25 C
Yangon
May 25, 2018
  • Home
  • Technology
  • Mobile Phone Review
  • RAM 6GB နဲ့ 13MP Dual Camera ပါရှိတဲ့ Coolpad Cool Play 6 စွမ်းဆောင်ရည်မြင့်စမတ်ဖုန်း
Mobile Phone Review

RAM 6GB နဲ့ 13MP Dual Camera ပါရှိတဲ့ Coolpad Cool Play 6 စွမ်းဆောင်ရည်မြင့်စမတ်ဖုန်း

Coolpad
တန်ဖိုးနည်းစမတ်ဖုန်းကို စတင်ထုတ်လုပ်ပြီး စမတ်ဖုန်းလောကကခြေချလာခဲ့တဲ့ Coolpad ကုမ္ပဏီဟာဆိုရင်ယခုအခါမှာ စွမ်းဆောင်ရည်မြင့်စမတ်ဖုန်းတွေကို ထုတ်လုပ်နေပါပြီ။ ယခုအခါ Coolpad ဟာ ကျောဘက် Dual ကင်မရာပါဝင်တဲ့ နောက်ဆုံးပေါ်စွမ်းဆောင်ရည်မြင့်စမတ်ဖုန်းကို ဖြန့်ချိလိုက်ပါတယ်။ အဆိုပါစမတ်ဖုန်းရဲ့ အသေးစိတ်အချက်လက်တွေ စစ်ဆေးကြည့်ကြပါစို့။
 
Coolpad Cool Play 6 စမတ်ဖုန်းဟာ အရွယ်အစား ၅.၅လက်မရှိတဲ့ Full HD IPS Display ကို အသုံးပြုထားပြီး 1920 x 1080 Pixels resolution ပါရှိပါတယ်။ RAM 6GB, Adreno 510 GPU နဲ့အတူ Octa Core Snapdragon 653 Processor ဖြင့်စွမ်းအားမြှင့်ထားပါတယ်။ Internal memory 64GB ပါရှိပြီး MicroSD ကဒ်တော့ အသုံးပြုလို့ရမှာမဟုတ်ပါဘူး။ Android 7.1.1 Nougat ပေါ်မှာ အလုပ်လုပ်ပြီး ယခုနှစ်ကုန်ပိုင်းမှာတော့ Android 8.0 update ရရှိမှာဖြစ်ပါတယ်။ ကျောဘက်မှာ 13MP + 13MP Dual ကင်မရာပါဝင်ပြီး အရှေ့ဘက်မှာတော့ 8MP ရှိတဲ့ ကင်မရာပါဝင်ပါတယ်။
Coolpad
Coolpad
ဒါ့အပြင် RGB Sensor နဲ့ ဓာတ်ပုံရိုက်ကူးတဲ့အခါမှာ နောက်ခံကို မှုန်ဝါးစေရန် ထောက်ပံပေးတဲ့ monochrome sensor ကိုလဲ တပ်ဆင်ထားပါတယ်။ Fingerprint Sensor ကို ကျောဘက်မှာ နေရာချထားပြီး 4000mAh ရှိတဲ့ ဘက်ထရီကို အသုံးပြုထားပါတယ်။ အဆိုပါ စမတ်ဖုန်းကို ရွှေရောင်နဲ့ အနက်ရောင်နှစ်မျိုးထွက်ရှိမှာဖြစ်ပြီး စတင်ဘာလ ၄ရက်နေ့တွင် Amazon အွန်လိုင်းစတိုးမှာ ၁၄၉၉၉ ရူပီ (မြန်မာကျပ်ငွေ ၃သိန်းတစ်သောင်းကျော်) နဲ့ ရရှိမှာဖြစ်ပါတယ်။

Specifications of Coolpad Cool Play 6

  • Display: 5.5-inch Full HD IPS display
  • Processor: Octa Core Snapdragon 653 processor
  • GPU: Adreno 510 GPU
  • RAM and Memory: 6GB RAM
  • Internal Memory: 64GB
  • OS: Android 7.1.1 Nougat with Journey UI, upgradable to Android 8.0
  • Primary Cameras: 13MP + 13MP dual rear cameras with dual-tone LED flash, f/2.0 aperture, PDAF
  • Secondary Camera: 8MP front-facing camera with f/2.2 aperture
  • SIM: Dual SIM
  • Sensors: Fingerprint sensor
  • Connectivity: 4G VoLTE, Wi-Fi 802.11 a/b/g/n, Bluetooth 4.1, USB 2.0 Type-C
  • Battery: 4000mAh battery
 
Ref-Rayarena
#Thar_Nage

Related posts

Apple ရဲ့နောက်ဆုံးထွက် iPhone 8 မှာ 64GB ရှိတဲ့ မော်ဒယ်ကို ဒေါ်လာ 850 နဲ့ စတင်ရောင်းချပြီး 256GB ရှိတဲ့ မျိုးကွဲမော်ဒယ်အမြင့် ကိုတော့ ဒေါ်လာ 1000 နဲ့ ရောင်းချ

Kyaw Htike Aung

ဈေးသက်သက်သာသာနဲ့ စွမ်းဆောင်ရည် အသင့်တင့် ရရှိနိုင်တဲ့ ZTE Blade Z Max တန်ဖိုးနည်းစမတ်ဖုန်း

Kyaw Htike Aung

ပထမဦးဆုံး Screen ရဲ့ အောက်မှာ Fingerprint Scanner ထည့်သွင်းပြီး စမတ်ဖုန်းထုတ်လုပ်မဲ့ Vivo

Kyaw Htike Aung

Leave a Comment