အိပ္ယာေဘးမွာ သံပုရာသီးထားအိပ္ျခင္းရဲ႕ ရလဒ္ေကာင္းမ်ား

0
17

သံပုရာသီးဟာ က်န္းမာေရးအတြက္ အမ်ားႀကီးအသုံးဝင္တယ္ဆိုတာ သင္ကိုယ္တိုင္လည္းသိၿပီးေလာက္ၿပီျဖစ္မွာပါ။ ဒါေပမဲ့ အခုေဖာ္ျပေပးမွာက သင္ကိုယ္တိုင္သတိမထားမိေသးတဲ့ သံပုရာသီးရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးေတြပဲျဖစ္ပါတယ္။

-Advertisement-

အိပ္ယာေဘးမွာ သံပုရာသီးထားအိပ္ျခင္း


သုေတသနပညာရွင္ေတြရဲ႕ စမ္းသပ္ခ်က္အရ သံပုရာသီးရဲ႕ အစြမ္းဟာ အံ့မခန္းပဲလို႔ ေျပာဆိုခဲ့ၾကပါတယ္။ သူတို႔ရဲ႕ စမ္းသပ္ခ်က္အရ သံပုရာသီးျခမ္း/ သံပုရာသီးစိပ္ကို သင္အိပ္တဲ့ အိပ္ယာေဘးမွာ ထားအိပ္ျခင္းအားျဖင့္ သံပုရာသီးရဲ႕ ရနံ႔ေၾကာင့္
သင့္ရဲ႕ အသက္႐ႈလမ္းေၾကာင္းေကာင္းမြန္ျခင္း၊ ေလေကာင္းေလသန္႔ရရွိျခင္း၊ သင့္ကို အိပ္ေရးဝဝအိပ္ႏိုင္ဖို႔အတြက္ အမ်ားႀကီးေထာက္ပံ့ေပးႏိုင္ပါတယ္။ ျပဳလုပ္ရမွာေတာ့ သင့္အိပ္မဲ့အခန္းထဲမွာ သံပုရာသီးကိုလွီးျဖတ္ၿပီး ပန္းကန္ထဲကို ထည့္ထားၿပီး
သင္အိပ္မဲ့အိပ္ယာေဘးမွာ ထားအိပ္ေပးရပါ။

ေသြးဖိအားေလ်ာ့ခ်ေပးျခင္း


ကၽြန္ေတာ္တို႔လူေတြမွာ ၃၂%ေလာက္က ေသြးေပါင္ခ်ိန္အတက္အက်မမွန္တဲ့သူေတြျဖစ္ပါတယ္။ သံပုရာသီးျခမ္းက ဒီအတြက္ေကာင္းမြန္သလို သူ႕ရဲ႕ အဓိကအားသာခ်က္ကေတာ့ သဘာဝနည္းလမ္းေလးပဲျဖစ္ပါတယ္။ သာမန္ေသြးဖိအားမ်ားတဲ့သူေတြအတြက္ သံပုရာသီးျခမ္းကို အိပ္ယာေဘးထားအိပ္ျခင္းက ထိေရာက္မႈရွိပါတယ္။ အျခားေရာဂါေဝဒနာေၾကာင့္ ေသြးတိုးေရာဂါအခံရွိရင္ေတာ့ ဆရာဝန္ထံသြားျပဖို႔ အႀကံျပဳပါရေစ။

စိတ္ဖိစီးမႈကိုသက္သာေစျခင္း


ကၽြန္ေတာ္တို႔ရဲ႕ စိတ္ဟာ အလုပ္ေၾကာင့္ သို႔မဟုတ္ အျခားအေၾကာင္းအရာတစ္ခုခုေၾကာင့္ တစ္ေန႔နဲ႔တစ္ေန႔ မ႐ိုးေအာင္ စိတ္ဖိစီးမႈရွိၿပီး ဦးေႏွာက္နဲ႔အာ႐ုံေၾကာစနစ္ကို ပင္ပန္းႏြမ္းနယ္ေစပါတယ္။ ဒါေပမဲ့ သံပုရာသီးရဲ႕ အနံ႔ကို ႐ွဴ႐ႈိက္ျခင္းအားျဖင့္ စိတ္ဖိစီးမႈကိုေလ်ာ့ခ်ေပးၿပီး အား႐ုံေၾကာစနစ္ကို တိုးတက္ေကာင္းမြန္ေစပါတယ္။ ဒါ့ေၾကာင့္ အိပ္ယာေဘးမွာ သံပုရာသီးျခမ္းပန္းကန္ကို ထားၿပီး အိပ္စက္ေပးပါ။

အသက္႐ႈမဝျခင္းမွကာကြယ္ေပးျခင္း


သံပုရာသီးရဲ႕ အန႔ံဟာ အသက္႐ွဴဖို႔လမ္းေၾကာင္းမွာရွိတဲ့ ပိတ္ဆို႔မႈေတြကိုရွင္းထုတ္ေပးႏုိင္ၿပီး အသက္႐ႈပ္ၾကပ္ျခင္း၊ ႏွာေခါင္းပိတ္ျခင္းအတြက္ ေကာင္းမြန္ပါတယ္။ ဒါ့အျပင္ သံပုရာသီးရဲ႕ ရနံ႔ဟာ သင့္အခန္းအတြင္းမွာရွိတဲ့ ေလထုကိုလည္း သန္႔စင္ေပးႏိုင္ပါတယ္။အင္းဆက္ပိုးမႊားမ်ားဖယ္ရွားျခင္းသင့္ရဲ႕ အခန္းထဲမွာ သံပုရာသီးျခမ္းထားအိပ္ျခင္းေၾကာင့္ အင္းဆက္ပိုးမႊားေတြကိုဖယ္ရွားပစ္ႏိုင္ၿပီး သင့္အခန္းကိုလည္း သန္႔ရွင္ေစပါတယ္။ သံပုရာသီးရနံ႔ေၾကာင့္ အင္းဆက္မ်ားကိုဖယ္ရွားႏိုင္တဲ့အျပင္ သံပုရာသီးအနံ႔ရတာနဲ႔ အင္းဆက္ပိုးမႊားေတြမလာေတာ့ပါဘူး။

စြမ္းအင္ကိုတုိးျမႇင့္ေပးျခင္း


အသက္႐ွဴလမ္းေၾကာင္းေကာင္းမြန္ေစၿပီး ဦးေႏွာက္အာ႐ုံေၾကာစနစ္ေကာင္းစြာအလုပ္လုပ္တာေၾကာင့္ သင့္ကို ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေစပါတယ္။ နံနက္ႏိုးလာတဲ့အခါမွာလည္း သံပုရာသီးရဲ႕ ရနံ႔ေၾကာင့္ သင့္ရဲ႕စိတ္ကိုလန္းဆန္းမႈေပးၿပီး ေပ်ာ္ရႊင္ျခင္းမႈကိုခံစားေစပါတယ္။

ေျခာက္ေသြ႕ယားယံတဲ့ အသားအေရႏွင့္ ေျခေထာက္ေတြကို ပိုမိုဆိုးရြားလာေစတဲ့ အေလ့အထမ်ား

#Lifestyle_Myanmar

#Thar_Nage


Unicode

အိပ်ယာဘေးမှာ သံပုရာသီးထားအိပ်ခြင်းရဲ့ ရလဒ်ကောင်းများ
သံပုရာသီးဟာ ကျန်းမာရေးအတွက် အများကြီးအသုံးဝင်တယ်ဆိုတာ သင်ကိုယ်တိုင်လည်းသိပြီးလောက်ပြီဖြစ်မှာပါ။ ဒါပေမဲ့ အခုဖော်ပြပေးမှာက သင်ကိုယ်တိုင်သတိမထားမိသေးတဲ့ သံပုရာသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်။

အိပ်ယာဘေးမှာ သံပုရာသီးထားအိပ်ခြင်း
သုတေသနပညာရှင်တွေရဲ့ စမ်းသပ်ချက်အရ သံပုရာသီးရဲ့ အစွမ်းဟာ အံ့မခန်းပဲလို့ ပြောဆိုခဲ့ကြပါတယ်။ သူတို့ရဲ့ စမ်းသပ်ချက်အရ သံပုရာသီးခြမ်း/ သံပုရာသီးစိပ်ကို သင်အိပ်တဲ့ အိပ်ယာဘေးမှာ ထားအိပ်ခြင်းအားဖြင့် သံပုရာသီးရဲ့ ရနံ့ကြောင့်
သင့်ရဲ့ အသက်ရှုလမ်းကြောင်းကောင်းမွန်ခြင်း၊ လေကောင်းလေသန့်ရရှိခြင်း၊ သင့်ကို အိပ်ရေးဝဝအိပ်နိုင်ဖို့အတွက် အများကြီးထောက်ပံ့ပေးနိုင်ပါတယ်။ ပြုလုပ်ရမှာတော့ သင့်အိပ်မဲ့အခန်းထဲမှာ သံပုရာသီးကိုလှီးဖြတ်ပြီး ပန်းကန်ထဲကို ထည့်ထားပြီး
သင်အိပ်မဲ့အိပ်ယာဘေးမှာ ထားအိပ်ပေးရပါ။

သွေးဖိအားလျော့ချပေးခြင်း
ကျွန်တော်တို့လူတွေမှာ ၃၂%လောက်က သွေးပေါင်ချိန်အတက်အကျမမှန်တဲ့သူတွေဖြစ်ပါတယ်။ သံပုရာသီးခြမ်းက ဒီအတွက်ကောင်းမွန်သလို သူ့ရဲ့ အဓိကအားသာချက်ကတော့ သဘာဝနည်းလမ်းလေးပဲဖြစ်ပါတယ်။ သာမန်သွေးဖိအားများတဲ့သူတွေအတွက် သံပုရာသီးခြမ်းကို အိပ်ယာဘေးထားအိပ်ခြင်းက ထိရောက်မှုရှိပါတယ်။ အခြားရောဂါဝေဒနာကြောင့် သွေးတိုးရောဂါအခံရှိရင်တော့ ဆရာဝန်ထံသွားပြဖို့ အကြံပြုပါရစေ။

စိတ်ဖိစီးမှုကိုသက်သာစေခြင်း
ကျွန်တော်တို့ရဲ့ စိတ်ဟာ အလုပ်ကြောင့် သို့မဟုတ် အခြားအကြောင်းအရာတစ်ခုခုကြောင့် တစ်နေ့နဲ့တစ်နေ့ မရိုးအောင် စိတ်ဖိစီးမှုရှိပြီး ဦးနှောက်နဲ့အာရုံကြောစနစ်ကို ပင်ပန်းနွမ်းနယ်စေပါတယ်။ ဒါပေမဲ့ သံပုရာသီးရဲ့ အနံ့ကို ရှူရှိုက်ခြင်းအားဖြင့် စိတ်ဖိစီးမှုကိုလျော့ချပေးပြီး အားရုံကြောစနစ်ကို တိုးတက်ကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် အိပ်ယာဘေးမှာ သံပုရာသီးခြမ်းပန်းကန်ကို ထားပြီး အိပ်စက်ပေးပါ။

အသက်ရှုမဝခြင်းမှကာကွယ်ပေးခြင်း
သံပုရာသီးရဲ့ အန့ံဟာ အသက်ရှူဖို့လမ်းကြောင်းမှာရှိတဲ့ ပိတ်ဆို့မှုတွေကိုရှင်းထုတ်ပေးနိုင်ပြီး အသက်ရှုပ်ကြပ်ခြင်း၊ နှာခေါင်းပိတ်ခြင်းအတွက် ကောင်းမွန်ပါတယ်။ ဒါ့အပြင် သံပုရာသီးရဲ့ ရနံ့ဟာ သင့်အခန်းအတွင်းမှာရှိတဲ့ လေထုကိုလည်း သန့်စင်ပေးနိုင်ပါတယ်။အင်းဆက်ပိုးမွှားများဖယ်ရှားခြင်းသင့်ရဲ့ အခန်းထဲမှာ သံပုရာသီးခြမ်းထားအိပ်ခြင်းကြောင့် အင်းဆက်ပိုးမွှားတွေကိုဖယ်ရှားပစ်နိုင်ပြီး သင့်အခန်းကိုလည်း သန့်ရှင်စေပါတယ်။ သံပုရာသီးရနံ့ကြောင့် အင်းဆက်များကိုဖယ်ရှားနိုင်တဲ့အပြင် သံပုရာသီးအနံ့ရတာနဲ့ အင်းဆက်ပိုးမွှားတွေမလာတော့ပါဘူး။

စွမ်းအင်ကိုတိုးမြှင့်ပေးခြင်း
အသက်ရှူလမ်းကြောင်းကောင်းမွန်စေပြီး ဦးနှောက်အာရုံကြောစနစ်ကောင်းစွာအလုပ်လုပ်တာကြောင့် သင့်ကို နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။ နံနက်နိုးလာတဲ့အခါမှာလည်း သံပုရာသီးရဲ့ ရနံ့ကြောင့် သင့်ရဲ့စိတ်ကိုလန်းဆန်းမှုပေးပြီး ပျော်ရွှင်ခြင်းမှုကိုခံစားစေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here