25 C
Yangon
May 25, 2018
  • Home
  • Technology
  • Automobile
  • Bugatti ရဲ့ ပထမဦးဆုံး ဒေါ်လာ ၃သန်းတန် Chiron စူပါကား
Automobile

Bugatti ရဲ့ ပထမဦးဆုံး ဒေါ်လာ ၃သန်းတန် Chiron စူပါကား

Bugatti

Bugatti Chiron စူပါကားဟာ ပြီးခဲ့တဲ့ဂျီနီဗာ မော်တော်ရှိုးမှာ မိတ်ဆက်ပြီး မနှစ်ကမှ ပေါ်ထွက်ခဲ့တာဖြစ်ပါတယ်။ Bugatti ရဲ့ နောက်ဆုံးပေါ် Chiron စူပါကားကိုအမေရိကန်က ကြိုတင်မှာယူခဲ့တာဖြစ်ပြီး ဒီကားကို ကယ်လီဖိုးနီးယားက Concours d’Elegance ကားပြပွဲမှာပြသခဲ့ပြီးနောက် ပိုင်ရှင်ဆီအပ်နှံပေးမှာဖြစ်ပါတယ်။

Chiron
Chiron

အဆိုပါကားရဲ့ ထူးခြားချက်ကတော့ အဝါရောင်တောက်တောက်ကို အနက်ရောင်နဲ့ ပေါင်းစပ်ဖန်တီးထားတာဖြစ်ပါတယ်။ ပုံမှန်ကတော့ Bugatti ဟာ Chiron စူပါကားရဲ့ စံသတ်မှတ်တဲ့အရောင်ကို အပြာရောင်သာ သတ်မှတ်လေ့ရှိပါတယ်။ Bugatti ရဲ့ စူပါကားဟာ အမေရိကန်မှာ ၂.၉၉၈ ဒေါ်လာတန်ဖိုးရှိပြီး တစ်ကမ္ဘာလုံးမှ အစီးရေ ၅၀၀ သာကန့်သတ်ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ အဝါနဲ့ အနက်ရောင်ခြယ်သထားတဲ့ Chiron ရဲ့ အတွင်းပိုင်းအပြင်ဆင်ကလည်း တောက်ပတဲ့ အဝါရောင် သားရေသားကို အသားပေးဖန်တီးထားပြီး အနားသတ်နေရာတွေကို အနက်ရောင်သားရေသားဖြင့် ပေါင်းစပ်ထားပါတယ်။

နေရောင်ခြည်စွမ်းအင်ဖြင့် မိုင် ၆၂၀ ကျော်ကျော်မောင်းနှင်နိုင်တဲ့ Stella Vie လျှပ်စစ်ကား

 
Bugatti ရဲ့ Chiron ဟာ Veyron ရဲ့ မျိုးဆက်သစ်ဖြစ်ပြီး ယခင်ဟိုက်ပါကားတွေထက် စွမ်းဆောင်ရည် ၂၅ ရာခိုင်နှုန်းပိုသာပါတယ်။ Chiron မှာ 8.0-liter Quad-Turo W16 အင်ဂျင်ကို တပ်ဆင်ထားပြီး မြင်းကောင်ရေ ၁၄၇၉ နဲ့ ၁၁၈၀ ပေါင်-ပေ ရုန်းအားကို ထုတ်လုပ်ပေးပါတယ်။ တစ်နာရီကို ၂၄၉ မိုင်မောင်းနှင်နိုင်ပြီး ရပ်ထားတဲ့နေရာမှ တစ်နာရီ ၆၂ မိုင်နှုန်းကို ၂.၅ စက္ကန့်အတွင်းမှာ အရှိန်မြှင့်တင်နိုင်ပါတယ်။ ထိပ်တန်းအမြန်နှုန်းဖြင့် တစ်နာရီကို ၂၆၀ မိုင်ထိ မောင်းနှင်နိုင်လို့ Bugatti ကဆိုထားပါတယ်။

Ref-Newatlas
#Thar_Nage

Related posts

Formula Racing 2017 (Android)

Kyaw Htike Aung

2020 ခုနှစ်အတွက် မိုးပျံကားထုတ်လုပ်ဖို့ အတွက် Toyota မှ ရင်းနှီးမြှုပ်နှံ (ရုပ်သံ)

Kyaw Htike Aung

ရေပေါ်ရေအောက် နှစ်မျိုးစလုံးမောင်းနှင်နိုင်တဲ့ HyperSub သင်္ဘော (Video)

Kyaw Htike Aung

Leave a Comment