0
78
-Advertisement-
#Lifestyle_Myanmar
#TB_Nandar
Source-wiki
Unicode
Tom Boy တစ်ယောက်ဖြစ်တဲ့ ထိုင်းသရုပ်ဆောင် Tina Jittaleela ရဲ့ဖက်ရှင်များ
Tinaရဲ့နာမည်အပြည့်အစုံက Suppanad Jittaleela ဖြစ်ပါတယ်။သူမကို ထိုင်းနိုင်ငံ၊ ရတ်ချာဘူရီခရိုင်မှာမွေးဖွားခဲ့တာပါ။ သူ့ရဲ့မွေးနေ့ကတော့ 1991 ဖေဖော်ဝါရီလ 12ရက်နေ့ဖြစ်ပါတယ်။ အရပ်အမြင့်က ၁ရဝစင်တီမီတာ ရှိပါတယ်။ သူမဟာ ထိုင်းသရုပ်ဆောင်၊ဒီဂျေ၊ မော်ဒယ်နဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။
2010 မှာ သူမရဲ့ပထမဆုံး ဇာတ်ကားဖြစ်တဲ့ “Yes or No ” ထိုင်းဇာတ်ကားလေးထဲမှာ Tom boy ဇာတ်ကောင်ဖြင့် Kim နေရာမှာသရုပ်ဆောင်ခဲ့ပြီးနောက် လူသိများလာပါတယ်။ သူမရဲ့ဇာတ်ကားဟာ အောင်မြင်လာတာကြောင့် အာရှတစ်လွှားမှာ ကျော်ကြားလာခဲ့ပါတယ်။ ဘန်ကောက်မှာ မဟာဘွဲ့ရတဲ့အထိ Satriwithaya Schoolမှာပညာသင်ခဲ့ပြီး ချင်းမိုင်တက္ကသိုလ်မှာ ဆော့ဖ်ဝဲအင်ဂျင်နီယာ ဘာသာရပ်ကို လေ့လာခဲ့ပါတယ်။ Rangsit University မှာ ဆက်သွယ်ရေးဝိဇ္ဇာဘွဲ့ကို ရရှိခဲ့ပါတယ်။
Jittaleela ကိုတခြား tomboy မင်းသမီးတွေထက် သဘာဝမိန်းလေးအသံပိုရှိတာကြောင့် Kim ဇာတ်ကောင်ကို ပေးခဲ့တာဖြစ်ပါတယ်။ လူအများက သူမရဲ့tomboy စတိုင်ကို သတိပြုမိခဲ့ကြပါတယ်။ Yes or No ရုပ်ရှင်အောင်မြင်ပြီးနောက်မှာ သူမရဲ့လိင်စိတ်ခံယူမှုနဲ့ပတ်သတ်ပြီး အင်တာဗျူးခဲ့ပါသေးတယ်။
Jittaleela ဟာ Pynk FMမှာ ဒီဂျေဟောင်းတစ်ဦးဖြစ်ပြီး ရုပ်ရှင်မှာ မပါဝင်ခင် မော်ဒယ်လည်း လုပ်ခဲ့ပါတယ်။ ဒါ့ကြောင့် သူ့ရဲ့ဒီဇိုင်းတွေက ဖက်ရှင်ကျနေတာ ဖြစ်နိုင်ပါတယ်။ Tom Boy တစ်ယောက်ဖြစ်တဲ့ Tinaရဲ့ဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်။
#Lifestyle_Myanmar
#TB_Nandar
Source-wiki
LEAVE A REPLY
Please enter your comment!
Please enter your name here