ဒီနှစ်နွေရာသီမှာ သင့်ရဲ့အချစ်ဆုံးအတွက် အံ့အားသင့်ပြီး ပီတိဖြစ်စေမယ့် နည်းလမ်း (၅) ခု
0
7
#LM_Naung_Naung
#Lifestyle_Myanmar
သင့်ခန္ဓာကိုယ်က ပြောပြတတ်တဲ့ သင့်ရဲ့ကျန်းမာရေး
Unicode
နိစ္စဒူဝ လုပ်ရိုးလုပ်စဉ်ကိစ္စတွေဟာ သိပ်ပြီးတော့ ပျော်စရာမကောင်းပဲ လူတွေကိုပင်ပန်းစေပြီး ဘဝရဲ့စိတ်လှုပ်ရှားမှုတွေကို လျော့နည်းစေပါတယ်။ သင်ကိုယ်တိုင် စီးပွားရေး၊ ပညာရေး၊ လူမှုရေးကိစ္စတွေနဲ့ နေ့စဉ်ရက်ဆက် လုံးပမ်းနေရပြီး ယခုကဲ့သို့ ငြီးငွေ့ဖွယ်ခံစားချက်တွေ ခံစားနေရပါက ယခုအကြံပေးချက်တွေကို လေ့လာပြီး မြန်မြန်လေးပဲ ကြိုးစားကြည့်ရအောင်ပါ။
Lifestyle Myanmar ရဲ့အကြံပြုချက်တွေဟာ သင့်အတွက်စိတ်ကိုပြန်လည်လန်းဆန်းစေပြီး သင့်ရဲ့အိမ်သူသက်ထားနဲ့ နှောင်ကြိုးတွေ ပိုမိုခိုင်မြဲစေဖို့ အမြဲတမ်းမျှော်လင့်နေပါတယ်။ ယခုအကြံပေးချက်တွေက ပိုက်ဆံတွေ အများကြီးကုန်စရာမလိုသလို စပါယ်ရှယ်စကေးတွေ၊ အရည်အသွေးတွေလည်း ရှိစရာမလိုပါဘူး။အောက်ပါ အချက်လေးတွေကို လိုက်လုပ်ကြည့်ပြီး သင့်ဇနီးလေးရဲ့အံ့သြမှုတွေကို ရယူလိုက်ပါ။
၁။ အိမ်မှုကိစ္စအကြောင်းပြု၍
အိမ်မှုကိစ္စတွေဟာ သာမာန်ကိစ္စတွေဖြစ်တဲ့အတွက် ရက်စွဲတွေသတ်မှတ်ဖို့ မလိုအပ်ပါဘူး။ မည်သို့ပင်ဖြစ်စေ ဒီအချက်လေးတွေကိုတော့ ကြိုးစားကြည့်ပါ။ သင့်ရဲ့အချစ်ဆုံးကို အလုပ်ပြီးတဲ့အချိန်လောက် တခုခုဝယ်စရာရှိလို့ ကုန်တိုက်ကိုလာခဲ့ဖို့ ပြောပါ။ သူ/သူမ ကုန်တိုက်ကိုမလာခင်မှာပဲ သူအကြိုက်ဆုံး ပွဲ သို့မဟုတ် ရုပ်ရှင်လက်မှတ်နှစ်စောင်ကို ၀ယ်ထားပါ။ သင့်ရဲ့အချစ်ဆုံးအတွက် မထင်မှတ်ထားတဲ့ ပျော်ရွင်မှုတွေကို ခံစားပါစေ။
၂။ သင့်လက်တွဲဖော်ရဲ့ ၀ါသနာကို ကြိုးစားကြည့်ပါ
သင်နဲ့ လက်ထပ်ထားတဲ့သူဟာ သင်နဲ့ဝါသနာချင်း တူချင်မှတူပါလိမ့်မယ်။ သူ့ရဲ့အချို့သောဝါသနာတွေကလည်း သင့်အတွက်ပျင်းစရာကောင်းနိုင်ပါတယ်။ ဒါပေမယ့် ဒီနှစ်နွေရာသီမှာ သင့်ရဲ့အချစ်ဆုံးဝါသနာအပါဆုံး ကိစ္စတစ်ခုခုကို အတူတကွကြိုးစားကြည့်ပေးပါ။ ဥပမာ သူကအားကစား၊ အပင်စိုက်၊ စွန်လွှတ်စတာတွေ ၀ါသနာပါခဲ့ရင်လည်း သင့်အတွက်အတွေ့အကြုံသစ်တွေကို ရရှိစေပြီး သူနဲ့အတူတူလိုက်ပါလုပ်ဆောင်ခြင်းကြောင့် သင့်ရဲ့အားထုတ်မှုတိုင်းကို အိမ်ထောင်ဖက်ဖြစ်သူက တန်ဖိုးထားပါလိမ့်မယ်။
၃။ ဟန်းနီးမွန်း ပြန်ထွက်ပါ
ခရီးထွက်ဖို့အတွက် ပိုက်ဆံအနည်းငယ်ကို သင့်ချစ်သူမသိစေပဲ သပ်သပ်စုထားပါ။ ငွေကြေးအမြောက်အမြား မကုန်စေပဲနဲ့ ရင်ခုန်စရာနဲ့ အပန်းပြေစေမယ့် နေရာလေးတစ်ခုကို ရွေးချယ်ပါ။ ရင်ခုန်စရာကောင်းပြီး အပန်းပြေစေဖို့အတွက် ငပလီကမ်းခြေကို အကြံပေးချင်ပါတယ်။ ဒါပေမယ့်သင့်အတွက် သိပ်မဝေးပဲ ပြည့်စုံနေတဲ့နေရာလေးဆိုလည်း ပိုပြီးအဆင်ပြေစေမှာပါ။ အားလုံးပြင်ဆင်ပြီးလို့ ခရီးထွက်ခါနီး တစ်ရက်လောက်အလိုကြမှ သူ့ကိုအသိပေးပါ။ ပထမဟန်းနီးမွန်းတုန်းကလိုပဲ ပျော်စရာတွေ ခံစားရပါစေ။
၄။ အနက်ရောင် ဓါတ်ပုံစာအုပ်တစ်ခုဖန်တီးပါ
အနက်ရောင်ကာဗာနဲ့ လှပတဲ့ပုံဆွဲစာအုပ်တစ်အုပ်ကိုဝယ်ပါ။ သင်တို့ရဲ့ချစ်သူဘဝကပုံတွေ၊ သင့်လက်တွဲဖော်ရဲ့ အလှဆုံးပုံတွေ၊ သင့်ရဲ့ပုံတွေကို အနုပညာမြောက်စွာ ဒီဇိုင်းဖော်နိုင်တဲ့ ကျွမ်းကျင်သူဆီမှာ အကူအညီတောင်းပြီး စာအုပ်မှာအလှဆင်ပါ။ စာအုပ်မှာကပ်ခြင်း၊ သို့မဟုတ်ကာလာပရင်တာနဲ့ ပုံနှိပ်ပြီးပြန်ချုပ်နိုင်ရင် ပိုကောင်းပါတယ်။ သင့်ရဲ့အချစ်ဆုံးတစ်ယောက် မမျှော်လင့်ပဲ Suprise ဖြစ်မှုတွေ သာယာမှုတွေအတွက် လုံးဝသံသယရှိစရာ မလိုပါဘူး။
၅။ မမျှော်လင့်ထားတဲ့ စိန်ခေါ်မှု
သင်ဘယ်တုန်းကမှ မစွမ်းဆောင်နိုင်ခဲ့တဲ့ အရာတွေရှိသလား။ အဲ့လိုအရာတွေကို ဘယ်အချိန်ကနောက်ဆုံး ကြိုးစားခဲ့လဲ။ မမျှော်လင့်ထားတာတွေ၊ ခန့်မှန်းရခက်တဲ့အရာတွေက သင့်ရဲ့လက်တွဲဖော်ကို Suprise ဖြစ်အောင် စွမ်းဆောင်နိုင်ပါတယ်။ တချို့ကိစ္စတွေကြောင့် သင့်ကိုစိုးရိမ်စိတ်တွေ၊ ကြောက်စိတ်တွေ ဖြစ်စေပါလိမ့်မယ်။ ဒါပေမယ့် သင့်ရဲ့အကောင်းဆုံးတွေကို ပြသပြီး သင့်ရဲ့အကြောက်တရား Phobia ကို တိုက်ထုတ်ပါ။ သူမကသင့်ကိုအားပေးနေတယ်။
#LM_Naung_Naung
#Lifestyle_Myanmar
LEAVE A REPLY
Please enter your comment!
Please enter your name here