25 C
Yangon
May 25, 2018
  • Home
  • Technology
  • Automobile
  • ARX-05 ပြိုင်ကားရဲ့ Prototype နမူနာကို Acura မိတ်ဆက်
Automobile

ARX-05 ပြိုင်ကားရဲ့ Prototype နမူနာကို Acura မိတ်ဆက်

Acura

Acuraဟာ ပြိုင်ကားလောကရဲ့ ဂန္ထဝင် ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ရိုဂါပန်စ်ကီရဲ့ ပူးပေါင်း အကြံပေးမှုတွေနဲ့ ဖန်တီးထားတဲ့ Prototype နမူနာအဆင့် ပြိုင်ကားဒီဇိုင်းကို ပြသလိုက်ပါတယ်။ ARX-05 လို့ နာမည်ပေးထားတဲ့ ပြိုင်ကားဟာ လက်တွေ့ ထုတ်လုပ်တဲ့ အဆင့်ကို မရောက်သေးဘဲ မွမ်းမံ မြှင့်တင်နေဆဲ Prototype မော်ဒယ်လ်တစ်ခုပါ။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားမှာ ပြုလုပ်တဲ့ Concours d’Elegance ပြပွဲမှာ ARX-05ကို Acuraက ပထမဆုံးအကြိမ် ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။
Acuraနဲ့ ပန်စကီဟာ ပြိုင်ကား မော်ဒယ်လ်သစ် နှစ်မျိုးအတွက် ပူးပေါင်း ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီကားတွေဟာ လာမယ့်နှစ်မှာ ပြိုင်ပွဲဝင်ဖို့ အသင့်အနေအထား ဖြစ်လာဖွယ် ရှိနေတယ်။ ပထမဆုံး ပြိုင်ပွဲ အနေနဲ့ ဇန်နဝါရီမှာ ပြုလုပ်မယ့် Rolex 24မှာ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။

R1 650 စူပါကားကို ရောင်းတမ်းဝင်အဆင့် ထုတ်လုပ်ဖို့ ဘူလ်ဂေးရီးယား ကုမ္ပဏီ Sin Cars ကြိုးစားနေ

 ARX-05ဟာ 3.5-litre Twin-Turbo V6 အင်ဂျင်ကို တပ်ဆင်ထားပြီး ကိုယ်ထည် ဒီဇိုင်းကိုတော့ Acuraရဲ့ ကမ္ဘာလုံးဆိုင်ရာ ဖန်တီးမှု ဒီဇိုင်းဌာန အကြီးအကဲ ဒေ့ဗ်မာ့ခ်ရဲ့ အဖွဲ့က တာဝန်ယူ ရေးဆွဲခဲ့ပါတယ်။ ကားရဲ့ အထိုင် Chassisက Oreca 07 ပလက်ဖောင်းကို အခြေခံထားပါတယ်။
Hondaရဲ့ ဇိမ်ခံကား ဌာနခွဲဖြစ်တဲ့ Acuraဟာ ၁၉၉၁ ခုနှစ် ကတည်းက ကားပြိုင်ပွဲ တချို့မှာ ပါဝင် ယှဉ်ပြိုင်ခဲ့ပါတယ်။ ARX-05ကို Prototype မော်ဒယ်လ်တွေ သီးသန့် ယှဉ်ပြိုင်တဲ့ IMSA ပြိုင်ပွဲမှာပါ စမ်းသပ် ပြိုင်ဆိုင်စေမှာ ဖြစ်တာကြောင့် Nissan၊ Cadillac၊ Mazda အစရှိတဲ့ ပြိုင်ဘက်ကောင်းတွေနဲ့ ရင်ဆိုင်ရမယ်လို့လည်း သိရပါတယ်။
Ref-7 Day Car

Related posts

နှစ်ကုန်ပိုင်းမှာ Juke ရဲ့ Hybrid မျိုးကွဲအသစ်ကို Nissan ရောင်းချလာဖွယ်ရှိ

Kyaw Htike Aung

မကာအိုမှာ ကားအရောင်းပြခန်းအသစ် ဖွင့်လှစ်ခဲ့တဲ့ Lamborghini

Kyaw Htike Aung

စွမ်းဆောင်ရည်မြင့်ပြီး အဆင့်မြင့် နည်းပညာတော်တော်များများပါဝင်လာတဲ့ Audi ကား

Kyaw Htike Aung

Leave a Comment