25 C
Yangon
June 22, 2018
  • Home
  • General Knowledge
  • အျခားသူေတြရဲ႕ မေကာင္းတဲ့စြမ္းအင္ေတြဆီမွ သင့္ကိုယ္သင္ ဘယ္လိုကာကြယ္မလဲ
General Knowledge Unique Things

အျခားသူေတြရဲ႕ မေကာင္းတဲ့စြမ္းအင္ေတြဆီမွ သင့္ကိုယ္သင္ ဘယ္လိုကာကြယ္မလဲ

လူတစ္ေယာက္ေယာက္ရဲ႕ ဝန္းက်င္မွာသင္ေနရတဲ့အခါ သင့္ရဲ႕စြမ္းအင္ေတြ အေဝးေရာက္သြားသလို ခံစားရတဲ့ ခံစားမႈမ်ိဳး ခံစားဖူးပါသလား။ ဒါမွမဟုတ္ ထိုသူအနားေရာက္လာတာနဲ႔ မေကာင္းတဲ့ခံစားခ်က္ တံု႕ျပန္မႈေတြ ျဖစ္ေပၚလာသလို ခံစားဖူးပါသလား။ သိပၸံပညာရဲ႕ အဆိုအရ ကၽြန္ေတာ္တို႔ပတ္ဝန္းက်င္မွာရွိတဲ့ အရာအားလံုးမွာ စြမ္းအင္ေတြရွိၿပီးေတာ့ လူေတြဟာလည္း အသြင္ေျပာင္းထားတဲ့ စြမ္းအင္ေတြျဖစ္ေၾကာင္း ဆိုပါတယ္။


ဂ်ာမနီႏိုင္ငံ Belfield တကၠသိုလ္ရဲ႕ေလ့လာမႈအရ အပင္ေတြေတာင္မွ စြမ္းအင္ေတြကို အျခားအပင္ေတြဆီကေန စုပ္ယူေၾကာင္း ေဖာ္ျပထားပါတယ္။ ဒီေလ့လာမႈေတြရဲ႕ ရလာဒ္ကို စိတ္ေရာဂါကုပါရဂူ၊ ႐ူပေဗဒပညာရွင္ Olivia Bader-Lee ကေထာက္ခံခဲ့ၿပီး သက္ရွိသက္မဲ့့ အရာေတြဆီကေန လာတဲ့စြမ္းအင္ကို bioenergetic လို႔အမည္ေပးခဲ့ပါတယ္။ ေရညွိပင္ေတြဟာ အစာခ်က္လုပ္ဖို႔အတြက္ အျခားအပင္ေတြရဲ႕ စြမ္းအင္ေတြကိုစုပ္ယူႏိုင္သလိုပဲ လူသားေတြဟာလည္း စြမ္းအင္ေတြေၾကာင့္သာ အသက္ရွင္ရပ္တည္ေနၾကေၾကာင္း ဂ်ာမန္ဇီဝေဗဒပညာရွင္က စတင္ေရးသားခဲ့ၿပီး ဒီေတြ႕ရွိမႈၿပီးတဲ့ေနာက္မွာေတာ့ အျခားသုေတသီေတြကလည္း အေသအခ်ာေလ့လာသံုးသပ္ႏိုင္ခဲ့ၾကပါတယ္။


ဒါေၾကာင့္ပဲ ကၽြန္ေတာ္တို႔ေတြဟာ အခ်ိဳ႕ေသာလူေတြရဲ႕ နားမွာေနတဲ့အခါ ပူေလာင္ၿပီး စိတ္မသက္မသာ ခံစားရတာျဖစ္ႏိုင္ပါတယ္။ လူသားရဲ႕ခႏၶာကိုယ္ဟာလည္း အပင္ေတြနဲ႔ အလားသ႑ာန္တူၿပီး စိတ္ခံစားမႈနယ္ပယ္နဲ႔ စြမ္းအင္ေတြ ဆက္စပ္လွ်က္ရွိေၾကာင္း သိရပါတယ္။ လူသားေတြဟာ ဆဲလ္ေတြအတြက္ စြမ္းအင္ေတြကိုေပးပို႕ႏိုင္ၿပီး cortisol (ေဟာ္မုန္း) ပမဏကိုလည္း တိုးျမွင့္ေပးႏိုင္ပါတယ္။ အခ်ိဳ႕သူေတြက ကၽြန္ေတာ္တို႔ကို စိတ္ေျပာင္းလဲမႈေတြ၊ စိုးရိမ္ပူပန္မႈေတြ၊ ဝမ္းနည္းမႈေတြ၊ စိတ္ဖိစီးမႈေတြနဲ႔ ေဒါသေတြကို ျဖစ္ေစႏိုင္ၿပီး အခ်ိဳ႕သူေတြကေတာ့ အေကာင္းျမင္ျခင္း၊ ေပ်ာ္ရြင္ျခင္းနဲ႔၊ ရယ္ေမာျခင္းေတြကုိ ေပးႏိုင္တာ အံ့ၾသစရာပါပဲ။ ထိုသူေတြရဲ႕အနားမွာ ေနရတဲ့အခါ သင္အလိုလိုစိတ္ခ်မ္းသာေနမွာပါ။ ဒီလိုစြမ္းအင္ေတြခံစားရျခင္းကို သတိမမူမိၾကတာေၾကာင့္ ကၽြန္ေတာ္တို႔ရဲ႕စြမ္းအင္ေတြစုပ္ယူခံရတာေတြ၊ အျခားစြမ္းအင္ေတြရဲ႕စိုးမိုးမႈေတြကို ခံရတာေတြ ျဖစ္ႏိုင္ေၾကာင္း ပညာရွင္ေတြက ဆိုပါတယ္။ ဒီကိစၥနဲ႔ပတ္သတ္ၿပီး သင္တကယ့္ကိုရွင္းျပႏိုင္မွာ မဟုတ္ေပမယ့္ ခံစားႏိုင္ပါလိမ့္မယ္။ ကံေကာင္းတာက အျခားသူေတြရဲ႕ မေကာင္းတဲ့စြမ္းအင္ေတြကို ကာကြယ္ဖို႔အတြက္ နည္းလမ္းေတြရွိပါတယ္.။

သင့္ရဲ႕စြမ္းအင္ေတြကို အာ႐ံုစိုက္ထားပါ
ကိုယ့္ရဲ႕ကိုယ္ပိုင္စြမ္းအင္ေတြ အေပၚကိုအာ႐ံုစိုက္ထားျခင္းေၾကာင့္ အျခားသူတစ္ေယာက္ေယာက္ရဲ႕စြမ္းအင္ေတြလႊမ္းမိုးဖို႔ ခက္ခဲႏိုင္ပါတယ္။ အျခားလူေတြနဲ႔ အနီးကပ္ေနတဲ့အခါတိုင္း သူတို႔ရဲ႕စြမ္းအင္ေတြအေပၚကို အာ႐ံုမစိုက္ပဲ ကိုယ့္ရဲ႕စြမ္းအင္ေတြအေပၚပဲ အာ႐ံုစိုက္ထားပါ။ တကယ္လို႔ဒီလိုအေျခအေနမွာပဲ သင့္ရဲ႕စြမ္းအင္ေတြ ယူေဆာင္ခံရတယ္လို႔ ခံစားမိပါက ျပန္ၿပီးယူဖို႔ လိုပါလိမ့္မယ္။ သင္လုပ္ရမွာက သင့္ရဲ႕ေခါင္းေပၚမွာ ေရႊေရာင္ေနလံုးရွိေၾကာင္း စိတ္ကူးၿပီး ၎ကိုအာ႐ံုစိုက္ၿပီး သင့္ရဲ႕စြမ္းအင္ေတြကို ျပန္လည္ယူေဆာင္ပါ။ ဒါဟာသဘာဝလြန္ကိစၥအေၾကာင္းကိုေျပာေနတာမဟုတ္ပါဘူး။ စိတ္ခံစားမႈနယ္ပယ္နဲ႔ စြမ္းအင္ပတ္သတ္ေနတာေၾကာင့္ ျဖစ္ေၾကာင္းသတိရပါ။

သင့္ရဲ႕စြမ္းအင္ေတြကို ရွင္းလင္းပါ
သင့္ရဲ႕ကိုယ္ပိုင္စြမ္းအင္ေတြကို သန္႔စင္ေစခ်င္ပါသလား။ ေရႊေရာင္ေရပန္း၊ ေရခ်ိဳးခန္းနဲ႔အတူ သင္ရဲ႕ကိုယ္ေရာင္ရွိန္ဝါကို စိတ္ကူးပါ။ Aura ကိုယ္ေရာင္ရွိန္ဝါဆိုတာဟာ တစ္ေယာက္နဲ႔တစ္ေယာက္ မတူညီၾကပဲ ၾသဇာသက္ေရာက္မႈေတြ၊ ဆြဲေဆာင္ႏိုင္စြမ္းေတြလည္း ကြဲျပားတဲ့အရာျဖစ္ပါတယ္။ ေရခ်ိဳးခန္းအတြင္း သင့္ရဲ႕ဧရိယာမွာ ေရႊေရာင္စြမ္းအင္ေတြ ရွိေၾကာင္း စိတ္ကျမင္ေယာင္ၿပီး သင့္ရဲ႕စြမ္းအင္ေတြ လန္းဆန္းၿပီးသန္႔စင္တဲ့အထိ အနားယူပါ။ သင့္ရဲ႕ဘဝကို ထိန္းခ်ဳပ္ႏိုင္တဲ့ ပုဂၢိဳလ္ဟာ အျခားတစ္ေယာက္မဟုတ္ပဲ သင္သာလွ်င္ျဖစ္ေၾကာင္း ဘယ္ေတာ့မွမေမ့ပါနဲ႔။ သင့္ရဲ႕ဘ၀ထဲမွာ အျခားသူေတြကို ေနရာယူခြင့္ မေပးပါနဲ႔။
#LM_Naung_Naung
#Lifestyle_Myanmar
Translate from gotta do the right thing

သင့္ကေလးကို စိတ္ရွည္သည္းခံတတ္ေအာင္္ သင္ၾကားေပးနည္း (၅) ခ်က္

အခြားသူတွေရဲ့ မကောင်းတဲ့စွမ်းအင်တွေဆီမှ သင့်ကိုယ်သင် ဘယ်လိုကာကွယ်မလဲ
လူတစ်ယောက်ယောက်ရဲ့ ဝန်းကျင်မှာသင်နေရတဲ့အခါ သင့်ရဲ့စွမ်းအင်တွေ အဝေးရောက်သွားသလို ခံစားရတဲ့ ခံစားမှုမျိုး ခံစားဖူးပါသလား။ ဒါမှမဟုတ် ထိုသူအနားရောက်လာတာနဲ့ မကောင်းတဲ့ခံစားချက် တုံ့ပြန်မှုတွေ ဖြစ်ပေါ်လာသလို ခံစားဖူးပါသလား။ သိပ္ပံပညာရဲ့ အဆိုအရ ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ အရာအားလုံးမှာ စွမ်းအင်တွေရှိပြီးတော့ လူတွေဟာလည်း အသွင်ပြောင်းထားတဲ့ စွမ်းအင်တွေဖြစ်ကြောင်း ဆိုပါတယ်။
ဂျာမနီနိုင်ငံ Belfield တက္ကသိုလ်ရဲ့လေ့လာမှုအရ အပင်တွေတောင်မှ စွမ်းအင်တွေကို အခြားအပင်တွေဆီကနေ စုပ်ယူကြောင်း ဖော်ပြထားပါတယ်။ ဒီလေ့လာမှုတွေရဲ့ ရလာဒ်ကို စိတ်ရောဂါကုပါရဂူ၊ ရူပဗေဒပညာရှင် Olivia Bader-Lee ကထောက်ခံခဲ့ပြီး သက်ရှိသက်မဲ့့ အရာတွေဆီကနေ လာတဲ့စွမ်းအင်ကို bioenergetic လို့အမည်ပေးခဲ့ပါတယ်။ ရေညှိပင်တွေဟာ အစာချက်လုပ်ဖို့အတွက် အခြားအပင်တွေရဲ့ စွမ်းအင်တွေကိုစုပ်ယူနိုင်သလိုပဲ လူသားတွေဟာလည်း စွမ်းအင်တွေကြောင့်သာ အသက်ရှင်ရပ်တည်နေကြကြောင်း ဂျာမန်ဇီဝဗေဒပညာရှင်က စတင်ရေးသားခဲ့ပြီး ဒီတွေ့ရှိမှုပြီးတဲ့နောက်မှာတော့ အခြားသုတေသီတွေကလည်း အသေအချာလေ့လာသုံးသပ်နိုင်ခဲ့ကြပါတယ်။
ဒါကြောင့်ပဲ ကျွန်တော်တို့တွေဟာ အချို့သောလူတွေရဲ့ နားမှာနေတဲ့အခါ ပူလောင်ပြီး စိတ်မသက်မသာ ခံစားရတာဖြစ်နိုင်ပါတယ်။ လူသားရဲ့ခန္ဓာကိုယ်ဟာလည်း အပင်တွေနဲ့ အလားသဏ္ဍာန်တူပြီး စိတ်ခံစားမှုနယ်ပယ်နဲ့ စွမ်းအင်တွေ ဆက်စပ်လျှက်ရှိကြောင်း သိရပါတယ်။ လူသားတွေဟာ ဆဲလ်တွေအတွက် စွမ်းအင်တွေကိုပေးပို့နိုင်ပြီး cortisol (ဟော်မုန်း) ပမဏကိုလည်း တိုးမြှင့်ပေးနိုင်ပါတယ်။ အချို့သူတွေက ကျွန်တော်တို့ကို စိတ်ပြောင်းလဲမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ၊ ဝမ်းနည်းမှုတွေ၊ စိတ်ဖိစီးမှုတွေနဲ့ ဒေါသတွေကို ဖြစ်စေနိုင်ပြီး အချို့သူတွေကတော့ အကောင်းမြင်ခြင်း၊ ပျော်ရွင်ခြင်းနဲ့၊ ရယ်မောခြင်းတွေကို ပေးနိုင်တာ အံ့သြစရာပါပဲ။
ထိုသူတွေရဲ့အနားမှာ နေရတဲ့အခါ သင်အလိုလိုစိတ်ချမ်းသာနေမှာပါ။ ဒီလိုစွမ်းအင်တွေခံစားရခြင်းကို သတိမမူမိကြတာကြောင့် ကျွန်တော်တို့ရဲ့စွမ်းအင်တွေစုပ်ယူခံရတာတွေ၊ အခြားစွမ်းအင်တွေရဲ့စိုးမိုးမှုတွေကို ခံရတာတွေ ဖြစ်နိုင်ကြောင်း ပညာရှင်တွေက ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး သင်တကယ့်ကိုရှင်းပြနိုင်မှာ မဟုတ်ပေမယ့် ခံစားနိုင်ပါလိမ့်မယ်။ ကံကောင်းတာက အခြားသူတွေရဲ့ မကောင်းတဲ့စွမ်းအင်တွေကို ကာကွယ်ဖို့အတွက် နည်းလမ်းတွေရှိပါတယ်.။

သင့်ရဲ့စွမ်းအင်တွေကို အာရုံစိုက်ထားပါ
ကိုယ့်ရဲ့ကိုယ်ပိုင်စွမ်းအင်တွေ အပေါ်ကိုအာရုံစိုက်ထားခြင်းကြောင့် အခြားသူတစ်ယောက်ယောက်ရဲ့စွမ်းအင်တွေလွှမ်းမိုးဖို့ ခက်ခဲနိုင်ပါတယ်။ အခြားလူတွေနဲ့ အနီးကပ်နေတဲ့အခါတိုင်း သူတို့ရဲ့စွမ်းအင်တွေအပေါ်ကို အာရုံမစိုက်ပဲ ကိုယ့်ရဲ့စွမ်းအင်တွေအပေါ်ပဲ အာရုံစိုက်ထားပါ။ တကယ်လို့ဒီလိုအခြေအနေမှာပဲ သင့်ရဲ့စွမ်းအင်တွေ ယူဆောင်ခံရတယ်လို့ ခံစားမိပါက ပြန်ပြီးယူဖို့ လိုပါလိမ့်မယ်။ သင်လုပ်ရမှာက သင့်ရဲ့ခေါင်းပေါ်မှာ ရွှေရောင်နေလုံးရှိကြောင်း စိတ်ကူးပြီး ၎င်းကိုအာရုံစိုက်ပြီး သင့်ရဲ့စွမ်းအင်တွေကို ပြန်လည်ယူဆောင်ပါ။ ဒါဟာသဘာဝလွန်ကိစ္စအကြောင်းကိုပြောနေတာမဟုတ်ပါဘူး။ စိတ်ခံစားမှုနယ်ပယ်နဲ့ စွမ်းအင်ပတ်သတ်နေတာကြောင့် ဖြစ်ကြောင်းသတိရပါ။

သင့်ရဲ့စွမ်းအင်တွေကို ရှင်းလင်းပါ
သင့်ရဲ့ကိုယ်ပိုင်စွမ်းအင်တွေကို သန့်စင်စေချင်ပါသလား။ ရွှေရောင်ရေပန်း၊ ရေချိုးခန်းနဲ့အတူ သင်ရဲ့ကိုယ်ရောင်ရှိန်ဝါကို စိတ်ကူးပါ။ Aura ကိုယ်ရောင်ရှိန်ဝါဆိုတာဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီကြပဲ သြဇာသက်ရောက်မှုတွေ၊ ဆွဲဆောင်နိုင်စွမ်းတွေလည်း ကွဲပြားတဲ့အရာဖြစ်ပါတယ်။ ရေချိုးခန်းအတွင်း သင့်ရဲ့ဧရိယာမှာ ရွှေရောင်စွမ်းအင်တွေ ရှိကြောင်း စိတ်ကမြင်ယောင်ပြီး သင့်ရဲ့စွမ်းအင်တွေ လန်းဆန်းပြီးသန့်စင်တဲ့အထိ အနားယူပါ။ သင့်ရဲ့ဘဝကို ထိန်းချုပ်နိုင်တဲ့ ပုဂ္ဂိုလ်ဟာ အခြားတစ်ယောက်မဟုတ်ပဲ သင်သာလျှင်ဖြစ်ကြောင်း ဘယ်တော့မှမမေ့ပါနဲ့။ သင့်ရဲ့ဘဝထဲမှာ အခြားသူတွေကို နေရာယူခွင့် မပေးပါနဲ့။
#LM_Naung_Naung
#Lifestyle_Myanmar
Translate from gotta do the right thing

Related posts

ကေလးေတြကို ဖုန္းေပးကိုင္သင့္ မကုိင္သင့္ စဥ္းစားမယ္ဆုိရင္

OMCTC

ကမၻာေပၚမွာ အိုင္က်ဴစြမ္းအားအျမင့္ဆံုး ဥာဏ္ႀကီးရွင္မ်ား

Nandar Lwin

ေရွာင္ၾကဥ္ရမယ့္ အဆိပ္သင့္မီးဖိုေခ်ာင္သံုးပစၥည္း ၄မ်ိဳးႏွင့္ အႏၱရာယ္ကင္းတဲ့ အစားထိုး ၄မ်ိဳး

Nandar Lwin

Leave a Comment