30 C
Yangon
May 21, 2018
  • Home
  • News
  • Samsung Quiz Show မှာ အနိုင်ရရှိခဲ့တဲ့ ကျောင်းသားကျောင်းသူတွေရဲ့ ကိုရီးယားနိုင်ငံ လေ့လာရေးခရီးစဉ်
Breaking News News

Samsung Quiz Show မှာ အနိုင်ရရှိခဲ့တဲ့ ကျောင်းသားကျောင်းသူတွေရဲ့ ကိုရီးယားနိုင်ငံ လေ့လာရေးခရီးစဉ်

နိုင်ငံတစ်နိုင်ငံရဲ့ ဖွံဖြိုးတိုးတက်မှုနဲ့ အနာဂတ်ဟာ အဆိုပါနိုင်ငံရဲ့ ပညာရေးအပေါ်ကို တိုက်ရိုက်သက်ဆိုင်လျှက် ရှိပါတယ်။ ပညာရေးမှာ လူငယ်တွေရဲ့အခန်းကဏ္ဍဟာ အလွန်အရေးပါသကဲ့သို့ ဥာဏ်ရည်ထက်မြက်ပြီး  ဗဟုသုတကြွယ်ဝတဲ့ လူငယ်တွေ မျက်မှောက်ခေတ်ကာလမှာ များများပေါ်ထွက်လာစေဖို့ အရေးကြီးပါတယ်။  မြန်မာနိုင်ငံရဲ့  ပညာရေးမျှော်မှန်းချက်တွေ၊ အကောင်အထည်ဖော်ဆောင်မှုတွေကို အားပေးတဲ့အနေနဲ့ Samsung Myanmar က Samsung Quiz Show: Answer Right and Make Future Bright အစီအစဉ်ကို ၂၀၁၇ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့က စတင်ကျင်းပခဲ့ပြီး MNTV ရုပ်သံလိုင်းကနေ မြန်မာတစ်နိုင်ငံလုံးကို ထုတ်လွှင့်ပြသခဲ့ပါတယ်။ Samsung Quiz Show မှာမြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ထူးချွန်ထက်မြက်တဲ့ ကျောင်းသားလူငယ်တွေ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး  အနိုင်ရရှိခဲ့တဲ့ ကျောင်းသားကျောင်းသူတွေကို ကိုရီးယားနိုင်ငံသို့ ဒီဇင်ဘာလ ၃ရက်နေ့က ပို့ဆောင်ပေးခဲ့ပါတယ်။ အဆိုပါခရီးစဉ်အတွင်း နိုင်ငံတစ်နိုင်ငံရဲ့ ဖွံဖြိုးတိုးတက်မှုနဲ့ လူငယ်တွေရဲ့အခန်းကဏ္ဍ ဘယ်လောက်အထိ အရေးပါကြောင်း၊ မတူညီတဲ့ယဉ်ကျေးမှုတွေ၊ နောက်ဆုံးပေါ်နည်းပညာဆိုင်ရာ ဗဟုသုတတွေကို လေ့လာခွင့် ရရှိစေခဲ့ပါတယ်။

သင့်ချစ်သူက သင့်ဘ၀အတွက် အကောင်းဆုံးလက်တွဲဖော်ဖြစ်တယ် ဆိုတဲ့လက္ခဏာ (၆) ချက်

ခရီးစဉ်အတွင်း Joseon မင်းဆက်က တည်ဆောက်ခဲ့တဲ့ အကြီးမားဆုံးနန်းတော်ကြီး ၅ ခုမှာတစ်ခုအပါအ၀င်ဖြစ်တဲ့ Gyangbok နန်းတော်၊ တိုးတက်နေတဲ့ နည်းပညာတွေကို လေ့လာနိုင်စေဖို့ Samsung Innovation Museum နဲ့ Samsung D’Light Store သို့သွားရောက်ခဲ့ကြပြီး ပညာရေးရဲ့အရေးပါမှုကို ပိုမိုသိရှိစေဖို့ Sungyunkwan University နဲ့ မတူညီတဲ့ယဉ်ကျေးမှုဓလေ့တွေ၊ လူနေမှုစရိုက်တွေကို လေ့လာသိရှိစေဖို့ Nami Island ကိုလည်းသွားရောက်ခဲ့ကြသလို ကိုရီးယား၊ မြန်မာသံအမတ်ကြီးကိုလည်း သွားရောက်ဂရ၀ပြုခဲ့ကြပါတယ်။

Samsung Quiz Show မှာ အနိုင်ရရှိခဲ့တဲ့ ကျောင်းသားကျောင်းသူတွေရ…

Samsung Quiz Show မှာ အနိုင်ရရှိခဲ့တဲ့ ကျောင်းသားကျောင်းသူတွေရဲ့ ကိုရီးယားနိုင်ငံ လေ့လာရေးခရီးစဉ်နိုင်ငံတစ်နိုင်ငံရဲ့ ဖွံဖြိုးတိုးတက်မှုနဲ့ အနာဂတ်ဟာ အဆိုပါနိုင်ငံရဲ့ ပညာရေးအပေါ်ကို တိုက်ရိုက်သက်ဆိုင်လျှက် ရှိပါတယ်။ ပညာရေးမှာ လူငယ်တွေရဲ့အခန်းကဏ္ဍဟာ အလွန်အရေးပါသကဲ့သို့ ဥာဏ်ရည်ထက်မြက်ပြီး ဗဟုသုတကြွယ်ဝတဲ့ လူငယ်တွေ မျက်မှောက်ခေတ်ကာလမှာ များများပေါ်ထွက်လာစေဖို့ အရေးကြီးပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးမျှော်မှန်းချက်တွေ၊ အကောင်အထည်ဖော်ဆောင်မှုတွေကို အားပေးတဲ့အနေနဲ့ Samsung Myanmar က Samsung Quiz Show: Answer Right and Make Future Bright အစီအစဉ်ကို ၂၀၁၇ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့က စတင်ကျင်းပခဲ့ပြီး MNTV ရုပ်သံလိုင်းကနေ မြန်မာတစ်နိုင်ငံလုံးကို ထုတ်လွှင့်ပြသခဲ့ပါတယ်။ Samsung Quiz Show မှာမြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ထူးချွန်ထက်မြက်တဲ့ ကျောင်းသားလူငယ်တွေ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အနိုင်ရရှိခဲ့တဲ့ ကျောင်းသားကျောင်းသူတွေကို ကိုရီးယားနိုင်ငံသို့ ဒီဇင်ဘာလ ၃ရက်နေ့က ပို့ဆောင်ပေးခဲ့ပါတယ်။ အဆိုပါခရီးစဉ်အတွင်း နိုင်ငံတစ်နိုင်ငံရဲ့ ဖွံဖြိုးတိုးတက်မှုနဲ့ လူငယ်တွေရဲ့အခန်းကဏ္ဍ ဘယ်လောက်အထိ အရေးပါကြောင်း၊ မတူညီတဲ့ယဉ်ကျေးမှုတွေ၊ နောက်ဆုံးပေါ်နည်းပညာဆိုင်ရာ ဗဟုသုတတွေကို လေ့လာခွင့် ရရှိစေခဲ့ပါတယ်။ ခရီးစဉ်အတွင်း Joseon မင်းဆက်က တည်ဆောက်ခဲ့တဲ့ အကြီးမားဆုံးနန်းတော်ကြီး ၅ ခုမှာတစ်ခုအပါအ၀င်ဖြစ်တဲ့ Gyangbok နန်းတော်၊ တိုးတက်နေတဲ့ နည်းပညာတွေကို လေ့လာနိုင်စေဖို့ Samsung Innovation Museum နဲ့ Samsung D'Light Store သို့သွားရောက်ခဲ့ကြပြီး ပညာရေးရဲ့အရေးပါမှုကို ပိုမိုသိရှိစေဖို့ Sungyunkwan University နဲ့ မတူညီတဲ့ယဉ်ကျေးမှုဓလေ့တွေ၊ လူနေမှုစရိုက်တွေကို လေ့လာသိရှိစေဖို့ Nami Island ကိုလည်းသွားရောက်ခဲ့ကြသလို ကိုရီးယား၊ မြန်မာသံအမတ်ကြီးကိုလည်း သွားရောက်ဂရ၀ပြုခဲ့ကြပါတယ်။Samsung Quiz Show အစီအစဉ်ဟာ ပညာရေးရဲ့အရေးပါမှုတွေ၊ ပြင်ပဗဟုသုတကြွယ်ဝမှုတွေရှိလာစေရန်နှင့် မြန်မာနိုင်ငံက ကျောင်းသူကျောင်းသားတွေဟာ ဘယ်လောက်အထိ ထူးချွန်ထက်မြက်တယ်ဆိုတာကို ထုတ်ဖော်ပြသချင်တာကြောင့် စီစဉ်ကျင်းပခဲ့တာဖြစ်ပြီး လူငယ်တွေရဲ့ပညာရေးအပေါ် စိတ်ပါဝင်စားမှု၊ ကြိုးစားအားထုတ်မှုတွေကို မြှင့်တင်ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ စီစဉ်ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ မိမိတို့ရဲ့ ရင်သွေးတွေကို ပညာရေးမှာစိတ်ဝင်စားမှုတိုးပွားစေဖို့နဲ့ ပြင်ပဗဟုသုတတွေ ရရှိစေဖို့တိုက်တွန်းသင့်ပြီး လူကြီးတွေသာမက လူငယ်တွေပါကြည့်ရှုသင့်တဲ့ ရုပ်သံအစီအစဉ်တစ်ခုလည်းဖြစ်ပါတယ်။ Samsung Quiz Show ရဲ့ Korea Trip မှာ အနိုင်ရကျောင်းသားကျောင်းသူတွေရဲ့ ပျော်ရွင်စရာခရီးစဉ် မှတ်တမ်းနဲ့ ဗဟုသုတရရှိစေမယ့် အကြောင်းအရာတွေကို ဗီဒီယိုဖိုင်နဲ့အတူ Lifestyle Myanmar ကဖော်ပြပေးလိုက်ပါတယ်။#SamsungQuizShowMM#SmartestMyanmarKids#KoreaTrip2017

Gepostet von Lifestyle Myanmar am Mittwoch, 20. Dezember 2017

Samsung Quiz Show အစီအစဉ်ဟာ ပညာရေးရဲ့အရေးပါမှုတွေ၊ ပြင်ပဗဟုသုတကြွယ်ဝမှုတွေရှိလာစေရန်နှင့် မြန်မာနိုင်ငံက ကျောင်းသူကျောင်းသားတွေဟာ ဘယ်လောက်အထိ ထူးချွန်ထက်မြက်တယ်ဆိုတာကို ထုတ်ဖော်ပြသချင်တာကြောင့် စီစဉ်ကျင်းပခဲ့တာဖြစ်ပြီး လူငယ်တွေရဲ့ပညာရေးအပေါ် စိတ်ပါဝင်စားမှု၊ ကြိုးစားအားထုတ်မှုတွေကို မြှင့်တင်ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ စီစဉ်ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ မိမိတို့ရဲ့ ရင်သွေးတွေကို ပညာရေးမှာစိတ်ဝင်စားမှုတိုးပွားစေဖို့နဲ့ ပြင်ပဗဟုသုတတွေ ရရှိစေဖို့တိုက်တွန်းသင့်ပြီး လူကြီးတွေသာမက လူငယ်တွေပါကြည့်ရှုသင့်တဲ့ ရုပ်သံအစီအစဉ်တစ်ခုလည်းဖြစ်ပါတယ်။ Samsung Quiz Show ရဲ့ Korea Trip မှာ အနိုင်ရကျောင်းသားကျောင်းသူတွေရဲ့ ပျော်ရွင်စရာခရီးစဉ် မှတ်တမ်းနဲ့ ဗဟုသုတရရှိစေမယ့် အကြောင်းအရာတွေကို ဗီဒီယိုဖိုင်နဲ့အတူ Lifestyle Myanmar ကဖော်ပြပေးလိုက်ပါတယ်။

#SamsungQuizShowMM

#SmartestMyanmarKids

#KoreaTrip2017

Related posts

မြန်မာစစ်တပ်က ကလေးစစ်သား ၄၀ ကျော်အား ပြန်လွှတ်ပေး

OMCTC

အီး-စီးကရက်များက ဆေးလိပ်ဖြတ်ရန်အတွက် ပိုမိုခက်ခဲသွားစေသည်ဟု လေ့လာချက်က အခိုင်အမာ ပြောကြား

OMCTC

အမေရိကန်တွင် တိုက်ခိုက်ရေးတပ်မတပ်ရင်းအား အမျိုးသမီးတစ်ဦးကို ပထမဆုံး ဦးဆောင်ခိုင်းမည်ကမ္ဘာ့သတင်း

OMCTC

Leave a Comment