ခ်စ္သူစံုတြဲေတြလို႔ေတာင္ ထင္မွတ္မိတဲ့ ကမာၻေက်ာ္ေတြရဲ႕ သူငယ္ခ်င္းခင္မင္မႈေတြ

0
10

လီယိုနာဒို နဲ႔ ကိတ္၀စၥလက္လို ငယ္ရြယ္စဥ္အခ်ိန္တည္းကေန ယခုအသက္ႀကီးတဲ့အခ်ိန္ထိ တတြဲတြဲေတြ႕ေနရေပမယ့္ သူတို႔ေတြဟာ စံုတြဲေတြမဟုတ္ၾကပဲ သူငယ္ခ်င္းေတြ ျဖစ္ေနၾကပါတယ္။ ဒါေပမယ့္ ဇာတ္ကားထဲမွာ အရမ္းလိုက္ဖက္တာေၾကာင့္ ပရိသတ္ေတြက သူတို႔ေတြကို စံုတြဲေတြအျဖစ္ ထာဝရသတ္မွတ္ေနၾကပါတယ္။ ဒီလိုေဟာလိ၀ုဒ္ေလာကမွာသာမက ဂီတေလာကက နာမည္ေက်ာ္ေတြလည္း မသိရင္စံုတြဲေတြလို႔ မွားယြင္းႏိုင္ေအာင္ တပူူးပူးတတြဲတြဲနဲ႔ အျမဲတမ္းေတြ႕ေနရပါတယ္။ ဒါေပမယ့္ သူတို႔လက္ထပ္တဲ့အခ်ိန္မွာေတာ့ တျခားသူေတြနဲ႔ လက္ထပ္ၾကလို႔ ပရိသတ္ေတြ မခ်ိတင္ကဲျဖစ္ၾကရတာ မၾကာခဏပါပဲ။

၁။ Kate Winslet နဲ႕ Leonardo DiCaprio
ကိတ္နဲ႔ လီယိုနာဒိုတို႔ရဲ႕ ခင္မင္မႈဟာ ပရိသတ္ေတြၾကားမွာ အရမ္းကိုေရပန္းစားခဲ့ၿပီး အာ႐ံုစိုက္မႈေတြနဲ႔ ထင္ေၾကးေတြ အေပးခံရဆံုး ႏွစ္ေယာက္ျဖစ္ပါတယ္။ တိုက္တန္နစ္ဇာတ္ကားမွာတင္ သူတို႔ႏွစ္ေယာက္ အရမ္းကိုခင္မင္သြားၾကၿပီး အေကာင္းဆံုးမိတ္ေဆြလိုသာမက အပန္းေျဖခရီးေတာင္ အတူတူထြက္ခဲ့ၾကပါေသးတယ္။ ပရိသတ္ေတြကိုလည္း သူတို႔ရဲ႕ဆက္ဆံေရးနဲ႔ပတ္သတ္ၿပီး မၾကာခဏရွင္းလင္းရပါတယ္။ ယခုအခ်ိန္မွာေတာ့ လီယိုနာဒိုက နာမည္ႀကီးေမာ္ဒယ္ေတြနဲ႔ပဲ ခ်ိန္းေတြ႕ေနၿပီး ကိတ္ကေတာ့ လက္ထပ္ၿပီးလို႔ ကေလးေတြနဲ႔ ေပ်ာ္ရြင္ေနပါၿပီ။

၂။ Margot Robbie နဲ႔ Will Smith
ပုရိသေတြရဲ႕ အသည္းေက်ာ္ ဂ်ိဳကာမေလး Margot Robbie ဟာ Suicide Squads ပ႐ိုမိုးရွင္းပြဲမွာ မင္းသားႀကီး Will Smith နဲ႔ အလြန္ကိုခင္မင္ရင္းႏွီးေနေၾကာင္း ေတြ႕ရပါတယ္။ သူတုိ႔ႏွစ္ေယာက္ဟာ တစ္ကမာၻလံုးကို ႏွစ္ေယာက္အတူတူသြား႐ံုသာမက သူတို႔ႏွစ္ေယာက္အတူတူအလုပ္လုပ္ရတာ ဘယ္ေလာက္ေပ်ာ္ေၾကာင္းကိုလည္း အတူတူရင္ဖြင့္ခဲ့ၾကပါတယ္။ ဒါေပမယ့္ Margot ေရာ Will ပါအိမ္ေထာင္ကိုယ္စီျပဳၿပီးၾကၿပီျဖစ္ၿပီး Will ရဲ႕ကေလးေတာင္မွ အရြယ္ေရာက္ေနပါၿပီ။ သူတို႔ေတြရဲ႕ဖန္ေတံကေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕စံုတြဲကိစၥထက္ သူတို႔ႏွစ္ေယာက္ စံုတြဲဇာတ္ကားေတြ ထြက္ရွိဖို႔ကိုသာ ေမွ်ာ္လင့္ေနၾကပါတယ္။

၃။ Snoop Dogg နဲ႔ Martha Stewart
Snoop နဲ႔ Martha တို႔ႏွစ္ေယာက္ အခ်ိန္အၾကာႀကီး တပူးပူးတတြဲတြဲနဲ႔ အေကာင္းဆံုးသူငယ္ခ်င္းေတြလို ေပါင္းသင္းေနၾကတာကို ပရိသတ္ေတြက သိခ်င္ေနၾကပါတယ္။ ဘယ္လိုပြဲပဲတက္တက္ သူတို႔ႏွစ္ေယာက္ဟာ အတူတူတက္ၾကတာေၾကာင့္လည္း
ျဖစ္ႏိုင္ပါတယ္။ ပရိသတ္ေတြကေတာ့ သူတို႔ႏွစ္ေယာက္စံုတြဲသီခ်င္း႐ႈိးပြဲ ကိုေစာင့္ေမွ်ာ္လွ်က္ရွိေနၾကပါတယ္။

၄။ Taylor Swift နဲ႔ Ed Sheeran
အခ်ိန္ၾကာပရိသတ္အားေပးမႈ အမ်ားဆံုးနဲ႔ ဂရမ္မီဆုကို ဆြတ္ခူးခဲ့ၾကတဲ့ ေတလာနဲ႔ Ed ဟာ အေကာင္းဆံုးသူငယ္ခ်င္းေတြ ျဖစ္ၾကပါတယ္။ Ed ဟာ ေတလာလိုအပ္သမွ်ကိစၥေတြနဲ႔ ျပႆနာတိုင္းကို လူသိရွင္ၾကား ေထာက္ပံ့ေပးေနၿပီး အံ့အားသင့္စရာအျဖစ္ ေဖ်ာ္ေျဖပြဲေတြမွာ တစ္ေယာက္လက္ကိုတစ္ေယာက္ကဆြဲလ်က္သား ေတြ႕ျမင္ေနရပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ တစ္ေယာက္ကိုတစ္ေယာက္ အခ်ိန္ေပးတတ္ၾကၿပီး ဖန္ေတြကေတာ့ သူတို႔ႏွစ္ေယာက္ကို သူငယ္ခ်င္းအဆင့္ထက္ေက်ာ္ၿပီး စံုတြဲေတြအျဖစ္ ျမင္ေတြ႔လိုၾကပါတယ္။ဒါေပမယ့္ Ed က သူ႕ရဲ႕ ငယ္ခ်စ္ဦးနဲ႔ ေစ့စပ္ထားၿပီး ေတလာကလည္း ေမာ္ဒယ္ Joe Alwyn နဲ႔တြဲေနပါတယ္။

၅။ Rihanna နဲ႔ Leonardo
Sexy က်တဲ့ သူငယ္ခ်င္းစံုတြဲအျဖစ္ သူတို႔ႏွစ္ေယာက္ကို မၾကာခဏတြဲတာျမင္ေတြ႕ႏိုင္ၿပီး ဂီတပြဲေတာ္ေတြ၊ ဖက္ရွင္ပြဲေတြမွာလည္း ႏွစ္ေယာက္အတူတူပြဲတက္တာကို ျမင္ေတြ႕ႏိုင္ပါတယ္။ ဒါေပမယ့္ Rihanna က ေဆာ္ဒီသန္းၾကြယ္သူေ႒းနဲ႔ ခ်ိန္းေတြ႕ေနၿပီး လီယိုနာဒိုကေတာ့ စူပါေမာ္ဒယ္ေလးေတြကိုပဲ မ်က္စိက်ေနပါတယ္။

၆။ Robert Pattinson နဲ႔ Katy Perry
Katy ဟာ Robert နဲ႔ သူ႕ရဲ႕ရည္းစားေဟာင္း Kristen Steward တို႔လမ္းခြဲလိုက္တာကို အျပစ္တင္ခဲ့ပါေသးတယ္။ Katy နဲ႔ ေရာဘတ္ဟာ Kristen ကေနတဆင့္ ခင္မင္ခဲ့ၾကေပမယ့္ သူငယ္ခ်င္းေတြျဖစ္ၾကတာ အရမ္းကိုျမန္ဆန္ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ Kristen မပါပဲနဲ႔ေတာင္မွ အခ်ိန္ေတြအတူတူကုန္ဆံုးခဲ့ၾကၿပီး ခရီးေတြဘာေတြေတာင္ ထြက္ခဲ့ၾကပါတယ္။ ဒါကိုပရိသတ္ေတြက Kristen အေပၚေဖာက္ျပန္ေၾကာင္း စြပ္စြဲခဲ့ၾကပါတယ္။ ဒါေပမယ့္ သူတို႔ႏွစ္ေယာက္ဟာ အရမ္းေကာင္းတဲံသူငယ္ခ်င္းေတြသာ ျဖစ္ၾကၿပိး Kristen နဲ႔လမ္းခြဲလိုက္ေတာ့ Katy က ေရာဘတ္ရဲ႕ပုခံုးေပၚမွီၿပီး ငိုခဲ့ပါေသးတယ္။

၇။ Chris Evans နဲ႔ Scarlett Johansson
ကပၸတိန္အေမရိကနဲ႔ black Widow တို႔ဟာ ဇာတ္ကားထဲမွာတင္မဟုတ္ပါဘူး။ အျပင္မွာလည္း အရမ္းကိုခင္ၾကတဲ့ သူငယ္ခ်င္းေတြပါ။ သူတို႔ႏွစ္ေယာက္ဟာ နာမည္ေက်ာ္ကတည္းက အရမ္းကိုခင္ခဲ့ၾကပါတယ္။ ယခုအခ်ိန္မွာ Chris က လူပ်ိဳျဖစ္ၿပီး Scarlatt ကကြာရွင္းၿပီးသားတခုလပ္တစ္ေယာက္ပါ။ ဒါေပမယ့္ သူတို႔ႏွစ္ေယာက္ဟာ စံုတြဲေတြမဟုတ္ၾကပဲ အျခားသူေတြနဲ႔ အသီးသီးတြဲေနၾကပါတယ္။

၈။ Michael B Jordan နဲ႔ Lupita Nyong’o
Balck Panther မွာ သူတို႔ႏွစ္ေယာက္စလံုးပါ၀င္ထားၾကၿပီး အျပင္မွာလည္း အရမ္းကိုခင္တဲ့ သူငယ္ခ်င္းေတြျဖစ္ပါတယ္။


#LM_Naung_Naung
#Lifestyle_Myanmar
Source-Troab

သင့္ရဲ႕ပံုပန္းသ႑ာန္ေၾကာင့္ ဆြဲေဆာင္မႈကို က်ဆင္းေစတဲ့ အရာ (၉) ခ်က္

ချစ်သူစုံတွဲတွေလို့တောင် ထင်မှတ်မိတဲ့ ကမ္ဘာကျော်တွေရဲ့ သူငယ်ချင်းခင်မင်မှုတွေ
လီယိုနာဒို နဲ့ ကိတ်ဝစ္စလက်လို ငယ်ရွယ်စဉ်အချိန်တည်းကနေ ယခုအသက်ကြီးတဲ့အချိန်ထိ တတွဲတွဲတွေ့နေရပေမယ့် သူတို့တွေဟာ စုံတွဲတွေမဟုတ်ကြပဲ သူငယ်ချင်းတွေ ဖြစ်နေကြပါတယ်။ ဒါပေမယ့် ဇာတ်ကားထဲမှာ အရမ်းလိုက်ဖက်တာကြောင့် ပရိသတ်တွေက သူတို့တွေကို စုံတွဲတွေအဖြစ် ထာဝရသတ်မှတ်နေကြပါတယ်။ ဒီလိုဟောလိ၀ုဒ်လောကမှာသာမက ဂီတလောကက နာမည်ကျော်တွေလည်း မသိရင်စုံတွဲတွေလို့ မှားယွင်းနိုင်အောင် တပူူးပူးတတွဲတွဲနဲ့ အမြဲတမ်းတွေ့နေရပါတယ်။ ဒါပေမယ့် သူတို့လက်ထပ်တဲ့အချိန်မှာတော့ တခြားသူတွေနဲ့ လက်ထပ်ကြလို့ ပရိသတ်တွေ မချိတင်ကဲဖြစ်ကြရတာ မကြာခဏပါပဲ။

၁။ Kate Winslet နဲ့ Leonardo DiCaprio
ကိတ်နဲ့ လီယိုနာဒိုတို့ရဲ့ ခင်မင်မှုဟာ ပရိသတ်တွေကြားမှာ အရမ်းကိုရေပန်းစားခဲ့ပြီး အာရုံစိုက်မှုတွေနဲ့ ထင်ကြေးတွေ အပေးခံရဆုံး နှစ်ယောက်ဖြစ်ပါတယ်။ တိုက်တန်နစ်ဇာတ်ကားမှာတင် သူတို့နှစ်ယောက် အရမ်းကိုခင်မင်သွားကြပြီး အကောင်းဆုံးမိတ်ဆွေလိုသာမက အပန်းဖြေခရီးတောင် အတူတူထွက်ခဲ့ကြပါသေးတယ်။ ပရိသတ်တွေကိုလည်း သူတို့ရဲ့ဆက်ဆံရေးနဲ့ပတ်သတ်ပြီး မကြာခဏရှင်းလင်းရပါတယ်။ ယခုအချိန်မှာတော့ လီယိုနာဒိုက နာမည်ကြီးမော်ဒယ်တွေနဲ့ပဲ ချိန်းတွေ့နေပြီး ကိတ်ကတော့ လက်ထပ်ပြီးလို့ ကလေးတွေနဲ့ ပျော်ရွင်နေပါပြီ။

၂။ Margot Robbie နဲ့ Will Smith
ပုရိသတွေရဲ့ အသည်းကျော် ဂျိုကာမလေး Margot Robbie ဟာ Suicide Squads ပရိုမိုးရှင်းပွဲမှာ မင်းသားကြီး Will Smith နဲ့ အလွန်ကိုခင်မင်ရင်းနှီးနေကြောင်း တွေ့ရပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ကမ္ဘာလုံးကို နှစ်ယောက်အတူတူသွားရုံသာမက သူတို့နှစ်ယောက်အတူတူအလုပ်လုပ်ရတာ ဘယ်လောက်ပျော်ကြောင်းကိုလည်း အတူတူရင်ဖွင့်ခဲ့ကြပါတယ်။ ဒါပေမယ့် Margot ရော Will ပါအိမ်ထောင်ကိုယ်စီပြုပြီးကြပြီဖြစ်ပြီး Will ရဲ့ကလေးတောင်မှ အရွယ်ရောက်နေပါပြီ။ သူတို့တွေရဲ့ဖန်တေံကတော့ သူတို့နှစ်ယောက်ရဲ့စုံတွဲကိစ္စထက် သူတို့နှစ်ယောက် စုံတွဲဇာတ်ကားတွေ ထွက်ရှိဖို့ကိုသာ မျှော်လင့်နေကြပါတယ်။

၃။ Snoop Dogg နဲ့ Martha Stewart
Snoop နဲ့ Martha တို့နှစ်ယောက် အချိန်အကြာကြီး တပူးပူးတတွဲတွဲနဲ့ အကောင်းဆုံးသူငယ်ချင်းတွေလို ပေါင်းသင်းနေကြတာကို ပရိသတ်တွေက သိချင်နေကြပါတယ်။ ဘယ်လိုပွဲပဲတက်တက် သူတို့နှစ်ယောက်ဟာ အတူတူတက်ကြတာကြောင့်လည်း
ဖြစ်နိုင်ပါတယ်။ ပရိသတ်တွေကတော့ သူတို့နှစ်ယောက်စုံတွဲသီချင်းရှိုးပွဲ ကိုစောင့်မျှော်လျှက်ရှိနေကြပါတယ်။

၄။ Taylor Swift နဲ့ Ed Sheeran
အချိန်ကြာပရိသတ်အားပေးမှု အများဆုံးနဲ့ ဂရမ်မီဆုကို ဆွတ်ခူးခဲ့ကြတဲ့ တေလာနဲ့ Ed ဟာ အကောင်းဆုံးသူငယ်ချင်းတွေ ဖြစ်ကြပါတယ်။ Ed ဟာ တေလာလိုအပ်သမျှကိစ္စတွေနဲ့ ပြဿနာတိုင်းကို လူသိရှင်ကြား ထောက်ပံ့ပေးနေပြီး အံ့အားသင့်စရာအဖြစ် ဖျော်ဖြေပွဲတွေမှာ တစ်ယောက်လက်ကိုတစ်ယောက်ကဆွဲလျက်သား တွေ့မြင်နေရပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် အချိန်ပေးတတ်ကြပြီး ဖန်တွေကတော့ သူတို့နှစ်ယောက်ကို သူငယ်ချင်းအဆင့်ထက်ကျော်ပြီး စုံတွဲတွေအဖြစ် မြင်တွေ့လိုကြပါတယ်။ဒါပေမယ့် Ed က သူ့ရဲ့ ငယ်ချစ်ဦးနဲ့ စေ့စပ်ထားပြီး တေလာကလည်း မော်ဒယ် Joe Alwyn နဲ့တွဲနေပါတယ်။

၅။ Rihanna နဲ့ Leonardo
Sexy ကျတဲ့ သူငယ်ချင်းစုံတွဲအဖြစ် သူတို့နှစ်ယောက်ကို မကြာခဏတွဲတာမြင်တွေ့နိုင်ပြီး ဂီတပွဲတော်တွေ၊ ဖက်ရှင်ပွဲတွေမှာလည်း နှစ်ယောက်အတူတူပွဲတက်တာကို မြင်တွေ့နိုင်ပါတယ်။ ဒါပေမယ့် Rihanna က ဆော်ဒီသန်းကြွယ်သူဋ္ဌေးနဲ့ ချိန်းတွေ့နေပြီး လီယိုနာဒိုကတော့ စူပါမော်ဒယ်လေးတွေကိုပဲ မျက်စိကျနေပါတယ်။

၆။ Robert Pattinson နဲ့ Katy Perry
Katy ဟာ Robert နဲ့ သူ့ရဲ့ရည်းစားဟောင်း Kristen Steward တို့လမ်းခွဲလိုက်တာကို အပြစ်တင်ခဲ့ပါသေးတယ်။ Katy နဲ့ ရောဘတ်ဟာ Kristen ကနေတဆင့် ခင်မင်ခဲ့ကြပေမယ့် သူငယ်ချင်းတွေဖြစ်ကြတာ အရမ်းကိုမြန်ဆန်ပါတယ်။ သူတို့နှစ်ယောက်ဟာ Kristen မပါပဲနဲ့တောင်မှ အချိန်တွေအတူတူကုန်ဆုံးခဲ့ကြပြီး ခရီးတွေဘာတွေတောင် ထွက်ခဲ့ကြပါတယ်။ ဒါကိုပရိသတ်တွေက Kristen အပေါ်ဖောက်ပြန်ကြောင်း စွပ်စွဲခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ဟာ အရမ်းကောင်းတဲံသူငယ်ချင်းတွေသာ ဖြစ်ကြပြိး Kristen နဲ့လမ်းခွဲလိုက်တော့ Katy က ရောဘတ်ရဲ့ပုခုံးပေါ်မှီပြီး ငိုခဲ့ပါသေးတယ်။

၇။ Chris Evans နဲ့ Scarlett Johansson
ကပ္ပတိန်အမေရိကနဲ့ black Widow တို့ဟာ ဇာတ်ကားထဲမှာတင်မဟုတ်ပါဘူး။ အပြင်မှာလည်း အရမ်းကိုခင်ကြတဲ့ သူငယ်ချင်းတွေပါ။ သူတို့နှစ်ယောက်ဟာ နာမည်ကျော်ကတည်းက အရမ်းကိုခင်ခဲ့ကြပါတယ်။ ယခုအချိန်မှာ Chris က လူပျိုဖြစ်ပြီး Scarlatt ကကွာရှင်းပြီးသားတခုလပ်တစ်ယောက်ပါ။ ဒါပေမယ့် သူတို့နှစ်ယောက်ဟာ စုံတွဲတွေမဟုတ်ကြပဲ အခြားသူတွေနဲ့ အသီးသီးတွဲနေကြပါတယ်။

၈။ Michael B Jordan နဲ့ Lupita Nyong’o
Balck Panther မှာ သူတို့နှစ်ယောက်စလုံးပါ၀င်ထားကြပြီး အပြင်မှာလည်း အရမ်းကိုခင်တဲ့ သူငယ်ချင်းတွေဖြစ်ပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Source-Troab

LEAVE A REPLY

Please enter your comment!
Please enter your name here