25 C
Yangon
June 22, 2018
  • Home
  • General Knowledge
  • ကျွန်တော်တို့ရဲ့ဦးနှောက်ကို ပိုမိုဖွံ့ဖြိုးနိုင်စေမယ့် အကောင်းဆုံးဝါသနာ(၇) ခု
General Knowledge Unique Things
ကျွန်တော်တို့ရဲ့ဦးနှောက်ကို ပိုမိုဖွံ့ဖြိုးနိုင်စေမယ့် အကောင်းဆုံးဝါသနာ(၇) ခု
အနားယူတဲ့အချိန်မှာ ဗီဒီယိုဂိမ်းဆော့ခြင်းထက် ဦးနှောက်နဲ့စဉ်းစားပြီးလုပ်ရတဲ့ Puzzzle၊ စစ်တုရင် စတဲ့ကစားနည်းတွေကို ကစားခြင်းဖြင့်ဦးနှောက်ကိုပိုမို ထက်မြက်စေပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Ref_Brightside
Unicode
၀ါသနာပါတဲ့ အလုပ်တစ်ခုကိုအမြဲတမ်းလုပ်နေခြင်းက ကျွန်တော်တို့ကိုအပန်းပြေစေရုံသာမက ဦးနှောက်ကိုလည်း မယုံကြည်နိုင်လောက်အောင် ထူးချွန်ထက်မြက်စေပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ၊ အားလပ်ချိန်မှာ သီချင်းဆိုခြင်း၊ တူရိယာာတစ်ခုခုကိုတီးခြင်း၊ အားကစားလုပ်ခြင်း၊ စတဲ့မိမိတို့ဝါသနာပါရာအလုပ်တစ်ခုခုကို လုပ်နေခြင်းဖြင့် အပန်းဖြေနိုင်ပါတယ်။  ဒါကြောင့် Lifestyle Myanmar ပရိသတ်တွေအတွက် ဘယ်လိုဝါသနာမျိုးတွေက စိတ်ပိုင်းဆိုင်ရာကို ဖွံ့ဖြိုးတိုးတက်စေသလဲဆိုတာကို ဖော်ပြလိုက်ပါတယ်။
သီချင်းနားထောင်ခြင်းဟာ ကောင်းမွန်တဲ့ဝါသနာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် တူရိယာတစ်ခုခုကို လေ့လာပြီးတီးခတ်နေခြင်းက သင့်ကိုပိုမိုစမတ်ကျစေတာကို သင်သိပါသလား။ သင့်ရဲ့နှုတ်ခမ်းနဲ့တောင်မှ သီချင်းဆိုခြင်း၊ လေမှုတ်တူရိယာတစ်ခုခု တီးခတ်ခြင်းကိုပြုလုပ်နိုင်ပါတယ်။
ဇာတ်ကားတွေကြည့်ခြင်းဟာ ပျော်စရာကောင်းပါတယ်။ ဒါပေမယ့် သင့်စိတ်အပေါ်ကို ထိရောက်မှုသိပ်မရှိပါဘူး။ စာအုပ်ဖတ်ခြင်းကတော့ ဇာတ်လမ်းကို သင့်ရဲ့အာရုံထဲမှာစွဲနေစေပြီး သင့်ဘဝအတွက်ကြီးမားတဲ့ သက်ရောက်မှုတွေကိုဖြစ်စေရုံသာမက အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။
အလုပ်ပိတ်ရက်တွေများတဲ့ အားလပ်ချိန်တွေမှာ Gym သွားပြီးလေ့ကျင့်ခန်းတွေလုပ်ခြင်းကကောင်းမွန်ပါတယ်။ ဒါပေမယ့် သိပ်မပြင်းထန်တဲ့့ လေ့ကျင့်ခန်းတွေကို တစ်နှစ်ပတ်လုံးပုံမှန်လေ့ကျင့်ခြင်းက သင့်အတွက် ပိုကောင်းတဲ့ရလာဒ်တွေ ရရှိရုံသာမက ပိုမိုထက်မြက်စေပါတယ်။
တစ်ချိန်တည်း သင်ဘာသာစကားတွေအများကြီး ကျွမ်းကျင်လာအောင် လေ့လာနိုင်တယ်ဆိုတာကို ယုံကြည်ပါ။
သင့်အသိပညာရှာနေစဉ်အချိန်မှာ အနားယူဖို့လိုအပ်တယ်ဆိုတာကို မမေ့ပါနဲ့။ သင့်ရဲ့ဦးနှောက်က အနားယူပေးဖို့လည်းလိုအပ်ပါတယ်။
အနားယူတဲ့အချိန်မှာ ဗီဒီယိုဂိမ်းဆော့ခြင်းထက် ဦးနှောက်နဲ့စဉ်းစားပြီးလုပ်ရတဲ့့ Puzzzle၊ စစ်တုရင် စတဲ့ကစားနည်းတွေကို ကစားခြင်းဖြင့်ဦးနှောက်ကိုပိိုမို ထက်မြက်စေပါတယ်။
သင့်ရဲ့ကုန်ဆုံးသွားတဲ့ အားအင်တွေကိုုပြန်လည်ဖြည့်တင်းဖို့အတွက် အိပ်စက်ခြင်းဟာလိုအပ်သော်လည်း နေ့ခင်ဖက်အိပ်စက်ဖို့တော့မလိုအပ်ပါဘူး။ ဒါကြောင့် သင့်ရဲ့နားရက်လေးမှာ ဆိုဖာပေါ်လဲလျောင်းပြီး အနားယူမယ့်အစား ၀ါသနာပါတဲ့ အားကစားတစ်ခုခုကို လုပ်နေခြင်းဖြင့် အပန်းဖြေနိုင်ပါတယ်။ အိပ်ပြီးတော့အပန်းဖြေတာထက် နိုးကြားပြီးအပန်းဖြေတာက သင့်ရဲ့စိတ်အပေါ်မှာ ပိုမိုသက်ရောက်မှုရှိစေပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Ref_Brightside
စိတ်နဲ့ငွေကြေးဥစ္စာ ချမ်းသာဖို့အတွက် ရှောင်ရှားရမယ့် အခြေခံအရာ(၈) ချက်
Related posts
ထမင်းကျက်အောင် မချက်ခဲ့လို့ အီတလီ အမျိုးသားတစ်ဦးက ဇနီးဖြစ်သူကို တရားစွဲဆို
OMCTC
ကိုးနှစ်အရွယ် မိန်းကလေးရဲ့ ခြေထောက်မှာ ဖုန်းအခွံကထွက်တဲ့ အဆိပ်ငွေ့ကြောင့် သေရာပါ အမာရွတ်ထင်ကျန်ခဲ့
OMCTC
ကြောက်စရာ အကောင်းဆုံး သရဲခြောက်တယ်ရယ်လို့ နာမည်ကြီးတဲ့ အရုပ်များ (အပိုင်း၁)
OMCTC
Leave a Comment