“Boyfriend” ဒရမ္မာကားအသစ္မွာ တြဲဖက္သရုပ္ေဆာင္ၾကေတာ့မယ့္ ေဆာင္းေဟက်ိဳနဲ႔ ပတ္ခ္ဘိုဂြမ္

0
10

မင္းသမီးေဆာင္းေဟက်ိဳဟာ မင္းသား ပတ္ခ္ဘိုဂြမ္ႏွင့္အတူ Boyfriend ဆိုတဲ့ဒရမ္မာကားအသစ္မွာ ေခါင္းေဆာင္မင္းသား/မင္းသမီး အျဖစ္ပါဝင္သရုပ္ေဆာင္မယ္လို႔ သိရပါတယ္။ ေဆာင္းေဟက်ိဳႏွင့္ ပတ္ခ္ဘိုဂြမ္ဟာ Boyfriend မွာ အဓိက ေခါင္းေဆာင္အျဖစ္ သရုပ္ေဆာင္မွာျဖစ္ၿပီး ဘာမွမရွိတဲ့ သာမာန္အမ်ိဳးသားတစ္ေယာက္နဲ႔ ခ်မ္းသာတဲ့ မိသားစုက ေမြးဖြားလာတဲ့ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ဇာတ္လမ္းျဖစ္ပါတယ္။


ေဆာင္းေဟက်ိဳရဲ႕ဇာတ္ေကာင္ကေတာ့ Cha Soo Hyun ျဖစ္ၿပီး ခ်မ္းသာတဲ့မိသားစုကေန ေမြးဖြားလာၿပီးကြာရွင္းထားတဲ့ မိခင္တစ္ေယာက္ ျဖစ္ပါတယ္။ ဖခင္ရဲ႕စီးပြားေရးအလုပ္အတြက္နဲ႔ သူမရဲ႕ေပ်ာ္ရြင္မႈကို စေတးခဲ့ရၿပီး သူမမိခင္က ထိမ္းျမားလက္ထပ္ဖို႔ အတင္းအက်ပ္စီစဥ္ျခင္းကို ခံခဲ့ရပါတယ္။ သို႔ေသာ္လည္း Cha Soo Hyun ရဲ႕ခ်မ္းသာတဲ့ခင္ပြန္းက မၾကာခင္မွာပဲ သူမနဲ႔ ကေလးကို ထားခဲ့ပါတယ္။


ပတ္ခ္ဘိုဂြမ္ရဲ႕ဇာတ္ေကာင္ကေတာ့ Kim jin Hyuk ျဖစ္ၿပီး ကုမၸဏီေပါငး္စံုမွာ အလုပ္လိုက္ေလွ်ာက္ရင္း အခ်ိန္ပိုင္းအလုပ္အမ်ိဳးမ်ိဳးကို အလုပ္လုပ္တဲ့ သာမန္လူတစ္ေယာက္ျဖစ္ပါတယ္။ ကုမၸဏီေတြကေန ပယ္ခ်ခံရၿပီးေနာက္ သူဟာ ျပည္ပခရီးထြက္ခဲ့ၿပီး အမ်ိဳးသမီးတစ္ေယာက္နဲ႔ ေတြ႕ဆံုခဲ့ပါတယ္။ ဒီဒရမ္မာကားဟာ Descendants Of The Sun ႏွင့္ Love In The Moonlight ဇာတ္ကားၿပီးေနာက္ ေဆာင္းေဟက်ိဳနဲ႔ ပတ္ခ္ဘိုဂြမ္တို႔အတြက္ ပထမဆံုးဒရာမာကား ျဖစ္ပါတယ္။ ပရိတ္သတ္ေတြရဲ႕ စိတ္ဝင္စားမႈကို အမ်ားဆံုး ရရွိေနတဲ့ ကိုရီးယားဒရမ္မာကားအသစ္ ျဖစ္ပါတယ္။


ေဆာင္းေဟက်ိဳအတြက္ေတာ့ ပတ္ဘိုဂြမ္နဲ႔ အရင္းႏွီးဆံုးသူငယ္ခ်င္းျဖစ္တဲ့ ေဆာင္းဂၽြန္ကီႏွင့္ လက္ထပ္ၿပီးေနာက္ပိုင္းမွ ပထမဆံုး ပါဝင္သရုပ္ေဆာင္မယ့္ ဇာတ္လမ္းလည္း ျဖစ္ပါတယ္။


#Lifestyle_Myanmar
#TB_Nandar

Unicode

“Boyfriend” ဒရမ်မာကားအသစ်မှာ တွဲဖက်သရုပ်ဆောင်ကြတော့မယ့် ဆောင်းဟေကျိုနဲ့ ပတ်ခ်ဘိုဂွမ်
မင်းသမီးဆောင်းဟေကျိုဟာ မင်းသား ပတ်ခ်ဘိုဂွမ်နှင့်အတူ Boyfriend ဆိုတဲ့ဒရမ်မာကားအသစ်မှာ ခေါင်းဆောင်မင်းသား/မင်းသမီး အဖြစ်ပါဝင်သရုပ်ဆောင်မယ်လို့ သိရပါတယ်။ ဆောင်းဟေကျိုနှင့် ပတ်ခ်ဘိုဂွမ်ဟာ Boyfriend မှာ အဓိက ခေါင်းဆောင်အဖြစ် သရုပ်ဆောင်မှာဖြစ်ပြီး ဘာမှမရှိတဲ့ သာမာန်အမျိုးသားတစ်ယောက်နဲ့ ချမ်းသာတဲ့ မိသားစုက မွေးဖွားလာတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။
ဆောင်းဟေကျိုရဲ့ဇာတ်ကောင်ကတော့ Cha Soo Hyun ဖြစ်ပြီး ချမ်းသာတဲ့မိသားစုကနေ မွေးဖွားလာပြီးကွာရှင်းထားတဲ့ မိခင်တစ်ယောက် ဖြစ်ပါတယ်။ ဖခင်ရဲ့စီးပွားရေးအလုပ်အတွက်နဲ့ သူမရဲ့ပျော်ရွင်မှုကို စတေးခဲ့ရပြီး သူမမိခင်က ထိမ်းမြားလက်ထပ်ဖို့ အတင်းအကျပ်စီစဉ်ခြင်းကို ခံခဲ့ရပါတယ်။ သို့သော်လည်း Cha Soo Hyun ရဲ့ချမ်းသာတဲ့ခင်ပွန်းက မကြာခင်မှာပဲ သူမနဲ့ ကလေးကို ထားခဲ့ပါတယ်။
ပတ်ခ်ဘိုဂွမ်ရဲ့ဇာတ်ကောင်ကတော့ Kim jin Hyuk ဖြစ်ပြီး ကုမ္ပဏီပေါငး်စုံမှာ အလုပ်လိုက်လျှောက်ရင်း အချိန်ပိုင်းအလုပ်အမျိုးမျိုးကို အလုပ်လုပ်တဲ့ သာမန်လူတစ်ယောက်ဖြစ်ပါတယ်။ ကုမ္ပဏီတွေကနေ ပယ်ချခံရပြီးနောက် သူဟာ ပြည်ပခရီးထွက်ခဲ့ပြီး အမျိုးသမီးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီဒရမ်မာကားဟာ Descendants Of The Sun နှင့် Love In The Moonlight ဇာတ်ကားပြီးနောက် ဆောင်းဟေကျိုနဲ့ ပတ်ခ်ဘိုဂွမ်တို့အတွက် ပထမဆုံးဒရာမာကား ဖြစ်ပါတယ်။ ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုကို အများဆုံး ရရှိနေတဲ့ ကိုရီးယားဒရမ်မာကားအသစ် ဖြစ်ပါတယ်။
ဆောင်းဟေကျိုအတွက်တော့ ပတ်ဘိုဂွမ်နဲ့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တဲ့ ဆောင်းဂျွန်ကီနှင့် လက်ထပ်ပြီးနောက်ပိုင်းမှ ပထမဆုံး ပါဝင်သရုပ်ဆောင်မယ့် ဇာတ်လမ်းလည်း ဖြစ်ပါတယ်။
#Lifestyle_Myanmar
#TB_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here