ကင်ဆာကိုအစပျိုးနိုင်စေတဲ့ အိမ်သုံးပစ္စည်း (၇)မျိုး

0
93
ကင်ဆာကိုအစပျိုးနိုင်စေ

ကျွန်တော်တို့အများစုဟာ ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်စေနိုင်တဲ့ အရာတွေကို တစ်ချိန်လုံး ထိတွေ့နေရပါတယ်။ ကင်ဆာကို ဖြစ်စေနိုင်တဲ့ ဥပမာ- naphthalene, triclosan, formaldehyde တို့နှင့် အိမ်သုံးအရာဝတ္တုများကို ပြုလုပ်တာကြောင့် ကင်ဆာရောဂါရဲ့ အန္တရာယ်က ကြီးမားပါတယ်။ ဘယ်လိုပင်ဖြစ်စေ အန္တရာယ်ရှိတဲ့ ဓါတုဖွဲ့စည်းမှုနှင့်အတူ ထုတ်ကုန်တွေကတော့ ကမ္ဘာ့ဈေးကွက်မှာ ဆက်လက်ပြည့်နေဦးမှာပါ။ဒါ့ကြောင့် ဒီပစ္စည်းတွေကို အနည်းဆုံးလျော့ချဖို့ ၊အစားထိုးသုံးစွဲနိုင်ဖို့ ကင်ဆာရောဂါကို အစပျိုးနိုင်တဲ့ အိမ်သုံးပစ္စည်း ၇မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
၁။ Aroma candles (မွှေးရနံဖယောင်းတိုင်)

-Advertisement-


ရုတ်တရတ်ကြည့်ရင် ဘာမှမရှိနိုင်ဘူး ထင်ရပေမယ့် လှပပြီး နှစ်လိုဖွယ်အနံ့ရှိသော ဒီဖယောင်းတိုင်တွေမှာ ကင်ဆာရောဂါကို ဖြစ်စေနိုင်တဲ့ အဆိပ်အတောက်များ ပါဝင်နိုင်ပါတယ်။ ဖယောင်းတိုင်မီးစာတွေမှာ မကြာခဏ ခဲပါဝင်ပါတယ်။ ဒီသတ္တုက ကလေးရောလူကြီးများမှာပါ ဟော်မုန်းမညီမျှမှုကို ဖြစ်ပေါ်စေနိုင်ပြိး ဒါတွေ ခန္ဓာကိုယ်ထဲမှာ စုပုံသွားပါက ကင်ဆာဆဲလ်များ ဖွဲ့စည်းခြင်းကို ဦးတည်နိုင်ပါတယ်။ အန္တရာယ်မရှိတဲ့ ဖယောင်းတိုင်းကို သင်အသုံးပြုနေခြင်း ရှိမရှိ စစ်ဆေးနိုင်ရန် စက္ကူတစ်ရွက်ကိုယူပြီး သင့်ဖယောင်းတိုင်နဲ့ လိုင်းအပြားဆွဲကြည့်ပါ။ လိုင်းက မပေါ်ဘူးဆိုရင် ဖယောင်းတိုင်မီးစာမှာ ခဲပါဝင်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
၂။ မာကျူရီသာမိုမီတာ


ပြဒါးကဲ့သို့ အကြီးစားသတ္တုရဲ့မြင့်မားသော စုစည်းမှုက ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ စတာတွေကို ဦးတည်စေနိုင်ပါတယ်။ သာမိုတီတာ သို့မဟုတ် တခြားပြဒါးပါဝင်တဲ့ ပစ္စည်းများ(ဥပမာ- မီးချောင်း၊မီးသီးကွေး) ကျကွဲသွားလျှင် အခန်းထဲက တံခါးတွေကို ချက်ချင်းဖွင့်သင့်ပါတယ်။ မီးချောင်းကျကွဲပါက အပိုင်းအစများကို ရာဘာလက်အိတ်သုံးပြီး ဖယ်ရှားပစ်ဖို့နဲ့ အခန်းထဲမှာ လေရရှိဖို့ လိုပါတယ်။
၃။ Air freshener


တကယ်တော့ ကျွန်တော်တို့အားလုံးက ကိုယ့်အိမ်ကို မွှေးရနံ့လေးသင်းနေတာကို လိုချင်ကြပါတယ်။ ယနေ့ ရေချိုးခန်း၊ အိမ်သာတိုင်းနီးပါးမှာ air freshener ပုလင်းတွေကို တွေ့နိုင်မှာပါ။ သို့သော်လည်း ဒီထုတ်ကုန်များက ကျွန်တော်တို့ရဲ့ မျိုးဆက်ပွား ကျန်းမာရေး ကိုထိခိုက်စေနိုင်တဲ့ အန္တရာယ်ရှိအရာဝတ္တုများ(ဥပမာ- phthalates) ပါဝင်ပါတယ်။ ဒီထုတ်ကုန်များက ပန်းနာရင်ကျပ်ရောဂါကို လှုံ့ဆောင်နိုင်စွမ်းရှိပြီး ကင်ဆာကိုဖြစ်စေနိုင်တဲ့ ဂုဏ်သတ္တိများလည်း ရှိပါတယ်။ အိမ်သာထဲမှာ မနှစ်မြို့ဖွယ်အနံ့တွေကို ပျောက်အောင် သဘာဝ essential oils (ဥပမာ-ပူစီနံဆီ)တို့ကို အစားထိုးအသုံးပြုနိုင်ပါတယ်။
၎။ Deodorant and antiperspirant (ချိုင်းချွေးနံ့ပျောက်ဆေး)


ဒီထုတ်ကုန်များမှာ ဆိုးဝါးတဲ့ ကျန်းမာရေးအန္တရာယ်ကိုဖြစ်စေတဲ့ triclosan နှင့် phthalates ကဲ့သို့ အလူမီနီယမ် ပါဝင်ပါတယ်။ တစ်ချို့သုတေသီများက အလူမီနီယံက ရင်သားကင်ဆာကို ဖြစ်ပေါ်စေနိုင်လို့ antiperspirants က အထူးသဖြင့် အမျိုးသမီးတွေအတွက် အန္တရာယ်ဖြစ်စေတယ်လို့ ထင်ရပါတယ်။ သို့သော်လည်း တခြားသိပ္ပံပညာရှင်များက အပိုဆောင်းလေ့လာမှုတွေအတွက် လိုအပ်ချက်တစ်ခု ရှိနေတာကြောင့် ဒါကို သဘောမတူပါဘူး။

၅။ Teflon သုတ်ထားတဲ့ အိုးခွက်တွေ


တကယ်တော့ Teflon သုတ်ထားတဲ့ ဒယ်အိုးတွေက ဆီပမာဏ အနည်းငယ်နဲ့ပဲ အစားအစာတွေကို ချက်ပြုတ်လို့ရပြီး အစားအစာတွေ မတူး/မကပ်အောင် တားဆီးပေးပါတယ်။ ဒါ့အပြင် သူတို့က မျက်နှာပြင်ပေါ်မှာ အခြစ်ရာတွေမပေါ်တဲ့အထိ လုံးဝစိတ်ချစွာ သုံးနိုင်ပါတယ်။ အပူနဲ့ထိတွေ့ဖန်များလာတဲ့အခါ Teflon သုတ်ထားတဲ့ အပေါ်ယံလွှာက ပျက်စီးပြီး အန္တရာယ်ရှိဓါတုပစ္စည်းများကို ထုတ်လွှတ်ပေးပါတယ်။ အထူးသဖြင့် perfluorooctane carboxylic acid က ဆီးချိုရောဂါတွေကို အစပျိုးလာနိုင်ပါတယ်။
၆။ ရေချိုးခန်းလိုက်ကာများ


ရေချိုးခန်းလိုက်ကာများရဲ့ဖွဲ့စည်းမှုမှာ တခါတရံ သာမိုပလတ်စတစ်ရဲ့ ဈေးအသက်သာဆုံးအမျိုးအစားတစ်ခုဖြစ်တဲ့ PVC(PVC) ပါဝင်ပါတယ်။ ရေငွေ့သက်ရောက်မှုအောက်မှာ ဒီပစ္စည်းက အသက်ရှုလမ်းကြောင်းကို အလွန်ထိခိုက်စေတဲ့ အဆိပ်အတောက်များနှင့် ကင်ဆာကိုဖြစ်ပေါ်စေတဲ့ ဒြပ်ပေါင်းများ ထုတ်လွှတ်ပေးပါတယ်။ ဖန်ပြားနဲ့ပြုလုပ်ထားတဲ့ သို့မဟုတ် သဘာဝ cotton ဖြင့်ပြုလုပ်ထားတဲ့ လိုက်ကာများကို ပလစ်စတစ်လိုက်ကာများအစား သုံးဖို့ အကြံပြုလိုပါတယ်။
၇။ ကော်ဇောသန့်ရှင်းရေးဆပ်ပြာ


ဖယ်ရှားဖို့ ခက်တဲ့အစွန်းအထင်းများကို ဖယ်ရှားဖို့ ဒီဇိုင်းထုတ်ထားတဲ့ ဓါတုပစ္စည်းများက အဆုတ်ကင်ဆာဖွံ့ဖြိုးမှုကို လှုံ့ဆော်နှိုင်ပါတယ်။ ကောဇောသန့်ရှင်းရေးပစ္စည်းအများစုမှာ ကင်ဆာဖွံ့ဖြိုးမှုကို ဖြစ်စေနိုင်တဲ့ perchlorethylene နှင့် naphthalene တို့ပါဝင်ပါတယ်။ ကော်ဇောပေါ်က အစွန်းများကို ဖယ်ရှားဖို့ မုန့်ဖုတ်ဆိုဒါနှင့် ရှာလကာရည်ကို အသုံးပြုဖို့ အကြံပေးချင်ပါတယ်။
ကင်ဆာဖွံ့ဖြိုးမှု အန္တရာယ်ကို လျှော့ချဖို့ ကျွန်တော်တို့ဟာ အထက်ဖော်ပြပါပစ္စည်းများကို ဂရုတစိုက်စစ်ဆေးပြီး လျှော့ချသုံးစွဲဖို့၊ အစားထိုးသုံးစွဲဖို့ အကြံပြုလိုပါတယ်။
#Lifestyle_Myanmar
#LM_Nandar
Source-fabiosa

LEAVE A REPLY

Please enter your comment!
Please enter your name here