• Home
  • Lifestyle
  • သင့္ရဲ႕ကေလး ဆက္ဆံေရးေကာင္းမြန္သူတစ္ေယာက္ျဖစ္ေအာင္ ဘယ္လိုေလ့က်င့္ေပးသင့္လဲ
Lifestyle Relationship

သင့္ရဲ႕ကေလး ဆက္ဆံေရးေကာင္းမြန္သူတစ္ေယာက္ျဖစ္ေအာင္ ဘယ္လိုေလ့က်င့္ေပးသင့္လဲ

တခ်ိဳ႕ကေလးေတြဟာ သူတို႔ရဲ႕ဗီဇကိုက သဘာ၀အတိုင္း ေပါင္းတတ္သင္းတတ္ သူေတြအျဖစ္ ေမြးဖြားလာၾကပါတယ္။ ဒါေပမယ့္ တခ်ိဳ႕ကေလးေတြကေတာ့ မိတ္ေဆြဖြဲ႕မႈေတြ၊ အဖြဲလိုက္လႈပ္ရွားမႈေဆာင္ရြက္မႈေတြမွာ အားနည္းၾကၿပီး သူတို႔အတြက္ အရမ္းကိုခက္ခဲၾကပါတယ္။ တကယ္လို႔သင့္ကေလးက အရွက္အေၾကာက္ႀကီးျခင္း၊ ခ်ီတံုခ်တံုျဖစ္တတ္ျခင္း၊ ဒါမွမဟုတ္လႈမႈေပါင္းသင္းဆက္ဆံေရးကိုေၾကာက္ရြံ႕ျခင္းစတဲ့ ယံုၾကည္မႈေတြ ေပ်ာက္ဆံုးေနပါက သူတို႔ရဲ႕ယံုၾကည္မႈနဲ႔ လႈမႈေရးကၽြမ္းက်င္မႈကို တည္ေဆာက္ေပးဖို႔အတြက္ သင္ကအိမ္မွာပဲ ေလ့က်င့္ေပးသင့္ပါတယ္။ ပထမဆံုး သင့္ကေလးကို အျခားကေလးတစ္ေယာက္နဲ႔ အဆင္ေျပေျပကစားႏိုင္ေအာင္ ႀကိဳးစားၿပီးမွ မူႀကိဳေက်ာင္းမွာ အုပ္စုလိုက္ကစားေစမႈေတြ၊ အျပင္ဖက္လူအမ်ားနဲ႔ ကစားမႈေတြကို တဆင့္ခ်င္းေလ့က်င့္ေပးသင့္ပါတယ္။

၁။ သင့္ကေလးက အျခားကေလးေတြနဲ႔ ဘယ္လိုဆက္သြယ္တတ္တယ္ဆိုတာကို ေလ့လာပါ။ မတူညီတဲ့ ပတ္၀န္းက်င္မွာ သင့္ကေလးဘယ္လိုေဆာ့ကစားတတ္တယ္ဆိုတာကို အာ႐ံုစိုက္ေပးပါ။ သင့္ကေလး အိမ္မွာရွိတဲ့အခ်ိန္၊ အိမ္အျပင္မွာ ကစားေနတဲ့အခ်ိန္၊ သူ႕သူငယ္ခ်င္းရဲ႕အိမ္မွာကစားေနတဲ့အခ်ိန္ေတြကို ေစာင့္ၾကည့္ေပးပါ။ တခ်ိဳ႕ကေလးေတြက အုပ္စုလိုက္ကစားရတာထက္ တစ္ေယာက္တည္းသို႔မဟုတ္ အျခားကေလးတစ္ေယာက္နဲ႔အတူကစားရျခင္းကို ပိုၿပီးႏွစ္သက္တတ္ၾကပါတယ္။ တခ်ိဳ႕ကေလးေတြက တိတ္ဆိတ္ရာကေန ဆူဆူညံညံကစားရျခင္းေတြကို ပိုႏွစ္သက္တတ္ၾကတယ္။ ဒါေၾကာင့္ သင့္ကေလးဘယ္လိုအေျခအေနနဲ႔ ကစားရတာကို ပိုႏွစ္သက္တတ္တယ္ ဆိုတာကို ႀကိဳးစားၾကည့္ေပးပါ။

၂။ သင့္ကေလးရဲ႕ လုပ္ေဆာင္ခ်က္ေတြကို ေသခ်ာရွင္းျပပါ
ယခုလိုလုပ္ေဆာင္ျခင္းဟာ သင့္ကေလးရဲ႕ကိုယ့္ကိုယ္ကိုယံုၾကည္မႈကို ပိုရွိလာေစၿပီး ေကာင္းတဲ့အမူအက်င့္ေတြကို ပိုမိုနားလည္လာေစပါတယ္။ သင့္ကေလးကို ခ်ီးက်ဴး႐ံုပဲ မခ်ီးက်ဴးပါနဲ႔။ သူတို႔ရဲ႕ ဘယ္လုပ္ေဆာင္ခ်က္ေတြဟာ ေကာင္းမြန္ၿပီး ဘာေၾကာင့္ေကာင္းတဲ့အျပဳအမူေတြျဖစ္ရတယ္ဆိုတာကို ကေလးနားလည္ေအာင္ ေသခ်ာရွင္းျပေပးပါ။ ဥပမာ သင့္ကေလးက သူ႕ရဲ႕အ႐ုပ္ေလးကို အျခားကေလးကိုေပးေဆာ့တဲ့အခါ သင္က ယခုလိုအျပဳအမူဟာ အရမ္းကိုယဥ္ေက်းလိမၼာတဲ့ အျပဳအမူျဖစ္ၿပီး၊ ယခုလိုအ႐ုပ္ကိုေပးေဆာ့လိုက္တဲ့အတြက္ အျခားကေလးေပ်ာ္ရြင္ေအာင္ သင့္ကေလးက လုပ္ခဲ့တာျဖစ္ေၾကာင္း ရွင္းျပေပးပါ။ သူတို႔ရဲ႕အျပဳအမူေတြနဲ႔ ပတ္သတ္ၿပီးယခုလိုပဲ အျမဲတမ္းေျပာျပေပးပါ။ ရွက္တတ္တဲ့သင့္ကေလးကို အရွက္ခြဲျခင္း အျပစ္တင္ျခင္းတို႔ကို ျပဳလုပ္မယ့္အစား သူတို႔ေလးေတြရဲ႕ေကာင္းတဲ့ အမူအက်င့္ေလးေတြအေပၚ အာ႐ံုစိုက္ႏိုင္ေအာင္ ကူညီေပးပါ။

၃။ ကစားစရာေတြကို ဘယ္လိုေ၀မွ်ရမယ္ဆိုတာ သင္ေပးပါ
ေလးဖက္ေထာက္သြားတဲ့အရြယ္ေတြဟာ မွ်ေ၀ေပးကမ္းမႈကို သင္ယူရတာ အရမ္းကိုခက္ခဲပါတယ္။ ဒီလိုသင္ယူမႈကို ပိုမိုလြယ္ကူေစဖို႔အတြက္ သင္ကိုယ္တိုင္စံျပအေနနဲ႔ မွ်ေ၀တဲ့အမူအက်င့္ကို သင္ေပးျခင္းက ပိုၿပီးလြယ္ကူေစပါလိမ့္မယ္။ တကယ္လို႔ သင့္မွာအျခားကေလးေတြရွိရင္ ေမာင္ႏွမၾကား မွ်ေ၀ေပးဖို႔အတြက္ တိုက္တြန္းေပးပါ။ သူတို႔မွ်ေ၀ေပးတဲ့အခါတိုင္း ေကာင္းတဲ့လုပ္ေဆာင္ခ်က္ျဖစ္ေၾကာင္း ခ်ီးမြန္းေပးပါ။
မွ်ေ၀မႈကို လက္ခံရယူသူကိုလည္း ေက်းဇူးတင္စကားေျပာတတ္ေအာင္ သင္ၾကားထားေပးပါ။ သင့္ကေလးမွာအျခားေမာင္ႏွမေတြမရွိရင္ သင္ကိုယ္တိုင္ အစားအစာ၊ ကစားစရာ၊ ပစၥည္းေတြကို သင့္ကေလးနဲ႔ မွ်ေ၀သံုးစြဲမႈကို ေလ့က်င့္ေပးႏိုင္ပါတယ္။ သင္ကိုယ္တိုင္လည္း အျခားသူေတြကို ေပးကမ္းျခင္းအေလ့အထေတြကို သင့္ကေလးျမင္ေတြပါေစ။ သူတို႔သင့္ဆီကေန အတုယူလာၾကပါလိမ့္မယ္။

၄။ သူငယ္ခ်င္းစိတ္ဓါတ္ကို ေဖာ္ျပတဲ့႐ုပ္ပံုစာအုပ္ေတြကို ဖတ္ပါေစ
သူငယ္ခ်င္းခင္မင္မႈေတြ၊ ႐ိုင္းပင္းကူညီမႈေတြကို ေဖာ္က်ဴးထားတဲ့ ကာတြန္း၊ ပံုျပင္ စတဲ့စာအုပ္ေတြကို ၀ယ္ယူၿပီး သင့္ကေလးနဲ႔အတူတူဖတ္ပါ။ စာအုပ္ထဲမွာပါတဲ့အခ်က္ေတြကို သင့္ကေလးအား ေသေသခ်ာခ်ာ ရွင္းျပေပးပါ။ စာအုပ္ဖတ္ေနရင္းနဲ႔ ရပ္တန္႔ၿပီး သူဆိုရင္ ဘယ္လိုလုပ္မလဲ စတဲ့ေမးခြန္းေတြနဲ႔ ကေလးကိုေမးခြန္းထုတ္ေပးပါ။

၅။ ကေလးနဲ႔အတူ အိမ္အလုပ္ေတြလုပ္ပါ
မိသားစုအတြင္း အျပန္အလွန္ေလ့လာသင္ယူျခင္းဟာ အျခားကေလးေတြနဲ႔ ဘယ္လိုေလ့လာသင္ၾကားႏိုင္တယ္ဆိုတာအတြက္ အေထာက္အကူျဖစ္ေစပါတယ္။ အိမ္မွာမိသားစုနဲ႔အတူတူ အလုပ္ေတြလုပ္ျခင္းဟာ ပူးေပါင္းေဆာင္ရြက္မႈ၊ မွ်ေ၀မႈနဲ႔ ရက္ေရာမႈကို သင္ၾကားေပးဖို႔အတြက္ ကူညီႏိုင္ပါတယ္။ ဒါ့အျပင္ ကေလးနဲ႔အတူေဆာ့ကစားေပးျခင္းဟာလည္း အျခားသူေတြနဲ႔ ဘယ္လိုေပါင္းသင္းၿပီး ေဆာ့ကစားရမယ္ဆိုတာကို သိသလို လူအမ်ားၾကားသို႔ ေရာက္ရွိတဲ့အခါ သူတို႔ကိုသက္ေတာင့္သက္သာျဖစ္ေစပါတယ္။

၆။ သင့္ရဲ႕သူငယ္ခ်င္းေတြကို ဖိတ္ေခၚေပးပါ
သင္ဟာသင့္ကေလးရဲ႕ စံျပပုဂၢိဳလ္ျဖစ္ပါတယ္။ သင္ကအမ်ိဳးေတြ၊သူငယ္ခ်င္းေတြနဲ႔ ခင္ခင္မင္မင္ေပါင္းသင္းဆက္ဆံျခင္းကို သင့္ကေလးျမင္တဲ့အခါ သင့္ပံုစံအတိုင္းသူတို႔ကအတုခိုးတတ္ၾကပါတယ္။ သင္ကိုယ္တိုင္ကလည္း ယဥ္ေက်းပ်ဴငွာမႈ၊ ေဖာ္ေရြမႈေတြကို သင့္ကေလးျမင္ေတြ႕ေအာင္ ေနထိုင္ေပးပါ။ သင့္ရဲ႕ကေလးကို သူငယ္ခ်င္းေတြနဲ႔ မိတ္ဆက္ေပးပါ။ သင့္ကေလးက နည္းနည္းေတာ့ရွက္ႏိုင္ပါတယ္။ ဒါေပမယ့္ အျခားသူေတြနဲ႔ ေႏြးေထြးမႈရရွိေစဖို႔ သူတို႔ကိုကူညီေပးႏိုင္ပါလိမ့္မယ္။
#LM_Naung_Naung
#Lifestyle_Myanmar
Source-wikiHow

Selfie ဆြဲဖို႔အခ်ိန္ေရာက္ပါၿပီ။


Unicode

သင့်ရဲ့ကလေး ဆက်ဆံရေးကောင်းမွန်သူတစ်ယောက်ဖြစ်အောင် ဘယ်လိုလေ့ကျင့်ပေးသင့်လဲ

တချို့ကလေးတွေဟာ သူတို့ရဲ့ဗီဇကိုက သဘာဝအတိုင်း ပေါင်းတတ်သင်းတတ် သူတွေအဖြစ် မွေးဖွားလာကြပါတယ်။ ဒါပေမယ့် တချို့ကလေးတွေကတော့ မိတ်ဆွေဖွဲ့မှုတွေ၊ အဖွဲလိုက်လှုပ်ရှားမှုဆောင်ရွက်မှုတွေမှာ အားနည်းကြပြီး သူတို့အတွက် အရမ်းကိုခက်ခဲကြပါတယ်။ တကယ်လို့သင့်ကလေးက အရှက်အကြောက်ကြီးခြင်း၊ ချီတုံချတုံဖြစ်တတ်ခြင်း၊ ဒါမှမဟုတ်လှုမှုပေါင်းသင်းဆက်ဆံရေးကိုကြောက်ရွံ့ခြင်းစတဲ့ ယုံကြည်မှုတွေ ပျောက်ဆုံးနေပါက သူတို့ရဲ့ယုံကြည်မှုနဲ့ လှုမှုရေးကျွမ်းကျင်မှုကို တည်ဆောက်ပေးဖို့အတွက် သင်ကအိမ်မှာပဲ လေ့ကျင့်ပေးသင့်ပါတယ်။ ပထမဆုံး သင့်ကလေးကို အခြားကလေးတစ်ယောက်နဲ့ အဆင်ပြေပြေကစားနိုင်အောင် ကြိုးစားပြီးမှ မူကြိုကျောင်းမှာ အုပ်စုလိုက်ကစားစေမှုတွေ၊ အပြင်ဖက်လူအများနဲ့ ကစားမှုတွေကို တဆင့်ချင်းလေ့ကျင့်ပေးသင့်ပါတယ်။

၁။ သင့်ကလေးက အခြားကလေးတွေနဲ့ ဘယ်လိုဆက်သွယ်တတ်တယ်ဆိုတာကို လေ့လာပါ။ မတူညီတဲ့ ပတ်ဝန်းကျင်မှာ သင့်ကလေးဘယ်လိုဆော့ကစားတတ်တယ်ဆိုတာကို အာရုံစိုက်ပေးပါ။ သင့်ကလေး အိမ်မှာရှိတဲ့အချိန်၊ အိမ်အပြင်မှာ ကစားနေတဲ့အချိန်၊ သူ့သူငယ်ချင်းရဲ့အိမ်မှာကစားနေတဲ့အချိန်တွေကို စောင့်ကြည့်ပေးပါ။ တချို့ကလေးတွေက အုပ်စုလိုက်ကစားရတာထက် တစ်ယောက်တည်းသို့မဟုတ် အခြားကလေးတစ်ယောက်နဲ့အတူကစားရခြင်းကို ပိုပြီးနှစ်သက်တတ်ကြပါတယ်။ တချို့ကလေးတွေက တိတ်ဆိတ်ရာကနေ ဆူဆူညံညံကစားရခြင်းတွေကို ပိုနှစ်သက်တတ်ကြတယ်။ ဒါကြောင့် သင့်ကလေးဘယ်လိုအခြေအနေနဲ့ ကစားရတာကို ပိုနှစ်သက်တတ်တယ် ဆိုတာကို ကြိုးစားကြည့်ပေးပါ။

၂။ သင့်ကလေးရဲ့ လုပ်ဆောင်ချက်တွေကို သေချာရှင်းပြပါ
ယခုလိုလုပ်ဆောင်ခြင်းဟာ သင့်ကလေးရဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုကို ပိုရှိလာစေပြီး ကောင်းတဲ့အမူအကျင့်တွေကို ပိုမိုနားလည်လာစေပါတယ်။ သင့်ကလေးကို ချီးကျူးရုံပဲ မချီးကျူးပါနဲ့။ သူတို့ရဲ့ ဘယ်လုပ်ဆောင်ချက်တွေဟာ ကောင်းမွန်ပြီး ဘာကြောင့်ကောင်းတဲ့အပြုအမူတွေဖြစ်ရတယ်ဆိုတာကို ကလေးနားလည်အောင် သေချာရှင်းပြပေးပါ။ ဥပမာ သင့်ကလေးက သူ့ရဲ့အရုပ်လေးကို အခြားကလေးကိုပေးဆော့တဲ့အခါ သင်က ယခုလိုအပြုအမူဟာ အရမ်းကိုယဉ်ကျေးလိမ္မာတဲ့ အပြုအမူဖြစ်ပြီး၊ ယခုလိုအရုပ်ကိုပေးဆော့လိုက်တဲ့အတွက် အခြားကလေးပျော်ရွင်အောင် သင့်ကလေးက လုပ်ခဲ့တာဖြစ်ကြောင်း ရှင်းပြပေးပါ။ သူတို့ရဲ့အပြုအမူတွေနဲ့ ပတ်သတ်ပြီးယခုလိုပဲ အမြဲတမ်းပြောပြပေးပါ။ ရှက်တတ်တဲ့သင့်ကလေးကို အရှက်ခွဲခြင်း အပြစ်တင်ခြင်းတို့ကို ပြုလုပ်မယ့်အစား သူတို့လေးတွေရဲ့ကောင်းတဲ့ အမူအကျင့်လေးတွေအပေါ် အာရုံစိုက်နိုင်အောင် ကူညီပေးပါ။

၃။ ကစားစရာတွေကို ဘယ်လိုဝေမျှရမယ်ဆိုတာ သင်ပေးပါ
လေးဖက်ထောက်သွားတဲ့အရွယ်တွေဟာ မျှဝေပေးကမ်းမှုကို သင်ယူရတာ အရမ်းကိုခက်ခဲပါတယ်။ ဒီလိုသင်ယူမှုကို ပိုမိုလွယ်ကူစေဖို့အတွက် သင်ကိုယ်တိုင်စံပြအနေနဲ့ မျှဝေတဲ့အမူအကျင့်ကို သင်ပေးခြင်းက ပိုပြီးလွယ်ကူစေပါလိမ့်မယ်။ တကယ်လို့ သင့်မှာအခြားကလေးတွေရှိရင် မောင်နှမကြား မျှဝေပေးဖို့အတွက် တိုက်တွန်းပေးပါ။ သူတို့မျှဝေပေးတဲ့အခါတိုင်း ကောင်းတဲ့လုပ်ဆောင်ချက်ဖြစ်ကြောင်း ချီးမွန်းပေးပါ။
မျှဝေမှုကို လက်ခံရယူသူကိုလည်း ကျေးဇူးတင်စကားပြောတတ်အောင် သင်ကြားထားပေးပါ။ သင့်ကလေးမှာအခြားမောင်နှမတွေမရှိရင် သင်ကိုယ်တိုင် အစားအစာ၊ ကစားစရာ၊ ပစ္စည်းတွေကို သင့်ကလေးနဲ့ မျှဝေသုံးစွဲမှုကို လေ့ကျင့်ပေးနိုင်ပါတယ်။ သင်ကိုယ်တိုင်လည်း အခြားသူတွေကို ပေးကမ်းခြင်းအလေ့အထတွေကို သင့်ကလေးမြင်တွေပါစေ။ သူတို့သင့်ဆီကနေ အတုယူလာကြပါလိမ့်မယ်။

၄။ သူငယ်ချင်းစိတ်ဓါတ်ကို ဖော်ပြတဲ့ရုပ်ပုံစာအုပ်တွေကို ဖတ်ပါစေ
သူငယ်ချင်းခင်မင်မှုတွေ၊ ရိုင်းပင်းကူညီမှုတွေကို ဖော်ကျူးထားတဲ့ ကာတွန်း၊ ပုံပြင် စတဲ့စာအုပ်တွေကို ၀ယ်ယူပြီး သင့်ကလေးနဲ့အတူတူဖတ်ပါ။ စာအုပ်ထဲမှာပါတဲ့အချက်တွေကို သင့်ကလေးအား သေသေချာချာ ရှင်းပြပေးပါ။ စာအုပ်ဖတ်နေရင်းနဲ့ ရပ်တန့်ပြီး သူဆိုရင် ဘယ်လိုလုပ်မလဲ စတဲ့မေးခွန်းတွေနဲ့ ကလေးကိုမေးခွန်းထုတ်ပေးပါ။

၅။ ကလေးနဲ့အတူ အိမ်အလုပ်တွေလုပ်ပါ
မိသားစုအတွင်း အပြန်အလှန်လေ့လာသင်ယူခြင်းဟာ အခြားကလေးတွေနဲ့ ဘယ်လိုလေ့လာသင်ကြားနိုင်တယ်ဆိုတာအတွက် အထောက်အကူဖြစ်စေပါတယ်။ အိမ်မှာမိသားစုနဲ့အတူတူ အလုပ်တွေလုပ်ခြင်းဟာ ပူးပေါင်းဆောင်ရွက်မှု၊ မျှဝေမှုနဲ့ ရက်ရောမှုကို သင်ကြားပေးဖို့အတွက် ကူညီနိုင်ပါတယ်။ ဒါ့အပြင် ကလေးနဲ့အတူဆော့ကစားပေးခြင်းဟာလည်း အခြားသူတွေနဲ့ ဘယ်လိုပေါင်းသင်းပြီး ဆော့ကစားရမယ်ဆိုတာကို သိသလို လူအများကြားသို့ ရောက်ရှိတဲ့အခါ သူတို့ကိုသက်တောင့်သက်သာဖြစ်စေပါတယ်။

၆။ သင့်ရဲ့သူငယ်ချင်းတွေကို ဖိတ်ခေါ်ပေးပါ
သင်ဟာသင့်ကလေးရဲ့ စံပြပုဂ္ဂိုလ်ဖြစ်ပါတယ်။ သင်ကအမျိုးတွေ၊သူငယ်ချင်းတွေနဲ့ ခင်ခင်မင်မင်ပေါင်းသင်းဆက်ဆံခြင်းကို သင့်ကလေးမြင်တဲ့အခါ သင့်ပုံစံအတိုင်းသူတို့ကအတုခိုးတတ်ကြပါတယ်။ သင်ကိုယ်တိုင်ကလည်း ယဉ်ကျေးပျူငှာမှု၊ ဖော်ရွေမှုတွေကို သင့်ကလေးမြင်တွေ့အောင် နေထိုင်ပေးပါ။ သင့်ရဲ့ကလေးကို သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးပါ။ သင့်ကလေးက နည်းနည်းတော့ရှက်နိုင်ပါတယ်။ ဒါပေမယ့် အခြားသူတွေနဲ့ နွေးထွေးမှုရရှိစေဖို့ သူတို့ကိုကူညီပေးနိုင်ပါလိမ့်မယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Source-wikiHow

Related posts

အားက် အတုယူစရာေကာင္းတဲ့ ကမာၻ႔အခ်မ္းသာဆံုး အမ်ိဳးသမီး (၁၀)ဦး

Nandar Lwin

၀ိုင္အနီရဲ႕ ေကာင္းက်ိဳးမ်ားနဲ႔ ဘာေၾကာင့္ပံုမွန္ေသာက္သံုးသင့္တာလဲ

Naung Naung

စမတ္ဖုန္းကို ညဖက္သံုးစြဲျခင္းေၾကာင့္ ျဖစ္ေစတတ္တဲ့ ဆိုးက်ိဳးမ်ား

Naung Naung

Leave a Comment