ဝမ္းခ်ဳပ္ျခင္းကို သဘာဝအတိုင္း သက္သာေစမဲ့ နည္းလမ္း (၅) ခ်က္

0
13

ဝမ္းခ်ဳပ္ျခင္းဟာ ေနရထိုင္ရ မသက္သာျခင္းနဲ႔အတူ အက်င့္ပါသြားတတ္တဲ့ေဝဒနာတစ္ခုပါ။ နာတာရွည္ဝမ္းခ်ဳပ္ျခင္းေၾကာင့္ ဝမ္းဗိုက္နာက်င္မႈနဲ႔ ၾကြက္တက္ျခင္း၊ ပ်ိဳ႕အန္ျခင္း၊ ေသြးပါျခင္း နဲ႔ ႐ုတ္တရက္ ကိုယ္အေလးခ်ိန္ဆံုး႐ႈံးတဲ့ လကၡဏာေတြ ေနာက္ဆက္တြဲေပၚေပါက္လာတတ္ပါတယ္။ လူတစ္ေယာက္မွာ တပတ္မွာအမ်ားဆံုးသံုးႀကိမ္ေလာက္ပဲ ဝမ္းသြားလွ်င္ ဝမ္းခ်ဳပ္ျခင္းျဖစ္တယ္လို သတ္မွတ္ၿပီး ကုသဖို႔အတြက္ နာတာရွည္ဝမ္းခ်ဳပ္ျခင္းကို ျဖစ္ေစတဲ့ေနာက္ခံ အေၾကာင္းအရာေပၚ မူတည္ပါတယ္။

ေရာဂါလကၡဏာမ်ားအေနနဲ႔ ဝမ္းဗိုက္ေအာက္ပိုင္း မအီမသာျဖစ္ျခင္း၊ တပတ္လွ်င္သံုးႀကိမ္ေအာက္သာ ဝမ္းသြားျခင္း၊ ဝမ္းမာမာသြားျခင္း၊ အစာေဟာင္းအိမ္ထဲမွာ က်န္ေနသလိုခံစားရျခင္း၊ စိတ္ဖိစီးမႈမ်ားျခင္း စတဲ့ေဝဒနာေတြကို သံုးလေလာက္ေတြ႕ၾကံဳခံစားရရင္ေတာ့ နာတာရွည္ဝမ္းခ်ဳပ္ျခင္းလို႔ သတ္မွတ္ပါတယ္။ နာတာရွည္ဝမ္းခ်ဳပ္ျခင္းကို ျဖစ္ေစတဲ့ အေၾကာင္းရင္းေတြက စိတ္ဖိစီးမႈမ်ားျခင္း၊ ေလ့က်င့္ခန္း/ကိုယ္လက္လႈပ္ရွားမႈ နည္းပါးျခင္း၊ ႏို႔ထြက္ပစၥည္းေတြ အလြန္အကၽြံစားသံုးျခင္း၊ အမွ်င္ဓာတ္စားသံုးမႈနည္းပါးျခင္း၊ ေရဓါတ္ခမ္းေျခာက္ျခင္း၊ အစာစားခ်ိန္မမွန္ျခင္း၊ အစာေျခစနစ္မမွန္ျခင္း၊ အာ႐ံုေၾကာခ်ိဳ႕ယြင္းျခင္း၊ အူမႀကီးကင္ဆာ၊ ကိုယ္ဝန္ေဆာင္ျခင္း နဲ႔ ေဟာ္မုန္းအေျပာင္းလဲတို႔ေၾကာင့္ ျဖစ္ေစႏိုင္ၿပီး အျခားအေၾကာင္းရင္းေတြလည္း ရွိပါေသးတယ္။ ယခုလိုဝမ္းခ်ဳပ္ျခင္းကို သဘာဝအတိုင္း ကုသႏိုင္မယ့္ နည္းလမ္း (၅) ခ်က္ရွိပါတယ္။ အကယ္၍မသက္သာဘူးဆိုရင္ေတာ့ ဆရာဝန္နဲ႔ျပသၿပီး ကုသသင့္ပါတယ္။

၁။ သံပရာရည္
ေရဓါတ္ပိုမိုမ်ားစြာ ေသာက္သံုးဖို႔လိုအပ္ၿပီး ေရဓါတ္နဲ႔အတူအစာေျခစနစ္ကို လႈံ႕ေဆာ္ေပးႏိုင္တဲ့ သံပရာ၊သံပယို ေဖ်ာ္ရည္ကို ေန႔စဥ္ေသာက္သံုးေပးပါ။

၂။ ဆီ
ဆီအမ်ိဳးမ်ိဳးဟာလည္း ဝမ္းခ်ဳပ္ျခင္းကို သက္သာေစပါတယ္။ ငါးအဆီ သို႔မဟုတ္ အိုမီဂါ3 အဆီစတာေတြဟာ အစာေျခစနစ္ကို ကူညီေပးႏိုင္ပါတယ္။ တကယ္လို႔ ငါးရဲ႕အဆီကို အစားအေသာက္ေတြကေနတဆင့္ တိုက္႐ိုက္မရရွိႏိုင္ဘူး ဆိုရင္ေတာ့ အရည္အေသြးျမင့္တဲ့ ျဖည့္စြက္စာေတြ၊ ဗီတာမင္ေဆးဝါးေတြကို မွီဝဲဖို႔ လိုအပ္ပါတယ္။ ၾကက္ဆူဆီဟာလည္း အသက္အရြယ္ေၾကာင့္ ျဖစ္တဲ့ ဝမ္းခ်ဳပ္ျခင္းေဝဒနာကို သက္သာေစပါတယ္။

၃။ မဂၢနီဆီယမ္
မဂၢနီဆီယမ္ဟာ အံ့ဖြယ္ျဖည့္စြက္အာဟာရ ျဖစ္ပါတယ္။ ၎ဟာသင့္ခႏၶာကိုယ္ရဲ႕ ျဖစ္စဥ္ေပါင္း ၃၀၀ ေက်ာ္မွာ ပါဝင္ေနၿပီး အစာေျချခင္းစနစ္မွာလည္း ပါဝင္ပတ္သတ္ေနပါတယ္။ ကၽြန္ေတာ္တို႔စားေသာက္ေနတဲ့ အစားအစာေတြထဲမွာ မဂၢနီဆီယမ္ပါဝင္မႈ နည္းပါးျခင္းေၾကာင့္ ၈၀% ေလာက္ဟာ နာတာရွည္ အူနဲ႔ အူသိမ္ေရာဂါေတြကို ခံစားေနရပါတယ္။ ဒါေၾကာင့္ မဂၢနီစီယမ္ျမင့္မားစြာပါဝင္တဲ့ အေစ့၊ ပ်ားရည္၊ ပဲပင္ ႏွင့္ ဟင္းႏုနယ္လို အစိမ္းေရာင္အသီးအရြက္ေတြ ဆီကေန ၾကြယ္ဝစြာရရွိႏိုင္ပါတယ္။

၄။ ေလ့က်င့္ခန္းနဲ႔ ဝမ္းသြားခ်င္စိတ္
တပတ္လွ်င္ အနည္းဆံုး ၄ရက္ေလာက္ ေလ့က်င့္ခန္းပံုမွန္လုပ္ေပးဖို႔ လိုအပ္ပါတယ္။ ကိုယ္လက္လႈပ္ရွားမႈဟာ ၾကြက္သားေတြလႈပ္ရွားမႈကိုေကာင္းမြန္ေစ႐ံုသာမကပဲ တင္ပါးဆံုး႐ိုးၾကြက္သားေတြကိုပါ လႈံ႕ေဆာ္ေပးႏိုင္တာေၾကာင့္ တင္ပါးနဲ႕ အူထဲကၾကြက္သားေတြကို ပိုၿပီးသန္မာလာေစပါလိမ့္မယ္။ ဝမ္းသြားခ်င္စိတ္ျဖစ္လာတဲ့အခါတိုင္း ေအာင့္မထားမိပါေစနဲ႔။

၅။ အရည္အေသြးျမင့္တဲ့ ဖိုက္ဘာဓာတ္
ဖိုင္ဘာဓါတ္ေခၚ အမွ်င္ဓာတ္ဟာ ဝမ္းခ်ဳပ္ျခင္းကို ေပ်ာက္ကင္းဖို႔အတြက္ အေကာင္းဆံုးေဆးတစ္လက္ျဖစ္ၿပီး အမ်ိဳးသားတစ္ေယာက္လွ်င္ တစ္ရက္ကို ၃၈ ဂရမ္၊ အမ်ိဳးသမီးတစ္ေယာက္လွ်င္ တစ္ရက္ကို ၂၅ ဂရမ္ေလာက္ မွီဝဲသင့္ပါတယ္။ အမွ်င္ဓာတ္ပါတဲ့ အစားအစာေတြဟာ မစင္တံုးျဖစ္သြားေစၿပီး မ်ားျပားစြာစားသံုးမႈေၾကာင့္ မစင္အေလးခ်ိန္တိုးလာၿပီး ဝမ္းကိုလြယ္ကူစြာသြားေစမွာပါ။ ဒါ့အျပင္ေရကိုလည္း မ်ားျပားစြာေသာက္သံုးဖို႔အတြက္ အၾကံျပဳထားၿပီး တစ္ရက္လွ်င္ ေရ၈ေအာင္စေလာက္ ေန႕စဥ္ေသာက္သံုးေပးပါ။


#LM_Naung_Naung
#Lifestyle_Myanmar
Source-Brightside

သြားပိုးကိုလည္း ေသေစတဲ့အျပင္ အနံ႔ဆိုးေတြကိုပါ ဖယ္ရွားေပးတဲ့ သဘာဝနည္းလမ္းေတြ

ဝမ်းချုပ်ခြင်းဟာ နေရထိုင်ရ မသက်သာခြင်းနဲ့အတူ အကျင့်ပါသွားတတ်တဲ့ဝေဒနာတစ်ခုပါ။ နာတာရှည်ဝမ်းချုပ်ခြင်းကြောင့် ဝမ်းဗိုက်နာကျင်မှုနဲ့ ကြွက်တက်ခြင်း၊ ပျို့အန်ခြင်း၊ သွေးပါခြင်း နဲ့ ရုတ်တရက် ကိုယ်အလေးချိန်ဆုံးရှုံးတဲ့ လက္ခဏာတွေ နောက်ဆက်တွဲပေါ်ပေါက်လာတတ်ပါတယ်။ လူတစ်ယောက်မှာ တပတ်မှာအများဆုံးသုံးကြိမ်လောက်ပဲ ဝမ်းသွားလျှင် ဝမ်းချုပ်ခြင်းဖြစ်တယ်လို သတ်မှတ်ပြီး ကုသဖို့အတွက် နာတာရှည်ဝမ်းချုပ်ခြင်းကို ဖြစ်စေတဲ့နောက်ခံ အကြောင်းအရာပေါ် မူတည်ပါတယ်။
ရောဂါလက္ခဏာများအနေနဲ့ ဝမ်းဗိုက်အောက်ပိုင်း မအီမသာဖြစ်ခြင်း၊ တပတ်လျှင်သုံးကြိမ်အောက်သာ ဝမ်းသွားခြင်း၊ ဝမ်းမာမာသွားခြင်း၊ အစာဟောင်းအိမ်ထဲမှာ ကျန်နေသလိုခံစားရခြင်း၊ စိတ်ဖိစီးမှုများခြင်း စတဲ့ဝေဒနာတွေကို သုံးလလောက်တွေ့ကြုံခံစားရရင်တော့ နာတာရှည်ဝမ်းချုပ်ခြင်းလို့ သတ်မှတ်ပါတယ်။ နာတာရှည်ဝမ်းချုပ်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေက စိတ်ဖိစီးမှုများခြင်း၊ လေ့ကျင့်ခန်း/ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း၊ နို့ထွက်ပစ္စည်းတွေ အလွန်အကျွံစားသုံးခြင်း၊ အမျှင်ဓာတ်စားသုံးမှုနည်းပါးခြင်း၊ ရေဓါတ်ခမ်းခြောက်ခြင်း၊ အစာစားချိန်မမှန်ခြင်း၊ အစာခြေစနစ်မမှန်ခြင်း၊ အာရုံကြောချို့ယွင်းခြင်း၊ အူမကြီးကင်ဆာ၊ ကိုယ်ဝန်ဆောင်ခြင်း နဲ့ ဟော်မုန်းအပြောင်းလဲတို့ကြောင့် ဖြစ်စေနိုင်ပြီး အခြားအကြောင်းရင်းတွေလည်း ရှိပါသေးတယ်။ ယခုလိုဝမ်းချုပ်ခြင်းကို သဘာဝအတိုင်း ကုသနိုင်မယ့် နည်းလမ်း (၅) ချက်ရှိပါတယ်။ အကယ်၍မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီး ကုသသင့်ပါတယ်။

၁။ သံပရာရည်
ရေဓါတ်ပိုမိုများစွာ သောက်သုံးဖို့လိုအပ်ပြီး ရေဓါတ်နဲ့အတူအစာခြေစနစ်ကို လှုံ့ဆော်ပေးနိုင်တဲ့ သံပရာ၊သံပယို ဖျော်ရည်ကို နေ့စဉ်သောက်သုံးပေးပါ။

၂။ ဆီ
ဆီအမျိုးမျိုးဟာလည်း ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ ငါးအဆီ သို့မဟုတ် အိုမီဂါ3 အဆီစတာတွေဟာ အစာခြေစနစ်ကို ကူညီပေးနိုင်ပါတယ်။ တကယ်လို့ ငါးရဲ့အဆီကို အစားအသောက်တွေကနေတဆင့် တိုက်ရိုက်မရရှိနိုင်ဘူး ဆိုရင်တော့ အရည်အသွေးမြင့်တဲ့ ဖြည့်စွက်စာတွေ၊ ဗီတာမင်ဆေးဝါးတွေကို မှီဝဲဖို့ လိုအပ်ပါတယ်။ ကြက်ဆူဆီဟာလည်း အသက်အရွယ်ကြောင့် ဖြစ်တဲ့ ဝမ်းချုပ်ခြင်းဝေဒနာကို သက်သာစေပါတယ်။

၃။ မဂ္ဂနီဆီယမ်
မဂ္ဂနီဆီယမ်ဟာ အံ့ဖွယ်ဖြည့်စွက်အာဟာရ ဖြစ်ပါတယ်။ ၎င်းဟာသင့်ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်ပေါင်း ၃၀၀ ကျော်မှာ ပါဝင်နေပြီး အစာခြေခြင်းစနစ်မှာလည်း ပါဝင်ပတ်သတ်နေပါတယ်။ ကျွန်တော်တို့စားသောက်နေတဲ့ အစားအစာတွေထဲမှာ မဂ္ဂနီဆီယမ်ပါဝင်မှု နည်းပါးခြင်းကြောင့် ၈၀% လောက်ဟာ နာတာရှည် အူနဲ့ အူသိမ်ရောဂါတွေကို ခံစားနေရပါတယ်။ ဒါကြောင့် မဂ္ဂနီစီယမ်မြင့်မားစွာပါဝင်တဲ့ အစေ့၊ ပျားရည်၊ ပဲပင် နှင့် ဟင်းနုနယ်လို အစိမ်းရောင်အသီးအရွက်တွေ ဆီကနေ ကြွယ်ဝစွာရရှိနိုင်ပါတယ်။

၄။ လေ့ကျင့်ခန်းနဲ့ ဝမ်းသွားချင်စိတ်
တပတ်လျှင် အနည်းဆုံး ၄ရက်လောက် လေ့ကျင့်ခန်းပုံမှန်လုပ်ပေးဖို့ လိုအပ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုဟာ ကြွက်သားတွေလှုပ်ရှားမှုကိုကောင်းမွန်စေရုံသာမကပဲ တင်ပါးဆုံးရိုးကြွက်သားတွေကိုပါ လှုံ့ဆော်ပေးနိုင်တာကြောင့် တင်ပါးနဲ့ အူထဲကကြွက်သားတွေကို ပိုပြီးသန်မာလာစေပါလိမ့်မယ်။ ဝမ်းသွားချင်စိတ်ဖြစ်လာတဲ့အခါတိုင်း အောင့်မထားမိပါစေနဲ့။

၅။ အရည်အသွေးမြင့်တဲ့ ဖိုက်ဘာဓာတ်
ဖိုင်ဘာဓါတ်ခေါ် အမျှင်ဓာတ်ဟာ ဝမ်းချုပ်ခြင်းကို ပျောက်ကင်းဖို့အတွက် အကောင်းဆုံးဆေးတစ်လက်ဖြစ်ပြီး အမျိုးသားတစ်ယောက်လျှင် တစ်ရက်ကို ၃၈ ဂရမ်၊ အမျိုးသမီးတစ်ယောက်လျှင် တစ်ရက်ကို ၂၅ ဂရမ်လောက် မှီဝဲသင့်ပါတယ်။ အမျှင်ဓာတ်ပါတဲ့ အစားအစာတွေဟာ မစင်တုံးဖြစ်သွားစေပြီး များပြားစွာစားသုံးမှုကြောင့် မစင်အလေးချိန်တိုးလာပြီး ဝမ်းကိုလွယ်ကူစွာသွားစေမှာပါ။ ဒါ့အပြင်ရေကိုလည်း များပြားစွာသောက်သုံးဖို့အတွက် အကြံပြုထားပြီး တစ်ရက်လျှင် ရေ၈အောင်စလောက် နေ့စဉ်သောက်သုံးပေးပါ။

#LM_Naung_Naung
#Lifestyle_Myanmar
Source-Brightside

LEAVE A REPLY

Please enter your comment!
Please enter your name here