29 C
Yangon
May 23, 2018
  • Home
  • News
  • Politics
  • NCA လက္မွတ္ထုိးျခင္းသည္ လက္နက္ခ်ခိုင္းျခင္း မဟုတ္ေၾကာင္း ဒုတပ္ခ်ဳပ္ေျပာၾကား
Politics

NCA လက္မွတ္ထုိးျခင္းသည္ လက္နက္ခ်ခိုင္းျခင္း မဟုတ္ေၾကာင္း ဒုတပ္ခ်ဳပ္ေျပာၾကား

NCA

အစုိးရ၊ တပ္မေတာ္၊ NCA လက္မွတ္ေရးထိုးထားေသာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္မ်ားတက္ေရာက္သည့္ NCA အေကာင္အထည္ေဖာ္မႈဆိုင္ရာ ညႇိႏႈိင္းအစည္းအေဝးကို ဧၿပီ ၂၄ ရက္က က်င္းပေနစဥ္ (ဓာတ္ပံု − ဟိန္းထက္/အီးပီေအ)
တစ္ႏိုင္ငံလံုးပစ္ ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာ တူစာခ်ဳပ္ (NCA)လက္မွတ္ထိုး ျခင္းသည္ လက္နက္ခ်ခိုင္းျခင္း မ ဟုတ္ေၾကာင္း NCA လက္မွတ္ မထိုးရေသးသည့္ အဖြဲ႕မ်ား နား လည္သိရွိေအာင္ တိုက္တြန္းေပး ရန္ ဒုတိယ တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္၊ ကာကြယ္ေရးဦးစီး ခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴး ႀကီး စိုးဝင္းကေျပာၾကားသည္။
ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ အစိုးရ၊ တပ္မေတာ္ ေခါင္းေဆာင္မ်ား၊ NCA လက္ မွတ္ထိုးထားသည့္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕မ်ားမွ ထိပ္ သီးေခါင္းေဆာင္မ်ား ပါဝင္ေသာ NCA အေကာင္အထည္ေဖာ္မႈ ဆိုင္ရာ ညႇိႏႈိင္းအစည္းအေဝး (JICM) ကို ဧၿပီ ၂၄ ရက္က ေန ျပည္ေတာ္၌ က်င္းပခဲ့သည္။ ယင္းအစည္းအေဝးတြင္ ၎က ထိုသို႔ ထည့္သြင္းေျပာၾကားခဲ့ သည္။

‘‘ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္ လို႔ရွိရင္ ကြၽန္ေတာ္တို႔ NCA ဟာ တိုင္းရင္းသား အဖြဲ႕အစည္းေတြ ကို လက္္နက္ခ်ခိုင္းတဲ့အခ်က္မ ဟုတ္ပါဘူး။ ဒါလူတိုင္း သိပါ တယ္။ သို႔ေသာ္လည္း တခ်ိဳ႕အဖြဲ႕ အစည္းမ်ားက နားလည္မႈလြဲေန တာက NCA လက္မွတ္ထိုးျခင္း က လက္နက္ခ်ခိုင္းတယ္လို႔ နားလည္မႈလြဲေနတာ ရွိပါတယ္။ ဒါေတြကို နားမလည္ေသးတဲ့ အ ဖြဲ႕ေရာ၊ နားလည္ၿပီးေတာ့မွ နား မလည္ခ်င္ေယာင္ေဆာင္တဲ့အဖြဲ႕ ေတြေရာ သိေအာင္လို႔ ကြၽန္ေတာ္ တို႔လက္မွတ္ထိုးၿပီး တိုင္းရင္းသား ေခါင္းေဆာင္ႀကီးမ်ားက တစ္ ဆင့္စကား တစ္ဆင့္ၾကား ကိုယ္ တိုင္ျဖစ္ေစ၊ အဖြဲ႕အစည္းနဲ႕ျဖစ္ ေစ ဒါေလးေတြလည္းပဲ တိုက္ တြန္းေပးေစေၾကာင္း ေျပာလိုပါ တယ္’’ ဟု ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္းကေျပာသည္။

NCA အေကာင္အထည္ ေဖာ္ေရးဆိုင္ရာႏွင့္ ပတ္သက္ၿပီး အဆင့္ျမင့္ဆံုးအစည္းအေဝးျဖစ္ သည့္ JICM သို႔ တပ္မေတာ္မွ ဒုတိယတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္အဆင့္ တက္ေရာက္ျခင္း သည္ ပထမဆံုးျဖစ္သည္။

ျမန္မာႏိုင္ငံ၏ ျပႆနာအရင္းအျမစ္သည္ ဒီမိုကေရစီ ေပ်ာက္ဆံုးမႈႏွင့္ တိုင္းရင္းသားအ ခြင့္အေရးမ်ား ျငင္းပယ္ခံရမႈ ဆို သည့္အေျခခံေပၚတြင္ မူတည္ၿပီး ယင္းအေျခခံအေပၚႏုိင္ငံေရးအရေျဖရွင္းမရ၍ ဆယ္စုႏွစ္ေပါင္း မ်ားစြာ ျပည္တြင္းစစ္ ျဖစ္ပြားခဲ့ သည္ဟု NCA လက္မွတ္ထိုးထား သည့္ ကရင္အမ်ိဳးသားအစည္းအ ႐ံုး (KNU) အေထြေထြအတြင္းေရးမွဴးခ်ဳပ္ ပဒိုေစာတာဒိုမွဴးက 7Day Daily သတင္းစာအား ေျပာသည္။

‘‘ကြၽန္ေတာ္တို႔ ဘယ္လိုဝိုင္း ၿပီး ဒီႏုိင္ငံသစ္ကို ထူေထာင္ရမယ္ ဆိုတဲ့ အနာဂတ္ကို ရည္ရြယ္တာ ျဖစ္တယ္။ အဲဒီအတြက္ေၾကာင့္ ကြၽန္ေတာ္တို႔ NCA ကို လက္မွတ္ ေရးထိုးတဲ့ကိစၥရဲ႕ အေျခခံက ေတာ့ ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒကို ကြၽန္ေတာ္တို႔ လႊတ္ေတာ္ျပင္ပ လမ္းေၾကာင္းကေန ဘယ္လိုျပင္ၾကမလဲဆိုတဲ့ အေျခခံအေပၚ မူတည္ၿပီးေတာ့ ႏိုင္ငံသစ္ကို အသြင္ကူးေျပာင္းေရးကာလတစ္ခုကေန ေျပာင္းလဲသြားမွာ ျဖစ္တဲ့အတြက္ေၾကာင့္ လက္္နက္ခ်ျခင္း၊ မခ်ျခင္းဆိုတာ ေျပာစရာကိစၥမရွိဘူး။ ကြၽန္ေတာ္တို႔ အားလံုးဟာ စတိတ္ဟုိဒါေတြ ျဖစ္တဲ့အတြက္ေၾကာင့္ ဒီႏိုင္ငံတည္ေဆာက္မႈမွာ အကုန္လံုးပါဝင္ၾကမွာ ျဖစ္တဲ့အတြက္ေၾကာင့္ အႏိုင္၊ အႏိုင္ပဲ ျဖစ္လိမ့္မယ္။ အႏိုင္၊ အ႐ႈံး မရွိဘူး’’ ဟု ၎ကေျပာသည္။

ႏိုင္ငံသည္ ထာဝရၿငိမ္းခ်မ္း ၿပီး ဒီမိုကေရစီပန္းတိုင္ကို အျမန္ ဆံုးေလွ်ာက္လွမ္းႏိုင္ရန္ မ်ားစြာ အေရးႀကီးသည့္ အေျခအေနအ အခ်ိန္ကာလျဖစ္သည္ကို ေရွး႐ႈ ရန္ ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီးစိုးဝင္းက ေျပာသည္။

‘‘ၿငိမ္ခ်မ္းမွသာ ဖြံ႕ၿဖိဳးတိုး တက္ႏိုင္မွာ ျဖစ္ပါတယ္။ ဒါေလး ကို အားလံုးမွတ္ယူၿပီးေတာ့မွ ကြၽန္ေတာ္တို႔ရဲ႕ ထာဝရၿငိမ္းခ်မ္း ေရး အျမန္ဆံုးေအာင္ျမင္ေအာင္ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္စနစ္ကို အေျခခံတဲ့ ျပည္ေထာင္စုႀကီးကို ႏိုင္ငံေရး ေဆြးေႏြးပြဲေတြရဲ႕ ရ လဒ္နဲ႔ ႀကိဳးစားတည္ေဆာက္ သြားပါ’’ ဟု ၎ကဆိုသည္။

NCA ပါ အခ်က္မ်ား၊စကား လံုးမ်ားအေပၚ ျပင္ဆင္ေျပာင္းလဲ ျခင္းကိုမူ လက္မခံေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္းက ေျပာသည္။

‘‘NCA မွာပါတဲ့ အခ်က္ေတြ အားလံုးကို စကားလံုးတိုင္းစကား လံုးတိုင္းမွာ ကြၽန္ေတာ္တို႔ တခ်ိဳ႕ ဆိုရင္ စကားလံုးတစ္လံုးနဲ႔ အ စည္းအေဝးတစ္ခု ရပ္လိုက္ရတာ ေတြ အေနအထားရွိတယ္။တခ်ိဳ႕ လည္း တစ္နာရီ၊ ႏွစ္နာရီရပ္လိုက္ ရတာေတြရွိတယ္။ ဒီစကားလံုးအ ေပၚမွာေတာ့ လံုးဝေျပာင္းလဲၿပီး ေတာ့ ျပင္ဆင္ဖို႔၊ စဥ္းစားဖို႔ လံုးဝ ကြၽန္ေတာ္တို႔ လက္သင့္ခံမွာ မ ဟုတ္ဘူး’’ဟု ၎ကဆက္လက္ ေျပာသည္။

ဒုတိယတပ္မေတာ္ကာ ကြယ္ေရးဦးစီးခ်ဳပ္၏ ေျပာၾကား မႈႏွင့္ ပတ္သက္ၿပီး ပဒိုေစာတာဒို မွဴးက ‘‘NCA က ၂ ႏွစ္နီးပါး ႏွစ္ ဖက္က အေက်အလည္ေဆြးေႏြး ၿပီးမွ ဒီစာခ်ဳပ္ႀကီးကို ေနာက္ဆံုးရလာတာကိုး။ အဲဒီအေျခခံအ ေပၚမွာ မူတည္ၿပီးေတာ့ စာလံုး တစ္လံုးစီရဲ႕ ေနာက္ကြယ္မွာ အ ကုန္လံုးက အဓိပၸာယ္ရွိတဲ့ အခါ က်ေတာ့ စာလံုးအေျပာင္းအလဲ လုပ္ဖို႔ဆိုတာ အခက္အခဲရွိတယ္ ဆိုတဲ့ သေဘာမ်ိဳး သူေျပာတာ။ ကြၽန္ေတာ္တို႔လည္း လက္ခံပါ တယ္’’ဟု ေျပာသည္။

တိုင္းရင္းသား လက္နက္ ကိုင္အဖြဲ႕ ၂၁ ဖြဲ႕အနက္ ရွစ္ဖြဲ႕ သည္ အစိုးရႏွင့္ ၂၀၁၅ ေအာက္ တိုဘာတြင္ NCA လက္မွတ္ေရး ထိုးခဲ့သည္။

လက္ရွိ၌ NCA လက္မွတ္ မထိုးရေသးသည့္ အဖြဲ႕အစည္း မ်ားအနက္ အစိုးရႏွင့္ NCA လက္မွတ္ထိုးႏုိင္ေရး ညိႇႏိႈင္းေနသည့္ အဖြဲ႕မ်ား ရွိသကဲ့သုိ႔ NCA မထိုးဘဲ ႏုိင္ငံေရးေဆြးေႏြးရန္ႀကိဳးစားေနသည့္ အဖြဲ႕မ်ားရွိ သည္။ ေကအိုင္အို အပါအဝင္ ျမန္မာ-တ႐ုတ္နယ္စပ္ရွိ လက္ နက္ကိုင္အဖြဲ႕မ်ားသည္ ‘ဝ’ အ ဖြဲ႕ (UWSA)၏ ဦးေဆာင္မႈျဖင့္ NCA မထိုးဘဲ အစိုးရႏွင့္ ႏိုင္ငံေရးေဆြးေႏြးရန္ ဆံုးျဖတ္ထားသည္။
Ref:7day

NCA လက္မွတ္ထုိးျခင္းသည္ လက္နက္ခ်ခိုင္းျခင္း မဟုတ္ေၾကာင္း ဒုတပ္ခ်ဳပ္ေျပာၾကား


Unicode

NCA လက်မှတ်ထိုးခြင်းသည် လက်နက်ချခိုင်းခြင်း မဟုတ်ကြောင်း ဒုတပ်ချုပ်ပြောကြား
အစိုးရ၊ တပ်မတော်၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များတက်ရောက်သည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၄ ရက်က ကျင်းပနေစဉ် (ဓာတ်ပုံ − ဟိန်းထက်/အီးပီအေ)
တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ် (NCA)လက်မှတ်ထိုး ခြင်းသည် လက်နက်ချခိုင်းခြင်း မ ဟုတ်ကြောင်း NCA လက်မှတ် မထိုးရသေးသည့် အဖွဲ့များ နား လည်သိရှိအောင် တိုက်တွန်းပေး ရန် ဒုတိယ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီး ချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်းကပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ၊ တပ်မတော် ခေါင်းဆောင်များ၊ NCA လက် မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ထိပ် သီးခေါင်းဆောင်များ ပါဝင်သော NCA အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို ဧပြီ ၂၄ ရက်က နေ ပြည်တော်၌ ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးတွင် ၎င်းက ထိုသို့ ထည့်သွင်းပြောကြားခဲ့ သည်။

‘‘ငြိမ်းချမ်းရေးနဲ့ ပတ်သက် လို့ရှိရင် ကျွန်တော်တို့ NCA ဟာ တိုင်းရင်းသား အဖွဲ့အစည်းတွေ ကို လက််နက်ချခိုင်းတဲ့အချက်မ ဟုတ်ပါဘူး။ ဒါလူတိုင်း သိပါ တယ်။ သို့သော်လည်း တချို့အဖွဲ့ အစည်းများက နားလည်မှုလွဲနေ တာက NCA လက်မှတ်ထိုးခြင်း က လက်နက်ချခိုင်းတယ်လို့ နားလည်မှုလွဲနေတာ ရှိပါတယ်။ ဒါတွေကို နားမလည်သေးတဲ့ အ ဖွဲ့ရော၊ နားလည်ပြီးတော့မှ နား မလည်ချင်ယောင်ဆောင်တဲ့အဖွဲ့ တွေရော သိအောင်လို့ ကျွန်တော် တို့လက်မှတ်ထိုးပြီး တိုင်းရင်းသား ခေါင်းဆောင်ကြီးများက တစ် ဆင့်စကား တစ်ဆင့်ကြား ကိုယ် တိုင်ဖြစ်စေ၊ အဖွဲ့အစည်းနဲ့ဖြစ် စေ ဒါလေးတွေလည်းပဲ တိုက် တွန်းပေးစေကြောင်း ပြောလိုပါ တယ်’’ ဟု ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကပြောသည်။

NCA အကောင်အထည် ဖော်ရေးဆိုင်ရာနှင့် ပတ်သက်ပြီး အဆင့်မြင့်ဆုံးအစည်းအဝေးဖြစ် သည့် JICM သို့ တပ်မတော်မှ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အဆင့် တက်ရောက်ခြင်း သည် ပထမဆုံးဖြစ်သည်။

မြန်မာနိုင်ငံ၏ ပြဿနာအရင်းအမြစ်သည် ဒီမိုကရေစီ ပျောက်ဆုံးမှုနှင့် တိုင်းရင်းသားအ ခွင့်အရေးများ ငြင်းပယ်ခံရမှု ဆို သည့်အခြေခံပေါ်တွင် မူတည်ပြီး ယင်းအခြေခံအပေါ်နိုင်ငံရေးအရဖြေရှင်းမရ၍ ဆယ်စုနှစ်ပေါင်း များစွာ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ သည်ဟု NCA လက်မှတ်ထိုးထား သည့် ကရင်အမျိုးသားအစည်းအ ရုံး (KNU) အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူးက 7Day Daily သတင်းစာအား ပြောသည်။

‘‘ကျွန်တော်တို့ ဘယ်လိုဝိုင်း ပြီး ဒီနိုင်ငံသစ်ကို ထူထောင်ရမယ် ဆိုတဲ့ အနာဂတ်ကို ရည်ရွယ်တာ ဖြစ်တယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ NCA ကို လက်မှတ် ရေးထိုးတဲ့ကိစ္စရဲ့ အခြေခံက တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျွန်တော်တို့ လွှတ်တော်ပြင်ပ လမ်းကြောင်းကနေ ဘယ်လိုပြင်ကြမလဲဆိုတဲ့ အခြေခံအပေါ် မူတည်ပြီးတော့ နိုင်ငံသစ်ကို အသွင်ကူးပြောင်းရေးကာလတစ်ခုကနေ ပြောင်းလဲသွားမှာ ဖြစ်တဲ့အတွက်ကြောင့် လက််နက်ချခြင်း၊ မချခြင်းဆိုတာ ပြောစရာကိစ္စမရှိဘူး။ ကျွန်တော်တို့ အားလုံးဟာ စတိတ်ဟိုဒါတွေ ဖြစ်တဲ့အတွက်ကြောင့် ဒီနိုင်ငံတည်ဆောက်မှုမှာ အကုန်လုံးပါဝင်ကြမှာ ဖြစ်တဲ့အတွက်ကြောင့် အနိုင်၊ အနိုင်ပဲ ဖြစ်လိမ့်မယ်။ အနိုင်၊ အရှုံး မရှိဘူး’’ ဟု ၎င်းကပြောသည်။

နိုင်ငံသည် ထာဝရငြိမ်းချမ်း ပြီး ဒီမိုကရေစီပန်းတိုင်ကို အမြန် ဆုံးလျှောက်လှမ်းနိုင်ရန် များစွာ အရေးကြီးသည့် အခြေအနေအ အချိန်ကာလဖြစ်သည်ကို ရှေးရှု ရန် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

‘‘ငြိမ်ချမ်းမှသာ ဖွံ့ဖြိုးတိုး တက်နိုင်မှာ ဖြစ်ပါတယ်။ ဒါလေး ကို အားလုံးမှတ်ယူပြီးတော့မှ ကျွန်တော်တို့ရဲ့ ထာဝရငြိမ်းချမ်း ရေး အမြန်ဆုံးအောင်မြင်အောင် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးကို နိုင်ငံရေး ဆွေးနွေးပွဲတွေရဲ့ ရ လဒ်နဲ့ ကြိုးစားတည်ဆောက် သွားပါ’’ ဟု ၎င်းကဆိုသည်။

NCA ပါ အချက်များ၊စကား လုံးများအပေါ် ပြင်ဆင်ပြောင်းလဲ ခြင်းကိုမူ လက်မခံကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

‘‘NCA မှာပါတဲ့ အချက်တွေ အားလုံးကို စကားလုံးတိုင်းစကား လုံးတိုင်းမှာ ကျွန်တော်တို့ တချို့ ဆိုရင် စကားလုံးတစ်လုံးနဲ့ အ စည်းအဝေးတစ်ခု ရပ်လိုက်ရတာ တွေ အနေအထားရှိတယ်။တချို့ လည်း တစ်နာရီ၊ နှစ်နာရီရပ်လိုက် ရတာတွေရှိတယ်။ ဒီစကားလုံးအ ပေါ်မှာတော့ လုံးဝပြောင်းလဲပြီး တော့ ပြင်ဆင်ဖို့၊ စဉ်းစားဖို့ လုံးဝ ကျွန်တော်တို့ လက်သင့်ခံမှာ မ ဟုတ်ဘူး’’ဟု ၎င်းကဆက်လက် ပြောသည်။

ဒုတိယတပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်၏ ပြောကြား မှုနှင့် ပတ်သက်ပြီး ပဒိုစောတာဒို မှူးက ‘‘NCA က ၂ နှစ်နီးပါး နှစ် ဖက်က အကျေအလည်ဆွေးနွေး ပြီးမှ ဒီစာချုပ်ကြီးကို နောက်ဆုံးရလာတာကိုး။ အဲဒီအခြေခံအ ပေါ်မှာ မူတည်ပြီးတော့ စာလုံး တစ်လုံးစီရဲ့ နောက်ကွယ်မှာ အ ကုန်လုံးက အဓိပ္ပာယ်ရှိတဲ့ အခါ ကျတော့ စာလုံးအပြောင်းအလဲ လုပ်ဖို့ဆိုတာ အခက်အခဲရှိတယ် ဆိုတဲ့ သဘောမျိုး သူပြောတာ။ ကျွန်တော်တို့လည်း လက်ခံပါ တယ်’’ဟု ပြောသည်။

တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ၂၁ ဖွဲ့အနက် ရှစ်ဖွဲ့ သည် အစိုးရနှင့် ၂၀၁၅ အောက် တိုဘာတွင် NCA လက်မှတ်ရေး ထိုးခဲ့သည်။

လက်ရှိ၌ NCA လက်မှတ် မထိုးရသေးသည့် အဖွဲ့အစည်း များအနက် အစိုးရနှင့် NCA လက်မှတ်ထိုးနိုင်ရေး ညှိနှိုင်းနေသည့် အဖွဲ့များ ရှိသကဲ့သို့ NCA မထိုးဘဲ နိုင်ငံရေးဆွေးနွေးရန်ကြိုးစားနေသည့် အဖွဲ့များရှိ သည်။ ကေအိုင်အို အပါအဝင် မြန်မာ-တရုတ်နယ်စပ်ရှိ လက် နက်ကိုင်အဖွဲ့များသည် ‘ဝ’ အ ဖွဲ့ (UWSA)၏ ဦးဆောင်မှုဖြင့် NCA မထိုးဘဲ အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရန် ဆုံးဖြတ်ထားသည်။
Ref:7day

Related posts

ေျမာက္ကိုရီးယားႏ်ဴအေရးေဆြးေႏြးရန္ တ႐ုတ္သံတမန္ ျပံဳယမ္းသို႔ ေရာက္ရွိ

OMCTC

ေျမာက္ကိုရီးယားအေပၚ ပိတ္ဆို႔မႈအသစ္မ်ား အိုဘားမား ခ်မွတ္

OMCTC

မုဒိမ္းက်င့္ သတ္ျဖတ္သည္ဆိုကာ ဆယ္ေက်ာ္သက္တစ္ဦးအား မွားယြင္း၍ ေသဒဏ္စီရင္ခဲ႔မႈအတြက္ အရာရွိ ၂၇ ဦးကို တ႐ုတ္အေရးယူ

OMCTC

Leave a Comment