25 C
Yangon
May 25, 2018
  • Home
  • Technology
  • Automobile
  • Ferrari ရဲ့ ဒီဇိုင်းပညာရှင်က တစ်စီးတည်း ဖန်တီးထားတဲ့ Kode 0 စူပါကားကို ပြသ
Automobile

Ferrari ရဲ့ ဒီဇိုင်းပညာရှင်က တစ်စီးတည်း ဖန်တီးထားတဲ့ Kode 0 စူပါကားကို ပြသ

Ferrari

Ferrari ရဲ့ ဒီဇိုင်းပညာရှင် တစ်ဦးဖြစ်တဲ့ ကန်အိုကူယာမာက ကိုယ်တိုင် ဖန်တီးထားတဲ့ တစ်စီးတည်းသော Kode 0 စူပါကားကို ထုတ်ဖော် ပြသသွားခဲ့ပါတယ်။

မွန်ထရီမှာ ကျင်းပတဲ့ The Quil ကားပြပွဲမှာ ငွေမင်ရောင် ကားအသစ်ကို အိုကူယာမာက ဂုဏ်ယူစွာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဂျပန်သား ဒီဇိုင်းပညာရှင်ဟာ Ferrari ရဲ့ နာမည်ကျော် Enzo မော်ဒယ်လ်ကို ဖန်တီးခဲ့သူပါ။

ဒီကားဟာ Lamborghini Aventador ပုံစံကို အခြေခံပြီး မြင်းကောင်ရေ ၇၀၀ အား V12 အင်ဂျင်ကို တပ်ဆင် အသုံးပြုထားတယ်လို့ ဆိုပါတယ်။ ကားရဲ့ အစိတ်အပိုင်းတွေမှာ ကာဘွန်ဖိုင်ဘာတွေလည်း ထည့်သွင်းပြီး တည်ဆောက်ထားတယ်။

လျှပ်စစ် ဟိုက်ပါကားတစ်စီး McLaren စတင် တည်ဆောက်နေပြီလို့ သတင်းထွက်

 Kode 0ဟာ ခေတ်သစ် စူပါကား ဒီဇိုင်းရေစီးကြောင်း အပြောင်းအလဲကို အကောင်းဆုံး ထင်ဟပ်စေမယ့် ပုံရိပ်တစ်ခုလို့ အိုကူယာမာက ညွှန်းဆိုခဲ့ပါတယ်။

ဒီကားရဲ့ ဝိသေသတွေ အနေနဲ့ ခပ်တိုတိုအမိုး၊ ကျဉ်းမြောင်းပြီး ဒေါက်လိုက်ကျကျ ဒီဇိုင်းထုတ်ထားတဲ့ LED မီးတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ နောက်မီးတွေကိုတော့ ပိုကျယ်ပြန့်တဲ့ အချိုးအဆက်မျိုးနဲ့ တွေ့နိုင်တယ်။

နောက်ထပ် ထူးခြားမှု တစ်ခုကတော့ အိတ်ဇောစနစ်ကို တြိဂံဆန်ဆန် ပုံစံမျိုး ဖန်တီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒီကားကို တစ်စီးတည်းပဲ ထုတ်လုပ်ထားပြီး နောက်ထပ် မူကွဲတွေ ဖန်တီးမှာ မဟုတ်ဘူးလို့ ဆိုတယ်။

အိုကူယာမာက Kode 0ကို ရောင်းချမယ်လို့ မကြေညာသေးပေမယ့် ဒေါ်လာ သိန်းဂဏန်းလောက်နဲ့ ဈေးသတ်မှတ် ကြေညာတာမျိုး ဖြစ်လာနိုင်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

Ref-7 Day Car

Related posts

ARX-05 ပြိုင်ကားရဲ့ Prototype နမူနာကို Acura မိတ်ဆက်

Kyaw Htike Aung

ဘီးနှစ်ဘီးတပ်ဆင်ထားတဲ့ C1 လျှပ်စစ်ကား (ခေါ်) မော်တော်ဆိုင်ကယ် (Video)

Kyaw Htike Aung

ရှားပါး Koenigsegg ဟိုက်ပါကားကို လေလံတင် ရောင်းချမယ့် မေဝယ်သာ

Kyaw Htike Aung

Leave a Comment