အသံုးအျဖဳန္းႀကီးသူေတာင္မွ တစ္ႏွစ္အတြင္း ေငြအေျမာက္အမ်ား စုမိေစမဲ့ နည္းလမ္း ၃ ခ်က္

0
24

ပိုက္ဆံစုျခင္းဟာ အသံုးအျဖဳန္းႀကီးသူေတြအတြက္ အခက္ခဲဆံုးအရာျဖစ္ၿပီး အျမဲတေစေမ့ေလ်ာ့ေစတတ္တဲ့ ျပႆနာတစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ တခါတေလ ကၽြန္ေတာ္တို႔လိုခ်င္တဲ့ ပစၥည္းေလးေတြကို ဝယ္ဖို႔အတြက္ စုထားတဲ့ေငြေလးေတြ အရံသင့္ရွိေနရင္ေတာ့ တကယ့္ကိုအဆင္ေျပေစပါတယ္။ ဒါေၾကာင့္ ေငြမစုတတ္သူေတြ ေငြစုၿပီး သူေ႒းျဖစ္ဖို႔နဲ႔ အသံုးအျဖဳန္းႀကီးသူေတြလည္း ေငြစုမိလာေစဖို႔ နည္းလမ္းသံုးခ်က္ကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ အဆင့္ဆင့္စုေဆာင္းမယ္
ဒီနည္းလမ္းဟာ တႏွစ္သို႔မဟုတ္ ၅၂ ပတ္ေလာက္ၾကာျမင့္ရပါမယ္။ ဥပမာအားျဖင့္ ပထမဆံုးစစုတဲ့အပတ္မွာ ၅ေဒၚလာနဲ႔စရင္ ေနာက္တပတ္မွာ ၁၀ ေဒၚလာ၊ တတိယပတ္မွာ ၁၅ေဒၚလာ စသျဖင့္ ၅ေဒၚလာစီတိုးတိုးၿပီး စုသြားေပးပါ။ ေနာက္ဆံုးစုတဲ့ အပတ္မွာ $260 စုၿပီးတာနဲ႔ သင့္လက္ထဲမွာ ေဒၚလာ ၆၈၉၀ စုမိရက္သားျဖစ္သြားပါလိမ့္မယ္။ ဒါေပမယ့္ ယခုနည္းလမ္းဟာ ေန႔စဥ္ပံုမွန္ဝင္ေငြရွိေနတဲ့ သူအတြက္သာအလုပ္ျဖစ္ၿပီး ခက္ခဲပါက လစဥ္စုေငြသေဘာမ်ိဳးနဲ႔ ျပန္စုလို႔လည္း ရပါတယ္။

-Advertisement-

၂။ သံုးၿပီးတာနဲ႔စုမယ္
ဒီနည္းလမ္းဟာ လြယ္ကူၿပီးေတာ့ သင့္ကိုပိုက္ဆံစုမိ႐ံုသာမက ကုန္က်စားရိတ္ေတြကိုလည္း သတိထားမိေစဖို႔ ကူညီေပးႏိုင္ပါတယ္။ ဥပမာအားျဖင့္ သင္ဘာကိုပဲဝယ္ဝယ္ တန္ဖိုးရဲ႕ ၁၀ ရာခိုင္ႏႈန္းကို စုဘူးထဲထည့္ရမွာပါ။ သင္က ေဒၚလာ ၃၀ တန္တဲ့အက်ၤ ီဝယ္ရင္ ၁၀ ရာခိုင္ႏႈန္ျဖစ္တဲ့ ၃ ေဒၚလာကိုစုထားပါ။ တကယ္လို႔ တစ္လမွာ သင္ ေဒၚလာ၁၅၀ သံုးခဲ့ရင္ တႏွစ္ျပည့္တာနဲ႔ သင့္လက္ထဲမွာ ေဒၚလာ ၁၈၀ စုၿပီးျဖစ္ေနပါလိမ့္မယ္။ ဒီနည္းလမ္းက သင့္ရဲ႕အသံုးစားရိတ္ေတြကို ေျခရာခံႏိုင္ၿပီး ျပန္ကာတဲ့သေဘာမ်ိဳး ျဖစ္ေစပါတယ္။

၃။ အျပစ္ေပးရင္းလည္း စုမယ္
ဒီနည္းလမ္းကေတာ့ သင့္ရဲ႕မေကာင္းတဲ့အေလ့အထေတြကို ျပန္လည္ျပင္ဆင္ႏိုင္ဖို႔ ကူညီေပးႏိုင္သလို ေငြလည္းစုမိေစမွာျဖစ္ပါတယ္။ ဥပမာအားျဖင့္ သင္အိပ္ရာထေနာက္က်တာေတြ၊ အလုပ္ေနာက္က်တာေတြ၊ Gym သြားဖို႔ေမ႔ေနတာေတြအတြက္ ကိုယ့္ကိုယ္ကို ဖိုင္းေကာက္ပါ။ ၁ေဒၚလာ၊ ၃ေဒၚလာ ဒါမွနည္းေသးရင္ ေဒၚလာ၂၀ထိ ဖိုင္းေကာက္ၿပီး ကိုယ့္ကိုယ္ကိုအျပစ္ေပးပါ။ အေရးႀကီးတဲ့အရာတစ္ခုက အစမွာသတ္မွတ္ထားတဲ့ ဒါဏ္ေၾကးကို ကိုယ့္ကိုယ္ကိုညွာတဲ့အေနနဲ႔ ေလ်ာ့ေပါ့ဖို႔မစဥ္းစားပါနဲ႔။ ဒီနည္းလမ္းဟာ သင့္ကိုမေကာင္းတဲ့အက်င့္ေတြပါ ေပ်ာက္သြားေစၿပီး ေငြပိုစုမိလာေစပါတယ္။ သင္အရမ္းေတာ္သြားလို႔ မစုမိမွာမစိုးရိမ္ပါနဲ႔။ အမွားမလုပ္မိတဲ့ သူဆိုတာ မေတြ႕ဖူးေသးလို႔ပါ။ သင့္အတြက္ ဘယ္နည္းလမ္းက အထိေရာက္ဆံုးျဖစ္ႏိုင္မလဲ ကြန္းမန္႔မွာ ေျပာျပႏိုင္ပါတယ္။


#LM_Naung_Naung
#Lifestyle_Myanmar
Source_Brightside

ကိုယ့္ရဲ႕ BFF ေလးက ကိုယ့္ကို Crush ေနေၾကာင္းရိပ္မိႏိုင္မယ့္ အခ်က္ (၉) ခ်က္

Unicode

အသုံးအဖြုန်းကြီးသူတောင်မှ တစ်နှစ်အတွင်း ငွေအမြောက်အများ စုမိစေမဲ့ နည်းလမ်း ၃ ချက်
ပိုက်ဆံစုခြင်းဟာ အသုံးအဖြုန်းကြီးသူတွေအတွက် အခက်ခဲဆုံးအရာဖြစ်ပြီး အမြဲတစေမေ့လျော့စေတတ်တဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် တခါတလေ ကျွန်တော်တို့လိုချင်တဲ့ ပစ္စည်းလေးတွေကို ဝယ်ဖို့အတွက် စုထားတဲ့ငွေလေးတွေ အရံသင့်ရှိနေရင်တော့ တကယ့်ကိုအဆင်ပြေစေပါတယ်။ ဒါကြောင့် ငွေမစုတတ်သူတွေ ငွေစုပြီး သူဋ္ဌေးဖြစ်ဖို့နဲ့ အသုံးအဖြုန်းကြီးသူတွေလည်း ငွေစုမိလာစေဖို့ နည်းလမ်းသုံးချက်ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ အဆင့်ဆင့်စုဆောင်းမယ်
ဒီနည်းလမ်းဟာ တနှစ်သို့မဟုတ် ၅၂ ပတ်လောက်ကြာမြင့်ရပါမယ်။ ဥပမာအားဖြင့် ပထမဆုံးစစုတဲ့အပတ်မှာ ၅ဒေါ်လာနဲ့စရင် နောက်တပတ်မှာ ၁၀ ဒေါ်လာ၊ တတိယပတ်မှာ ၁၅ဒေါ်လာ စသဖြင့် ၅ဒေါ်လာစီတိုးတိုးပြီး စုသွားပေးပါ။ နောက်ဆုံးစုတဲ့ အပတ်မှာ $260 စုပြီးတာနဲ့ သင့်လက်ထဲမှာ ဒေါ်လာ ၆၈၉၀ စုမိရက်သားဖြစ်သွားပါလိမ့်မယ်။ ဒါပေမယ့် ယခုနည်းလမ်းဟာ နေ့စဉ်ပုံမှန်ဝင်ငွေရှိနေတဲ့ သူအတွက်သာအလုပ်ဖြစ်ပြီး ခက်ခဲပါက လစဉ်စုငွေသဘောမျိုးနဲ့ ပြန်စုလို့လည်း ရပါတယ်။

၂။ သုံးပြီးတာနဲ့စုမယ်
ဒီနည်းလမ်းဟာ လွယ်ကူပြီးတော့ သင့်ကိုပိုက်ဆံစုမိရုံသာမက ကုန်ကျစားရိတ်တွေကိုလည်း သတိထားမိစေဖို့ ကူညီပေးနိုင်ပါတယ်။ ဥပမာအားဖြင့် သင်ဘာကိုပဲဝယ်ဝယ် တန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းကို စုဘူးထဲထည့်ရမှာပါ။ သင်က ဒေါ်လာ ၃၀ တန်တဲ့အကျင်္ ီဝယ်ရင် ၁၀ ရာခိုင်နှုန်ဖြစ်တဲ့ ၃ ဒေါ်လာကိုစုထားပါ။ တကယ်လို့ တစ်လမှာ သင် ဒေါ်လာ၁၅၀ သုံးခဲ့ရင် တနှစ်ပြည့်တာနဲ့ သင့်လက်ထဲမှာ ဒေါ်လာ ၁၈၀ စုပြီးဖြစ်နေပါလိမ့်မယ်။ ဒီနည်းလမ်းက သင့်ရဲ့အသုံးစားရိတ်တွေကို ခြေရာခံနိုင်ပြီး ပြန်ကာတဲ့သဘောမျိုး ဖြစ်စေပါတယ်။

၃။ အပြစ်ပေးရင်းလည်း စုမယ်
ဒီနည်းလမ်းကတော့ သင့်ရဲ့မကောင်းတဲ့အလေ့အထတွေကို ပြန်လည်ပြင်ဆင်နိုင်ဖို့ ကူညီပေးနိုင်သလို ငွေလည်းစုမိစေမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် သင်အိပ်ရာထနောက်ကျတာတွေ၊ အလုပ်နောက်ကျတာတွေ၊ Gym သွားဖို့မေ့နေတာတွေအတွက် ကိုယ့်ကိုယ်ကို ဖိုင်းကောက်ပါ။ ၁ဒေါ်လာ၊ ၃ဒေါ်လာ ဒါမှနည်းသေးရင် ဒေါ်လာ၂၀ထိ ဖိုင်းကောက်ပြီး ကိုယ့်ကိုယ်ကိုအပြစ်ပေးပါ။ အရေးကြီးတဲ့အရာတစ်ခုက အစမှာသတ်မှတ်ထားတဲ့ ဒါဏ်ကြေးကို ကိုယ့်ကိုယ်ကိုညှာတဲ့အနေနဲ့ လျော့ပေါ့ဖို့မစဉ်းစားပါနဲ့။ ဒီနည်းလမ်းဟာ သင့်ကိုမကောင်းတဲ့အကျင့်တွေပါ ပျောက်သွားစေပြီး ငွေပိုစုမိလာစေပါတယ်။ သင်အရမ်းတော်သွားလို့ မစုမိမှာမစိုးရိမ်ပါနဲ့။ အမှားမလုပ်မိတဲ့ သူဆိုတာ မတွေ့ဖူးသေးလို့ပါ။ သင့်အတွက် ဘယ်နည်းလမ်းက အထိရောက်ဆုံးဖြစ်နိုင်မလဲ ကွန်းမန့်မှာ ပြောပြနိုင်ပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Source_Brightside

LEAVE A REPLY

Please enter your comment!
Please enter your name here