ကင်ဆာရောဂါဖြစ်ပွားနှုန်းကို လျှော့ချပေးနိုင်တဲ့ လူနေမှုပုံစံ ၅မျိုး

0
298
ကင်ဆာရောဂါ
ကင်ဆာရောဂါ

မလေးရှားနိုင်ငံမှာ တစ်နှစ်ကို လူဦးရေ ၁သိန်းလောက်က နှစ်စဉ်နှစ်တိုင်း ကင်ဆာရောဂါဖြစ်ပွားမှုရှိတယ်လို့ သိရပါတယ်။ ကင်ဆာမှာ အမျိုးအမည်တွေ အများကြီးရှိတဲ့အပြင် အသက် ၇၅နှစ်အရွယ်မှာဆို ၄ယောက်မှာ ၁ယောက်နှုန်းလောက်က ကင်ဆာရောဂါဖြစ်နေကြပါတယ်။ ကင်ဆာရောဂါဖြစ်ပွားနှုန်းကို လျှော့ချဖို့ဆိုတာ ကျွန်တော်တို့ရဲ့ လူနေမှုပုံစံတွေကို ပြောင်းလဲပစ်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ကင်ဆာရောဂါလျှော့ချနိုင်ဖို့ ကမ္ညာ့ကျန်းမာရေးအဖွဲ့အစည်းနဲ့ မလေးရှားဆရာဝန်တွေရဲ့ ဆေးဘက်ဆိုင်ရာ အကြံပေးချက်တွေအရ ကျွန်တော်တို့ရဲ့ နေထိုင်မှုပုံစံ ၅မျိုး ပြောင်းလဲပစ်ဖို့ လိုအပ်ပါတယ်။

၁။ ကျန်းမာရေးအတွက် သင့်လျှော်တဲ့ အစားအသောက်ကို ရွေးချယ်စားသုံးပါ။

Kuala Selangor အခြေစိုက် ဆေးပညာဆိုင်ရာ Dr Khiddir ရဲ့ ပြောဆိုချက်အရ ကင်ဆာရဲ့ အကြီးမားဆုံး အန္တရာယ်ထဲက တစ်ခုဖြစ်တာကတော့ အဝလွန်ခြင်းပဲဖြစ်ပါတယ်။ များသောအားဖြင့် ဖြစ်ပေါ်လေ့ရှိတဲ့ ကင်ဆာအမျိုးအစား ၁၂ခုဟာ အဝလွန်ခြင်းနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးအတွက် ညီညွတ်မှုရှိတဲ့ ဟင်းသီးဟင်းရွယ်တွေ၊ အသီးအနှံတွေကို ရွေးချယ်စားသုံးဖို့ လိုအပ်ပါတယ်။ ထိုကဲ့သို့ ပုံမှန် စားသုံးပေးခြင်းကြောင့် ဆီးကျိတ်ကင်ဆာနဲ့ အခြားကင်ဆာအချို့ကို ကာကွယ်ပေးရာရောက်ပါတယ်။

၂။ ဆေးလိပ်သောက်သုံးခြင်းနဲ့ ဆက်စပ်တဲ့ အရာအားလုံးကို လျှော့ချပေးပါ။

ဆေးလိပ်သောက်သုံးခြင်းဟာ သောက်သုံးသူတင်မက ဘေးပတ်ဝန်းကျင်မှာရှိတဲ့ လူတွေအားလုံးအတွက် ဆိုးကျိုးတွေဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် အချို့ ဆိုင်တော်တော်များများမှာ ဆေးလိပ်သောက်သုံးခြင်းကို တားမြစ်ထားပါတယ်။ ဆေးလိပ်ဟာ သောက်သုံးသူနဲ့ ပတ်ဝန်းကျင်က လူတွေကို ကင်ဆာဖြစ်နိုင်ဖို့အတွက် ရာခိုင်းနှုန်တော်တော်များများသက်ရောက်မှုရှိစေပါတယ်။ ဆေးလိပ်ဟာ အဆုတ်ကင်ဆာအပြင် အခြားကင်ဆာအမျိုးအစား အနည်းဆုံး ၁၄မျိုးထိ ဖြစ်ပေါ်နိုင်ပါတယ်။

၃။ အရက်သေစာ သောက်သုံးခြင်းကို ရှောင်ကြဥ်ပါ။

အရက်သေစာ သောက်သုံးခြင်းကလည်း ကင်ဆာဖြစ်ဖို့အတွက် များစွာအကျိုးသက်ရောက်မှုရှိစေပါတယ်။ ခန္ဓာကိုယ် အစာခြေနေစဥ်အတွင်း အရက်သေစာကို သောက်သုံးလိုက်ပါက ကျွန်တော်တို့ရဲ့ ဒီအမ်အေ၊ ပရိုတိန်း၊ lipids တို့ကို ထိခိုက်ပျက်စီးစေနိုင်ပြီး ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။ အမျိုးသမီးများအတွက် ရက်သေစာ သောက်သုံးခြင်းက ရင်သားကင်ဆာနဲ့ အခြား ကင်ဆာအမျိုးအစားပေါင်းများစွာကို ဖြစ်ပေါ်နိုင်ပါတယ်။ အဆိုးရွားဆုံးကတော့ ဆေးလိပ်နဲ့ အရက် နှစ်မျိုးစလုံးကို သုံးစွဲတာ သင့်ကို ပိုမိုထိခိုက်နိုင်စေပါတယ်။

၄။ ညဉ့်နက်ပိုင်းမှာ အိပ်ပျော်တဲ့ အကျင့်ကို ရှောင်ကြဉ်ပါ။

ယခုခေတ်နောက်ပိုင်းမှာ ဖုန်းအသုံးများတာတွေ၊ ဂိမ်းအဆော့များတာတွေကြောင့် ညဘက်အိပ်ရာဝင်တဲ့အခါ ညဥ့်နက်တတ်ကျပါတယ်။ တစ်ညတစ်လေက သင့်အတွက် မသိသာပေမဲ့ အိပ်ရေးပျက်ပေါင်းများလာတဲ့အခါ ကိုယ်ခံစွမ်းအားစနစ်တွေ ကျဆင်းလာပြီး ကင်ဆာဖြစ်နိုင်ခြေဘက်ကို ကူးပြောင်းလာ တတ်ပါတယ်။ သုတေသနပညာရှင်တွေရဲ့ လေ့လာစမ်းသတ်ချက်အရ အိပ်ရေးပျက်ပေါ်များတဲ့ သူတွဟာ ကင်ဆာရောဂါြဖစ်ပွားဖို့ ၂၀ရာခိုင်နှုန် သေချာသလောက်ရှိပြီး ရောဂါ ပြန့်ပွားဖို့လည်း ပိုမိုမြန်ဆန်စေပါတယ်။ အသက် ၅၈နှစ်အရွယ်မှာ ရင်သာကင်ဆာဖြစ်နိုင်ခြေများပြီး အသက် ၃၅အရွယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်း ကင်ဆာဖြစ်နိုင်ခြေရှိပါတယ်။ အသက် ၂၈နှစ်အရွယ်မှာတော့ အဆုတ်ကင်ဆာကို ပိုမိုဖြစ်ပါနိတယ်။

၅။ အန္တရာယ်ရှိတဲ့အလုပ်မျိုးကို ရှောင်ကြဉ်ပါ။

အချို့ စက်ရုံ၊ အလုပ်ရုံက ထွက်ပေါ်လာတဲ့ ဓာတ်ငွေ့တွေဟာ ကင်ဆာဖြစ်နိုင်ခြေပိုများပါတယ်။ သင့်အနေနဲ့ ဒီလို အန္တရာယ်ရှိတဲ့ ဓာတ်ငွေ့တွကြားမှာ အလုပ်လုပ်ရမယ်ဆို ခန္ဓာကိုယ်အတွက် လုံခြုံရေး အပြည့်အဝ တပ်ဆင်ပြီးမှ ပြုလုပ်တာ သင့်အတွက် အသင့်တော်ဆုံးမှာပါ။ စိုက်ပျိုးရေး၊ သစ်တော၊ ငါးဖမ်း စတဲ့ အလုပ်သမားတွေအနေနဲ့လည်း နေရာင်ခြည်အလွန်အကျွံထိတွေမှု၊ စိုက်ပျိုးရေးဓာတုဆေးဝါးတွေ ထိတွေ့မှု၊ ဆောက်လုပ်ရေးသမားများလည်း ကျောက်မှုန့်၊ ဆီလီကာ၊ ဒီဇယ်အင်ဂျင်အိတ်ဇော၊ ကျောက်မီးသွားထုတ်ကုန်၊ အိမ်သုတ်ဆေး၊ သစ်သားမှုန့် စတဲ့ အမှုန့်အမွှားတွေ၊ အငွေ့တွေ ထိတွေ့မှုကြောင့် အချိန်ကြာလာတာနဲ့အမျှလူကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် အဝတ်အစား၊ နှားခေါင်းစည်း၊ လက်အိတ် စတဲ့ လုံခြုံမှုရှိတဲ့ ပစ္စည်းတွေကို ဝတ်ဆင်ပြီးမှ အလုပ်လုပ်သင့်ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

သွားနှင့် သွားဖုံးကျန်းမာရေးအတွက် ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေ

Zaw gyi fonts

ကင္ဆာေရာဂါျဖစ္ပြားႏွုန္းကို ေလၽွာ့ခ်ေပးနိုင္တဲ့ လူေနမွုပုံစံ ၅မ်ိဳး
မေလးရွားနိုင္ငံမွာ တစ္ႏွစ္ကို လူဦးေရ ၁သိန္းေလာက္က ႏွစ္စဥ္ႏွစ္တိုင္း ကင္ဆာေရာဂါျဖစ္ပြားမွုရွိတယ္လို႔ သိရပါတယ္။ ကင္ဆာမွာ အမ်ိဳးအမည္ေတြ အမ်ားႀကီးရွိတဲ့အျပင္ အသက္ ၇၅ႏွစ္အရြယ္မွာဆို ၄ေယာက္မွာ ၁ေယာက္ႏွုန္းေလာက္က ကင္ဆာေရာဂါျဖစ္ေနၾကပါတယ္။ ကင္ဆာေရာဂါျဖစ္ပြားႏွုန္းကို ေလၽွာ့ခ်ဖို႔ဆိုတာ ကၽြန္ေတာ္တို႔ရဲ့ လူေနမွုပုံစံေတြကို ေျပာင္းလဲပစ္ဖို႔ လိုအပ္ပါတယ္။ ဒါ့ေၾကာင့္ ကင္ဆာေရာဂါေလၽွာ့ခ်နိုင္ဖို႔ ကမ္ညာ့က်န္းမာေရးအဖြဲ႕အစည္းနဲ႔ မေလးရွားဆရာဝန္ေတြရဲ့ ေဆးဘက္ဆိုင္ရာ အႀကံေပးခ်က္ေတြအရ ကၽြန္ေတာ္တို႔ရဲ့ ေနထိုင္မွုပုံစံ ၅မ်ိဳး ေျပာင္းလဲပစ္ဖို႔ လိုအပ္ပါတယ္။

၁။ က်န္းမာေရးအတြက္ သင့္ေလၽွာ္တဲ့ အစားအေသာက္ကို ေရြးခ်ယ္စားသုံးပါ။
Kuala Selangor အေျခစိုက္ ေဆးပညာဆိုင္ရာ Dr Khiddir ရဲ့ ေျပာဆိုခ်က္အရ ကင္ဆာရဲ့ အႀကီးမားဆုံး အႏၲရာယ္ထဲက တစ္ခုျဖစ္တာကေတာ့ အဝလြန္ျခင္းပဲျဖစ္ပါတယ္။ မ်ားေသာအားျဖင့္ ျဖစ္ေပၚေလ့ရွိတဲ့ ကင္ဆာအမ်ိဳးအစား ၁၂ခုဟာ အဝလြန္ျခင္းနဲ႔ ဆက္စပ္ေနတယ္လို႔ သိရပါတယ္။ ဒါ့ေၾကာင့္ က်န္းမာေရးအတြက္ ညီညြတ္မွုရွိတဲ့ ဟင္းသီးဟင္းရြယ္ေတြ၊ အသီးအႏွံေတြကို ေရြးခ်ယ္စားသုံးဖို႔ လိုအပ္ပါတယ္။ ထိုကဲ့သို႔ ပုံမွန္ စားသုံးေပးျခင္းေၾကာင့္ ဆီးက်ိတ္ကင္ဆာနဲ႔ အျခားကင္ဆာအခ်ိဳ႕ကို ကာကြယ္ေပးရာေရာက္ပါတယ္။

၂။ ေဆးလိပ္ေသာက္သုံးျခင္းနဲ႔ ဆက္စပ္တဲ့ အရာအားလုံးကို ေလၽွာ့ခ်ေပးပါ။
ေဆးလိပ္ေသာက္သုံးျခင္းဟာ ေသာက္သုံးသူတင္မက ေဘးပတ္ဝန္းက်င္မွာရွိတဲ့ လူေတြအားလုံးအတြက္ ဆိုးက်ိဳးေတြျဖစ္ေပၚေစပါတယ္။ ဒါ့ေၾကာင့္ အခ်ိဳ႕ ဆိုင္ေတာ္ေတာ္မ်ားမ်ားမွာ ေဆးလိပ္ေသာက္သုံးျခင္းကို တားျမစ္ထားပါတယ္။ ေဆးလိပ္ဟာ ေသာက္သုံးသူနဲ႔ ပတ္ဝန္းက်င္က လူေတြကို ကင္ဆာျဖစ္နိုင္ဖို႔အတြက္ ရာခိုင္းႏွုန္ေတာ္ေတာ္မ်ားမ်ားသက္ေရာက္မွုရွိေစပါတယ္။ ေဆးလိပ္ဟာ အဆုတ္ကင္ဆာအျပင္ အျခားကင္ဆာအမ်ိဳးအစား အနည္းဆုံး ၁၄မ်ိဳးထိ ျဖစ္ေပၚနိုင္ပါတယ္။

၃။ အရက္ေသစာ ေသာက္သုံးျခင္းကို ေရွာင္ၾကဥ္ပါ။
အရက္ေသစာ ေသာက္သုံးျခင္းကလည္း ကင္ဆာျဖစ္ဖို႔အတြက္ မ်ားစြာအက်ိဳးသက္ေရာက္မွုရွိေစပါတယ္။ ခႏၶာကိုယ္ အစာေျခေနစဥ္အတြင္း အရက္ေသစာကို ေသာက္သုံးလိုက္ပါက ကၽြန္ေတာ္တို႔ရဲ့ ဒီအမ္ေအ၊ ပရိုတိန္း၊ lipids တို႔ကို ထိခိုက္ပ်က္စီးေစနိုင္ၿပီး ကင္ဆာေရာဂါကို ျဖစ္ပြားေစနိုင္ပါတယ္။ အမ်ိဳးသမီးမ်ားအတြက္ ရက္ေသစာ ေသာက္သုံးျခင္းက ရင္သားကင္ဆာနဲ႔ အျခား ကင္ဆာအမ်ိဳးအစားေပါင္းမ်ားစြာကို ျဖစ္ေပၚနိုင္ပါတယ္။ အဆိုးရြားဆုံးကေတာ့ ေဆးလိပ္နဲ႔ အရက္ ႏွစ္မ်ိဳးစလုံးကို သုံးစြဲတာ သင့္ကို ပိုမိုထိခိုက္နိုင္ေစပါတယ္။

၄။ ညဥ့္နက္ပိုင္းမွာ အိပ္ေပ်ာ္တဲ့ အက်င့္ကို ေရွာင္ၾကဥ္ပါ။
ယခုေခတ္ေနာက္ပိုင္းမွာ ဖုန္းအသုံးမ်ားတာေတြ၊ ဂိမ္းအေဆာ့မ်ားတာေတြေၾကာင့္ ညဘက္အိပ္ရာဝင္တဲ့အခါ ညဥ့္နက္တတ္က်ပါတယ္။ တစ္ညတစ္ေလက သင့္အတြက္ မသိသာေပမဲ့ အိပ္ေရးပ်က္ေပါင္းမ်ားလာတဲ့အခါ ကိုယ္ခံစြမ္းအားစနစ္ေတြ က်ဆင္းလာၿပီး ကင္ဆာျဖစ္နိုင္ေျခဘက္ကို ကူးေျပာင္းလာ တတ္ပါတယ္။ သုေတသနပညာရွင္ေတြရဲ့ ေလ့လာစမ္းသတ္ခ်က္အရ အိပ္ေရးပ်က္ေပၚမ်ားတဲ့ သူတြဟာ ကင္ဆာေရာဂါျဖစ္ပြားဖို႔ ၂၀ရာခိုင္ႏွုန္ ေသခ်ာသေလာက္ရွိၿပီး ေရာဂါ ျပန္႔ပြားဖို႔လည္း ပိုမိုျမန္ဆန္ေစပါတယ္။ အသက္ ၅၈ႏွစ္အရြယ္မွာ ရင္သာကင္ဆာျဖစ္နိုင္ေျခမ်ားၿပီး အသက္ ၃၅အရြယ္မွာ အစာအိမ္နဲ႔ အူလမ္းေၾကာင္း ကင္ဆာျဖစ္နိုင္ေျခရွိပါတယ္။ အသက္ ၂၈ႏွစ္အရြယ္မွာေတာ့ အဆုတ္ကင္ဆာကို ပိုမိုျဖစ္ပါနိတယ္။

၅။ အႏၲရာယ္ရွိတဲ့အလုပ္မ်ိဳးကို ေရွာင္ၾကဥ္ပါ။
အခ်ိဳ႕ စက္႐ုံ၊ အလုပ္႐ုံက ထြက္ေပၚလာတဲ့ ဓာတ္ေငြ႕ေတြဟာ ကင္ဆာျဖစ္နိုင္ေျခပိုမ်ားပါတယ္။ သင့္အေနနဲ႔ ဒီလို အႏၲရာယ္ရွိတဲ့ ဓာတ္ေငြ႕တြၾကားမွာ အလုပ္လုပ္ရမယ္ဆို ခႏၶာကိုယ္အတြက္ လုံျခဳံေရး အျပည့္အဝ တပ္ဆင္ၿပီးမွ ျပဳလုပ္တာ သင့္အတြက္ အသင့္ေတာ္ဆုံးမွာပါ။ စိုက္ပ်ိဳးေရး၊ သစ္ေတာ၊ ငါးဖမ္း စတဲ့ အလုပ္သမားေတြအေနနဲ႔လည္း ေနရာင္ျခည္အလြန္အကၽြံထိေတြမွု၊ စိုက္ပ်ိဳးေရးဓာတုေဆးဝါးေတြ ထိေတြ႕မွု၊ ေဆာက္လုပ္ေရးသမားမ်ားလည္း ေက်ာက္မွုန္႔၊ ဆီလီကာ၊ ဒီဇယ္အင္ဂ်င္အိတ္ေဇာ၊ ေက်ာက္မီးသြားထုတ္ကုန္၊ အိမ္သုတ္ေဆး၊ သစ္သားမွုန္႔ စတဲ့ အမွုန္႔အမႊားေတြ၊ အေငြ႕ေတြ ထိေတြ႕မွုေၾကာင့္ အခ်ိန္ၾကာလာတာနဲ႔အမၽွလူကို ထိခိုက္ေစနိုင္ပါတယ္။ ဒါ့ေၾကာင့္ အဝတ္အစား၊ ႏွားေခါင္းစည္း၊ လက္အိတ္ စတဲ့ လုံျခဳံမွုရွိတဲ့ ပစၥည္းေတြကို ဝတ္ဆင္ၿပီးမွ အလုပ္လုပ္သင့္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here