25 C
Yangon
May 25, 2018
  • Home
  • Technology
  • Mobile Phone Review
  • BlackBerry က Touch Screen အပြည့်အဝ ပါဝင်တဲ့ စမတ်ဖုန်းအသစ်ကို လာမည့် အောက်တိုဘာလမှာ မိတ်ဆက်ပြသ
Mobile Phone Review

BlackBerry က Touch Screen အပြည့်အဝ ပါဝင်တဲ့ စမတ်ဖုန်းအသစ်ကို လာမည့် အောက်တိုဘာလမှာ မိတ်ဆက်ပြသ

BlackBerry

BlackBerry စမတ်ဖုန်းတွေ ထုတ်လုပ်နေတဲ့ TCL ကုမ္ပဏီ ဟာ လာမည့်အောက်တို့ဘာလမှာတော့ ကီးဘုတ်မပါဝင်ဘဲ Touch Screen ပဲအသုံးပြုထားတဲ့ BlackBerry စမတ်ဖုန်းအသစ်ကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။
“ယခုအချိန်ကစပြီး ၂လအတွင်းမှာ Touchscreen အပြည့်အဝပါဝင်တဲ့ ထုတ်ကုန်တွေကိုသာမိတ်ဆက်သွားမယ်လို့” TCL တစ်ကမ္ဘာလုံးဆိုင်ရာ ရောင်းချမှု အကြီးအကဲက ဘာလင်မြို့ရှိ Francois Mahieu က IFA Tech Conference မှာ အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

ဒါကတော့ အံ့သြေစရာမရှိပါဘူး ဘာလို့လဲဆိုတော့ BlackBerry က ၂၀၁၇ မှာ ထုတ်ကုန်သုံးမျိုးမိတ်ဆက်ပေးမယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပြောခဲ့ဖူးပါတယ်။ ဒီအောက်တိုဘာလမှာ မိတ်ဆက်မှာတော့ TCL ရဲ့ ပထမဦးဆုံး ထုတ်ကုန်လဲဖြစ်ပါတယ်။

လာမည့် ၂၀၁၈ မှာ ထွက်ပေါ်လာမဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး OnePlus 6 ရဲ့ အသေးစိတ်အချက်အလက်များ

TCL တရုတ်ကုမ္ပဏီဟာ Televisions နဲ့ Alcatel phones များကို ထုတ်လုပ်ပါတယ်။ ဖေဖော်ဝါရီလအတွင် Mobile World Congress မှာ KeyOne ကို မိတ်ဆက်ပြီးနောက်ပိုင်း BlackBerry ဖုန်းအမှတ်တံဆိပ်ကိုပြန်လည်ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ အကြမ်းအားဖြင့် KeyOne စမတ်ဖုန်းနဲ့ အတူတူလောက်ရှိမယ်ထင်ပါတယ်။ တကယ်တော့ ယနေ့ခေတ်မှာ ခလုတ်ကီးဘုတ်ပါဝင်တဲ့ဖုန်းဆိုတာ ရှားပါးပါတယ်။ ဒါပေမဲ့လဲ Samsung Galaxy S8, iPhone 7, 7 Plus တို့က High-end စမတ်ဖုန်းတွေဖြစ်ကြသလို လူကြိုက်ပိုများပါတယ်။ ဒါကြောင့် TCL ရဲ့ ထုတ်ကုန်တွေမှာ ကီးဘုတ်မပါဝင်ပဲ Touch Screen အပြည့်အဝပါဝင်တဲ့ စမတ်ဖုန်းတွေသာ ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။
Ref-Cnet
#Thar_Nage

Related posts

တရားဝင်မိတ်ဆက်လိုက်တဲ့ Xiaomi ရဲ့ နောက်ဆုံးပေါ် Mi 5x စမတ်ဖုန်း

Kyaw Htike Aung

၆.၄၆ လက်မ ရှိတဲ့ OLED Display နဲ့အတူ iPhone 9 ထွက်ရှိမယ်လို့ ကောလဟာလသတင်းများထွက်ပေါ်

Kyaw Htike Aung

Samsung Galaxy S8 နဲ့ Galaxy S8 Plus မှာ Quad HD+ Display , ရေစိုခံစနစ် နဲ့ Iris Scanner ပါဝင်လာကြောင်း တရားဝင်ကြေညာ

Kyaw Htike Aung

Leave a Comment