25 C
Yangon
May 25, 2018
  • Home
  • Technology
  • Technology News
  • Apple ရဲ့ ဝန်ထမ်းများ ကြိုပို့နိုင်ရန်အတွက် ဖယ်ရီကားတွင် မောင်းသူမဲ့ နည်းပညာထည့်သွင်း
Automobile Technology News

Apple ရဲ့ ဝန်ထမ်းများ ကြိုပို့နိုင်ရန်အတွက် ဖယ်ရီကားတွင် မောင်းသူမဲ့ နည်းပညာထည့်သွင်း

Apple
Apple ဟာ ကိုင်တိုင်မောင်းသူမဲ့ကားကို တည်ဆောက်ဖို့ထက် မောင်းသူမဲ့ကားများမှာအလိုအလျောက်မောင်းနှင်နိုင်တဲ့နည်းပညာဆော့ဖ်ဝဲကို ထုတ်လုပ်ဖို့အတွက် ပိုပြီအာရုံစိုက်နေတာတွေ့ရပါတယ်။ အဆိုပါ သတင်းကို The New York Times မှာ Daisuke Wakabayashi ရဲ့ သတင်းအရ Apple ဟာ လက်ရှိရုံးချုပ်မှ ရုံးချုပ်အသစ်သို့ ဝန်ထမ်းများ ပို့များကြိုပို့နိုင်ရန်အတွက် အလိုအလျောက်မောင်းနှင်နိုင်တဲ့ ဖယ်ရီကားကို တီထွင်နေတာဖြစ်ပါတယ်။ အဆိုပါ မောင်းသူမဲ့ဝန်ထမ်းဖယ်ရီကားစီမံကိန်းကိုတော့ အတိုကောက် PAIL လို့ ခေါ်ပြီး Palo Alto to Infinite Loop လို့ အဓိပ္ပာယ်ရပါတယ်။ ဗန်ကားထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုမှာ Apple ရဲ့ မောင်းသူမဲ့နည်းပညာ ထည့်သွင်းမှာဖြစ်ပါတယ်။
Apple ဟာ မောင်းသူမဲ့ကားများ စမ်းသပ်ဖို့အတွက် တရားဝင်ခွင့်ပြုချက်ရရှိထားတာဖြစ်ပြီး Apple ရဲ့ မောင်းသူမဲ့နည်းပညာဆော့ဖ်ဝဲကို ယခုနှစ်အစောပိုင်းကာလထဲက အချို့ Lexuses ကားများမှာ ထည့်သွင်းမောင်းနှင်နေတာ ဖြစ်ပါတယ်။ ယခင်ကတော့ Apple ဟာ မောင်းသူမဲ့ကားများကို ကိုယ်တိုင်ထုတ်လုပ်ပြီး ကားနယ်ပယ်မှာ ကျွမ်းကျင်တဲ့ပညာရှင်တွေ ငှားရမ်းထားတယ်လို့ သတင်းတွေထွက်ရှိထားပေမဲ့ ယခုအခါမှာကိုယ်တိုင် ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ပြီး အခြားကားထုတ်လုပ်ရေးကုမ္ပဏီတွေရဲ့ ကားမှာ ၎င်းရဲ့ မောင်းသူမဲ့နည်းပညာသာ ထည့်သွင်း သွားမယ်လို့ သိရပါတယ်။
ကိုယ်ပိုင်မောင်းသူမဲ့ကားထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်တာဟာ Apple ကုမ္ပဏီတစ်ခုထဲမဟုတ်ပါဘူး Google ရဲ့ မောင်းသူမဲ့ကားကို တီထွင်နေတဲ့ Waymo ကလဲ ကားမှာ အသုံးပြုမဲ့ ဆော့ဖ်ဝဲကိုသာ အာရုံစိုက်ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။
 
Ref-Theverge
#Thar_Nage

Related posts

တစ်နာရီကို ၁၆၈မိုင်ထိမောင်းနှင်နိုင်ပြီး မောင်းနှင်သူကိုလဲ လုံခြုံမှုကို ပေးစွမ်းနိုင်တဲ့ Ecomobile

Kyaw Htike Aung

ထိုင်ဝမ် လမ်းမပေါ်မှာ မောင်းသူမဲ့ဘတ်စ်ကား စတင်စမ်းသပ်

Kyaw Htike Aung

LG Electronics က LG Day ကို မြန်မာ့ နာမည်ကြီး မျက်လှည့် ပညာရှင် Joker ၏ တင်ဆက်မှုဖြင့် ရန်ကုန်နှင့်မန္တလေးတို့၌ ကျင်းပခဲ့

OMCTC

Leave a Comment