30 C
Yangon
May 21, 2018
  • Home
  • Lifestyle
  • Relationship
  • Valentine’s Day မှာ သင့်ချစ်သူကောင်မလေးအတွက် ဘာတွေပြင်ဆင်ပြီးပြီလဲ
Relationship

Valentine’s Day မှာ သင့်ချစ်သူကောင်မလေးအတွက် ဘာတွေပြင်ဆင်ပြီးပြီလဲ

2018 Valentine's Day

RS ရှိတဲ့ မိန်းခလေးတော်တော်များများဟာ ဒီလိုနေ့မျိုးမှာ ကိုယ်ချစ်သူကောင်လေးက သူမအတွက် ဘယ်လိုအမှတ်တရဖြစ်အောင်လုပ်ပေးမလဲဆိုတာကို ရင်ခုန်တက်ကြပါတယ်။ ဒီလိုရင်ခုန်အောင်လုပ်ပေးနိုင်တဲ့ သူမရဲ့ ချစ်သူကောင်လေးကို ပိုပြီး အမှတ်ပေးတက်ကြပေမဲ့ တစ်ချို့ကျတော့လည်း ဒီလိုနေ့မှ မဟုတ်ပဲ သူတို့ရဲ့ Single day တွေမှာ သူမအပေါ် နားလည်အပေးနိုင်ဆုံးသူကိုသာ နေ့စဉ်အမှတ်ပေးလေ့ရှိပါတယ်။

2018 Valentine's Day
2018 Valentine’s Day

ကဲ ဒီတော့ ယောင်္ကျားလေးတစ်ယောက် အနေနဲ့ ကိုယ့်ချစ်သူကောင်မလေးဆီက အမှတ်တွေ အများကြီးရအောင် ဘယ်လိုတွေပြင်ဆင်ထားမလဲ။ တစ်ချို့သော မိန်းခလေးတွေသာ တန်ဖိုးကြီးတဲ့ လက်ဆောင်မျိုးကိုမှ ရင်ခုန်တက်ကြပေမဲ့ မိန်းခလေးအများစုကတော့ ဒီလိုမဟုတ်ကြပါဘူး။ မိန်းခလေးတွေရဲ့ သဘာဝဟာ စိတ်ကူးယဉ်ဆန်တဲ့ နတ်သမီးလေးတွေ ဖြစ်တာကြောင့် သူဖွင့်မပြောပေမဲ့ သူမရဲ့ချစ်သူက သူမ လိုအပ်နေတဲ့ အရာတစ်ခုကိုအမှတ်မထင်ပြုလုပ်ပေးတာက သူမအတွက် ပိုပြီးရင်ခုန်စေရပါလိမ့်မယ်။ (ဥပမာ – အခုတစ်လော သူမအရမ်းကြိုက်နေတဲ့ Cosmetics, ရေမွှေး, လက်ကိုင်အိပ်, ဖိနပ် အစရှိသဖြင့်ပေါ့)

ဒီလိုမျိုးလက်ဆောင်တွေပေးတာက ဘယ်အချိန်မဆိုပေးလို့ရပေမဲ့ Valentine’s Day အတွက်ဆိုရင်တော့ မဖြစ်မနေပေးသင့်တာကတော့ သူမကြိုက်တက်တဲ့ ပန်းစည်းနဲ့ ချောကလတ်အပြင် တခြားမရှိပါဘူး။ ဒါတွေအတွက်ကို ကြိုတင်ပြင်ဆင်ထားတာကလည်း သူမပေါ်လေးနက်မှုဘယ်လောက်ရှိလဲဆိုတာကို ပြသရာရောက်သလို သင့်အတွက်လဲ အဲ့နေ့ကျမှ ပျာယာခတ် ဇောချွေးထွက်မဲ့ အဖြစ်မျိုးတွေက ကင်းဝေးရတာပေါ့။


အရေးအကြီးဆုံးတစ်ခုကတော့ ညနေဘက်မှာ သွားထိုင်မဲ့ဆိုင်ကို ကြိုပြီး စီစစ်ရွေးချယ်ထားဖို့ပါမယ်။ အဲ့လိုရွေးချယ်တဲ့နေရာမှာလဲ ကိုယ်ရွေးချယ်မဲ့ဆိုင်က တိတ်ဆိတ်အေးချမ်းပြီး Romantic ဆန်ဆန်လေးဖြစ်နေမှ သင်တို့နှစ်ယောက်အတွက် ကြည်နူးစရာအချိန်တွေပိုရလာပါလိမ့်မယ်။ ကြိုပြီး Table Booking လုပ်ထားသင့်ရင်လည်း Booking လုပ်ထားဖို့ဝန်လေးမနေပါနဲ့ မဟုတ်ရင်တော့ ကိုယ်ကတော့ ဆိုင်ကို ရွေးချယ်ပြီးပါပြီ ကောင်မလေးနဲ့သွားတော့ မှ ထိုင်စရာစားပွဲဝိုင်း မရှိလို့ပြန်လှည့်ထွက်သွားရမယ်ဆိုရင် သင့်ကောင်မလေး ပေးထားတဲ့ အမှတ်တွေ ပြန်ပြီး နှုတ်ချင်လာပါလိမ့်မယ်။ သုံးလေးဆိုင်လောက် သွားတာတောင် ထိုင်စရာ စားပွဲဝိုင်းမရှိလို့လှည့်ပြန်လာရတယ်ဆိုရင်တော့ ရှေ့မှာသင့်ကိုပေးထားတဲ့ အမှတ်တွေ တစ်မှတ်မှ မကျန်တော့တဲ့ပြင် Minus ပါပြသွားနိုင်ပါတယ်။

ဒီလိုပြသနာတွေက နှစ်ကြာရှည်တွဲလာတဲ့သူတွေအတွက် သိပ်တော့ ပြသနာ မရှိပေမဲ့ Dating လုပ်နေတဲ့အဆင့် ဒါမှမဟုတ် Couple ဖြစ်တာ သိပ်မကြာသေးတဲ့သူတွေအတွက်တော့ effective ရှိနိုင်ပါတယ်။

ချစ်သူစုံတွဲတိုင်း 2018 ရဲ့ Valentine’s Day မှာ ပျော်ရွှင်နိုင်ကြပါစေလို့ LifeStyle Myanmar မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ FA တွေလည်း ဘာမှ အားမငယ်ပါနဲ့ FA တွေအတွက်လည်း ဒီနှစ်ရဲ့ V-Day ကို ဘယ်လိုဖြတ်သန်းပြီးတော့ နောင်နှစ်မှာ ချစ်သူဘယ်လိုရအောင်လုပ်ရမလဲဆိုတာကို ဆက်လက်ကြိုးစား တင်ပေးပါအုံးမယ် 😀

#LifeStyle_Myanmar
#Relationship
#KP

Related posts

ကိုယ့်ချစ်သူအပေါ် လိမ်ညာတတ်သူတွေ အလိမ်ပေါ်သွားတဲ့အခါ အမြဲ ပြောလေ့ရှိတဲ့ စကားများ

OMCTC

သင့်ကိုချစ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ခံစားချက် (၁၀) ချက်

Naung Naung

ခိုင်မြဲတဲ့ Relationship ဆိုတာ

OMCTC

Leave a Comment