သင့္ရဲ႕ relationship အတြင္း ယံုၾကည္မႈျပန္လည္တည္ေဆာက္ဖို႔အတြက္ အဆင့္ (၇) ခ်က္

0
11

relationship တစ္ခုမွာ ကတိေဖာက္ဖ်က္မႈေတြ ပဋိပကၡအမွားေတြေၾကာင့္ ယံုၾကည္မႈပ်က္စီးသြားတဲ့အခါ အရင္လိုယံုၾကည္မႈ ျပန္လည္တည္ေဆာက္ဖို႔ဆိုတာ ခက္ခဲႏိုင္ပါတယ္။ ဒီအတြက္ႏွစ္ဦးစလံုး ခံစားနာက်င္ရႏိုင္ေပမယ့္ ေနာက္တႀကိမ္အၾကြင္းမဲ့ယံုဖို႔ ဆိုတာျဖစ္ႏိုင္ေျခ မရွိေတာ့ဘူးလို႔ သင္ခံစားရပါလိမ့္မယ္။ ဒီအတြက္ အခ်ိန္နဲ႔အလုပ္အေပၚမူတည္ၿပီး ယံုၾကည္မႈျပန္လည္တည္ေဆာက္ႏိုင္မယ့္ သတင္းေကာင္းေလးအခ်ိဳ႕ကို ေပးပါရစ။

၁။ သင့္ရဲ႕ Role ကိုျမွင့္တင္ပါ
သင့္ရဲ႕ယံုၾကည္မႈခ်ိဳးေဖာက္မိတဲ့ လုပ္ရပ္ေတြေၾကာင့္ တစ္စံုတစ္ေယာက္ကို နာက်င္ေစတဲ့အခါ သင့္အေပၚအသိအမွတ္ျပဳမႈေတြ၊ သင့္ရဲ႕အခန္းက႑ေတြနဲ႔ သင့္ရဲ႕လုပ္ရပ္ေတြအေပၚ ေရာင္ျပန္ဟပ္ပါလိမ့္မယ္။ ဒါကိုသင္က မသိက်ိဳးကၽြံျပဳျခင္း၊ လႊဲခ်ျခင္းနဲ႔ အေသးအဖြဲ႕ကဲ့သို႔သေဘာထားျခင္းဟာ ပ်က္စီးသြားတဲ့ ယံုၾကည္မႈကိုျပန္လည္ျပင္ဆင္ဖို႔အတြက္ အကူအညီမရႏိုင္ပါဘူး။ ဒါေၾကာင့္ ကိုယ့္ရဲ႕ role ကိုျပန္လည္ျမွင့္တင္ဖို႔ အရင္ႀကိဳးစားၿပီးမွ ခ်စ္သူကိုျပန္လည္စည္း႐ံုးသိမ္းသြင္းဖို႔ ႀကိဳးစားသင့္ပါတယ္။ အရာရာကိုအခ်ိန္တန္ေမ့သြားမွာပဲဆိုတဲ့စိတ္နဲ႔ ေပါ့ေပါ့တန္တန္မေတြးေတာပါနဲ႔။

၂။ ေတာင္းပန္မယ့္အစီအစဥ္တစ္ခု ျပဳလုပ္ပါ
လူအမ်ားစုဟာ ေတာင္းပန္ျခင္းကိစၥကို လြယ္လြယ္မလုပ္တတ္ၾကပါဘူး။ ဒါေပမယ့္ ကိုယ့္ဖက္ကအမွား လုပ္မိတဲ့အခါ ၀န္ခံရဲဖို႔နဲ႔ ေတာင္းပန္ဖို႔ လိုအပ္ပါတယ္။ ေတာင္းပန္ဖို႔ႀကိဳးစားတဲ့အခါမွာလည္း ကိုယ့္ရဲ႕လုပ္ရပ္ေတြကို မွန္ကန္ေၾကာင္းသေဘာေဆာင္တဲ့ အျပဳအမူမ်ိဳးေတြကို ေရွာင္ရွားပါ။ တကယ္လို႔သင္ကိုယ္တိုင္ မနာက်င္ရရင္ေတာင္မွ သူ႔ရဲ႕နာက်င္ခံစားရမႈကို မ်က္ကြယ္မျပဳပါနဲ႔။ သင္တကယ္အျပစ္ရွိေၾကာင္းကိုသိၿပီး စိတ္ပါလက္ပါေတာင္းပန္ျခင္းဟာ သူ႕အတြက္ခြင့္လႊတ္ႏိုင္ဖို႔ ရာခိုင္ႏႈန္းပိုမ်ားပါလိမ့္မယ္။ ကိုယ့္ရဲ႕အမွားကို ကိုယ္တိုင္တာ၀န္ယူတတ္ၿပီး ေနာက္တခါထပ္မျဖစ္ဖို႔ ကတိေပးျခင္းဟာ သင့္ကိုယံုၾကည္မႈျပန္လည္ရရွိဖို႔ အခြင့္အလမ္းပိုရွိေစပါလိမ့္မယ္။

၃။ စကားေျပာေကာင့္မယ့္ အခ်ိန္ကိုေမးပါ
ေတာင္းပန္စကားေျပာတဲ့အခ်ိန္ေတြ၊ ျပန္လည္ေစ့စပ္တဲ့ အခ်ိန္ေတြဟာ အေျခအေနနဲ႔ အခ်ိန္အခါေပၚမူတည္ၿပီး ကြဲျပားျခားနားပါတယ္။ သင္အဓိကေဆြးေႏြးခ်င္တဲ့ အေၾကာင္းအရာကို သူသိပါေစ။ ဘယ္အခ်ိန္မွာ စကားေျပာလို႔ေကာင္းမယ္ဆိုတာကိုလည္း ႀကိဳတင္ခ်ိန္းဆိုပါ။ သူ႕ရဲ႕စိတ္ၾကည္လင္ေနတဲ့အခ်ိန္ဟာ ေဆြးေႏြးမႈကို အျပည့္အ၀အာ႐ံုစိုက္ႏိုင္ၿပီး သင့္ကိုခြင့္လႊတ္ႏိုင္ေျခ ပိုမ်ားပါတယ္။

၄။ တာ၀န္ခံမႈကို လက္ခံပါ
သင့္ရဲ႕ကိုယ္ပိုင္ role ကိုျမွင့္တင္ၿပီးတာနဲ႔ သင္တာ၀န္ခံႏိုင္ေၾကာင္းကို သင့္ခ်စ္သူသိေအာင္ ထုတ္ေဖာ္ျပရမယ့္ အခ်ိန္ေရာက္ပါၿပီ။ ကိုယ္လုပ္ခဲ့တဲ့ အမွားကိုတာ၀န္ခံျခင္းဟာ သင့္ခ်စ္သူရဲ႕ယံုၾကည္မႈကို တဖန္ျပန္လည္ရရွိေစဖို႔ အကူအညီေပးႏိုင္ပါတယ္။

၅။ တက္ၾကြစြာ နားေထာင္ေပးပါ
ေတာင္းပန္လို႔ၿပီးတဲ့အခါ သင့္ခ်စ္သူကစကားတစ္စံုတစ္ရာ ျပန္ေျပာမယ့္ အခ်ိန္ျဖစ္တဲ့အတြက္ ေသေသခ်ာခ်ာနဲ႔ တက္ၾကြစြာ နားေထာင္ေပးဖို႔ လိုအပ္ပါတယ္။ တက္ၾကြစြာနားေထာင္တဲ့ နည္းစနစ္ဟာ နားနဲ႔သာမဟုတ္ပဲ မ်က္လံုး၊ ကိုယ္အမူအယာေတြကပါ ေဖာ္ျပရပါလိမ့္မယ္။ သူေျပာတဲ့စကားတိုင္းကိုလည္း သင့္အတြက္ေကာင္းတာပဲျဖစ္ေစ၊ အျပစ္တင္တာပဲျဖစ္ေစ စိတ္ေအးေအးထားၿပီး ေကာင္းမြန္စြာနားလည္ဟန္ ျပသပါ။ သူတို႔မွာလည္း သူတို႔အခြင့္အေရးရွိပါတယ္။ အေလာတႀကီးမလုပ္မိပါေစနဲ႔။

၆။ သင့္ကိုယ္သင္ခြင့္လႊတ္ပါ
တစ္စံုတစ္ေယာက္ရဲ႕ ယံုၾကည္မႈကို သင္ခ်ိဳးေဖာက္မိတဲ့အခါ သင့္ကိုယ္သင္ ခြင့္မလႊတ္ႏိုင္ေအာင္ ျဖစ္တတ္ပါတယ္။ တကယ္လို႔ သင့္ရဲ႕အမွားအတြက္ အမွန္တကယ္ေနာင္တရတဲ့အခါ အရင္ဆံုး ကိုယ့္ကိုယ္ကိုခြင့္လႊတ္ဖို႔ လိုအပ္ပါတယ္။ သင့္ကိုယ္သင္ခြင့္လႊတ္ၿပီး ေနာက္ထပ္မျဖစ္ေအာင္ ျပဳျပင္လိုစိတ္ရွိမွသာလွ်င္ သူ႕ရဲ႕ယံုၾကည္မႈနဲ႔ ခြင့္လႊတ္မႈကို ရရွိေစပါလိမ့္မယ္။ ဘာအတြက္ေၾကာင့္မွ ကိုယ့္ကိုယ္ကိုထပ္ၿပီးမႏွိပ္စက္ပါနဲ႔။ သူ႕အတြက္ေရာ သင့္အတြက္ပါ အက်ိဳးရွိမွာ မဟုတ္ပါဘူး။

၇။ စိတ္ရွည္ပါ
ယံုၾကည္မႈ ျပန္လည္တည္ေဆာက္ဖို႔ဆိုတာ အခ်ိန္ယူရမယ့္ အရာျဖစ္ပါတယ္။ ဒါေၾကာင့္ သင့္လက္တြဲေဖာ္နဲ႔ ပတ္သတ္ၿပီး အျဖစ္အပ်က္တိုင္းကို စိတ္ရွည္ဖို႔ လိုအပ္ပါတယ္။ အရာအားလံုးၿပီးျပည့္စံုသူဆိုတာ မရွိႏိုင္ပါဘူး။ လူတိုင္းဟာ အမွားျပဳလုပ္မိႏိုင္ပါတယ္။ ဒီအတြက္ သင့္ကိုယ္သင္ခြင့္လႊတ္ၿပီး အမွားအတြက္တာ၀န္ယူရမွာျဖစ္သလို ကိုယ့္ကိုယ္ကိုၾကင္နာဖို႔လည္း လိုအပ္ပါတယ္။ သူ႕ဖက္က ခြင့္လႊတ္ေပမယ့္ အရင္လိုမယံုၾကည္ႏိုင္ျခင္းေတြကို ယံုၾကည္မႈေတြ ျပန္ရတဲ့အခ်ိန္ထိ စိတ္ရွည္ရွည္နဲ႔ ေစာင့္ဆိုင္းၿပီး သင့္ဖက္ကႀကိဳးစားမွသာလွ်င္ တစ္ေယာက္နဲ႔တစ္ေယာက္ သံသယကင္းကင္းနဲ႔ ထာ၀ရလက္တြဲႏိုင္မွာျဖစ္ပါတယ္။
#LM_Naung_Naung
#Lifestyle_Myanmar
Source-Psychologytoday

သင့္ရဲ႕ကေလး ဆက္ဆံေရးေကာင္းမြန္သူတစ္ေယာက္ျဖစ္ေအာင္ ဘယ္လိုေလ့က်င့္ေပးသင့္လဲ

Unicode

သင့်ရဲ့ relationship အတွင်း ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့အတွက် အဆင့် (၇) ချက်
relationship တစ်ခုမှာ ကတိဖောက်ဖျက်မှုတွေ ပဋိပက္ခအမှားတွေကြောင့် ယုံကြည်မှုပျက်စီးသွားတဲ့အခါ အရင်လိုယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။ ဒီအတွက်နှစ်ဦးစလုံး ခံစားနာကျင်ရနိုင်ပေမယ့် နောက်တကြိမ်အကြွင်းမဲ့ယုံဖို့ ဆိုတာဖြစ်နိုင်ခြေ မရှိတော့ဘူးလို့ သင်ခံစားရပါလိမ့်မယ်။ ဒီအတွက် အချိန်နဲ့အလုပ်အပေါ်မူတည်ပြီး ယုံကြည်မှုပြန်လည်တည်ဆောက်နိုင်မယ့် သတင်းကောင်းလေးအချို့ကို ပေးပါရစ။

၁။ သင့်ရဲ့ Role ကိုမြှင့်တင်ပါ
သင့်ရဲ့ယုံကြည်မှုချိုးဖောက်မိတဲ့ လုပ်ရပ်တွေကြောင့် တစ်စုံတစ်ယောက်ကို နာကျင်စေတဲ့အခါ သင့်အပေါ်အသိအမှတ်ပြုမှုတွေ၊ သင့်ရဲ့အခန်းကဏ္ဍတွေနဲ့ သင့်ရဲ့လုပ်ရပ်တွေအပေါ် ရောင်ပြန်ဟပ်ပါလိမ့်မယ်။ ဒါကိုသင်က မသိကျိုးကျွံပြုခြင်း၊ လွှဲချခြင်းနဲ့ အသေးအဖွဲ့ကဲ့သို့သဘောထားခြင်းဟာ ပျက်စီးသွားတဲ့ ယုံကြည်မှုကိုပြန်လည်ပြင်ဆင်ဖို့အတွက် အကူအညီမရနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ role ကိုပြန်လည်မြှင့်တင်ဖို့ အရင်ကြိုးစားပြီးမှ ချစ်သူကိုပြန်လည်စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားသင့်ပါတယ်။ အရာရာကိုအချိန်တန်မေ့သွားမှာပဲဆိုတဲ့စိတ်နဲ့ ပေါ့ပေါ့တန်တန်မတွေးတောပါနဲ့။

၂။ တောင်းပန်မယ့်အစီအစဉ်တစ်ခု ပြုလုပ်ပါ
လူအများစုဟာ တောင်းပန်ခြင်းကိစ္စကို လွယ်လွယ်မလုပ်တတ်ကြပါဘူး။ ဒါပေမယ့် ကိုယ့်ဖက်ကအမှား လုပ်မိတဲ့အခါ ၀န်ခံရဲဖို့နဲ့ တောင်းပန်ဖို့ လိုအပ်ပါတယ်။ တောင်းပန်ဖို့ကြိုးစားတဲ့အခါမှာလည်း ကိုယ့်ရဲ့လုပ်ရပ်တွေကို မှန်ကန်ကြောင်းသဘောဆောင်တဲ့ အပြုအမူမျိုးတွေကို ရှောင်ရှားပါ။ တကယ်လို့သင်ကိုယ်တိုင် မနာကျင်ရရင်တောင်မှ သူ့ရဲ့နာကျင်ခံစားရမှုကို မျက်ကွယ်မပြုပါနဲ့။ သင်တကယ်အပြစ်ရှိကြောင်းကိုသိပြီး စိတ်ပါလက်ပါတောင်းပန်ခြင်းဟာ သူ့အတွက်ခွင့်လွှတ်နိုင်ဖို့ ရာခိုင်နှုန်းပိုများပါလိမ့်မယ်။ ကိုယ့်ရဲ့အမှားကို ကိုယ်တိုင်တာဝန်ယူတတ်ပြီး နောက်တခါထပ်မဖြစ်ဖို့ ကတိပေးခြင်းဟာ သင့်ကိုယုံကြည်မှုပြန်လည်ရရှိဖို့ အခွင့်အလမ်းပိုရှိစေပါလိမ့်မယ်။

၃။ စကားပြောကောင့်မယ့် အချိန်ကိုမေးပါ
တောင်းပန်စကားပြောတဲ့အချိန်တွေ၊ ပြန်လည်စေ့စပ်တဲ့ အချိန်တွေဟာ အခြေအနေနဲ့ အချိန်အခါပေါ်မူတည်ပြီး ကွဲပြားခြားနားပါတယ်။ သင်အဓိကဆွေးနွေးချင်တဲ့ အကြောင်းအရာကို သူသိပါစေ။ ဘယ်အချိန်မှာ စကားပြောလို့ကောင်းမယ်ဆိုတာကိုလည်း ကြိုတင်ချိန်းဆိုပါ။ သူ့ရဲ့စိတ်ကြည်လင်နေတဲ့အချိန်ဟာ ဆွေးနွေးမှုကို အပြည့်အဝအာရုံစိုက်နိုင်ပြီး သင့်ကိုခွင့်လွှတ်နိုင်ခြေ ပိုများပါတယ်။

၄။ တာဝန်ခံမှုကို လက်ခံပါ
သင့်ရဲ့ကိုယ်ပိုင် role ကိုမြှင့်တင်ပြီးတာနဲ့ သင်တာဝန်ခံနိုင်ကြောင်းကို သင့်ချစ်သူသိအောင် ထုတ်ဖော်ပြရမယ့် အချိန်ရောက်ပါပြီ။ ကိုယ်လုပ်ခဲ့တဲ့ အမှားကိုတာဝန်ခံခြင်းဟာ သင့်ချစ်သူရဲ့ယုံကြည်မှုကို တဖန်ပြန်လည်ရရှိစေဖို့ အကူအညီပေးနိုင်ပါတယ်။

၅။ တက်ကြွစွာ နားထောင်ပေးပါ
တောင်းပန်လို့ပြီးတဲ့အခါ သင့်ချစ်သူကစကားတစ်စုံတစ်ရာ ပြန်ပြောမယ့် အချိန်ဖြစ်တဲ့အတွက် သေသေချာချာနဲ့ တက်ကြွစွာ နားထောင်ပေးဖို့ လိုအပ်ပါတယ်။ တက်ကြွစွာနားထောင်တဲ့ နည်းစနစ်ဟာ နားနဲ့သာမဟုတ်ပဲ မျက်လုံး၊ ကိုယ်အမူအယာတွေကပါ ဖော်ပြရပါလိမ့်မယ်။ သူပြောတဲ့စကားတိုင်းကိုလည်း သင့်အတွက်ကောင်းတာပဲဖြစ်စေ၊ အပြစ်တင်တာပဲဖြစ်စေ စိတ်အေးအေးထားပြီး ကောင်းမွန်စွာနားလည်ဟန် ပြသပါ။ သူတို့မှာလည်း သူတို့အခွင့်အရေးရှိပါတယ်။ အလောတကြီးမလုပ်မိပါစေနဲ့။

၆။ သင့်ကိုယ်သင်ခွင့်လွှတ်ပါ
တစ်စုံတစ်ယောက်ရဲ့ ယုံကြည်မှုကို သင်ချိုးဖောက်မိတဲ့အခါ သင့်ကိုယ်သင် ခွင့်မလွှတ်နိုင်အောင် ဖြစ်တတ်ပါတယ်။ တကယ်လို့ သင့်ရဲ့အမှားအတွက် အမှန်တကယ်နောင်တရတဲ့အခါ အရင်ဆုံး ကိုယ့်ကိုယ်ကိုခွင့်လွှတ်ဖို့ လိုအပ်ပါတယ်။ သင့်ကိုယ်သင်ခွင့်လွှတ်ပြီး နောက်ထပ်မဖြစ်အောင် ပြုပြင်လိုစိတ်ရှိမှသာလျှင် သူ့ရဲ့ယုံကြည်မှုနဲ့ ခွင့်လွှတ်မှုကို ရရှိစေပါလိမ့်မယ်။ ဘာအတွက်ကြောင့်မှ ကိုယ့်ကိုယ်ကိုထပ်ပြီးမနှိပ်စက်ပါနဲ့။ သူ့အတွက်ရော သင့်အတွက်ပါ အကျိုးရှိမှာ မဟုတ်ပါဘူး။

၇။ စိတ်ရှည်ပါ
ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့ဆိုတာ အချိန်ယူရမယ့် အရာဖြစ်ပါတယ်။ ဒါကြောင့် သင့်လက်တွဲဖော်နဲ့ ပတ်သတ်ပြီး အဖြစ်အပျက်တိုင်းကို စိတ်ရှည်ဖို့ လိုအပ်ပါတယ်။ အရာအားလုံးပြီးပြည့်စုံသူဆိုတာ မရှိနိုင်ပါဘူး။ လူတိုင်းဟာ အမှားပြုလုပ်မိနိုင်ပါတယ်။ ဒီအတွက် သင့်ကိုယ်သင်ခွင့်လွှတ်ပြီး အမှားအတွက်တာဝန်ယူရမှာဖြစ်သလို ကိုယ့်ကိုယ်ကိုကြင်နာဖို့လည်း လိုအပ်ပါတယ်။ သူ့ဖက်က ခွင့်လွှတ်ပေမယ့် အရင်လိုမယုံကြည်နိုင်ခြင်းတွေကို ယုံကြည်မှုတွေ ပြန်ရတဲ့အချိန်ထိ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပြီး သင့်ဖက်ကကြိုးစားမှသာလျှင် တစ်ယောက်နဲ့တစ်ယောက် သံသယကင်းကင်းနဲ့ ထာဝရလက်တွဲနိုင်မှာဖြစ်ပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Source-Psychologytoday

LEAVE A REPLY

Please enter your comment!
Please enter your name here