ကင်ချီဟာ ဆံသားဆုံးရှုံးမှုကို ထိရောက်စွာကာကွယ်နိုင်ကြောင်း လေ့လာတွေ့ရှိ

0
226

ကိုရီးယားရိုးရာအစားအစာ ဖြစ်တဲ့ ကင်ချီဟာ ဆံပင်ပါးသူတွေအတွက် အဖြေတစ်ခုဖြစ်လာနိုင်ကြောင်း တောင်ကိုရီးယားနိုင်ငံရဲ့ လေ့လာတွေ့ရှိမှုတွေက ဖော်ပြခဲ့ပါတယ်။ ကင်ချီဟာ အဓိကအားဖြင့် ဂေါ်ဖီထုပ်ကို ဟင်းခတ်အသုံးအဆောင်တွေရဲ့ အချဉ်ဖောက်ပြီး ပြုလုပ်ထားတာဖြစ်ပြီးတော့ ကင်ချီမှာပါတဲ့ အရည်ဟာ ဆံပင်ကျွတ်မှုကို ကာကွယ်ပေးနိုင်ကြောင်း သိရှိရပါတယ်။ Dankook တက္ကသိုလ်မှ တောင်ကိုရီးယားသိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်အရ ကင်ချီအရည်ကို နေ့စဉ်စားသုံးခြင်းအားဖြင့် ရက်သတ္တပတ်အနည်းငယ်လောက်မှာတင် ဆံသားအသစ်တွေ ပြန်ပေါက်လာနိုင်ကြောင်းဖော်ပြထားပါတယ်။ အဆိုပါလေ့လာမှုမှာ ဆံပင်ပါးသူတွေနဲ့ ထိပ်ပြောင်တဲ့ အမျိုးသား ၂၃ ယောက်ကို လေ့လာစောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။

-Advertisement-

သူတို့ဟာ နေ့စဉ် မနက်စာမစားခင်အချိန်နဲ့ ညအိပ်ရာဝင်ချိန်တွေမှာ ကင်ချီအရည်ကိုသောက်ခဲ့ကြပြီး ပထမလမှာတင် ဆံသားအရွယ်အစား 85 per square centimeter ကနေ 90 square centimeters ထိကြီးထွားဖွံ့ဖြိုးလာခဲ့ပါတယ်။ လေးလလောက် သောက်တဲ့အခါမှာတော့ ဆံသားအရွယ်အစား 92 per square centimeter ထိဆံပင်သန်စွမ်းလာခဲ့ပါတယ်။

အမျိုးသားတွေဟာ ဆံပင်ပါးမှုအများဆုံး ဖြစ်လေ့ရှိတာကြောင့် ကင်ချီစားသုံးပေးခြင်းဖြင့် အဆိုပါပြဿနာကို ဖြေရှင်းပေးနိုင်ကြောင်း သိပ္ပံလေ့လာမှုတွေက ဖော်ပြခဲ့ကြပါတယ်။ ဒီလိုအစားအသောက်နဲ့ ဆံသားဆုံးရှုံးမှုကို ပြဿနာကို ဖြေရှင်းခြင်းဟာ လူတွေအတွက် ပိုပြီးအန္တရာယ်ကင်းစေပါတယ်။ ကင်ချီမှာပါတဲ့ probiotic လို့ခေါ်တဲ့ရောဂါကာကွယ်နိုင်တဲ့ ဓါတ်ပစ္စည်းတွေကြောင့်နဲ့ အရသာကောင်းမွန်မှုကြောင့် ကင်ချီကိုကမ္ဘာအနှံ့အပြားမှာ စားသုံးလျှက်ရှိကြပါတယ်။ ပြီးခဲ့တဲ့ လေ့လာမှုတစ်ခုမှာလည်း ကင်ချီဟာ လူငယ်တွေအတွက် စိတ်ဖိစီးမှုတွေကို လျှော့ချဖို့ ကူညီပေးနိုင်ကြောင်း သိရှိရပါတယ်။

LM_Naung_Naung
Lifestyle_Myanmar
Source
Zawgyi

ကင္ခ်ီဟာ ဆံသားဆုံးရႈံးမႈကို ထိေရာက္စြာကာကြယ္ႏိုင္ေၾကာင္း ေလ့လာေတြ႕ရွိ
ကိုရီးယား႐ိုးရာအစားအစာ ျဖစ္တဲ့ ကင္ခ်ီဟာ ဆံပင္ပါးသူေတြအတြက္ အေျဖတစ္ခုျဖစ္လာႏိုင္ေၾကာင္း ေတာင္ကိုရီးယားႏိုင္ငံရဲ႕ ေလ့လာေတြ႕ရွိမႈေတြက ေဖာ္ျပခဲ့ပါတယ္။ ကင္ခ်ီဟာ အဓိကအားျဖင့္ ေဂၚဖီထုပ္ကို ဟင္းခတ္အသုံးအေဆာင္ေတြရဲ႕ အခ်ဥ္ေဖာက္ၿပီး ျပဳလုပ္ထားတာျဖစ္ၿပီးေတာ့ ကင္ခ်ီမွာပါတဲ့ အရည္ဟာ ဆံပင္ကြၽတ္မႈကို ကာကြယ္ေပးႏိုင္ေၾကာင္း သိရွိရပါတယ္။ Dankook တကၠသိုလ္မွ ေတာင္ကိုရီးယားသိပၸံပညာရွင္ေတြရဲ႕ ေတြ႕ရွိခ်က္အရ ကင္ခ်ီအရည္ကို ေန႔စဥ္စားသုံးျခင္းအားျဖင့္ ရက္သတၱပတ္အနည္းငယ္ေလာက္မွာတင္ ဆံသားအသစ္ေတြ ျပန္ေပါက္လာႏိုင္ေၾကာင္းေဖာ္ျပထားပါတယ္။ အဆိုပါေလ့လာမႈမွာ ဆံပင္ပါးသူေတြနဲ႔ ထိပ္ေျပာင္တဲ့ အမ်ိဳးသား ၂၃ ေယာက္ကို ေလ့လာေစာင့္ၾကည့္ခဲ့တာျဖစ္ပါတယ္။
သူတို႔ဟာ ေန႔စဥ္ မနက္စာမစားခင္အခ်ိန္နဲ႔ ညအိပ္ရာဝင္ခ်ိန္ေတြမွာ ကင္ခ်ီအရည္ကိုေသာက္ခဲ့ၾကၿပီး ပထမလမွာတင္ ဆံသားအ႐ြယ္အစား 85 per square centimeter ကေန 90 square centimeters ထိႀကီးထြားဖြံ႕ၿဖိဳးလာခဲ့ပါတယ္။ ေလးလေလာက္ ေသာက္တဲ့အခါမွာေတာ့ ဆံသားအ႐ြယ္အစား 92 per square centimeter ထိဆံပင္သန္စြမ္းလာခဲ့ပါတယ္။
အမ်ိဳးသားေတြဟာ ဆံပင္ပါးမႈအမ်ားဆုံး ျဖစ္ေလ့ရွိတာေၾကာင့္ ကင္ခ်ီစားသုံးေပးျခင္းျဖင့္ အဆိုပါျပႆနာကို ေျဖရွင္းေပးႏိုင္ေၾကာင္း သိပၸံေလ့လာမႈေတြက ေဖာ္ျပခဲ့ၾကပါတယ္။ ဒီလိုအစားအေသာက္နဲ႔ ဆံသားဆုံးရႈံးမႈကို ျပႆနာကို ေျဖရွင္းျခင္းဟာ လူေတြအတြက္ ပိုၿပီးအႏၲရာယ္ကင္းေစပါတယ္။ ကင္ခ်ီမွာပါတဲ့ probiotic လို႔ေခၚတဲ့ေရာဂါကာကြယ္ႏိုင္တဲ့ ဓါတ္ပစၥည္းေတြေၾကာင့္နဲ႔ အရသာေကာင္းမြန္မႈေၾကာင့္ ကင္ခ်ီကိုကမာၻအႏွံ႔အျပားမွာ စားသုံးလွ်က္ရွိၾကပါတယ္။ ၿပီးခဲ့တဲ့ ေလ့လာမႈတစ္ခုမွာလည္း ကင္ခ်ီဟာ လူငယ္ေတြအတြက္ စိတ္ဖိစီးမႈေတြကို ေလွ်ာ့ခ်ဖို႔ ကူညီေပးႏိုင္ေၾကာင္း သိရွိရပါတယ္။

LM_Naung_Naung
Lifestyle_Myanmar
Source

LEAVE A REPLY

Please enter your comment!
Please enter your name here