25 C
Yangon
May 25, 2018
  • Home
  • Technology
  • Mobile Phone Review
  • HTC ရဲ့ စွမ်းဆောင်ရည်မြင့် U11 Solar Red မော်ဒယ်ကို သြဂုတ်လ ၂၆ရက်နေ့မှာ ကြိုတင်မှာယူနိုင်
Mobile Phone Review

HTC ရဲ့ စွမ်းဆောင်ရည်မြင့် U11 Solar Red မော်ဒယ်ကို သြဂုတ်လ ၂၆ရက်နေ့မှာ ကြိုတင်မှာယူနိုင်

U11 Solar Red

HTC U11 Solar Red မော်ဒယ်ကို အမေရိကန်နဲ့ ဗြိတိန်နိုင်ငံမှာရရှိပြီးနောက် ယခုအခါ အိန္ဒိယမှာ သြဂုတ်လ ၂၆ ရက်နေ့တွင် ၅၁၉၉၀ ရူပီ မြန်မာကျပ်ငွေ ၁၀သိန်းကျော်ဖြစ် ကြိုတင်မှာယူနိုင်ပါတယ်။ ဒါ့အပြင် ထိုင်ဝမ် OEM မှာတော့ အဆိုပါ မော်ဒယ်ကို ဝယ်ယူသူတိုင် ကားထဲမှာ အားသွင်းနိုင်တဲ့ 20W Car Charger ကို အခမဲ့ လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

U11 Solar Red
U11 Solar Red

HTC က စွမ်းဆောင်ရည်မြင့်စမတ်ဖုန်းဖြစ်တဲ့ U11 ကို မေလမှာ စတင်ထုတ်လုပ်ရောင်းချခဲ့တာဖြစ်ပြီး Amazing Silver, Sapphire Blue, Brilliant Black, Ice White နဲ့ Solar Red ဆိုပြီးအရောင်၅မျိုးထုတ်လုပ်ထားပါတယ်။အိန္ဒိယမှာ Blue နဲ့ Silver သာ ရောင်းချခဲ့တာဖြစ်ပြီး Solar Red အရောင်ကိုတော့ ယခုအခါမှ စတင်ရောင်းချခဲ့တာဖြစ်ပါတယ်။

ဈေးသက်သက်သာသာနဲ့ စွမ်းဆောင်ရည် အသင့်တင့် ရရှိနိုင်တဲ့ ZTE Blade Z Max တန်ဖိုးနည်းစမတ်ဖုန်း

 HTC U11 ဟာ အရွယ်အစား ၅.၅လက်မရှိတဲ့ Super LCD 5 QHD Display ကို တပ်ဆင်ထားပြီး 3D Corning Gorilla Glass 5 အလွှာဖြင့် ဖုံးအုပ်ထားပါတယ်။ အဆိုပါ စွမ်းဆောင်ရည်မြင့်စမတ်ဖုန်းကို Octa-Core Qualcomm Snapdragon 835 Processor ဖြင့်မောင်းနှင်ထားပြီး RAM 4GB နဲ့ 6GB ဆိုပြီး မော်ဒယ်နှစ်မျိုးထုတ်လုပ်ထားပါတယ်။ Built-in memory 128GB ပါဝင်ပြီး Android 7.1.1 Nougat ဖြစ် run ထားပါတယ်။ကင်မရာပိုင်းမှာတော့ ကျောဘက်ကင်မရာ 12MP နဲ့ အရှေ့ဘက်မှာတော့ 16MP ရှိတဲ့ Selfie Snapper ကင်မရာကို တပ်ဆင်ထားပါတယ်ပြီး 3000mAh ဘက်ထရီကို အသုံးပြုထားပါတယ်။ ဒါ့အပြင် အဆိုပါ စမတ်ဖုန်းဟာ IP67 လက်မှတ်ရရှိထားတာကြောင့် ဖုန်မှုန့်နဲ့ ရေစိုတဲ့ဒဏ်ကို ကောင်းစွာကာကွယ်နိုင်ပါတယ်။

Ref-Theandroidsou
#Thar_Nage

Related posts

BLACKBERRY KEYONE စမတ်ဖုန်းကို မေ ၃၁ ရက်တွင် ရောင်းချမည်

Kyaw Htike Aung

ကမ္ဘာ့ဈေးအကြီးဆုံး တန်ဖိုးကြီးဇိမ်ခံစမတ်ဖုန်းထုတ်လုပ်တဲ့ Vertu ကုမ္ပဏီကြီး ပိတ်သိမ်း

Kyaw Htike Aung

Galaxy S8 နဲ့ S8 Plus ထုတ်လုပ်ပြီးတဲ့နော် Galaxy S8 Mini Device အသစ်ကို မိတ်ဆက်ရန်ရှိ

Kyaw Htike Aung

Leave a Comment