သမီးေလးေတြ ေမြးထားရင္ေတာ့ ဒီအခ်က္ေလးေတြ သိဖုိ႔လိုၿပီေနာ္။

0
40

မိခင္အမ်ားစုရဲ႕ အျပဳအမူကို သမီးမိန္းကေလးအမ်ားစုက အတုယူတတ္ၾကပါတယ္။ ဒါေၾကာင့္ မိခင္တစ္ဦးဟာ သမီးမိန္းကေလးအတြက္ေတာ့ စံျပပုဂိၢဳလ္တစ္ဦးပဲျဖစ္ပါတယ္။ အတုျမင္အတတ္သင္ခ်င္တဲ့ ဆယ္ေက်ာ္သက္အရြယ္မွာ ပိုၿပီး ဂ႐ုတစိုက္နဲ႔လမ္းျပေပးရမွာျဖစ္ပါတယ္။ သမီးတစ္ေယာက္ရဲ႕ စံျပပုဂၢိဳလ္ဟာ မိခင္က ပထမဦးဆုံးျဖစ္ေနဖို႔လိုပါတယ္။
၁။ ေရွ႕က ဦးေဆာင္ျခင္း

-Advertisement-


သမီးမိန္းကေလးအမ်ားစုဟာ မိခင္ရဲ႕ အျပဳအမူကို ပုံတူကူးသလို အတုယူတတ္တာေၾကာင့္ မိခင္တစ္ေယာက္အေနနဲ႔ ကိုယ္ရဲ႕ သမီး စံနမူနာယူေလာက္တဲ့ အမူအက်င့္ေတြထားရွိဖို႔ အေရးႀကီးပါတယ္။ မိခင္တစ္ေယာက္အေနနဲ႔လည္း ပိုေကာင္းတဲ့ အျပဳအမူ အေလ့အက်င့္ေတြကို စဥ္းစားၿပီး ဖန္တီးေပးပါ။

၂။ တက္ၾကြတဲ့ ခံစားမႈမ်ိဳးေပးျခင္း


အမ်ိဳးသမီးအမ်ားစုရဲ႕ သဘာဝဟာ အသင္းအဖြဲ႕လိုက္၊ အုပ္စုလိုက္ ေနတတ္တာမ်ားပါတယ္။ ဒါေၾကာင့္ သူမက အႀကံဥာဏ္ေပးျခင္း၊ စကားေျပာျခင္းတို႔အေပၚမွာ မိခင္ဘက္ကေန တက္တက္ၾကြၾကြျဖင့္ နားေထာင္ေပးျခင္း၊
တက္ၾကြေနတဲ့ ခံစားမူမ်ိဳးကိုေပးႏိုင္ဖို႔ အေရးႀကီးပါတယ္။ မိခင္ဟာ သမီးအတြက္ မိတ္ေဆြေကာင္းလဲျဖစ္သလို တိုင္ပင္ေဖာ္တိုင္ပင္ဖက္လဲျဖစ္ပါတယ္။ ဒါေၾကာင့္ သူမရဲ႕ ေျပာဆိုမႈ၊ အႀကံဥာဏ္ေပးမႈအေပၚမွာ အဆိုးအေကာင္း
ကို ေဝဖန္ေပးႏိုင္ဖို႔ အေရးႀကီးပါတယ္။

၃။ ဝါသနာကို အတူေဆာင္ရြက္ျခင္း


မိဘနဲ႔ သားသမီးၾကားဆက္ဆံေရးဟာ မိတ္ေဆြေကာင္းတစ္ဦးလိုလဲ အလိုက္သင့္ဆက္ဆံေပးရပါတယ္။ သင့္ရဲ႕ သမီးဟာ အလွအပႀကိဳက္ႏွစ္သက္သူလား၊ ဂီတကို ျမတ္ႏိုးသူလား၊ အႏုပညာကို ႏွစ္သက္သူလား စတဲ့ သူရဲ႕ ဝါသနာကိုလဲ အခ်ိန္အားေလွ်ာ္စြာအလိုက္သင့္ အတူလုပ္ေဆာင္ေပးရပါတယ္။ ျပင္ပရဲ႕ အေတြအႀကံဳေတြ ရရွိေစဖို႔အတြက္ တခါတေလမွာ သားမိႏွစ္ေယာက္အတူတူ ေစ်းဝယ္ထြက္တာပဲျဖစ္ျဖစ္ ျပဳလုပ္သင့္ပါတယ္။

၄။ ေကာင္းမြန္တ့ဲအလုပ္မ်ား သင္ၾကားေပးျခင္း


ကိုယ့္ရဲ႕ သမီးကို ခ်စ္လြန္းလို႔ ဘာမွ မခိုင္းရင္ေတာ့ သင့္ရဲ႕ သမီးလဲ အသက္သာတစ္ႏွစ္နဲ႔တစ္ႏွစ္ႀကီးလာမွာ ဘာပညာမွတတ္ေျမာက္မွာမဟုတ္ပါဘူး။ ဒါေၾကာင့္ သင့္ဟာ အခ်ိန္ျပည့္အလုပ္လုပ္ေနရေပမဲ့ အားလပ္ရက္မ်ိဳးမွာ သင့္သမီးအတြက္အခ်ိန္ေပးသင့္ပါတယ္။ ထိုအားလပ္ရက္မ်ိဳးမွာ ထမင္းဟင္ခ်က္ျပဳတ္ျခင္း၊ အဝတ္ေလွ်ာ္ျခင္း၊ အဝတ္ေခါက္ျခင္း စတဲ့ အိမ္မႈ႕ကိစၥမွန္သမွ်ကို သင္ၾကားေပးသင့္ပါတယ္။

၅။ ဖခင္နဲ႔ သမီးၾကား ဆက္ဆံေရးကို အားေပးျခင္း


မိဘ ဆိုတဲ့အတိုင္း မိခင္တစ္ဦးတည္းရဲ႕ ဆုံးမၾသဝါဒကို ခံယူ႐ုံမကဘဲ ဖခင္ရဲ႕ ၾသဇာလႊမ္းမိုးမႈအေပၚမွာလဲ သမီးရဲ႕ ယုံၾကည္မႈရွိသထက္ရွိလာေအာင္ အခ်ိန္အားေလွ်ာ္စြာ ေျပာျပသင့္ပါတယ္။ ေယာက်္ားတို႔ရဲ႕ သေဘာသဘာဝမ်ားကိုလဲ အမွားအမွန္ခြဲျခားႏိုင္ေအာင္ အခ်ိန္အားေလွ်ာစြာ ေျပာျပထားသင့္ပါတယ္။

၆။ မိတ္ေဆြေကာင္းတစ္ေယာက္ျဖစ္ဖို႔ သင္ၾကားေပးျခင္း


မိန္းကေလးအမ်ားစုဟာ မနာလိုစိတ္၊ ယွဥ္ၿပိဳင္လိုစိတ္ရွိၾကသူမ်ားျဖစ္ပါတယ္။ ဒါေၾကာင့္ သင့္သမီးရဲ႕ သူငယ္ခ်င္းမ်ား၊ မိတ္ေဆြမ်ားၾကားမွာ သင့္သမီးကို ေလးစားခ်စ္ခင္ေအာင္ မိတ္ေဆြေကာင္းတစ္ေယာက္ျဖစ္ဖို႔ သင္ၾကားေပးသင့္ပါတယ္။ သူငယ္ခ်င္း အခ်င္းခ်င္းၾကား ပဋိပကၡျပႆနာမ်ားကို ေရွာင္ၾကဥ္သင့္ၿပီး ျပႆနာတစ္ခုအေပၚ အေကာင္းဆုံးေျဖရွင္းႏိုင္မဲ့ နည္းလမ္းမ်ားရွာေဖြေပးသင့္ပါတယ္။
#Lifestyle_Myanmar
#Thar_Nage

အိပ္ေထာင္က်ၿပီး အခ်စ္ေတြခိုင္ခိုင္ၿမဲဖို႔ ေဆာင္ရန္ ေရွာင္ရန္ အခ်က္ေလး


Unicode

မိခင်အများစုရဲ့ အပြုအမူကို သမီးမိန်းကလေးအများစုက အတုယူတတ်ကြပါတယ်။ ဒါကြောင့် မိခင်တစ်ဦးဟာ သမီးမိန်းကလေးအတွက်တော့ စံပြပုဂ္ဂိုလ်တစ်ဦးပဲဖြစ်ပါတယ်။ အတုမြင်အတတ်သင်ချင်တဲ့ ဆယ်ကျော်သက်အရွယ်မှာ ပိုပြီး ဂရုတစိုက်နဲ့လမ်းပြပေးရမှာဖြစ်ပါတယ်။ သမီးတစ်ယောက်ရဲ့ စံပြပုဂ္ဂိုလ်ဟာ မိခင်က ပထမဦးဆုံးဖြစ်နေဖို့လိုပါတယ်။
၁။ ရှေ့က ဦးဆောင်ခြင်း
သမီးမိန်းကလေးအများစုဟာ မိခင်ရဲ့ အပြုအမူကို ပုံတူကူးသလို အတုယူတတ်တာကြောင့် မိခင်တစ်ယောက်အနေနဲ့ ကိုယ်ရဲ့ သမီး စံနမူနာယူလောက်တဲ့ အမူအကျင့်တွေထားရှိဖို့ အရေးကြီးပါတယ်။ မိခင်တစ်ယောက်အနေနဲ့လည်း ပိုကောင်းတဲ့ အပြုအမူ အလေ့အကျင့်တွေကို စဉ်းစားပြီး ဖန်တီးပေးပါ။

၂။ တက်ကြွတဲ့ ခံစားမှုမျိုးပေးခြင်း
အမျိုးသမီးအများစုရဲ့ သဘာဝဟာ အသင်းအဖွဲ့လိုက်၊ အုပ်စုလိုက် နေတတ်တာများပါတယ်။ ဒါကြောင့် သူမက အကြံဉာဏ်ပေးခြင်း၊ စကားပြောခြင်းတို့အပေါ်မှာ မိခင်ဘက်ကနေ တက်တက်ကြွကြွဖြင့် နားထောင်ပေးခြင်း၊
တက်ကြွနေတဲ့ ခံစားမူမျိုးကိုပေးနိုင်ဖို့ အရေးကြီးပါတယ်။ မိခင်ဟာ သမီးအတွက် မိတ်ဆွေကောင်းလဲဖြစ်သလို တိုင်ပင်ဖော်တိုင်ပင်ဖက်လဲဖြစ်ပါတယ်။ ဒါကြောင့် သူမရဲ့ ပြောဆိုမှု၊ အကြံဉာဏ်ပေးမှုအပေါ်မှာ အဆိုးအကောင်း
ကို ဝေဖန်ပေးနိုင်ဖို့ အရေးကြီးပါတယ်။

၃။ ဝါသနာကို အတူဆောင်ရွက်ခြင်း
မိဘနဲ့ သားသမီးကြားဆက်ဆံရေးဟာ မိတ်ဆွေကောင်းတစ်ဦးလိုလဲ အလိုက်သင့်ဆက်ဆံပေးရပါတယ်။ သင့်ရဲ့ သမီးဟာ အလှအပကြိုက်နှစ်သက်သူလား၊ ဂီတကို မြတ်နိုးသူလား၊ အနုပညာကို နှစ်သက်သူလား စတဲ့ သူရဲ့ ဝါသနာကိုလဲ အချိန်အားလျှော်စွာအလိုက်သင့် အတူလုပ်ဆောင်ပေးရပါတယ်။ ပြင်ပရဲ့ အတွေအကြုံတွေ ရရှိစေဖို့အတွက် တခါတလေမှာ သားမိနှစ်ယောက်အတူတူ စျေးဝယ်ထွက်တာပဲဖြစ်ဖြစ် ပြုလုပ်သင့်ပါတယ်။

၄။ ကောင်းမွန်တဲ့အလုပ်များ သင်ကြားပေးခြင်း
ကိုယ့်ရဲ့ သမီးကို ချစ်လွန်းလို့ ဘာမှ မခိုင်းရင်တော့ သင့်ရဲ့ သမီးလဲ အသက်သာတစ်နှစ်နဲ့တစ်နှစ်ကြီးလာမှာ ဘာပညာမှတတ်မြောက်မှာမဟုတ်ပါဘူး။ ဒါကြောင့် သင့်ဟာ အချိန်ပြည့်အလုပ်လုပ်နေရပေမဲ့ အားလပ်ရက်မျိုးမှာ သင့်သမီးအတွက်အချိန်ပေးသင့်ပါတယ်။ ထိုအားလပ်ရက်မျိုးမှာ ထမင်းဟင်ချက်ပြုတ်ခြင်း၊ အဝတ်လျှော်ခြင်း၊ အဝတ်ခေါက်ခြင်း စတဲ့ အိမ်မှု့ကိစ္စမှန်သမျှကို သင်ကြားပေးသင့်ပါတယ်။

၅။ ဖခင်နဲ့ သမီးကြား ဆက်ဆံရေးကို အားပေးခြင်း
မိဘ ဆိုတဲ့အတိုင်း မိခင်တစ်ဦးတည်းရဲ့ ဆုံးမသြဝါဒကို ခံယူရုံမကဘဲ ဖခင်ရဲ့ သြဇာလွှမ်းမိုးမှုအပေါ်မှာလဲ သမီးရဲ့ ယုံကြည်မှုရှိသထက်ရှိလာအောင် အချိန်အားလျှော်စွာ ပြောပြသင့်ပါတယ်။ ယောကျ်ားတို့ရဲ့ သဘောသဘာဝများကိုလဲ အမှားအမှန်ခွဲခြားနိုင်အောင် အချိန်အားလျှောစွာ ပြောပြထားသင့်ပါတယ်။

၆။ မိတ်ဆွေကောင်းတစ်ယောက်ဖြစ်ဖို့ သင်ကြားပေးခြင်း
မိန်းကလေးအများစုဟာ မနာလိုစိတ်၊ ယှဉ်ပြိုင်လိုစိတ်ရှိကြသူများဖြစ်ပါတယ်။ ဒါကြောင့် သင့်သမီးရဲ့ သူငယ်ချင်းများ၊ မိတ်ဆွေများကြားမှာ သင့်သမီးကို လေးစားချစ်ခင်အောင် မိတ်ဆွေကောင်းတစ်ယောက်ဖြစ်ဖို့ သင်ကြားပေးသင့်ပါတယ်။ သူငယ်ချင်း အချင်းချင်းကြား ပဋိပက္ခပြဿနာများကို ရှောင်ကြဉ်သင့်ပြီး ပြဿနာတစ်ခုအပေါ် အကောင်းဆုံးဖြေရှင်းနိုင်မဲ့ နည်းလမ်းများရှာဖွေပေးသင့်ပါတယ်။
#Lifestyle_Myanmar
#Thar_Nage

LEAVE A REPLY

Please enter your comment!
Please enter your name here