31 C
Yangon
June 24, 2018
  • Home
  • Lifestyle
  • Celebrity
Celebrity Fashion




K-Pop Idol တွေထဲမှာ အလှဆုံးဖြစ်တဲ့ Twice အဖွဲ့ဝင် Sana ရဲ့ လေဆိပ်သွားဖက်ရှင်ဒီဇိုင်းများ

 



#Lifestyle_Myanmar
#TB_Nandar

Unicode

Radio Romance ဒရမ်မာကားထဲက ရေဒီယိုမင်းသားလေး Yoon Doo Joonရဲ့ဖက်ရှင်များ
Yoon Doo Joon ဟာ တောင်ကိုရီးယား ရက်ပ်အဆိုတော်၊ အကနှင့် သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။ ၁၉၈၉ ဇူလိုင်လ ၄ရက်နေ့မှာ မွေးဖွားခဲ့တဲ့သူဖြစ်ပြီး Doojoon လို့အများသိကြတဲ့ BEAST အမျိုးသား K-Pop အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ သူ့ရဲ့အရပ်အမြင့်က ၁၇၈ စင်တီမီတာရှိပြီး ကိုယ်အလေးချိန်က ၆၅ကီလိုဂရမ် ရှိပါတယ်။

Yoon Doo Joonဟာ BIGBANG အကြောင်း မှတ်တမ်းရုပ်ရှင်တစ်ခုကို ကြည့်ပြီးနောက် အထက်တန်းကျောင်းသားကတည်းက အဆိုတော် ဖြစ်ချင်ခဲ့ပါတယ်။ လေ့ကျင့်ရေးနှစ်တွေ ပြီးနောက် 2009မှာ BEASTရဲ့ ခေါင်းဆောင်အဖြစ် ပွဲဦးထွက်ခဲ့ပါတယ်။ သူပွဲဦးထွက်ပြီး မကြာခင်မှာ “Danbi” reality show မှာ ပေါ်ထွက်လာခြင်းဖြင့် ရုပ်မြင်သံကြားသို့ ခွဲထွက်ခဲ့ပါတယ်။

ပြီးနောက် 2010မှာ “More Charming by the Day” ဒရမ်မာကားမှာ စတင်သရုပ်ဆောင်ခဲ့ပါတယ်။ ဂီတရှိုးတွေမှာ ရေပန်းစားသလိုပဲ ရုပ်မြင်သံကြားပေါ်မှာလည်း လူကြိုက်များခဲ့ပါတယ်။ သူသည် “Splash Splash Love” (2015)နှင့် “Let’s Eat” (2013)၊ “Let’s Eat 2” (2015) အစားအစာအဓိကထားပြီး ရိုက်ကူးထားတဲ့ ဒရမ်မာကားမှာ သရုပ်ဆောင်ပြီးနောက် ပိုမိုလူသိများလာပါတယ်။ သူသည် ယခုလက်ရှိပြသနေဆဲဖြစ်တဲ့ “Radio Romance”ဇာတ်ကားကိုလည်း သရုပ်ဆောင်ခဲ့ပါတယ်။
#Lifestyle_Myanmar
#TB_Nandar

Related posts

သင့်ကို ကြည့်လိုက်ရင် သန်းကြွယ်သူဌေးလို့ မြင်ရစေမယ့် ဖက်ရှင်သိကောင်းစရာများ

Nandar Lwin

ကျနေတဲ့ စိတ်ဓာတ်တွေ ပြန်တက်လာစေဖို့ …

OMCTC

V Shapeလုပ်လိုက်တာလားလို့မေးနေကြတဲ့လူတွေကိုယွန်းယွန်းက ယခုလိုဖြေရှင်းထားပါတယ်။

OMCTC

Leave a Comment