25 C
Yangon
May 25, 2018
Technology News

iPhone 7 နဲ့ 7 Plus ရဲ့ Passcodes ကို hack နိုင်တဲ့ Device ထွက်ပေါ်

hack

EverythingApplePro က YouTube ပေါ်တွင် iPhone 7 နဲ့ 7 Plus ရဲ့ Passcodes ကို Hack နိုင်တဲ့ Device တစ်ခုကို ဗီဒီယိုရိုက်ပြီး ပြသခဲ့ပါတယ်။ Apple ကထုတ်လုပ်တဲ့ စမတ်ဖုန်းတော်တော်များများရဲ့ လုံခြုံရေးအပိုင်းဟာ အခြားဖုန်းတွေထက်ကိုပိုပြီး စိတ်ချလုံခြုံမှုရှိပါတယ်။ ဒါပေမဲ့ ယခုအခါမှာတော့ အဆိုပါ iPhone 7 နဲ့ 7 Plus ရဲ့ Passcodes ကို Unlock ပြုလုပ်နိုင်တဲ့ ကိရိယာထွက်ပေါ်လာပါပြီ။ ယခင်က ဆန်းဘာဒီနို လူသတ်မှုမှာ လက်နက်ကိုင်လူသတ်သမားကိုင်တဲ့ iPhone ကို Unlock ပြုလုပ်ဖို့အတွက် FBI က ဒေါ်လာသန်းပေါင်းများစွာ အကုန်ကျခံပြီး ပြုလုပ်ခဲ့ရပါတယ်။ ယခု ကိရိယာကတော့ ဒေါ်လာ ၅၀၀ သာရှိတာကြောင့် FBI က ကုန်ကျစရိတ်ထက် အများကြီးကို သက်သာမှုရှိပါတယ်။

အဆိုပါ ကိရိယာဟာ Third-part App ကို အသုံးပြုပြီး Brute Force Attack ဖြင့် တိုက်ခိုက်ကာ passcodes ကိုတစ်ပြိုင်နက် hack နိုင်တဲ့ USB ports သုံးခု ရှိပါတယ်။ EverythingApplePro ရဲ့
ဒီကိရိယာကို တီထွင်သူဟာ Password များကို အကြိမ်းပေါင်းများစွာ ခန့်မှန်းနိုင်ပြီး ဝင်ခွင့်ပြုနိုင်အောင် ဖုန်းရဲ့ Data recovery State ရဲ့ လုံခြုံရေးအားနည်းချက်ကို အသုံးချပြီး တီထွင်ခဲ့တာဖြစ်ပါတယ်။

ဒေါ်လာ ၁၀၀ သာရှိပြီးသင့်ဖုန်းနဲ့ ချိတ်ဆက်အသုံးပြုနိုင်မဲ့ လေဆာကီးဘုတ်

 အဆိုပါ အားနည်းချက်ကတော့ iOS ဗားရှင်းတော်တော်များများမှာ 10.33 နဲ့ 11 Beta ကို ထည့်သွင်းလေ့ရှိတာပဲဖြစ်ပါတယ်။ ဒါကြောင့် 10.33 နဲ့ 11 Beta ထည့်သွင်းထားတဲ့ ဟာကွက်ကို အခွင့်ကောင်းယူပြီး iPhone 7 နဲ့ 7 Plus ကို Hack နိုင်တာဖြစ်ပါတယ်။ Passcode ရှုပ်ထွေးမှုပေါ်မူတည်ပြီး ရက်အနည်းငယ်ကြာနိုင်ပါတယ်။
ဒါပေမဲ့ Apple ရဲ့ လုံခြုံရေးသုတေသနပညာရှင်တွေကတော့ ဒီအားနည်ချက်အပေါ် ပြင်ဆင်နိုင်မဲ့ အခွင့်အလမ်းတွေရှိပါသေးတယ်လို့ ဆိုပါတယ်။
Ref-techviral
#Thar_Nage

Related posts

လက်တွေ့မှာ ကြုံတွေ့နေရတဲ့ လမ်းဘေးအမှိုက်ပုံးတွေရဲ့ အနံ့အသက်ဆိုးတွေကိုဖြေရှင်းပေးမဲ့ မြေအောက်အမှိုက်သိမ်းစနစ်

Kyaw Htike Aung

စစ်အခြေစိုက်စခန်းများနဲ့ စီးပွားရေးနယ်ပယ်မှာ ထိုးဖောက်ဝင်ရောင်နေတဲ့ မောင်းသူမဲ့ Drone များကို အမေရိကန်မှတားဆီးပိတ်ပင်

Kyaw Htike Aung

သင့်ရဲ့ ဖုန်းကာဗာတွေကို သင်စိတ်တိုင်းကျ ကာလာမျိုးစုံနဲ့ ထုတ်လုပ်ပေးမဲ့ 3D Printer (Video)

Kyaw Htike Aung

Leave a Comment