25 C
Yangon
June 22, 2018
  • Home
  • Lifestyle
  • Celebrity
Celebrity
K-pop အဖွဲ့ထဲမှာ
#Lifestyle_Myanmar
#TB_Nandar
Unicode
K-pop အဖွဲ့ထဲမှာ ချစ်စရာကောင်းအောင် အရပ်အမောင်း ကွာခြားကြတဲ့ Idols လေးတွေ
သင့်ရဲ့သူငယ်ချင်းအဖွဲ့ထဲမှာ ဒီလိုအရပ်အမြင့် ကွာခြားတဲ့ သူငယ်ချင်းလေးတွေ ရှိကြမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အရပ်ပုတဲ့သူဟာ အားလုံးထဲမှာ အနုဆုံးဖြစ်တာကြောင့် အသက်မှန်းရခက်ပါတယ်။ လူကောင်သေးပြီး အရပ်ပုတဲ့သူဟာ ပိုပြီးချစ်စရာကောင်းတယ်ဆိုတာ ဒီကိုရီးယားအဖွဲ့ဝင်လေးတွေက သက်သေပြနေပါတယ်။
1. KARD အဖွဲ့ဝင် BM နှင့် Somin/Jiwoo
BM ဟာ KARD အဖွဲ့ထဲမှာ တော်တော်လေးအရပ်ရှည်တဲ့ ကောင်လေးဆိုတာ သိကြပါတယ်။ သူဘယ်လောက်အရပ်ရှည်တယ်ဆိုတာ အမျိုးသမီးအဖွဲ့ဝင်တွေဖြစ်တဲ့ Somin ၊ Jiwooတို့နှင့်အတူ မတ်တပ်ယှဉ်ရပ်တဲ့အခါ ပိုသိသာသွားပါတယ်။ ဒါတောင် မိန်းကလေးတွေက ဒေါက်ဖိနပ် စီးထားကြပါသေးတယ်။
၂။ EXO အဖွဲ့ဝင် Chanyeol နှင့် D.O
EXO အဖွဲ့ဝင် D.O(Do Kyung-soo)ဟာ အဖွဲ့ထဲမှာ အဖွဲ့သားတွေရဲ့ချစ်ခင်မူကို အထူးရရှိသူတစ်ယောက်ဖြစ်ပြီး အရပ်အမြင့် 1.73m ရှိပါတယ်။ Chanyeol ကတော့ 1.85m ရှိတဲ့အတွက် တော်တော်လေးအရပ်ကွာခြားတာကို တွေ့ရမှာပါ။
၃။ ASTRO အဖွဲ့ဝင် Yoon Sanha နှင့် MJ/Jinjin
Sanha က ASTRO အဖွဲ့ထဲမှာ အသက်အငယ်ဆုံးဖြစ်ပေမယ့် သူ့ထက် အသက်ပိုကြီးတဲ့အဖွဲ့ဝင်၂ယောက်နဲ့ ယှဉ်လိုက်ရင် တော်တော်လေးထွားတာကို တွေ့ရမှာပါ။
၄။ AOA အဖွဲ့ဝင် Hyejeong နှင့် Jimin
အရပ်ကွာခြားချက်က Jimin နဲ့ Hyejeongတို့အကြားမှာ တော်တော်လေး သိသိသာသာ ကွာခြားပါတယ်။ Hyejeong ဟာ ဘေးကအရပ်ရှည်တဲ့ Chanmi ကိုတောင်ကျော်ပြီး ထင်ပေါ်နေတာကို တွေ့ရမှာပါ။
၅။ BTS အဖွဲ့ဝင် RM နှင့် Suga
BTS အဖွဲ့ဝင်တွေဟာ အရပ်အမြင့်အများကြီး ကွာခြားတယ်လို့ မထင်ရသော်လည်း RM ဟာအရပ်အမြင့် 5′ 11″ရှိပြီး Suga ကတော့ 5′ 9″ရှိပါတယ်။
၆။ GFRIEND အဖွဲ့ဝင် Sowon နဲ့ Eunha
GFRIEND အဖွဲ့ဝင် Sowon နဲ့ Eunha တို့ဟာ အရပ်တော်တော် ကွာခြားပေမယ့် ဆင်တူလေးတွေနဲ့ ချစ်စရာကောင်းနေတာကို တွေ့ရမှာပါ။
၇။ SEVENTEEN အဖွဲ့ဝင် Mingyu နှင့် Woozi
Woozi ဟာ ကျန်တဲ့ လူတွေနဲ့ နှိုင်းယှဉ်လိုက်ရင် အားလုံးထဲမှာ အရပ်အပုဆုံးနဲ့ အသေးဆုံးဖြစ်တာကို တွေ့ရမှာပါ။
၈။ iKON အဖွဲ့ဝင် Junhoe နှင့် Jinhwan
Jinhwan ဟာ အဖွဲ့ထဲမှာ အသက်အကြီးဆုံးဖြစ်ပေမယ့် အရပ်အပုဆုံးဖြစ်တာကြောင့် ပိုပြီး ချစ်စရာကောင်းတဲ့ပုံပေါ်ပါတယ်။ Jinhwan ဟာ ခေါင်းတစ်လုံးပိုမြင့်တဲ့ Junhoe ကို မော့ကြည့်နေတဲ့ပုံဟာ ညီငယ်လေးတစ်ယောက်အလား ထင်ရပါတယ်။
၉။ TWICE အဖွဲ့ဝင်Tzuyu နှင့် Chaeyoung
Tzuyu နှင့် Chaeyoung ဟာ အသက်အတူတူဖြစ်ပေမယ့် Tyuyu က အရပ်ပိုမြင့်ပါတယ်။ သူမရဲ့ မြင့်မားတဲ့အရပ်က သူမကို အသက်ပိုကြီးတယ်လို့ ထင်ရစေပါတယ်။
၁၀။ PENTAGON’s Jinho နဲ့ Wooseok
Jinho ဟာ ၁၉၉၂ ခုနှစ်တွင် မွေးဖွားခဲ့ပြီး အရပ် 168cm ရှိပါတယ်။ Wooseok ကတော့ ၁၉၉၈ ခုနှစ်တွင် မွေးဖွားခဲ့ပြီး 188.4cm ဖြစ်ပါတယ်။
#Lifestyle_Myanmar
#TB_Nandar
Related posts
ရီဟားနားနှင့် ဂျက်စတင်ဘီဘာတို့ V Festival တေးဂီတပွဲတော်တွင် ဖျော်ဖြေသွားမည်
OMCTC
ကိုယ့်ရင်ထဲက အချစ်တွေ အလွမ်းတွေကတော့ မင်းကပဲဖန်ဆင်းပေးတာ ဆိုတဲ့ အေးဝတ်ရည်သောင်း
Nandar Lwin
The Revenant ရုပ်ရှင်အဖြစ် လီယိုနာဒိုဒီကာပရီယို အော်စကာရမည်ဟု ထင်ကြေးပေးခံရ
OMCTC
Leave a Comment