25 C
Yangon
May 25, 2018
  • Home
  • Technology
  • Automobile
  • R1 650 စူပါကားကို ရောင်းတမ်းဝင်အဆင့် ထုတ်လုပ်ဖို့ ဘူလ်ဂေးရီးယား ကုမ္ပဏီ Sin Cars ကြိုးစားနေ
Automobile

R1 650 စူပါကားကို ရောင်းတမ်းဝင်အဆင့် ထုတ်လုပ်ဖို့ ဘူလ်ဂေးရီးယား ကုမ္ပဏီ Sin Cars ကြိုးစားနေ

R1 650

ဘူလ်ဂေးရီးယား ကားကုမ္ပဏီ Sin Carsဟာ အရှေ့ဥရောပရဲ့ စွမ်းဆောင်ရည်မြင့် စူပါကား အနေနဲ့ R1 650 ကို ရောင်းတမ်းဝင်အဆင့် ထုတ်လုပ်နိုင်ဖို့ အရှိန်မြှင့် ကြိုးစားနေပါတယ်။

Sin Cars အနေနဲ့ ဒီစူပါကားကို Prototype မော်ဒယ်လ် အနေနဲ့ ပြသထားဖူးပေမယ့် လက်တွေ့ ထုတ်လုပ် ရောင်းချနိုင်တဲ့ အဆင့်ထိတော့ မရောက်သေးပါဘူး။ ဒါကလည်း Prototype နမူနာနဲ့ ရောင်းတမ်းဝင် မော်ဒယ်လ်ကြား ကွာဟမှုတွေ အများကြီး ရှိနေတာကြောင့်ပါ။

R1 650ဟာ နာမည်နဲ့လိုက်အောင် မြင်းကောင်ရေ ၆၅၀ အား အင်ဂျင်ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ Chevroletရဲ့ LS9 အင်ဂျင်ဟာ ၆၀၄ ပေါင်-ပေ ရုန်းအားကို ထုတ်ပေးနိုင်တယ်။ Sin Carsက R1 650ကို Ferrariနဲ့ Lamborghiniလို ထိပ်သီး စူပါကား မော်ဒယ်လ်တွေနဲ့ပါ ယှဉ်ပြိုင်ဖို့ ရည်မှန်းထားတာပါ။

Apple ရဲ့ ဝန်ထမ်းများ ကြိုပို့နိုင်ရန်အတွက် ဖယ်ရီကားတွင် မောင်းသူမဲ့ နည်းပညာထည့်သွင်း

 ဒီကားဟာ ရပ်နားထားရာကနေ တစ်နာရီ မိုင် ၆၀ နှုန်းကို ၃ စက္ကန့်အတွင်း အရှိန်မြှင့်နိုင်ပြီး အမြင့်ဆုံးမြန်နှုန်း ၁၈၆ မိုင်ထိ မောင်းနှင်နိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။ ကားရဲ့ ကိုယ်ထည်မှာလည်း အလေးချိန် လျှော့ချဖို့အတွက် ကာဘွန်ဖိုင်ဘာ အစိတ်အပိုင်းတွေ အတော်များများကို ထည့်သွင်း တည်ဆောက်ထားတယ်။

Michelin Pilot Sport Cup 2 အမျိုးအစား ၁၉ လက်မ ဘီးခွေတွေကို တပ်ဆင်ထားတဲ့ R1 650ဟာ အလေးချိန် ၂၇၅၅ ပေါင်သာ ရှိပါတယ်။

ကားရဲ့ ဂီယာအတွက် Autoနဲ့ Manual ခြောက်ချက်စီ စိတ်ကြိုက် ရွေးချယ်ခွင့် ရှိမှာပါ။ Sin Carsဟာ R1 650အပြင် အင်ဂျင်အား လျှော့ချထားတဲ့ R1 450တွေကိုပါ ရောင်းချသွားမှာပါ။ ဈေးအနေနဲ့ကတော့ R1 450အတွက် ဒေါ်လာ ၂၁၀၀၀၀ နဲ့ R1 650 ဒေါ်လာ ၂၆၀၀၀၀လောက် သတ်မှတ်မယ်လို့လည်း သိရှိရပါတယ်။

Ref-7 Day Car

Related posts

အလန်းစား Bulldog firefighting truck မီးသတ်ကား

Kyaw Htike Aung

တိုင်တေနီယမ်ကိုယ်ထည်ကို တပ်ဆင်ထားတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး Ecosse Titanium Series မော်တော်ဆိုင်ကယ်

Kyaw Htike Aung

တစ်နာရီကို ၃၇မိုင် မောင်းနှင်နိုင်တဲ့ အရွယ်အစားသေးငယ်သော Motochimp ခေါ်တဲ့ Monkey Bike လျှပ်စစ်ဆိုင်ကယ်

Kyaw Htike Aung

Leave a Comment