏွစ္သက္သူတစ္ဦးလည္းျဖစ္ပါတယ္။ အခ်ိဳ႕သူေတြကေတာ့ သူကိုယ္တိုင္ရိုက္ကူးတဲ့ ဓာတ္ပုံေတြထက္ ေနာက္ကြယ္က ဘယ္လိုဖန္တီး ယူလည္းဆိုတာကို ပိုၿပီးစိတ္ဝင္စားၾကပါတယ္။

သူရိုက္ကူးတဲ့ ပုံေတြထဲမွာ လိုခ်င္တဲ့ ပုံစံရရွိဖို႔ ဝါယာႀကိဳးကေန မီးပြားေတြက်လာေအာင္ ေရွာ့ေပးတာေတြ၊ တကယ္မီးေတြ၊ ေရေတြ၊ ယမ္းမွုန္႔ေတြ အသုံးျပဳတာေတြက တကယ့္ကို အႏုစိတ္ၿပီး စိတ္ရွည္လက္ရွည္နဲ႔ ဖန္တီးယူထားတာ ေတြ႕ရမွာျဖစ္ပါတယ္။

သူဖန္တီးယူတဲ့ ဇာတ္ေကာင္းေတြထဲမွာ မ်ားေသာအားျဖင့္ Star Wars ႐ုပ္ရွင္ဇာတ္ကားထဲက ဇာတ္ေကာင္ေတြအျဖစ္မ်ားၿပီး Star Wars ရဲ့ တကယ့္အမာခံပရိတ္သတ္တစ္ဦးလည္းမမွားပါဘူး။ တခါတေလမွာ ပိုကီမြန္ဇာတ္ေကာင္ေတြကိုလည္း ပုံေဖာ္ၿပီး ဓာတ္ပုံရိုက္ကူတတ္ပါတယ္။

သူရိုက္ကူးတဲ့ ဓာတ္ပုံေတြရဲ့ ေနာက္ကြယ္က ျမင္ကြင္းေတြ၊ ဗီဒီယိုေတြကို ယုဥ္ၾကည့္လိုက္မယ္ဆိုရင္ သူ႔ရဲ့ ဓာတ္ပုံနဲ႔ ေနာက္ကြယ္ကအျဖစ္အပ်က္ေတြက ဘယ္ေလာက္စိတ္ဝင္စားစရာေကာင္းလဲဆိုတာ ေတြ႕ရမွာပါ။ ဓာတ္ပုံရိုက္ကူးရတာ ဝါသနာပါသူေတြကိုလည္း သူ႔အေကာင့္မွာ ဓာတ္ပုံရိုက္ကူးတာနဲ႔ပတ္သတ္ၿပီး အႀကံေပးခ်က္ေတြမၽွေဝေလ့ရွိပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here