25 C
Yangon
June 22, 2018
  • Home
  • General Knowledge
  • ကိုယ့္ကိုယ္ကိုယံုၾကည္မႈ ျမင့္မားသူေတြ လုပ္ေလ့ရွိတ့ဲ အေလ့အထ (၁၀) ခ်က္
Featured General Knowledge Unique Things

ကိုယ့္ကိုယ္ကိုယံုၾကည္မႈ ျမင့္မားသူေတြ လုပ္ေလ့ရွိတ့ဲ အေလ့အထ (၁၀) ခ်က္


ကိုယ့္ကိုယ္ကို ယံုၾကည္မႈဆိုသည္မွာ တစ္စံုတစ္ေယာက္က ေအာင္ျမင္ဖို႔အတြက္ ယံုၾကည္တဲ့ စြမ္းရည္ပဲျဖစ္ပါတယ္။ ကိုယ့္ကိုယ္ကိုယံုၾကည္မႈ ျမင့္မားျခင္းဟာ ေအာင္ျမင္ဖို႔အတြက္ လမ္းစဆိုလည္းမမွားႏိုင္ပါဘူး။ ယခုလိုယံုၾကည္မႈျမင့္မားသူေတြ လုပ္ေလ့ရွိတဲ့ အေလ့အထေတြကို သင္ကိုယ္တိုင္ေလ့လာၾကည့္လွ်င္ သူတို႕ဘာေၾကာင့္ေအာင္ျမင္ေနရတယ္ ဆိုတဲ့လႈိ႕ဝွက္ခ်က္ကို သင္ေတြ႕ရပါလိမ့္မယ္။ တကယ္လို႔ သူတို႔ေတြေျပာတဲ့အခါ သင့္ကိုညွိဳ႕ယူဆြဲေဆာင္ႏိုင္ၿပီး သင္ေျပာတဲ့အခါ သူတို႔ကနားေထာင္ေပးတတ္ပါတယ္။ ဒါဟာႏွစ္ဦးႏွစ္ဖက္ အျပန္အလွန္ဆက္သြယ္မႈ တစ္ခုျဖစ္ၿပီး လူအမ်ားႀကီးေရွ႕မွာ စကားေျပာရင္ေတာင္မွ
တစ္ေယာက္ခ်င္စီတိုင္းရဲ႕ စိတ္ကိုလႊမ္းမိုးႏိုင္စြမ္း ရွိၾကပါတယ္။ သူတို႕ေတြလုပ္ေလ့ရွိတဲ့ အမူအက်င့္ေတြကို ေလ့လာၾကည့္ရေအာင္ပါ။

၁။ ကိုယ္လက္အမူအယာ (Body Language) ကိုမွန္ကန္ေအာင္သံုးျခင္း
စိတ္နဲ႔ခႏၶာကိုယ္ တစ္ထပ္တည္းက်ဖို႔ဆိုတာ လြယ္ကူတယ္လို႔ထင္ရေပမယ့္ တကယ္တည္းလူေတြကိုဆြဲေဆာင္ဖို႔အတြက္ ကိုယ္အမူအရာနဲ႔ ေဖာ္ျပျခင္းဟာ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈ ရွိမွသာျဖစ္ပါလိမ့္မယ္။ ဒီလိုစကားေျပာတဲ့အခါတိုင္း ကိုယ္လက္အမူအယာကို မွန္ကန္ေအာင္သံုးစြဲျခင္းဟာ ကိုယ့္ရဲ႕ယံုၾကည္မႈကိုျပသရာေရာက္ၿပီး အျခားသူေတြရဲ႕ယံုၾကည္မႈနဲ႔ စိတ္ဝင္စားမႈကို ဆြဲေဆာင္ႏိုင္စြမ္း ရွိပါတယ္။ ကမၻာေက်ာ္ပုဂၢိဳလ္ေတြ presenter ေတြစကားေျပာတဲ့ စတိုင္အမ်ိဳးမ်ိဳးကို ေလ့လာၾကည့္ရင္သိႏိုင္ၿပီး လူေတြကိုသိမ္းသြင္းဖို႔ ဘယ္ေလာက္အထိအေရးပါတယ္ဆိုတာ သင္သိလာပါလိမ့္မယ္။

၂။ စကားေခၚျခင္း
တစ္ဖက္တည္းက စကားေျပာျခင္းဟာ စိတ္ဝင္စားဖို႔မေကာင္းသလို ေလးစားမႈေလ်ာ့နည္းတယ္လို႔ သင္ခံစားမိမွာပါ။ သူတို႔ေတြကေတာ့ ဒါကိုေကာင္းေကာင္းနားလည္ပါတယ္။ လူတိုင္းမွာအေတြ႕အၾကံဳ၊ ဇာတ္လမ္းကိုယ္စီရွိၾကၿပီး ဒီလိုအျပန္အလွန္ေျပာဆိုျခင္းဟာ ကိုယ့္ဖက္ကိုပါေအာင္ ဆြဲေဆာင္ႏိုင္တယ္ဆိုတာ သိရွိၾကတာေၾကာင့္ သင့္ဆီကစကားေတြ သတၱိရွိရွိထြက္ေပၚလာေအာင္ သူတို႔ကလမ္းေၾကာင္းေပးတတ္ပါတယ္။ ဒါဟာလည္း လူမႈဆက္ဆံေရးကၽြမ္းက်င္မႈရဲ႕ ေသာ့ခ်က္တစ္ခုပါ။ ဒါေပမယ့္သင့္အေၾကာင္း အေသးစိတ္ကိုေတာ့ သူတို႔ကစပ္စုေနမွာ မဟုတ္ပါဘူး။

၃။ အျခားသူေတြကို အမွန္တကယ္စိတ္ဝင္စားတတ္တယ္
ကၽြန္ေတာ္တို႔ေတြဟာ အျခားတစ္ေယာက္က စကားေျပာေနတဲ့အခါတိုင္း စိတ္ဝင္စားသည္ျဖစ္ေစ၊ စိတ္မဝင္စားသည္ျဖစ္ေစ တစ္ခုခုကိုတံု႕ျပန္ဖို႔ ႀကိဳးစားတတ္ၾကပါတယ္။ ကၽြန္ေတာ္တို႔ ဘာေၾကာင့္ယခုလိုလုပ္ရတာလဲဆိုေတာ့ “စိတ္မသက္မသာနဲ႔ တိတ္ဆိတ္ေနျခင္း” ဟာ သဘာဝမက်တဲ့ခံစားမႈနဲ႔ လိုက္ေလ်ာညီေထြမျဖစ္တဲ့ ခံစားခ်က္ေတြ ျဖစ္ေပၚတာေၾကာင့္ ျဖစ္ပါတယ္။ အနည္းဆံုးေတာ့ လူမႈေရးေခါင္းပါးမႈကို ေက်ာ္လႊားဖို႔အတြက္လည္း ျဖစ္ႏိုင္ပါတယ္။ ဒီလိုဟန္ေဆာင္တဲ့တံု႕ျပန္မႈကို ေပးတဲ့အခါ ကိုယ့္ရဲ႕အသံက စိတ္ဝင္စားမႈေတြပါဝင္ေနရမွာျဖစ္သလို သူကိုလည္းသက္ေတာင့္သက္သာျဖစ္ေစႏိုင္မယ့္ စြမ္းအင္ေတြအသံုးျပဳရပါလိမ့္မယ္။ ဒီလိုအေျခအေနတိုင္းကို ျဖတ္ေက်ာ္ဖို႔အတြက္ ကိုယ့္ကိုယ္ကိုယံုၾကည္မႈရွိသူေတြကို ေလ့လာၾကည့္ႏိုင္ပါတယ္။

၄။ မီးေမာင္းထိုးျပျခင္းျဖင့္ မွ်ေဝတတ္တယ္
ယံုၾကည္မႈရွိသူေတြဟာ အျမဲတမ္းေတာ့ လူေတြရဲ႕အလယ္ဗဟို၊ သို႔မဟုတ္စင္ျမင့္မွာပဲ ရွိေနမွာမဟုတ္ပါဘူး။ ေက်ာင္းေတြမွာဆိုရင္ သင္ပိုသတိထားမိႏိုင္ပါတယ္။ ကိုယ့္ကိုယ္ကိုယံုၾကည္မႈ ျမင့္မားတဲ့ အမ်ိဳးသား၊ အမ်ိဳးသမီးေတြလည္းပဲ ကိုယ္က်ိဳးမငဲ့ဆံုးသူေတြျဖစ္တတ္ၾကၿပီး ကိုယ္သိထားတဲ့အဓိကအခ်က္၊ အၾကံဥာဏ္ကို လူအမ်ားၾကားထဲကေန ရက္ရက္ေရာေရာ မွ်ေဝေပးတတ္ၾကပါတယ္။ ေက်ာင္းသားေတြထဲကမွ အျခားသူေတြမစဥ္းစားမိတဲ့  အေကာင္းဆံုးအခ်က္ကို ထေျပာတတ္သူဆိုရင္ အျခားသူေတြရဲ႕မ်က္လံုးအားလံုးနဲ႔ စိတ္ေတြက သူ႕ဆီမွာပဲ ရွိေနတတ္ပါတယ္။ ဒီလိုမီးေမာင္းထိုးျပဖို႔အတြက္ စင္ေပၚထိေရာက္ေအာင္တက္ဖို႔ ႀကိဳးစားစရာမလိုေၾကာင္း သူတို႔ေကာင္းေကာင္းနားလည္ၾကပါတယ္။ ဒါဟာထင္ေပၚခ်င္လို႔မဟုတ္ပဲ ကိုယ့္ကိုယ္ကိုယံုၾကည္မႈအျဖစ္ နားလည္ေပးၿပီး အတုယူရမွာျဖစ္ပါတယ္။

၅။ စြမ္းအားျပည့္တဲ့ မက္ေဆ့တစ္ခုအျမဲရွိတတ္တယ္
စြမ္းအားျပည့္တဲ့ မက္ေဆ့တစ္ခုေပးဖို႔အတြက္ အျခားနာမည္ႀကီးစာေရးဆရာတစ္ခ်ိဳ႕လို႔ ကိုယ့္ကိုယ္ကိုၾကြားဝါၿပီးမွ ကိုယ့္အေၾကာင္းထဲကေန အသိတရားတစ္ခု ေပးဖို႔မလိုအပ္ဖူးလို႔ ထင္ပါတယ္။ တကယ္ဆိုရင္ ကိုယ့္ကိုယ္ကိုယ္ႏွိပ္ခ်ျခင္းျဖင့္ လူေတြရဲ႕စိတ္ဝင္စားမႈကို ရယူၿပီးေနာက္ဆံုးးျမားတစ္စင္းကေတာ့ သူတို႔အတြက္ inspire ျဖစ္ေစမယ့္ စကားမ်ိဳးကို ေျပာဖို႔လိုအပ္ပါတယ္။ ဒီလိုေျပာတဲ့အခါ ကိုယ္က်ိဳးမငဲ့ပဲ ေျပာရမွာျဖစ္ၿပီး အျခားသူေတြဆက္စပ္စဥ္းစားၿပီးမွ စိတ္လႈပ္ရွားသြားေစမယ့္ အေၾကာင္းအရာဆိုပိုေကာင္းပါတယ္။ ဒါဟာကိုယ့္ကိုယ္ကိုယံုၾကည္မႈ ျမင့္မားသူေတြျပဳလုပ္ေလ့ရွိတဲ့ နည္းလမ္းတစ္ခုပါ။

၆။ တက္ၾကြစြာနားေထာင္တတ္သူေတြျဖစ္တယ္
Experimental Social Psychology ဂ်ာနယ္ကထုတ္ေဝခဲ့တဲ့ ေလ့လာမႈတစ္္ခုအရ စိတ္ဝင္စားမႈကိုေဖာ္ျပျခင္းနဲ႔ ေမးခြန္းေတြေမးျခင္းဟာ ပါဝင္သူေတြရဲ႕ စိတ္ကူးစိတ္သန္းေတြကို ပိုၿပီးဖြင့္လွစ္ေပးရာေရာက္ၿပီး ေျပာသူနဲ႔ စကားလက္ဆံုက်ဖို႔အတြက္ ပိုထိေရာက္တဲ့အရာျဖစ္ပါတယ္။ ကိုယ္ကခ်ည္းပဲေျပာေနရင္ေတာ့ သိပ္အဆင္မေျပပါဘူး။ တနည္းအားျဖင့္ေျပာရရင္ နည္းနည္းေျပာၿပီး မ်ားမ်ားနားေထာင္တာကို ဆိုလိုတာပါ။

၇။ အမွန္ကို လိုအပ္တဲ့အတြက္ ေမ့ေလ်ာ့ေပးတတ္ၾကတယ္
သိပၸံနည္းက်တဲ့ ေလ့လာမႈတစ္ခုရွိပါတယ္။ Emory University ရဲ႕ေလ့လာမႈအရ လူသားရဲ႕ဦးေႏွာက္ဟာ သူတို႔လက္ကိုင္ထားတဲ့အေၾကာင္းအရာရဲ႕ အက်ိဳးအတြက္ တံု႕ျပန္မႈေတြတိုင္းကို Fight to fight စကားနဲ႔ရင္ဆိုင္ အႏိုင္ယူဖို႔အတြက္ တံု႕ျပန္မႈေတြ ျပဳလုပ္ေပးပါတယ္။ ႐ိုး႐ိုးေလးေျပာရရင္ အၿပီးအပိုင္ေလာင္ကၽြမ္းႏိုင္ဖို႔အတြက္ စိတ္ဆႏၵကိေလသာကို ေလာင္စာထည့္ေပးသလိုပါပဲ။ဒါေၾကာင့္ပဲ ယံုၾကည္မႈနည္းပါးသူေတြဟာအမွန္တရားတစ္ခုျဖစ္ဖို႔အတြက္ က်ိဳးေၾကာင္းဆင္ျခင္မႈေတြ၊ မသက္ဆိုင္တဲ့သက္ေသအေထာက္အထားေတြကို ျပသႏိုင္ဖို႔ ႀကိဳးစားၾကတာပါ။ ကိုယ့္ကိုယ္ကိုယံုၾကည္မႈရွိသူ အမ်ားစုကေတာ့ စိတ္ခံစားခ်က္ကို မ်ားစြာဖိႏွိပ္ႏိုင္ၾကၿပီး အျခားသူေတြရဲ႕ ဆန္႔က်င္ဖက္႐ႈေထာင္နဲ႔ထိပ္တိုက္ေတြ႕ၿပီး ဆက္ဆံေရးပ်က္ယြင္းမႈအစား
ေရွရွည္ဆက္ဆံေရးတည္တံ့ဖို႔နဲ႔၊ ေစ့စပ္ေျပလည္ဖို႔ ေရြးခ်ယ္တတ္ၾကပါတယ္။ ဒါေပမယ့္ အမွန္တရားတစ္ခုခုကိုေတာ့ သူတို႔ေတြတနည္းနည္းနဲ႔ သိရွိေအာင္ လုပ္တတ္ၾကပါတယ္။

၈။ အေကာင္းျမင္စိတ္ဓာတ္၊ အေတြးအေခၚနဲ႔ စတင္တတ္တယ္
ေန႔တစ္ေန႔ရဲ႕အစမွာပဲ အေကာင္းျမင္စိတ္နဲ႔ စတင္ျခင္းဟာ ေန႔တစ္ေန႔ အဆိုးေတြကိုေတာင္ ပိုၿပီးလြယ္ကူသြားေစႏိုင္ပါတယ္။ လူေတြနဲ႔ကၽြန္ေတာ္တို႔ စတင္ဆက္ဆံတဲ့အခါ အေကာင္းျမင္စိတ္၊ လုပ္ေဆာင္မႈေတြက စိတ္ရင္းမွန္မႈေတြ၊ ေလးစားမႈေတြ၊ နဲ႔အျပဳသေဘာေဆာင္တဲ့ သက္ေရာက္မႈေတြကို ကၽြန္ေတာ္တို႔သြားေလရာမွာ က်န္ခဲ့ေစပါတယ္။

၉။ အားနည္းခ်က္ေတြကို ျပသျခင္း
ကိုယ့္ရဲ႕အားနည္းခ်က္ေတြကို ျပသျခင္းဟာ အားနည္းမႈဆန္တဲ့လုပ္ေဆာင္ခ်က္မဟုတ္ေၾကာင္းကို လူအမ်ားစုယံုၾကည္ဖို႔အတြက္ ေဝးကြာေနဆဲပါ။ ဒါဟာအရမ္းကိုလူသားဆန္တဲ့ ေဆာင္ရြက္မႈျဖစ္ၿပီး ခ်စ္စရာေကာင္းမႈနဲ႔ ဆြဲေဆာင္မႈႏွစ္ခုလံုး ျဖစ္ေစတတ္ပါတယ္။ ယံုၾကည္ခ်က္တစ္ခုထူေထာင္ဖို႔ဆိုရင္ ကိုယ့္ရဲ႕အားနည္းခ်က္ေတြကို ေဖာ္ျပရဲရမွာျဖစ္ၿပီး ကိုယ့္ကိုယ္ကိုယံုၾကည္မႈ ပိုရွိလာေစမယ္လို႔ အၾကံေပးခ်င္ပါတယ္။ ကိုယ့္ရဲ႕အားနည္းခ်က္ေတြကို ျပသျခင္းျဖင့္လည္း စြမ္းအားရွိတဲ့ message တစ္ခုကို ပိုေဆာင္ေပးႏိုင္ပါလိမ့္မယ္။ ကိုယ္ဟာအရာရာ ၿပီးျပည္စံုမႈမရွိတာက အဆင္ေျပပါတယ္။ တစ္ခုပါပဲ ကိုယ့္ကိုယ္ကိုေတာ့မုန္းတီးၿပီး
အားနည္းခ်က္ေတြအတြက္ စိတ္ကိုပိုၿပီး မခက္ခဲပါေစနဲ႔။

၁၀။ အျပံဳး
ဒီတစ္ခုကေတာ့ အံ့အားသင့္စရာႀကီးႀကီးမားမား မရွိႏိုင္ပါဘူး။ ကိုယ့္ကိုယ္ကိုယံုၾကည္မႈ ျမင့္မားသူေတြဟာ အျခားသူေတြအားက်ေလာက္ေအာင္ ေပ်ာ္ရြင္ေနတတ္ၾကၿပီး အျမဲတမ္းအျပံဳးနဲ႔ ႏႈတ္ဆက္တတ္ၾကပါတယ္။ အနည္းငယ္ေလာက္ပဲ ျပံဳးရင္ေတာင္မွ အျခားသူေတြရဲ႕ စိတ္တင္းမာမႈကို ခ်က္ခ်င္းေလ်ာ့ခ်ေပးႏိုင္ၿပီး သင္ေျပာစရာရွိတာေတြကို နားေထာင္လိုတဲ့ ဆႏၵရွိလာေစပါတယ္။ သူတို႔ေျပာတာနားေထာင္ရင္လည္းပဲ ယံုၾကည္မႈတစ္ခု ထူေထာင္ဖို႔အတြက္ ပိုၿပီးအဓိပၸာယ္ရွိလာေစမွာပါ။

#LM_Naung_Naung
#Lifestyle_Myanmar

Source-Powerofpossitively

ကိုယ့်ကိုယ်ကို ယုံကြည်မှုဆိုသည်မှာ တစ်စုံတစ်ယောက်က အောင်မြင်ဖို့အတွက် ယုံကြည်တဲ့ စွမ်းရည်ပဲဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှု မြင့်မားခြင်းဟာ အောင်မြင်ဖို့အတွက် လမ်းစဆိုလည်းမမှားနိုင်ပါဘူး။ ယခုလိုယုံကြည်မှုမြင့်မားသူတွေ လုပ်လေ့ရှိတဲ့ အလေ့အထတွေကို သင်ကိုယ်တိုင်လေ့လာကြည့်လျှင် သူတို့ဘာကြောင့်အောင်မြင်နေရတယ် ဆိုတဲ့လှို့ဝှက်ချက်ကို သင်တွေ့ရပါလိမ့်မယ်။ တကယ်လို့ သူတို့တွေပြောတဲ့အခါ သင့်ကိုညှို့ယူဆွဲဆောင်နိုင်ပြီး သင်ပြောတဲ့အခါ သူတို့ကနားထောင်ပေးတတ်ပါတယ်။ ဒါဟာနှစ်ဦးနှစ်ဖက် အပြန်အလှန်ဆက်သွယ်မှု တစ်ခုဖြစ်ပြီး လူအများကြီးရှေ့မှာ စကားပြောရင်တောင်မှ
တစ်ယောက်ချင်စီတိုင်းရဲ့ စိတ်ကိုလွှမ်းမိုးနိုင်စွမ်း ရှိကြပါတယ်။ သူတို့တွေလုပ်လေ့ရှိတဲ့ အမူအကျင့်တွေကို လေ့လာကြည့်ရအောင်ပါ။

ကၽြန္ေတာ္တို႕ရဲ႕ဦးေႏွာက္ကို ပိုမိုဖြံ႕ၿဖိဳးႏိုင္ေစမယ့္ အေကာင္းဆံုး၀ါသနာ(၇) ခု

၁။ ကိုယ်လက်အမူအယာ (Body Language) ကိုမှန်ကန်အောင်သုံးခြင်း
စိတ်နဲ့ခန္ဓာကိုယ် တစ်ထပ်တည်းကျဖို့ဆိုတာ လွယ်ကူတယ်လို့ထင်ရပေမယ့် တကယ်တည်းလူတွေကိုဆွဲဆောင်ဖို့အတွက် ကိုယ်အမူအရာနဲ့ ဖော်ပြခြင်းဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိမှသာဖြစ်ပါလိမ့်မယ်။ ဒီလိုစကားပြောတဲ့အခါတိုင်း ကိုယ်လက်အမူအယာကို မှန်ကန်အောင်သုံးစွဲခြင်းဟာ ကိုယ့်ရဲ့ယုံကြည်မှုကိုပြသရာရောက်ပြီး အခြားသူတွေရဲ့ယုံကြည်မှုနဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်စွမ်း ရှိပါတယ်။ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေ presenter တွေစကားပြောတဲ့ စတိုင်အမျိုးမျိုးကို လေ့လာကြည့်ရင်သိနိုင်ပြီး လူတွေကိုသိမ်းသွင်းဖို့ ဘယ်လောက်အထိအရေးပါတယ်ဆိုတာ သင်သိလာပါလိမ့်မယ်။

၂။ စကားခေါ်ခြင်း
တစ်ဖက်တည်းက စကားပြောခြင်းဟာ စိတ်ဝင်စားဖို့မကောင်းသလို လေးစားမှုလျော့နည်းတယ်လို့ သင်ခံစားမိမှာပါ။ သူတို့တွေကတော့ ဒါကိုကောင်းကောင်းနားလည်ပါတယ်။ လူတိုင်းမှာအတွေ့အကြုံ၊ ဇာတ်လမ်းကိုယ်စီရှိကြပြီး ဒီလိုအပြန်အလှန်ပြောဆိုခြင်းဟာ ကိုယ့်ဖက်ကိုပါအောင် ဆွဲဆောင်နိုင်တယ်ဆိုတာ သိရှိကြတာကြောင့် သင့်ဆီကစကားတွေ သတ္တိရှိရှိထွက်ပေါ်လာအောင် သူတို့ကလမ်းကြောင်းပေးတတ်ပါတယ်။ ဒါဟာလည်း လူမှုဆက်ဆံရေးကျွမ်းကျင်မှုရဲ့ သော့ချက်တစ်ခုပါ။ ဒါပေမယ့်သင့်အကြောင်း အသေးစိတ်ကိုတော့ သူတို့ကစပ်စုနေမှာ မဟုတ်ပါဘူး။

၃။ အခြားသူတွေကို အမှန်တကယ်စိတ်ဝင်စားတတ်တယ်
ကျွန်တော်တို့တွေဟာ အခြားတစ်ယောက်က စကားပြောနေတဲ့အခါတိုင်း စိတ်ဝင်စားသည်ဖြစ်စေ၊ စိတ်မဝင်စားသည်ဖြစ်စေ တစ်ခုခုကိုတုံ့ပြန်ဖို့ ကြိုးစားတတ်ကြပါတယ်။ ကျွန်တော်တို့ ဘာကြောင့်ယခုလိုလုပ်ရတာလဲဆိုတော့ “စိတ်မသက်မသာနဲ့ တိတ်ဆိတ်နေခြင်း” ဟာ သဘာဝမကျတဲ့ခံစားမှုနဲ့ လိုက်လျောညီထွေမဖြစ်တဲ့ ခံစားချက်တွေ ဖြစ်ပေါ်တာကြောင့် ဖြစ်ပါတယ်။ အနည်းဆုံးတော့ လူမှုရေးခေါင်းပါးမှုကို ကျော်လွှားဖို့အတွက်လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုဟန်ဆောင်တဲ့တုံ့ပြန်မှုကို ပေးတဲ့အခါ ကိုယ့်ရဲ့အသံက စိတ်ဝင်စားမှုတွေပါဝင်နေရမှာဖြစ်သလို သူကိုလည်းသက်တောင့်သက်သာဖြစ်စေနိုင်မယ့် စွမ်းအင်တွေအသုံးပြုရပါလိမ့်မယ်။ ဒီလိုအခြေအနေတိုင်းကို ဖြတ်ကျော်ဖို့အတွက် ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိသူတွေကို လေ့လာကြည့်နိုင်ပါတယ်။

၄။ မီးမောင်းထိုးပြခြင်းဖြင့် မျှဝေတတ်တယ်
ယုံကြည်မှုရှိသူတွေဟာ အမြဲတမ်းတော့ လူတွေရဲ့အလယ်ဗဟို၊ သို့မဟုတ်စင်မြင့်မှာပဲ ရှိနေမှာမဟုတ်ပါဘူး။ ကျောင်းတွေမှာဆိုရင် သင်ပိုသတိထားမိနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှု မြင့်မားတဲ့ အမျိုးသား၊ အမျိုးသမီးတွေလည်းပဲ ကိုယ်ကျိုးမငဲ့ဆုံးသူတွေဖြစ်တတ်ကြပြီး ကိုယ်သိထားတဲ့အဓိကအချက်၊ အကြံဉာဏ်ကို လူအများကြားထဲကနေ ရက်ရက်ရောရော မျှဝေပေးတတ်ကြပါတယ်။ ကျောင်းသားတွေထဲကမှ အခြားသူတွေမစဉ်းစားမိတဲ့  အကောင်းဆုံးအချက်ကို ထပြောတတ်သူဆိုရင် အခြားသူတွေရဲ့မျက်လုံးအားလုံးနဲ့ စိတ်တွေက သူ့ဆီမှာပဲ ရှိနေတတ်ပါတယ်။ ဒီလိုမီးမောင်းထိုးပြဖို့အတွက် စင်ပေါ်ထိရောက်အောင်တက်ဖို့ ကြိုးစားစရာမလိုကြောင်း သူတို့ကောင်းကောင်းနားလည်ကြပါတယ်။ ဒါဟာထင်ပေါ်ချင်လို့မဟုတ်ပဲ ကိုယ့်ကိုယ်ကိုယုံကြည်မှုအဖြစ် နားလည်ပေးပြီး အတုယူရမှာဖြစ်ပါတယ်။

၅။ စွမ်းအားပြည့်တဲ့ မက်ဆေ့တစ်ခုအမြဲရှိတတ်တယ်
စွမ်းအားပြည့်တဲ့ မက်ဆေ့တစ်ခုပေးဖို့အတွက် အခြားနာမည်ကြီးစာရေးဆရာတစ်ချို့လို့ ကိုယ့်ကိုယ်ကိုကြွားဝါပြီးမှ ကိုယ့်အကြောင်းထဲကနေ အသိတရားတစ်ခု ပေးဖို့မလိုအပ်ဖူးလို့ ထင်ပါတယ်။ တကယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်နှိပ်ချခြင်းဖြင့် လူတွေရဲ့စိတ်ဝင်စားမှုကို ရယူပြီးနောက်ဆုံးးမြားတစ်စင်းကတော့ သူတို့အတွက် inspire ဖြစ်စေမယ့် စကားမျိုးကို ပြောဖို့လိုအပ်ပါတယ်။ ဒီလိုပြောတဲ့အခါ ကိုယ်ကျိုးမငဲ့ပဲ ပြောရမှာဖြစ်ပြီး အခြားသူတွေဆက်စပ်စဉ်းစားပြီးမှ စိတ်လှုပ်ရှားသွားစေမယ့် အကြောင်းအရာဆိုပိုကောင်းပါတယ်။ ဒါဟာကိုယ့်ကိုယ်ကိုယုံကြည်မှု မြင့်မားသူတွေပြုလုပ်လေ့ရှိတဲ့ နည်းလမ်းတစ်ခုပါ။

၆။ တက်ကြွစွာနားထောင်တတ်သူတွေဖြစ်တယ်
Experimental Social Psychology ဂျာနယ်ကထုတ်ဝေခဲ့တဲ့ လေ့လာမှုတစ််ခုအရ စိတ်ဝင်စားမှုကိုဖော်ပြခြင်းနဲ့ မေးခွန်းတွေမေးခြင်းဟာ ပါဝင်သူတွေရဲ့ စိတ်ကူးစိတ်သန်းတွေကို ပိုပြီးဖွင့်လှစ်ပေးရာရောက်ပြီး ပြောသူနဲ့ စကားလက်ဆုံကျဖို့အတွက် ပိုထိရောက်တဲ့အရာဖြစ်ပါတယ်။ ကိုယ်ကချည်းပဲပြောနေရင်တော့ သိပ်အဆင်မပြေပါဘူး။ တနည်းအားဖြင့်ပြောရရင် နည်းနည်းပြောပြီး များများနားထောင်တာကို ဆိုလိုတာပါ။

၇။ အမှန်ကို လိုအပ်တဲ့အတွက် မေ့လျော့ပေးတတ်ကြတယ်
သိပ္ပံနည်းကျတဲ့ လေ့လာမှုတစ်ခုရှိပါတယ်။ Emory University ရဲ့လေ့လာမှုအရ လူသားရဲ့ဦးနှောက်ဟာ သူတို့လက်ကိုင်ထားတဲ့အကြောင်းအရာရဲ့ အကျိုးအတွက် တုံ့ပြန်မှုတွေတိုင်းကို Fight to fight စကားနဲ့ရင်ဆိုင် အနိုင်ယူဖို့အတွက် တုံ့ပြန်မှုတွေ ပြုလုပ်ပေးပါတယ်။ ရိုးရိုးလေးပြောရရင် အပြီးအပိုင်လောင်ကျွမ်းနိုင်ဖို့အတွက် စိတ်ဆန္ဒကိလေသာကို လောင်စာထည့်ပေးသလိုပါပဲ။ဒါကြောင့်ပဲ ယုံကြည်မှုနည်းပါးသူတွေဟာအမှန်တရားတစ်ခုဖြစ်ဖို့အတွက် ကျိုးကြောင်းဆင်ခြင်မှုတွေ၊ မသက်ဆိုင်တဲ့သက်သေအထောက်အထားတွေကို ပြသနိုင်ဖို့ ကြိုးစားကြတာပါ။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိသူ အများစုကတော့ စိတ်ခံစားချက်ကို များစွာဖိနှိပ်နိုင်ကြပြီး အခြားသူတွေရဲ့ ဆန့်ကျင်ဖက်ရှုထောင်နဲ့ထိပ်တိုက်တွေ့ပြီး ဆက်ဆံရေးပျက်ယွင်းမှုအစား
ရှေရှည်ဆက်ဆံရေးတည်တံ့ဖို့နဲ့၊ စေ့စပ်ပြေလည်ဖို့ ရွေးချယ်တတ်ကြပါတယ်။ ဒါပေမယ့် အမှန်တရားတစ်ခုခုကိုတော့ သူတို့တွေတနည်းနည်းနဲ့ သိရှိအောင် လုပ်တတ်ကြပါတယ်။

၈။ အကောင်းမြင်စိတ်ဓာတ်၊ အတွေးအခေါ်နဲ့ စတင်တတ်တယ်
နေ့တစ်နေ့ရဲ့အစမှာပဲ အကောင်းမြင်စိတ်နဲ့ စတင်ခြင်းဟာ နေ့တစ်နေ့ အဆိုးတွေကိုတောင် ပိုပြီးလွယ်ကူသွားစေနိုင်ပါတယ်။ လူတွေနဲ့ကျွန်တော်တို့ စတင်ဆက်ဆံတဲ့အခါ အကောင်းမြင်စိတ်၊ လုပ်ဆောင်မှုတွေက စိတ်ရင်းမှန်မှုတွေ၊ လေးစားမှုတွေ၊ နဲ့အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေကို ကျွန်တော်တို့သွားလေရာမှာ ကျန်ခဲ့စေပါတယ်။

၉။ အားနည်းချက်တွေကို ပြသခြင်း
ကိုယ့်ရဲ့အားနည်းချက်တွေကို ပြသခြင်းဟာ အားနည်းမှုဆန်တဲ့လုပ်ဆောင်ချက်မဟုတ်ကြောင်းကို လူအများစုယုံကြည်ဖို့အတွက် ဝေးကွာနေဆဲပါ။ ဒါဟာအရမ်းကိုလူသားဆန်တဲ့ ဆောင်ရွက်မှုဖြစ်ပြီး ချစ်စရာကောင်းမှုနဲ့ ဆွဲဆောင်မှုနှစ်ခုလုံး ဖြစ်စေတတ်ပါတယ်။ ယုံကြည်ချက်တစ်ခုထူထောင်ဖို့ဆိုရင် ကိုယ့်ရဲ့အားနည်းချက်တွေကို ဖော်ပြရဲရမှာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှု ပိုရှိလာစေမယ်လို့ အကြံပေးချင်ပါတယ်။ ကိုယ့်ရဲ့အားနည်းချက်တွေကို ပြသခြင်းဖြင့်လည်း စွမ်းအားရှိတဲ့ message တစ်ခုကို ပိုဆောင်ပေးနိုင်ပါလိမ့်မယ်။ ကိုယ်ဟာအရာရာ ပြီးပြည်စုံမှုမရှိတာက အဆင်ပြေပါတယ်။ တစ်ခုပါပဲ ကိုယ့်ကိုယ်ကိုတော့မုန်းတီးပြီး
အားနည်းချက်တွေအတွက် စိတ်ကိုပိုပြီး မခက်ခဲပါစေနဲ့။

၁၀။ အပြံုး
ဒီတစ်ခုကတော့ အံ့အားသင့်စရာကြီးကြီးမားမား မရှိနိုင်ပါဘူး။ ကိုယ့်ကိုယ်ကိုယုံကြည်မှု မြင့်မားသူတွေဟာ အခြားသူတွေအားကျလောက်အောင် ပျော်ရွင်နေတတ်ကြပြီး အမြဲတမ်းအပြံုးနဲ့ နှုတ်ဆက်တတ်ကြပါတယ်။ အနည်းငယ်လောက်ပဲ ပြံုးရင်တောင်မှ အခြားသူတွေရဲ့ စိတ်တင်းမာမှုကို ချက်ချင်းလျော့ချပေးနိုင်ပြီး သင်ပြောစရာရှိတာတွေကို နားထောင်လိုတဲ့ ဆန္ဒရှိလာစေပါတယ်။ သူတို့ပြောတာနားထောင်ရင်လည်းပဲ ယုံကြည်မှုတစ်ခု ထူထောင်ဖို့အတွက် ပိုပြီးအဓိပ္ပာယ်ရှိလာစေမှာပါ။
#LM_Naung_Naung
#Lifestyle_Myanmar

Source-Powerofpossitively

Related posts

အိမ္ေထာင္မက်ခင္နဲ႔ အိမ္ေထာင္က်ၿပီးေနာက္ အေျခအေနေတြ ဘယ္လိုေျပာင္းလဲသြားမလဲ

Naung Naung

ဆြဲေဆာင္မႈျမင့္မားတဲ့ လူေတြရဲ႕ အမူအက်င့္ ၆ ခ်က္

Naung Naung

လြန္ခဲ့ေသာႏွစ္ေပါင္း(၈၀)ေက်ာ္အတြင္း တယ္လီဖုန္းဒီဇိုင္းဆင့္ကဲေျပာင္းလဲပံုအဆင့္ဆင့္

Naung Naung

Leave a Comment