ကင္ဆာေရာဂါခံစားေနရေပမဲ့ မိုက္ကယ္ဂ်က္ဆင္သီခ်င္းေတြနဲ႔ ေပ်ာ္ေပ်ာ္ေနတတ္တဲ့ ၅ႏွစ္အရြယ္ကေလး

0
49
Soloman Haufuno
Soloman Haufuno

Soloman Haufuno ဆိုတဲ့ ၅ႏွစ္အရြယ္ေကာင္ေလးဟာ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ကမွ ကင္ဆာေဝဒနာ ခံစားေနရတယ္ဆိုတာ သိခဲ့ရပါတယ္။ ဒါ့ေၾကာင့္ Soloman ကို ဆီအက္တယ္မွာရွိတဲ့ ေဆး႐ုံမွာ တစ္ႏွစ္နီးပါးေဆးကုသမႈ ခံယူေနရတာျဖစ္ပါတယ္။ ကေလးဟာ ၃ႏွစ္အရြယ္ေလာက္ကတည္းက ကခုန္ရတာကို ခ်စ္ျမတ္ႏိုးသူတစ္ဦးျဖစ္ၿပီး pop ဘုရင္တစ္ဦးျဖစ္တဲ့ မိုက္ကယ္ဂ်က္ဆင္ရဲ႕ ပရိတ္သတ္တစ္ဦးလည္းျဖစ္ပါတယ္။ မိုက္ကယ္ဂ်က္ဆင္မရွိေတာ့ေပမဲ့ သူ႕သီခ်င္းေတြျဖစ္တဲ့ Billie Jean, Thriller, Beat it စတဲ့ သီခ်င္းေတြကို အရမ္းႀကိဳက္ႏွစ္သက္တစ္ဦးပဲျဖစ္ပါတယ္။

အခ်ိန္ကာလၾကာျမင့္စြာ ေဆး႐ုံမွာေနၿပီး ေဆးကုသမႈခံရတာေၾကာင့္ ၿငီးေငြ႕တဲ့အခါ Soloman ရဲ႕ ညီမေလးက သီခ်င္းေတြ ဖြင့္ေပးပါတယ္။ အဲ့ဒီအခါ Soloman က သီခ်င္းေတြကို နားေထာင္ၿပီး ကခုန္ေနတတ္ပါတယ္။ Soloman ေလးဟာအရြယ္နဲ႔မမွ်တဲ့ ေရာဂါေဝဒနာမ်ိဳး ခံစားေနရေပမဲ့ သီခ်င္းေတြနဲ႔ စိတ္ကို ေပ်ာ္ေပ်ာ္ေနတတ္တာေၾကာင့္ အားလုံးက သူ႔ကိုၾကည့္ၿပီး သနားဂ႐ုနာျဖစ္မိပါတယ္။ သူ သီခ်င္းေတြနဲ႔ ကခုန္ေနတာကို မိခင္ျဖစ္သူ Leni Letui က ဗီဒီယို႐ိုက္ၿပီး Twitter ေပၚမွာ မွ်ေဝခဲ့တာေၾကာင့္ ေန႔ခ်င္း ညခ်င္း ကေလးရဲ႕ ဗီဒီယိုဖိုင္ေလးဟာ ျပန္႔ႏွံ႕သြားခဲ့တာျဖစ္ပါတယ္။

Soloman ေလးရဲ႕ ေရာဂါဟာ ဝမ္းဗိုက္မွာ ေသးငယ္တဲ့ ဆဲလ္အက်ိတ္တစ္မ်ိဳး ျဖစ္ေပၚေနတာျဖစ္ၿပီး စစ္ေဆးၾကည့္တဲ့အခါမွာေတာ့ ကင္ဆာအမ်ိဳးအစား ေရာဂါတစ္မ်ိဳးဆိုတာ သိရတာပါ။ ဒီလိုေဝဒနာေတြၾကားမွာ မိုက္ကယ္ဂ်က္ဆင္ သီခ်င္းေတြနဲ႔ အၿပံဳးမပ်က္ဘဲ ကခုန္ၿပီးေနေနတာေၾကာင့္ ကမာၻတစ္ဝွမ္းမွာရွိတဲ့ မိုက္ကယ္ဂ်က္ဆင္ရဲ႕ အမာခံပရိတ္သတ္ေတြကလည္း ကေလးကို အားေပးလာၾကပါတယ္။ အခုေတာ့ ၂၀၁၉ ႏွစ္စပိုင္း လ လယ္ေလာက္ကပဲ ေဆးကုသမႈ ၿပီးဆုံးသြားတယ္လို႔သိရပါတယ္။

#Lifestyle_Myanmar

#Thar_Nage

PUBG ေဆာ့ရင္း အက္ဆစ္နဲ႔ ေရ မွားေသာက္မိတဲ့ ၂၅ႏွစ္အရြယ္ အႏၵိယအမ်ိဳးသား

Unicode

ကင်ဆာရောဂါခံစားနေရပေမဲ့ မိုက်ကယ်ဂျက်ဆင်သီချင်းတွေနဲ့ ပျော်ပျော်နေတတ်တဲ့ ၅နှစ်အရွယ်ကလေး
Soloman Haufuno ဆိုတဲ့ ၅နှစ်အရွယ်ကောင်လေးဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကမှ ကင်ဆာဝေဒနာ ခံစားနေရတယ်ဆိုတာ သိခဲ့ရပါတယ်။ ဒါ့ကြောင့် Soloman ကို ဆီအက်တယ်မှာရှိတဲ့ ဆေးရုံမှာ တစ်နှစ်နီးပါးဆေးကုသမှု ခံယူနေရတာဖြစ်ပါတယ်။ ကလေးဟာ ၃နှစ်အရွယ်လောက်ကတည်းက ကခုန်ရတာကို ချစ်မြတ်နိုးသူတစ်ဦးဖြစ်ပြီး pop ဘုရင်တစ်ဦးဖြစ်တဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ ပရိတ်သတ်တစ်ဦးလည်းဖြစ်ပါတယ်။ မိုက်ကယ်ဂျက်ဆင်မရှိတော့ပေမဲ့ သူ့သီချင်းတွေဖြစ်တဲ့ Billie Jean, Thriller, Beat it စတဲ့ သီချင်းတွေကို အရမ်းကြိုက်နှစ်သက်တစ်ဦးပဲဖြစ်ပါတယ်။

အချိန်ကာလကြာမြင့်စွာ ဆေးရုံမှာနေပြီး ဆေးကုသမှုခံရတာကြောင့် ငြီးငွေ့တဲ့အခါ Soloman ရဲ့ ညီမလေးက သီချင်းတွေ ဖွင့်ပေးပါတယ်။ အဲ့ဒီအခါ Soloman က သီချင်းတွေကို နားထောင်ပြီး ကခုန်နေတတ်ပါတယ်။ Soloman လေးဟာအရွယ်နဲ့မမျှတဲ့ ရောဂါဝေဒနာမျိုး ခံစားနေရပေမဲ့ သီချင်းတွေနဲ့ စိတ်ကို ပျော်ပျော်နေတတ်တာကြောင့် အားလုံးက သူ့ကိုကြည့်ပြီး သနားဂရုနာဖြစ်မိပါတယ်။ သူ သီချင်းတွေနဲ့ ကခုန်နေတာကို မိခင်ဖြစ်သူ Leni Letui က ဗီဒီယိုရိုက်ပြီး Twitter ပေါ်မှာ မျှဝေခဲ့တာကြောင့် နေ့ချင်း ညချင်း ကလေးရဲ့ ဗီဒီယိုဖိုင်လေးဟာ ပြန့်နှံ့သွားခဲ့တာဖြစ်ပါတယ်။

Soloman လေးရဲ့ ရောဂါဟာ ဝမ်းဗိုက်မှာ သေးငယ်တဲ့ ဆဲလ်အကျိတ်တစ်မျိုး ဖြစ်ပေါ်နေတာဖြစ်ပြီး စစ်ဆေးကြည့်တဲ့အခါမှာတော့ ကင်ဆာအမျိုးအစား ရောဂါတစ်မျိုးဆိုတာ သိရတာပါ။ ဒီလိုဝေဒနာတွေကြားမှာ မိုက်ကယ်ဂျက်ဆင် သီချင်းတွေနဲ့ အပြုံးမပျက်ဘဲ ကခုန်ပြီးနေနေတာကြောင့် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ အမာခံပရိတ်သတ်တွေကလည်း ကလေးကို အားပေးလာကြပါတယ်။ အခုတော့ ၂၀၁၉ နှစ်စပိုင်း လ လယ်လောက်ကပဲ ဆေးကုသမှု ပြီးဆုံးသွားတယ်လို့သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here