25 C
Yangon
June 22, 2018
  • Home
  • General Knowledge
  • အမ်ိဳးသားေတြကို စိတ္ကူးယဥ္ေစတတ္တဲ့ အမ်ိဳးသမီးေတြရဲ႕႐ုပ္ပိုင္းဆိုင္ရာ ထူးျခားခ်က္ (၈)ခ်က္
General Knowledge Unique Things

အမ်ိဳးသားေတြကို စိတ္ကူးယဥ္ေစတတ္တဲ့ အမ်ိဳးသမီးေတြရဲ႕႐ုပ္ပိုင္းဆိုင္ရာ ထူးျခားခ်က္ (၈)ခ်က္

အမ်ိဳးသားတိုင္းလိုလို ဆြဲေဆာင္မႈရွိတဲ့ အမ်ိဳးသမီးေတြကို ေတြ႔တဲ့အခါတိုင္း ခဏေတာ့ျဖစ္ျဖစ္ စိတ္ကူးယဥ္တတ္ၾကပါတယ္။ မိန္းကေလးေတြလည္း ထို႔အတူပဲ ျဖစ္ႏိုင္ပါတယ္။ ဒါဟာသဘာဝတရားက ဆန္႔က်င့္ဖက္လိင္အေပၚ စိတ္ဝင္စားျခင္းသက္သက္ျဖစ္ၿပီး ႏွာဗူးထတယ္လို႔လည္း ဆိုလို႔မရပါဘူး။ ရင့္က်က္ၿပီး ကိုယ္က်င့္တရားကို တန္ဖိုးထားတဲ့ ေယာက်္ားအခ်ိဳ႕ကေတာ့ ယခုလိုျဖစ္ေပၚလာတဲ့စိတ္ကို အလွ်င္အျမန္ထိန္းခ်ဳပ္တတ္ၾကပါတယ္။
ဘယ္သူမွေတာ့ မသိႏိုင္ပါဘူး။ လူတိုင္းဟာ ကိုယ့္ရဲ႕မ်ိဳးဆက္အတြက္ ပိုၿပီးျပည့္စံုလွပဖို႔ေအာင္ ျပဳလုပ္ေပးႏိုင္မဲ့ ၾကင္ေဖာ္ကို ရွာေဖြတတ္ၾကတာသဘာဝပဲ ျဖစ္တာေၾကာင့္ အရမ္းကိုအခ်ိဳးအစားက်ၿပီး ဆြဲေဆာင္မႈရွိသူေတြကို စိတ္ကူးယဥ္မိတာ အဆန္းေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ စိတ္ပညာပါေမာကၡ၊ အမ်ိဳးသမီးနဲ႔လိင္ ေလ့လာသူ Dr. Midge Wilson က အမ်ိဳးသမီးေတြရဲ႕ အခ်ိဳ႕ေသာ အက်င့္စ႐ိုက္ေတြက အမ်ိဳးသားေတြကို ပိုမိုစိတ္ကူးယဥ္ေစႏိုင္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ဒါကိုသူမက မ်ိဳးဆက္ပြားၾကံ့ခိုင္ေရး အကဲျဖတ္မႈလို႔ အမည္ေပးထားၿပီး အမ်ိဳးသမီးေတြကို အမ်ိဳးသားေတြက ေလ့လာတတ္တဲ့ အျပဳအမူတစ္ခုျဖစ္ေၾကာင္း သူကဆိုပါတယ္။

၁။ တင္ပါးႏွင့္ခါးအခ်ိဳး
ယေန႔ေခတ္မွာေတာ့ ယခုလိုတင္ပါးနဲ႔ခါး အခ်ိဳးအစားဟာ မီဒီယာလမ္းေၾကာင္းမွာ အဓိကျဖစ္ေန႐ံုသာမက ကိုယ္ဝန္ေဆာင္မႈနဲ႔ ကေလးေမြးဖြားႏိုင္မႈ၊ ကေလးဖြံ႔ၿဖိဳးမႈအေပၚကိုပါ သက္ေရာက္လွ်က္ရွိေၾကာင္း ေဆးပညာက ေဖာ္ျပထားၿပီး အမ်ိဳးသားတိုင္း သတိထားတတ္တဲ့ အမ်ိဳးသမီးေတြရဲ႕ အစိတ္အပိုင္းတစ္ခုလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ အမ်ိဳးသားတိုင္းဟာ ခါးေသးၿပီး တင္ပါးစြင့္ကားတဲ့ အမ်ိဳးသမီးေတြေတြ႔ရင္ စိတ္ကူးယဥ္တတ္ၾကတာျဖစ္ၿပီးေတာ့ 7:10 အခ်ိဳးကို အမ်ိဳးသားေတြ အႏွစ္သက္ဆံုးျဖစ္ေၾကာင္း သုေတသနျပဳေဖာ္ထုတ္ခဲ့ၾကပါတယ္။

၂။ အျမင့္သံရွိတဲ့ အမ်ိဳးသမီးေတြ
အမ်ိဳးသာေးတြဟာ အသံခ်ိဳသာၿပီး အျမင့္သံ high pitch ရွိတဲ့မိန္းကေလးေတြကို စိတ္လႈပ္ရွားတတ္ၾကပါတယ္။ အမ်ိဳးသမီးေတြဟာ အမ်ားအားျဖင့္ အသက္ ၂၀ ကေန ၃၁ အထိ ဆြဲေဆာင္မႈရွိတဲ့ အသံကိုပိုင္ဆိုင္ထားတာေၾကာင့္ ယခုလိုအရြယ္က အမိ်ဳးသားေတြကို ပိုၿပီးရင္ခုန္ေစႏိုင္ပါတယ္။

၃။ သန္စြမ္းတဲ့ဆံပင္
အမ်ိဳးသားေတြဟာ ဆံပင္သန္စြမ္းရွည္လ်ားၿပီး ေတာက္ပတဲ့ဆံေကသာပိုင္ရွင္ အမ်ိဳးသမီးေတြကို ႏွစ္သက္တတ္ၾကပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ ယခုလိုအသြင္အျပင္ဟာ ငယ္ရြယ္မႈနဲ႔ မ်ိဳးေအာင္မႈရဲ႕ သေကၤတအျဖစ္ သူတို႔က ယူဆၾကပါတယ္။

၄။ မိတ္ကပ္သိပ္မသံုးတဲ့အမ်ိဳးသမီး
သုေတသီေတြရဲ႕ ေလ့လာခ်က္အရ အမ်ိဳးသားအမ်ားစုဟာ မိတ္ကပ္သိပ္မသံုးတဲ့ အမ်ိဳးသမီးေတြကို ပိုမိုႏွစ္သက္တတ္ၾကၿပီး ၄၀ရာခိုင္ႏႈန္းမိတ္ကပ္အသံုးျပဳမႈနည္းတဲ့ မိန္းကေလးေတြဟာ သဘာဝအလွျဖစ္ေၾကာင္း သူတို႔က ယူဆၾကပါတယ္။

၅။ အျပံဳး
ဒီအခ်က္ကေတာ့ ႐ိုးစဥ္းပါတယ္။ လူတိုင္းဟာ အျပံဳလွလွေလးေတြကို ႏွစ္သက္တတ္ၾကၿပီး အိမ္ေထာင္ဖက္ေတာ္ခ်င္ၾကတာ သဘာဝပဲျဖစ္ပါတယ္။ သြားေတြက ျဖဴေဖြးေနရင္ေတာ့ ပိုၿပီး ဆြဲေဆာင္မႈရွိေစပါတယ္။

၆။ အနီေရာင္ဝတ္စံု
အနီေရာင္ဝတ္စံုဟာ ဆြဲေဆာင္မႈကိုျမွင့္တင္ေပးႏိုင္ၿပီး အာ႐ံုကိုလႈံ႕ေဆာ္ႏိုင္စြမ္းရွိပါတယ္။ အခ်ိဳ႕ေသာ ေလ့လာမႈေတြကေတာ့ အနီေရာင္ကာလာဟာ ကာမအားတိုးေဆးလိုပဲ စြမ္းေဆာင္ႏိုင္စြမ္းရွိပါတယ္တဲ့။

၇။ လက္တံရွည္တဲ့ အမ်ိဳးသမီးေတြ
ေလ့လာမႈအရ အမ်ိဳးသားေတြဟာ လက္တံရွည္တဲ့ အမ်ိဳးသမီးေတြကို ႏွစ္သက္ေၾကာင္းသိရပါတယ္။ သုေတသီေတြက ေသးသြယ္ၿပီး လက္တံရွည္တဲ့အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြကို ပိုမိုဆြဲေဆာင္ႏိုင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္ ျပည့္ျပည့္ၿဖိဳးၿဖိဳး ရွိဖို႔လည္းလိုေၾကာင္း ဆိုခဲ့ပါတယ္။

၈။ တစ္ကိုယ္ရည္သန္႔ရွင္းမႈ
ဒါကေတာ့ လူတိုင္းသိတဲ့့အခ်က္ျဖစ္ၿပီး တစ္ကိုယ္ရည္သန္႔ရွင္းမႈရွိၿပီး ေသေသသပ္သပ္ျပင္ဆင္ေနထိုင္တဲ့ အမ်ိဳးသမီးေတြကို အမ်ိဳးသားေတြက စိတ္ကူယဥ္တတ္ေၾကာင္း သိရွိရပါတယ္။ တကယ္လို႔ညစ္ပတ္ၿပီး အနံ႔တစ္ခုခုနံေနရင္ ဆန္႔က်င့္ဖက္လိင္ကို ဘယ္လိုဆြဲေဆာင္ႏိုင္မွာလဲ။

အထီးက်န္ဆန္ျခင္းဟာ ေန႔စဥ္စီးကရက္ ၁၅လိပ္ေသာက္တာထက္ ပိုဆိုးေၾကာင္း ေလ့လာေတြ႔ရွိ

#LM_Naung_Naung
#Lifestyle_Myanmar
Source-Providr

Unicode

အမျိုးသားတွေကို စိတ်ကူးယဉ်စေတတ်တဲ့ အမျိုးသမီးတွေရဲ့ရုပ်ပိုင်းဆိုင်ရာ ထူးခြားချက် (၈)ချက်
အမျိုးသားတိုင်းလိုလို ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတွေကို တွေ့တဲ့အခါတိုင်း ခဏတော့ဖြစ်ဖြစ် စိတ်ကူးယဉ်တတ်ကြပါတယ်။ မိန်းကလေးတွေလည်း ထို့အတူပဲ ဖြစ်နိုင်ပါတယ်။ ဒါဟာသဘာဝတရားက ဆန့်ကျင့်ဖက်လိင်အပေါ် စိတ်ဝင်စားခြင်းသက်သက်ဖြစ်ပြီး နှာဗူးထတယ်လို့လည်း ဆိုလို့မရပါဘူး။ ရင့်ကျက်ပြီး ကိုယ်ကျင့်တရားကို တန်ဖိုးထားတဲ့ ယောကျ်ားအချို့ကတော့ ယခုလိုဖြစ်ပေါ်လာတဲ့စိတ်ကို အလျှင်အမြန်ထိန်းချုပ်တတ်ကြပါတယ်။
ဘယ်သူမှတော့ မသိနိုင်ပါဘူး။ လူတိုင်းဟာ ကိုယ့်ရဲ့မျိုးဆက်အတွက် ပိုပြီးပြည့်စုံလှပဖို့အောင် ပြုလုပ်ပေးနိုင်မဲ့ ကြင်ဖော်ကို ရှာဖွေတတ်ကြတာသဘာဝပဲ ဖြစ်တာကြောင့် အရမ်းကိုအချိုးအစားကျပြီး ဆွဲဆောင်မှုရှိသူတွေကို စိတ်ကူးယဉ်မိတာ အဆန်းတော့ မဟုတ်ပါဘူး။
ဒါပေမယ့် စိတ်ပညာပါမောက္ခ၊ အမျိုးသမီးနဲ့လိင် လေ့လာသူ Dr. Midge Wilson က အမျိုးသမီးတွေရဲ့ အချို့သော အကျင့်စရိုက်တွေက အမျိုးသားတွေကို ပိုမိုစိတ်ကူးယဉ်စေနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါကိုသူမက မျိုးဆက်ပွားကြံ့ခိုင်ရေး အကဲဖြတ်မှုလို့ အမည်ပေးထားပြီး အမျိုးသမီးတွေကို အမျိုးသားတွေက လေ့လာတတ်တဲ့ အပြုအမူတစ်ခုဖြစ်ကြောင်း သူကဆိုပါတယ်။

၁။ တင်ပါးနှင့်ခါးအချိုး
ယနေ့ခေတ်မှာတော့ ယခုလိုတင်ပါးနဲ့ခါး အချိုးအစားဟာ မီဒီယာလမ်းကြောင်းမှာ အဓိကဖြစ်နေရုံသာမက ကိုယ်ဝန်ဆောင်မှုနဲ့ ကလေးမွေးဖွားနိုင်မှု၊ ကလေးဖွံ့ဖြိုးမှုအပေါ်ကိုပါ သက်ရောက်လျှက်ရှိကြောင်း ဆေးပညာက ဖော်ပြထားပြီး အမျိုးသားတိုင်း သတိထားတတ်တဲ့ အမျိုးသမီးတွေရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အမျိုးသားတိုင်းဟာ ခါးသေးပြီး တင်ပါးစွင့်ကားတဲ့ အမျိုးသမီးတွေတွေ့ရင် စိတ်ကူးယဉ်တတ်ကြတာဖြစ်ပြီးတော့ 7:10 အချိုးကို အမျိုးသားတွေ အနှစ်သက်ဆုံးဖြစ်ကြောင်း သုတေသနပြုဖော်ထုတ်ခဲ့ကြပါတယ်။

၂။ အမြင့်သံရှိတဲ့ အမျိုးသမီးတွေ
အမျိုးသာေးတွဟာ အသံချိုသာပြီး အမြင့်သံ high pitch ရှိတဲ့မိန်းကလေးတွေကို စိတ်လှုပ်ရှားတတ်ကြပါတယ်။ အမျိုးသမီးတွေဟာ အများအားဖြင့် အသက် ၂၀ ကနေ ၃၁ အထိ ဆွဲဆောင်မှုရှိတဲ့ အသံကိုပိုင်ဆိုင်ထားတာကြောင့် ယခုလိုအရွယ်က အမျိုးသားတွေကို ပိုပြီးရင်ခုန်စေနိုင်ပါတယ်။

၃။ သန်စွမ်းတဲ့ဆံပင်
အမျိုးသားတွေဟာ ဆံပင်သန်စွမ်းရှည်လျားပြီး တောက်ပတဲ့ဆံကေသာပိုင်ရှင် အမျိုးသမီးတွေကို နှစ်သက်တတ်ကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ ယခုလိုအသွင်အပြင်ဟာ ငယ်ရွယ်မှုနဲ့ မျိုးအောင်မှုရဲ့ သင်္ကေတအဖြစ် သူတို့က ယူဆကြပါတယ်။

၄။ မိတ်ကပ်သိပ်မသုံးတဲ့အမျိုးသမီး
သုတေသီတွေရဲ့ လေ့လာချက်အရ အမျိုးသားအများစုဟာ မိတ်ကပ်သိပ်မသုံးတဲ့ အမျိုးသမီးတွေကို ပိုမိုနှစ်သက်တတ်ကြပြီး ၄၀ရာခိုင်နှုန်းမိတ်ကပ်အသုံးပြုမှုနည်းတဲ့ မိန်းကလေးတွေဟာ သဘာဝအလှဖြစ်ကြောင်း သူတို့က ယူဆကြပါတယ်။

၅။ အပြုံး
ဒီအချက်ကတော့ ရိုးစဉ်းပါတယ်။ လူတိုင်းဟာ အပြံုလှလှလေးတွေကို နှစ်သက်တတ်ကြပြီး အိမ်ထောင်ဖက်တော်ချင်ကြတာ သဘာဝပဲဖြစ်ပါတယ်။ သွားတွေက ဖြူဖွေးနေရင်တော့ ပိုပြီး ဆွဲဆောင်မှုရှိစေပါတယ်။

၆။ အနီရောင်ဝတ်စုံ
အနီရောင်ဝတ်စုံဟာ ဆွဲဆောင်မှုကိုမြှင့်တင်ပေးနိုင်ပြီး အာရုံကိုလှုံ့ဆော်နိုင်စွမ်းရှိပါတယ်။ အချို့သော လေ့လာမှုတွေကတော့ အနီရောင်ကာလာဟာ ကာမအားတိုးဆေးလိုပဲ စွမ်းဆောင်နိုင်စွမ်းရှိပါတယ်တဲ့။

၇။ လက်တံရှည်တဲ့ အမျိုးသမီးတွေ
လေ့လာမှုအရ အမျိုးသားတွေဟာ လက်တံရှည်တဲ့ အမျိုးသမီးတွေကို နှစ်သက်ကြောင်းသိရပါတယ်။ သုတေသီတွေက သေးသွယ်ပြီး လက်တံရှည်တဲ့အမျိုးသမီးတွေဟာ အမျိုးသားတွေကို ပိုမိုဆွဲဆောင်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ပြည့်ပြည့်ဖြိုးဖြိုး ရှိဖို့လည်းလိုကြောင်း ဆိုခဲ့ပါတယ်။

၈။ တစ်ကိုယ်ရည်သန့်ရှင်းမှု
ဒါကတော့ လူတိုင်းသိတဲ့့အချက်ဖြစ်ပြီး တစ်ကိုယ်ရည်သန့်ရှင်းမှုရှိပြီး သေသေသပ်သပ်ပြင်ဆင်နေထိုင်တဲ့ အမျိုးသမီးတွေကို အမျိုးသားတွေက စိတ်ကူယဉ်တတ်ကြောင်း သိရှိရပါတယ်။ တကယ်လို့ညစ်ပတ်ပြီး အနံ့တစ်ခုခုနံနေရင် ဆန့်ကျင့်ဖက်လိင်ကို ဘယ်လိုဆွဲဆောင်နိုင်မှာလဲ။
#LM_Naung_Naung
#Lifestyle_Myanmar
Source-Providr

Related posts

ေၾကာက္စရာ အေကာင္းဆံုး သရဲေျခာက္တယ္ရယ္လို႔ နာမည္ၾကီးတဲ့ အရုပ္မ်ား (အပိုင္း၁)

OMCTC

သာသနာေတာ္ ဆိုသည္ကား အဘယ္နည္း

OMCTC

ကေလးသူငယ္မ်ားအား ဦးေဆာင္ႏိုင္မႈစြမ္းရည္ ေလ့က်င့္သင္ၾကားေပးျခင္း

OMCTC

Leave a Comment