25 C
Yangon
May 25, 2018
  • Home
  • Technology
  • Technology News
  • Android နဲ့ iPad Tablet အဟောင်းများကို အသုံးပြုနည်း ၁၀ နည်း
Technology News

Android နဲ့ iPad Tablet အဟောင်းများကို အသုံးပြုနည်း ၁၀ နည်း

Android

ယနေ့ခေတ်အသုံးပြုနေကြတဲ့ ဖုန်း၊ တက်ဘလက်လို Device တွေဟာ နေ့စဉ်နဲ့အမျှ နည်းပညာအသစ်၊ ဗားရှင်းအသစ်၊ မော်ဒယ်အသစ် အမျိုးမျိုးပြောင်းလဲထွက်ပေါ်နေပါတယ်။
အချိန်ကြာလာတာနဲ့အမျှ သင့်ကိုင်တဲ့ တက်ဘလက် ဒါမှမဟုတ် ဖုန်း ဟာ ဒိတ်အောက်နေပြီ အသုံးမဝင်တော့ဘူးလို့ ခံစားကြသူများရှိပါတယ်။ ဒါကြောင့်မို့ Today Bago ပရိတ်သတ်ကြီး
အတွက်မသုံးဖြစ်တော့တဲ့ ဖုန်းဟောင်း၊ တက်ဘက်လက်အဟောာင်းတို့ရဲ့ အသုံးချနည်း ၁၀ နည်းကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မီဒီယာများ ကြည့်ရှု့ခံစားဖို့အတွက်အသုံးပြုခြင်း


Android နဲ့ iOS များအတွက် များစွာသော Media Streaming App များရှိပါတယ်။ ဒီ App ထဲကမှ တစ်ခုကို install ပြုလုပ်ပြီး အွန်လိုင်းမှ ရုပ်ရှင်၊ ဗီဒီယို၊ သတင်း နှင့် သီချင်းများ ကြည့်ရှု့ခံစားနိုင်ရန်အတွက်အသုံးပြုပါ။

၂။ Remote တစ်ခုလိုအသုံးပြုခြင်း


ယနေ့ခင်မှာ တီဗီ၊ အဲယားကွန်း နဲ့ ရေခဲသေတ္တာ စတဲ့လျှပ်စစ်ပစ္စည်းတော်တော်များများဟာ စွမ်းဆောင်ရည်မြင့်လာတာကြောင့် သင့် စမတ်ဖုန်းနဲ့ ချိတ်ဆက်ပြီး Remote အဖြင့်အသုံးပြုနိုင်ပါတယ်။ အသုံးပြုနိုင်ရန်အတွက်လဲ
Android နဲ့ iOS အတွက် Remote App များစွာရှိပါတယ်။

၃။ Wifi အဖြင့်အသုံးပြုခြင်း


သင့်ရဲ့ Desktop PC ဟာ Wifi သို့မဟုတ် အင်တာနက် သုံးမရဘူးဆိုရင် သင့်ရဲ့ ဖုန်းအဟောင်း/တက်ဘလက်အဟောင်းကို ကြိုးဖြင့်ချိတ်ဆက်ပြီး အင်တာနက်အသုံးပြုနိုင်ပါတယ်။

၎။ ဒုတိယမော်နီတာအဖြစ်အသုံးပြုခြင်း


သင့် ရဲ့ Desktop PC/ Computer နဲ့ တက်ဘလက်အဟောင်းကို ကြိုးများ၊ App များဖြင့်ချိတ်ဆက်ပြီး နောက်ထပ် ဒုတိယမော်နီတာတစ်လုံးအနေနဲ့လည်းအသုံးပြုနိုင်ပါတယ်။

၅။ ဂိမ်းစက်တစ်ခုလိုအသုံးပြုခြင်း


Android နဲ့ iOS အတွက် နေ့စဉ် ဂိမ်းအမြောက်အများစွာ ထွက်ပေါ်နေပါတယ်။ ဒါကြောင့် သင့်ဖုန်း/တက်ဘလက်အဟောင်းကို ဂိမ်းစက်အဖြင့်အသုံးချနိုင်ပါတယ်။

၆။ စမတ်ဖုန်းဖြင့်ထိန်းချုပ်နိုင်တဲ့နေအိမ်သုံးပစ္စည်းများတွင်အသုံးပြုပါ


တီဗီ၊ အဲယားကွန်း၊ ရေခဲသေတ္တာ၊ မီးသီး၊ အိမ်တံခါး စတဲ့ Wifi ဖြင့် ထိန်းချုပ်ထားနိုင်တဲ့ လျှပ်စစ်ပစ္စည်းများစွာထွက်ပေါ်နေပါပြီ။ အဆိုပါ ပစ္စည်းတွေကို ထိန်းချုပ်ဖို့အတွက်လဲ သင့် ဖုန်း/တက်ဘလက်အဟောင်းကို အသုံးပြုနိုင်ပါတယ်။

၇။ လုံခြုံရေးကင်မရာအဖြစ်အသုံးပြုခြင်း


စမတ်ဖုန်း/ တက်ဘလက်အဟောင်းမှာ ကင်မရာပါရှိတဲ့အတွက်ကြောင့် သင့်အပြင်သွားတဲ့အခါ သင့်အိမ်ကို စောင့်ကြည့်ဖို့အတွက် ကင်မရာကို အသုံးချနိုင်ပါတယ်။ အဆိုပါ ဖုန်း/တဘက်လက်အဟောင်းကို သင့်အိမ်ရဲ့ တစ်နေရာရာမှ တပ်ဆင်ပြီး အင်တာနက်ချိတ်ဆက်ထားရမှာပါ။ ဒါမှ အဆိုပါ ဖုန်း/တက်ဘလက်ရဲ့ မြင်ကွင်းကို သင့်အသုံးပြုတဲ့ဖုန်းမှာ App ထည့်သွင်းပြီး ကြည့်ရှု့စစ်ဆေးနိုင်မှာဖြစ်ပါတယ်။

၈။ အသေးစား တီဗီအဖြင့်အသုံးပြုခြင်း


ရုပ်သံလိုင်း တော်တော်များများကို အွန်လိုင်းကနေ ထုတ်လွှင့်နေကြပြီဖြစ်ပါတယ်။ ဒါကြောင့်သင့်ဖုန်း/ တက်ဘလက်အဟောင်းမှ ရုပ်သံလိုင်းများဖမ်းယူကြည့်ရှု့နိုင်ပါတယ်။ ရုပ်သံလိုင်းကြည့်ရှု့ဖို့အတွက် Android, iOS app များစွာရှိပါတယ်။

၉။ စာအုပ်တစ်အုပ်လိုအသုံးပြုခြင်း


ယခုခေတ်မှာ စာအုပ်များအစား eBooks များကို အစားထိုးအသုံးပြုလာကြပါပြီ။ ဒါကြောင့် သင့်ဖုန်း/တက်ဘလက်အတွက် eBooks Reader များစွာရှိပြီး သင်ဖတ်ချင်တဲ့စားအုပ်မျိုးစုံကို ဖုန်း/တက်ဘလက်ဖြင့် ဖတ်သားနိုင်ပါတယ်။

၁၀။ Storage Device အဖြင့်အသုံးပြုခြင်း


သင့်ရဲ့ ဖုန်း/တက်ဘလက်အဟောင်းတွေမှာ Internal Storage နဲ့ External Storage များစွာပါရှိပါတယ်။ ဒါကြောင့် အဆိုပါ Device မှာ သင့်ရဲ့ Data များစွာကို သိမ်းဆည်းထားနိုင်ပါတယ်။

ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးခဲ့တဲ့ တရုတ်နိုင်ငံက စက်ရုပ်ကပွဲ

Ref-techvira
#Thar_Nage

Related posts

ကမ္ဘာကျော် Apple headphones တွေရဲ့ သင်မသိသေးတဲ့ လုပ်ဆောင်ချက် (၂၃) ချက်

Naung Naung

စမတ်ဖုန်း၊ တက်ဘလက် အားသွင်းနိုင်မဲ့ နေရောင်ခြည်စွမ်းအင်သုံး ကျောပိုးအိတ်

Kyaw Htike Aung

NASA က ဂြိုလ်သားများရှာဖွေတွေ့ရှိကြောင်းကြေညာ

Kyaw Htike Aung

Leave a Comment