• Home
  • Lifestyle
  • Health & Beauty
  • အလွအပနဲ႔ အရြယ္မတိုင္ခင္ အိုမင္းျခင္း မျဖစ္ေစဖို႔အႀကံျပဳခ်က္
Health & Beauty

အလွအပနဲ႔ အရြယ္မတိုင္ခင္ အိုမင္းျခင္း မျဖစ္ေစဖို႔အႀကံျပဳခ်က္

အလွအပနဲ႔ အရြယ္မတိုင္ခင္ အိုမင္းျခင္း မျဖစ္ေစဖို႔အႀကံျပဳခ်က္

၁။မိတ္ကပ္မဖ်က္ဘဲ အိပ္သင့္သလား။


ညဘက္အိပ္စက္တဲ့အခါ မိတ္ကပ္မဖ်က္ပဲ အိပ္စက္ခ်င္းက သင့္အတြက္မေကာင္းပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ မိတ္ကပ္က သင့္မ်က္ႏွာရဲ႕ ေခၽြးေပါက္ေတြကိုပိတ္ေစပါတယ္။ ဒါ့ေၾကာင့္ အိပ္ယာမဝင္ခင္သင့္ရဲ႕မ်က္ႏွာကို ေဆးေၾကာသန္႔စင္ၿပီးမွအိပ္ယာဝင္သင့္ပါတယ္။

၂။Toner ကို ဘယ္အခ်ိန္အသုံးျပဳသင့္သလဲ။


တိုနာကို မနက္တစ္ႀကိမ္နဲ႔ ညအိပ္ယာမဝင္ခင္ တစ္ႀကိမ္သုံးစြဲႏိုင္ပါတယ္။ တိုနာအမ်ားစုမွာ အဓိကပါဝင္တာက Alcohol ျဖစ္လို႔ သံုးၿပီးေျခာက္သြားတဲ့အခါ အေရျပားမွာ စပ္ဖ်ဥ္းဖ်ဥ္း ေအးစက္စက္ ခံစားရတယ္။ မ်က္ႏွာသစ္ေဆးသုံးၿပီးက်န္တ့ဲ အညစ္အေၾကးေတြက တိုနာကဖယ္ရွားေပးႏိုင္ပါတယ္။ ညဘက္မွာ ထြက္တဲ့ အဆီအဖုေတြကို ဖယ္ရွားဖို႔အတြက္ တိုနာကိုအသုံးျပဳသင့္သလို မနက္ခင္မွာလည္း တစ္ႀကိမ္အသုံးျပဳသင့္ပါတယ္။ တိုနာလိမ္းတဲ့အခါ မ်က္ႏွာတစ္ျပင္လုံးလိမ္းေပးဖို႔လိုအပ္ၿပီး အသုံးျပဳတဲ့အခါ ႏူးညံ့ၿပီး သန္႔ရွင္းတဲ့ ဂြမ္းစနဲ႔ ပြတ္ၿပီးအသုံးျပဳႏိုင္ပါတယ္။

၃။ Exfoliating ထုတ္ကုန္ေတြအသုံးျပဳသင့္သလား။


Exfoliating ထုတ္ကုန္ေတြဟာ အေရျပားဆဲလ္ေသေတြကို ဖယ္ရွားဖို႔အတြက္ အလြန္ေကာင္းမြန္ပါတယ္။ ဒါေပမဲ့ Exfoliants ဟာ အသားအေရကိုပ်က္စီးေစၿပီး ေရဓာတ္ခန္းေျခာက္ျခင္းကိုျဖစ္ေပၚေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ Exfoliant ကို အသုံးျပဳဳၿပီးတဲ့ အခါ ဆဲလ္သက္တမ္းကိုလႈံ႕ေဆာ္ေပးႏိုင္ၿပီး ေသြးရည္ၾကည္လႊာအတြက္ ျပန္လည္ျပဳျပင္ႏိုင္မဲ့ peeling serums ထုတ္ကုန္မ်ိဳးကို ထပ္မံအသုံးျပဳသင့္ပါတယ္။

၄။ဝက္ၿခံ ညႇစ္ျခင္းျပဳလုပ္သင့္သလား။


ဒါကေတာ့ လူတိုင္းသိတဲ့ အခ်က္တစ္ခုပဲျဖစ္ပါတယ္။ ဝက္ၿခံရွိတဲ့အခါ ကၽြန္ေတာ္တို႔အေနနဲ႔ မညႇစ္ရဘူးဆိုတာသိေပမဲ့ လက္ကအၿငိမ္းမေနဘဲ ညႇစ္ၾကတာက မ်ားပါတယ္။ ဝက္ၿခံညႇစ္ျခင္းဟာ ကူးစက္ျပန္ႏွံ႔ျခင္းကို ျဖစ္ေပၚေစပါတယ္။ ဒါ့ေၾကာင့္ဝက္ၿခံကိုလက္ျဖင့္ မညႇစ္သင့္ပါဘူး။ဒါမွမဟုတ္ ဝက္ၿခံ အစက္အေျပာက္အတြက္ အသုံးျပဳမယ္ဆိုရင္ Salicylic Acid ပါတဲ့ အရာတစ္ခုခုျဖင့္ တို႔ ထားေပးလိုက္ပါ။

၅။ ေခါင္းဦးေၾကာင့္ ဝက္ၿခံျဖစ္ေပၚတတ္သလား။


ေခါင္းအုံးဟာ ကၽြန္ေတာ္တို႔မ်က္ႏွာမွာ ဝက္ၿခံအေပါက္ႏိုင္ဆုံးအေၾကာင္းအရာထဲက တစ္ခုပါပဲ။ ကၽြန္ေတာ္ညစက္ညတိုင္း ပါးျပင္၊ မ်က္ႏွာျပင္နဲ႔ အၿမဲထိေတြ႕ေနတဲ့ ေခါင္းဦးဟာ သန္႔ရွင္းမႈမရွိဘဲ မျမင္ႏိုင္တဲ့ ဘက္တီးရီးယားပိုးမႊားေတြျပန္႔ႏွံ႕ေနမယ္ဆိုရင္ ကၽြန္ေတာ္မ်က္မွာအသားအေရပ်က္စီးေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အနည္းဆုံး ေခါင္းဦးစြပ္ကို တစ္ပတ္ တစ္ႀကိမ္ေတာ့ ေလွ်ာ္ေပးသင့္ပါတယ္။

၆။ အသားအေရေျပာင္းလဲဖို႔အတြက္


အသားအေရလွပဖို႔ဆိုတာ အဓိကအေျခခံကေတာ့ အစားအေသာက္ပဲျဖစ္ပါတယ္။ သင့္အေနနဲ႔ က်န္မာေရးနဲ႔ ခႏၶာကိုယ္အတြက္ အသုံးမဝင္မဲ့ အစားအေသာက္မ်ားစားေနျခင္းထက္ က်န္မာေရးနဲ႔ ကိုက္ညီမႈရွိတဲ့ အသီးအႏွံ အစားအေသာက္မ်ားကို မွ်မွ်တတစားသုံးသင့္ၿပီးေရဓာတ္လုံလုံေလာက္ေလာက္ရရွိလွ်င္ သင့္အသားအေရကို ပိုမိုေကာင္းမြန္လာဖို႔ေျပာင္းလဲလာပါလိမ့္မယ္။

၇။ အိုမင္းျခင္းကို ကာကြယ္ဖို႔အတြက္
စီးကရက္ေသာက္သူမ်ားအေနနဲ႔ ေဆးလိပ္ေသာက္သုံးျခင္းဟာ အေရးျပားအတြက္ လိုအပ္ေသာ Collagen နဲ႔ Elastin ကိုပ်က္စီးေစပါတယ္။ Collagen နဲ႔ Elastin ဟာ အေရျပားကို တင္းရင္းေစၿပီး အိုမင္းျခင္းျဖစ္စဥ္ကို ေႏွးေကြးေအာင္ ကာကြယ္ေပးထားတာျဖစ္ပါတယ္။ဒါ့ေၾကာင့္ ထို Collagen နဲ႔ Elastin ပ်က္စီးသြားတဲ့အခါမွာ မ်က္ႏွာေပၚမွာ အေရးေၾကာင္းမ်ားျဖစ္ေပၚျခင္း၊ အေရျပားတြဲက်ျခင္း၊ တြန္႔ျခင္း စတဲ့ အသက္အရြယ္အိုမင္းတဲ့ လကၡဏာရပ္ေတြျဖစ္ေပၚလာပါတယ္။

သင္မသိေသးတဲ့ ကိုရီးယားေတြ ခႏၶာကိုယ္အတြက္ အသံုးျပဳေသာ ဘန္းစကား ၈ခု

#Lifestyle_Myanmar

#Thar_Nage


Unicode

အလှအပနဲ့ အရွယ်မတိုင်ခင် အိုမင်းခြင်း မဖြစ်စေဖို့အကြံပြုချက်
၁။မိတ်ကပ်မဖျက်ဘဲ အိပ်သင့်သလား။
ညဘက်အိပ်စက်တဲ့အခါ မိတ်ကပ်မဖျက်ပဲ အိပ်စက်ချင်းက သင့်အတွက်မကောင်းပါဘူး။ ဘာကြောင့်လဲဆိုတော့ မိတ်ကပ်က သင့်မျက်နှာရဲ့ ချွေးပေါက်တွေကိုပိတ်စေပါတယ်။ ဒါ့ကြောင့် အိပ်ယာမဝင်ခင်သင့်ရဲ့မျက်နှာကို ဆေးကြောသန့်စင်ပြီးမှအိပ်ယာဝင်သင့်ပါတယ်။

၂။Toner ကို ဘယ်အချိန်အသုံးပြုသင့်သလဲ။
တိုနာကို မနက်တစ်ကြိမ်နဲ့ ညအိပ်ယာမဝင်ခင် တစ်ကြိမ်သုံးစွဲနိုင်ပါတယ်။ တိုနာအများစုမှာ အဓိကပါဝင်တာက Alcohol ဖြစ်လို့ သုံးပြီးခြောက်သွားတဲ့အခါ အရေပြားမှာ စပ်ဖျဉ်းဖျဉ်း အေးစက်စက် ခံစားရတယ်။ မျက်နှာသစ်ဆေးသုံးပြီးကျန်တဲ့ အညစ်အကြေးတွေက တိုနာကဖယ်ရှားပေးနိုင်ပါတယ်။ ညဘက်မှာ ထွက်တဲ့ အဆီအဖုတွေကို ဖယ်ရှားဖို့အတွက် တိုနာကိုအသုံးပြုသင့်သလို မနက်ခင်မှာလည်း တစ်ကြိမ်အသုံးပြုသင့်ပါတယ်။ တိုနာလိမ်းတဲ့အခါ မျက်နှာတစ်ပြင်လုံးလိမ်းပေးဖို့လိုအပ်ပြီး အသုံးပြုတဲ့အခါ နူးညံ့ပြီး သန့်ရှင်းတဲ့ ဂွမ်းစနဲ့ ပွတ်ပြီးအသုံးပြုနိုင်ပါတယ်။

၃။ Exfoliating ထုတ်ကုန်တွေအသုံးပြုသင့်သလား။။
Exfoliating ထုတ်ကုန်တွေဟာ အရေပြားဆဲလ်သေတွေကို ဖယ်ရှားဖို့အတွက် အလွန်ကောင်းမွန်ပါတယ်။ ဒါပေမဲ့ Exfoliants ဟာ အသားအရေကိုပျက်စီးစေပြီး ရေဓာတ်ခန်းခြောက်ခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့ကြောင့် Exfoliant ကို အသုံးပြုုပြီးတဲ့ အခါ ဆဲလ်သက်တမ်းကိုလှုံ့ဆော်ပေးနိုင်ပြီး သွေးရည်ကြည်လွှာအတွက် ပြန်လည်ပြုပြင်နိုင်မဲ့ peeling serums ထုတ်ကုန်မျိုးကို ထပ်မံအသုံးပြုသင့်ပါတယ်။

၄။ဝက်ခြံ ညှစ်ခြင်းပြုလုပ်သင့်သလား။
ဒါကတော့ လူတိုင်းသိတဲ့ အချက်တစ်ခုပဲဖြစ်ပါတယ်။ ဝက်ခြံရှိတဲ့အခါ ကျွန်တော်တို့အနေနဲ့ မညှစ်ရဘူးဆိုတာသိပေမဲ့ လက်ကအငြိမ်းမနေဘဲ ညှစ်ကြတာက များပါတယ်။ ဝက်ခြံညှစ်ခြင်းဟာ ကူးစက်ပြန်နှံ့ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့်ဝက်ခြံကိုလက်ဖြင့် မညှစ်သင့်ပါဘူး။ဒါမှမဟုတ် ဝက်ခြံ အစက်အပြောက်အတွက် အသုံးပြုမယ်ဆိုရင် Salicylic Acid ပါတဲ့ အရာတစ်ခုခုဖြင့် တို့ ထားပေးလိုက်ပါ။

၅။ ခေါင်းဦးကြောင့် ဝက်ခြံဖြစ်ပေါ်တတ်သလား။
ခေါင်းအုံးဟာ ကျွန်တော်တို့မျက်နှာမှာ ဝက်ခြံအပေါက်နိုင်ဆုံးအကြောင်းအရာထဲက တစ်ခုပါပဲ။ ကျွန်တော်ညစက်ညတိုင်း ပါးပြင်၊ မျက်နှာပြင်နဲ့ အမြဲထိတွေ့နေတဲ့ ခေါင်းဦးဟာ သန့်ရှင်းမှုမရှိဘဲ မမြင်နိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေပြန့်နှံ့နေမယ်ဆိုရင် ကျွန်တော်မျက်မှာအသားအရေပျက်စီးစေနိုင်ပါတယ်။ ဒါ့ကြောင့် အနည်းဆုံး ခေါင်းဦးစွပ်ကို တစ်ပတ် တစ်ကြိမ်တော့ လျှော်ပေးသင့်ပါတယ်။

၆။ အသားအရေပြောင်းလဲဖို့အတွက်
အသားအရေလှပဖို့ဆိုတာ အဓိကအခြေခံကတော့ အစားအသောက်ပဲဖြစ်ပါတယ်။ သင့်အနေနဲ့ ကျန်မာရေးနဲ့ ခန္ဓာကိုယ်အတွက် အသုံးမဝင်မဲ့ အစားအသောက်များစားနေခြင်းထက် ကျန်မာရေးနဲ့ ကိုက်ညီမှုရှိတဲ့ အသီးအနှံ အစားအသောက်များကို မျှမျှတတစားသုံးသင့်ပြီးရေဓာတ်လုံလုံလောက်လောက်ရရှိလျှင် သင့်အသားအရေကို ပိုမိုကောင်းမွန်လာဖို့ပြောင်းလဲလာပါလိမ့်မယ်။

၇။ အိုမင်းခြင်းကို ကာကွယ်ဖို့အတွက်
စီးကရက်သောက်သူများအနေနဲ့ ဆေးလိပ်သောက်သုံးခြင်းဟာ အရေးပြားအတွက် လိုအပ်သော Collagen နဲ့ Elastin ကိုပျက်စီးစေပါတယ်။ Collagen နဲ့ Elastin ဟာ အရေပြားကို တင်းရင်းစေပြီး အိုမင်းခြင်းဖြစ်စဉ်ကို နှေးကွေးအောင် ကာကွယ်ပေးထားတာဖြစ်ပါတယ်။ဒါ့ကြောင့် ထို Collagen နဲ့ Elastin ပျက်စီးသွားတဲ့အခါမှာ မျက်နှာပေါ်မှာ အရေးကြောင်းများဖြစ်ပေါ်ခြင်း၊ အရေပြားတွဲကျခြင်း၊ တွန့်ခြင်း စတဲ့ အသက်အရွယ်အိုမင်းတဲ့ လက္ခဏာရပ်တွေဖြစ်ပေါ်လာပါတယ်။

Related posts

ဆန္မႈန္႔ကို အသံုးျပဳၿပီး မြဲေျခာက္ေနတဲ့ အသားအေရကို ျဖဴ၀င္းေစမယ့္ နည္းလမ္း

Nandar Lwin

ႀကိဳ႕ထုိးျခင္းေပ်ာက္ေစရန္ အထိေရာက္ဆံုးနည္းလမ္း

OMCTC

ေကာ္ဖီမႈန္႔ကို အလွအပအတြက္ ဘယ္လိုအသံုးျပဳမလဲ?

Nandar Lwin

Leave a Comment