30 C
Yangon
May 21, 2018
  • Home
  • Lifestyle
  • Fashion
  • TWICE အဖြဲ႕၀င္ Nayeon ရဲ႕ခရီးသြားဖက္ရွင္ဒီဇိုင္းမ်ား
Celebrity Fashion

TWICE အဖြဲ႕၀င္ Nayeon ရဲ႕ခရီးသြားဖက္ရွင္ဒီဇိုင္းမ်ား

ခရီးသြားဖက္ရွင္ဒီဇိုင္းမ်ား

ဒီေန႔ေတာ့ Lifestyle Myanmar ပရိတ္သတ္ေတြအတြက္ TWICE အဖြဲ႕၀င္ Nayeonရဲ႕ ခရီးသြားဖက္ရွင္ေလးေတြနဲ႔အတူ သူမရဲ႕အေၾကာင္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္။

သင္အၿမဲတမ္းအားက်ေနရတဲ့ K-Pop ခရီးသြားဖက္ရွင္ေတြရဲ႕ လွ်ိဳ႕၀ွက္ခ်က္

မိန္းကေလး ၉ေယာက္ျဖင့္ ဖြဲ႕စည္းထားတဲ့ TWICE အဖြဲ႔ထဲ မွာ Nayeon သည္ အဓိက အဆိုရွင္ တစ္ဦး ျဖစ္ပါတယ္။ Nayeon ဟာ စက္တင္ဘာ ၂၂ ရက္ 1995 ခုႏွစ္မွာ ေမြးဖြားတာ ျဖစ္ၿပီး ခုဆိုရင္ေတာ့ အသက္22ႏွစ္႐ွိၿပီျဖစ္ပါတယ္။

ေခတ္ဆန္ဆန္မီနီစကတ္ေလးနဲ႔ ေလယာဥ္ေပၚတတ္ဖို႔ အဆင္သင့္ျဖစ္ေနတဲ့ Nayeon

သူမကို ေတာင္ကိုရီးယား ဆိုလ္းၿမိဳ႕မွာ ေမြးဖြားခဲ့တာျဖစ္ၿပီး သူမမွာ ညီမတစ္ေယာက္ ရွိပါတယ္။ အရပ္အျမင့္ 163cm ျဖစ္ၿပီး ကိုယ္အေလးခ်ိန္47 kg ရွိပါတယ္။

ဂ်င္းေဘာင္းဘီ၊ ဆြယ္တာအက်ီ ၤ၊ combo ဦးထုပ္ႏွင့္ စတိုင္က်ၿပီး လူအုပ္ထဲမွာေရာေနတဲ့ Nayeon

သူမရဲ႕ေအဂ်င္စီကေတာ့ JYP Entertainment ျဖစ္ပါတယ္။ Nayeon သည္ ဒရမ္ကားေတြ ၾကည့္ရတာနဲ႔ သီခ်င္းနားေထာင္ရတာေတြကိုႏွစ္သက္တယ္လို႔ သိရပါတယ္။ သူမသည္ Miss A အဖြဲ႔ရဲ႕ Bad girl good girl သီခ်င္းထဲမွာ back up dancer အျဖစ္လည္း သ႐ုပ္ေဆာင္ခဲ့ပါတယ္​။

အနက္ေရာင္အတြန္႔စကတ္ေလးႏွင့္ အစိမ္းရင့္ေရာင္ဂ်ာကင္ေလးနဲ႔ ေပ်ာ္ရြင္စြာေတြ႕ရတဲ့ Nayeon

သူမရဲ႕ပြဲဦးထြက္အေခြ မတိုင္ခင္တည္းက BLACKPINK က Jisooႏွင့္ Jenny တို႔ႏွင့္ ရင္းႏွီးတဲ့ မိတ္ေဆြေတြ ျဖစ္ပါတယ္။ သူမ ငယ္စဥ္ကေလးဘ၀တုန္းက ကားအက္ဆီးဒင့္ေၾကာင့္ သူမရဲ႕ဘယ္ဘက္ေျခေထာက္ အားနည္းခဲ့တယ္လို႔ဆိုပါတယ္။

ေပါ့ေပါ့ပါးပါး ဂါ၀န္ေလးႏွင့္အတူ ကင္းဗတ္ဖိနပ္ေလးစီးၿပီး သက္ေတာင့္သက္သာစတိုင္နဲ႔ သူမ

Nayeon ရဲ႕အႀကိဳက္ဆံုးအေရာင္ကေတာ့ အ၀ါႏုေရာင္၊ မိုးျပာေရာင္ႏွင့္ ကာကီေရာင္ျဖစ္ပါတယ္။ သူမရဲ႕၀ါသနာကေတာ့ ႏႈတ္ခမ္းနီစုေဆာင္းရတာကို ႀကိဳက္ပါတယ္တဲ့။

ဂ်ာကင္အစင္းေလးနဲ႔ အျပာႏုေရာင္ဂ်င္းေဘာင္းဘီႏွင့္ လူငယ္ဆန္ၿပီးခ်စ္စရာေကာင္းေနတဲ့ Nayeon

သူမသည္ခ်ိဳတဲ့အစားအစာမ်ားကို ႏွစ္သက္ပါတယ္။ သူမအႀကိဳက္ဆံုးအားကစားကေတာ့ ၾကက္ေတာင္ျဖစ္ပါတယ္။ သူမေၾကာက္တာကေတာ့ မီးရႈးမီးပန္းေတြပါတဲ့။

မိုးျပာေရာင္ဂ်င္း၀မ္းဆက္ေလးနဲ႔ တစ္မ်ိဳးခ်စ္စရာေကာင္းေနတာ

သူမလတ္တေလာမွာ Konkuk University ကိုတတ္ေရာက္ေနတယ္လို႔ဆိုပါတယ္။

#Lifestyle_Myanmar

#TB_Nandar

Unicode

TWICE အဖွဲ့ဝင် Nayeon ရဲ့ခရီးသွားဖက်ရှင်ဒီဇိုင်းများ
ဒီနေ့တော့ Lifestyle Myanmar ပရိတ်သတ်တွေအတွက် TWICE အဖွဲ့ဝင် Nayeonရဲ့ ခရီးသွားဖက်ရှင်လေးတွေနဲ့အတူ သူမရဲ့အကြောင်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
မိန်းကလေး ၉ယောက်ဖြင့် ဖွဲ့စည်းထားတဲ့ TWICE အဖွဲ့ထဲ မှာ Nayeon သည် အဓိက အဆိုရှင် တစ်ဦး ဖြစ်ပါတယ်။ Nayeon ဟာ စက်တင်ဘာ ၂၂ ရက် 1995 ခုနှစ်မှာ မွေးဖွားတာ ဖြစ်ပြီး ခုဆိုရင်တော့ အသက်22နှစ်ရှိပြီဖြစ်ပါတယ်။

သူမကို တောင်ကိုရီးယား ဆိုလ်းမြို့မှာ မွေးဖွားခဲ့တာဖြစ်ပြီး သူမမှာ ညီမတစ်ယောက် ရှိပါတယ်။ အရပ်အမြင့် 163cm ဖြစ်ပြီး ကိုယ်အလေးချိန်47 kg ရှိပါတယ်။ သူမရဲ့အေဂျင်စီကတော့ JYP Entertainment ဖြစ်ပါတယ်။ Nayeon သည် ဒရမ်ကားတွေ ကြည့်ရတာနဲ့ သီချင်းနားထောင်ရတာတွေကိုနှစ်သက်တယ်လို့ သိရပါတယ်။ သူမသည် Miss A အဖွဲ့ရဲ့ Bad girl good girl သီချင်းထဲမှာ back up dancer အဖြစ်လည်း သရုပ်ဆောင်ခဲ့ပါတယ်​။

သူမရဲ့ပွဲဦးထွက်အခွေ မတိုင်ခင်တည်းက BLACKPINK က Jisooနှင့် Jenny တို့နှင့် ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်ပါတယ်။ သူမ ငယ်စဉ်ကလေးဘဝတုန်းက ကားအက်ဆီးဒင့်ကြောင့် သူမရဲ့ဘယ်ဘက်ခြေထောက် အားနည်းခဲ့တယ်လို့ဆိုပါတယ်။ Nayeon ရဲ့အကြိုက်ဆုံးအရောင်ကတော့ အဝါနုရောင်၊ မိုးပြာရောင်နှင့် ကာကီရောင်ဖြစ်ပါတယ်။ သူမရဲ့ဝါသနာကတော့ နှုတ်ခမ်းနီစုဆောင်းရတာကို ကြိုက်ပါတယ်တဲ့။ သူမသည်ချိုတဲ့အစားအစာများကို နှစ်သက်ပါတယ်။ သူမအကြိုက်ဆုံးအားကစားကတော့ ကြက်တောင်ဖြစ်ပါတယ်။ သူမကြောက်တာကတော့ မီးရှုးမီးပန်းတွေပါတဲ့။ သူမလတ်တလောမှာ Konkuk University ကိုတတ်ရောက်နေတယ်လို့ဆိုပါတယ်။

Related posts

အင္တာနက္ မင္းသမီး မျဖစ္ေစဖုိ႔

OMCTC

အိုင္းစတိုင္း၊စတီဖင္ေဟာ့ကင္းတို႕နဲ႔ IQ levelတူတဲ့၆နွစ္သားေလး

OMCTC

မူႀကိဳေက်ာင္းစတက္တဲ့ မင္းသားေလးေဂ်ာ့ခ်္

OMCTC

Leave a Comment