သၾကားကို ဘာေၾကာင့္ေလွ်ာ့စားသင့္လဲဆိုတဲ့ အေၾကာင္းရင္း (၇) ခ်က္

0
11

သင္သၾကားကို စားသံုးတဲ့အခါ သင့္ရဲ႕ခႏၶာကိုယ္တစ္ခုလံုးမွာ မေကာင္းတဲ့အရာေတြ မ်ားစြာျဖစ္ပ်က္သြားပါတယ္။ ႏိုင္ငံအေတာ္မ်ားမ်ားက က်န္းမာေရးလိုက္စားသူေတြနဲ႔ က်န္းမာေရးအသိအျမင္ၾကြယ္၀သူေတြဟာယခုဆိုရင္ သၾကားကိုလံုး၀မစားသံုးၾကေတာ့ပါဘူး။ သူတို႔ဘာေၾကာင့္ သၾကားကိုေရွာင္က်ဥ္ရတယ္ဆိုတဲ့ အခ်က္ေတြကို စုစည္းၿပီး Lifestyle Myanmar စာဖတ္သူေတြကို မွ်ေ၀ေပးလိုက္ပါတယ္။

၁။ ဦးေႏွာက္ကိုထိခိုက္ေစပါတယ္
Fructose ဆိုတဲ့အရာကို အပင္အေတာ္မ်ားမ်ားမွာ သဘာ၀အတိုင္း ေတြ႕ရွိရၿပီး ၎ဟာသစ္သီးေတြကိုခ်ိဳေအာင္ ျပဳလုပ္ေပးတဲ့အရာျဖစ္ပါတယ္။ ဂလူးကိုစ့္ဟာလည္း အျခားရိုးရွင္းတဲ့ သၾကားဓါတ္ျဖစ္ပါတယ္။ ထို႔အျပင္ လူေတြဟာ အခ်ိဳအရသာပိုကဲေစဖို႔အတြက္ စာပြဲတင္သၾကားကိုထပ္ထည့္ၿပီး သံုးစြဲၾကပါတယ္။ သၾကားကိုသံုးစြဲတာမ်ားတဲ့အတြက္ သင့္ရဲ႕မွတ္ဥာဏ္နဲ႔ သင္ယူမႈစြမ္းရည္ေတြကို မ်ားစြာက်ဆင္းေစႏိုင္ပါတယ္။

၂။ အစာစားခ်င္စိတ္ကို တိုးပြားေစတယ္
သၾကားဓါတ္လြန္ကဲတဲ့ စားစရာေတြကို သင္စားသံုးတဲ့အခါ ပိုၿပီးဆာေလာင္လာသလို ခံစားရပါလိမ့္မယ္။ ပိုၿပီးဆာေလာင္မႈေၾကာင့္ ထပ္စားရင္းနဲ႔ပဲ အ၀လြန္ေရာဂါ၊ ဆီးခ်ိဳ၊ ႏွလံုးစတာေတြ ျဖစ္ေစႏိုင္တာေၾကာင့္ သၾကားကိုသတိထားၿပီး စားသံုးသင့္ပါတယ္။ အခ်ိဳအမ်ားဆံုးစားစရာေတြျဖစ္တဲ့ ေခ်ာကလက္ေတြ၊ ကြတ္ကီးေတြကို တတ္ႏိုင္သေလာက္ ေရွာင္က်ဥ္ရင္ အေကာင္းဆံုးပါပဲ။

၃။ အိုမင္းမႈကို ျမန္ဆန္ေစတယ္
သၾကားစားသံုးမႈ မ်ားျခင္းဟာ သင့္ကိုအရြယ္က်ျမန္ေစပါတယ္။ သၾကားဓါတ္ဟာ သင့္ရဲ႕ခႏၶာကိုယ္တြင္း ပ်က္စီးမႈမ်ားေၾကာင့္ အရြယ္က်မႈကို ထိန္းသိမ္းေပးတဲ့ ျဖစ္စဥ္ေတြကို ေႏွးေကြးေစၿပီး ျပန္လည္ကုစားဖို႔အတြက္ ခက္ခဲေစပါတယ္။ ပ႐ိုတိန္းသာလွ်င္ သင့္ရဲ႕အေရျပားကို ႏူးညံ့ေစၿပီး အရြယ္တင္ေအာင္ ကူညီေပးနိုင္ပါတယ္။ ဒါေၾကာင့္ သၾကားပါ၀င္မႈမ်ားတဲ့ မုန္႔ေတြ၊ အခ်ိဳရည္ေတြကို စားသံုးျခင္းဟာ အရြယ္မတိုင္မွီ အေရးအေၾကာင္းေတြကို ပိုမိုျဖစ္ေစႏိုင္တာေၾကာင့္ သၾကားအစား သၾကားဓါတ္ပါ၀င္ၿပီး ကယ္လိုရီနည္းတဲ့သစ္သီးေတြနဲ႔ ဟင္းသီးဟင္းရြက္တို႕ကို အစားထိုးစားသံုးေပးသင့္ပါတယ္။

၄။ အဆီေတြကို စုေစၿပီးကိုယ္အေလးခ်ိန္တိုးေစတယ္
သင္ဟာအခ်ိဳကို အရမ္းႀကိဳက္တတ္သူဆိုပါက အရင္စားေနၾကပမာဏထက္နည္းေအာင္ အေလ့အက်င့္ျပဳလုပ္ၿပီး စားသံုးသင့္ပါတယ္။ ေကာ္ဖီတို႔လၻက္ရည္တို႔ကို စြဲလမ္းစြာေသာက္သံုးတတ္သူဆိုပါက သၾကားမပါပဲေသာက္ၾကည့္ပါ၊ သို႔မဟုတ္သၾကားေလ်ာ့ထည့္ပါ။ သၾကားဓါတ္ဟာ အဆီေတြကိုစုေစၿပီး ကိုယ္အေလးခ်ိန္ကိုတိုးေစႏိုင္သလို ႏွလံုးေရာဂါမ်ားႏွင့္ ဆီးခ်ိဳေရာဂါတို႔ကို ျဖစ္ေစႏိုင္တာေၾကာင့္မျဖစ္ခင္ ႀကိဳတင္ကာကြယ္တာ အေကာင္းဆံုးပါပဲ။

၅။ ဆဲလ္ေတြကို ထိခိုက္ေစႏိုင္တယ္
သၾကားစားသံုးျခင္းဟာ ဆဲလ္ေတြရဲ႕ ပံုမွန္လုပ္ငန္းစဥ္ေတြကို ထိခိုက္ေစႏိုင္ပါတယ္။ သၾကားပါ၀င္တဲ့ အစားအစာအားလံုးဟာ ကိုယ္တြင္းအဂၤါေတြနဲ႔ တစ္သွ်ဴးေတြကို ပ်က္စီးေစႏိုင္ပါတယ္။ ၎ဟာ စနစ္တစ္ခုလံုးကို ျပန္လည္ကုစားဖို႔အတြက္ လုပ္ငန္းစဥ္ေတြကို ေႏွာင့္ေႏွးေစႏိုင္ၿပီး သင့္ရဲ႕က်န္းမာေရးအေျခအေနကို ပိုမိုဆိုးရြားေစႏိုင္ပါတယ္။ သၾကားဟာ သင့္ရဲ႕ အသဲ၊ ေက်ာက္ကပ္နဲ႔ အျမင္အာ႐ံုကို ထိခိုက္ေစႏိုင္ပါတယ္။

၆။ စြဲလမ္းေစတယ္
သၾကားဓါတ္ဟာ စားပါမ်ားေလ စြဲေလသဘာ၀ရွိပါတယ္။ ယခုလိုစြဲလမ္းျခင္းေၾကာင့္ သင့္ရဲ႕ခႏၶာကိုယ္နဲ႔ စိတ္က သၾကားဓါတ္ကို အခ်ိန္တိုင္းေတာင့္တေနတတ္ၿပီး သၾကားလံုးေတြနဲ႔ ကြတ္ကီးေတြကိုသာ အခ်ိန္တိုင္းစားခ်င္ေနပါလိမ့္မယ္။ အဆိုးဆံုးကေတာ့ အခ်ိန္တိုင္းမွာ သၾကားဓါတ္ကို တိုးျမွင့္ေစတာေၾကာင့္ စိတ္မေက်နပ္မႈေတြနဲ႔ က်န္းမာေရးဆိုးရြားမႈကို ျဖစ္ေစႏုိင္ပါတယ္။

၇။ စိတ္ဖိစီးမႈတိုးေစတယ္
သၾကားဓါတ္ဟာ စိတ္ဖိစီးမႈေတြနဲ႔ စိတ္တင္းမာမႈကို ပိုမိုဆိုးရြားေစႏိုင္တာေၾကာင့္ သင့္ရဲ႕ ခႏၶာကိုယ္တြင္းက cortisol ပမာဏကို နိမ့္က်ေစဖို႔အတြက္ အျခားနည္းလမ္းတစ္ခုကို စဥ္းစားရွာေဖြသင့္ပါတယ္။ အလယ္အလတ္ေလ့က်င့္ခန္းေတြ လုပ္ျခင္းဟာ သင့္ရဲ႕စိတ္ဖိစီးမႈကို ေလ်ာ့က်ဖို႔အတြက္ အေကာင္းဆံုးနည္းလမ္းတစ္ခုျဖစ္ပါတယ္။ ဒါေၾကာင့္ သင့္ရဲ႕ေဟာမုန္းပမာဏကို ထိန္းညွိဖို႔အတြက္ အခ်ိဳဓါတ္ကို ေလ်ာ့စားသင့္ၿပီး ပံုမွန္ေလ့က်င့္ခန္းလုပ္ျခင္း၊ တရားထိုင္ျခင္း စတာေတြနဲ႔ အစားထိုးျခင္းဟာ သင့္ကိုအရြယ္တင္ႏုပ်ိဳေစၿပီး၊ ေရာဂါကင္းေ၀းေစပါလိမ့္မယ္။


#LM_Naung_Nauung
#Lifestyle_Myanmar
Source-wmnlife

ဆြဲေဆာင္မႈျမင့္မားတဲ့ လူေတြရဲ႕ အမူအက်င့္ ၆ ခ်က္

သကြားကို ဘာကြောင့်လျှော့စားသင့်လဲဆိုတဲ့ အကြောင်းရင်း (၇) ချက်
သင်သကြားကို စားသုံးတဲ့အခါ သင့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာ မကောင်းတဲ့အရာတွေ များစွာဖြစ်ပျက်သွားပါတယ်။ နိုင်ငံအတော်များများက ကျန်းမာရေးလိုက်စားသူတွေနဲ့ ကျန်းမာရေးအသိအမြင်ကြွယ်ဝသူတွေဟာ ယခုဆိုရင် သကြားကိုလုံးဝမစားသုံးကြတော့ပါဘူး။ သူတို့ဘာကြောင့် သကြားကိုရှောင်ကျဉ်ရတယ်ဆိုတဲ့ အချက်တွေကို စုစည်းပြီး Lifestyle Myanmar စာဖတ်သူတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ ဦးနှောက်ကိုထိခိုက်စေပါတယ်
Fructose ဆိုတဲ့အရာကို အပင်အတော်များများမှာ သဘာဝအတိုင်း တွေ့ရှိရပြီး ၎င်းဟာသစ်သီးတွေကိုချိုအောင် ပြုလုပ်ပေးတဲ့အရာဖြစ်ပါတယ်။ ဂလူးကိုစ့်ဟာလည်း အခြားရိုးရှင်းတဲ့ သကြားဓါတ်ဖြစ်ပါတယ်။ ထို့အပြင် လူတွေဟာ အချိုအရသာပိုကဲစေဖို့အတွက် စာပွဲတင်သကြားကိုထပ်ထည့်ပြီး သုံးစွဲကြပါတယ်။ သကြားကိုသုံးစွဲတာများတဲ့အတွက် သင့်ရဲ့မှတ်ဉာဏ်နဲ့ သင်ယူမှုစွမ်းရည်တွေကို များစွာကျဆင်းစေနိုင်ပါတယ်။

၂။ အစာစားချင်စိတ်ကို တိုးပွားစေတယ်
သကြားဓါတ်လွန်ကဲတဲ့ စားစရာတွေကို သင်စားသုံးတဲ့အခါ ပိုပြီးဆာလောင်လာသလို ခံစားရပါလိမ့်မယ်။ ပိုပြီးဆာလောင်မှုကြောင့် ထပ်စားရင်းနဲ့ပဲ အဝလွန်ရောဂါ၊ ဆီးချို၊ နှလုံးစတာတွေ ဖြစ်စေနိုင်တာကြောင့် သကြားကိုသတိထားပြီး စားသုံးသင့်ပါတယ်။ အချိုအများဆုံးစားစရာတွေဖြစ်တဲ့ ချောကလက်တွေ၊ ကွတ်ကီးတွေကို တတ်နိုင်သလောက် ရှောင်ကျဉ်ရင် အကောင်းဆုံးပါပဲ။

၃။ အိုမင်းမှုကို မြန်ဆန်စေတယ်
သကြားစားသုံးမှု များခြင်းဟာ သင့်ကိုအရွယ်ကျမြန်စေပါတယ်။ သကြားဓါတ်ဟာ သင့်ရဲ့ခန္ဓာကိုယ်တွင်း ပျက်စီးမှုများကြောင့် အရွယ်ကျမှုကို ထိန်းသိမ်းပေးတဲ့ ဖြစ်စဉ်တွေကို နှေးကွေးစေပြီး ပြန်လည်ကုစားဖို့အတွက် ခက်ခဲစေပါတယ်။ ပရိုတိန်းသာလျှင် သင့်ရဲ့အရေပြားကို နူးညံ့စေပြီး အရွယ်တင်အောင် ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် သကြားပါ၀င်မှုများတဲ့ မုန့်တွေ၊ အချိုရည်တွေကို စားသုံးခြင်းဟာ အရွယ်မတိုင်မှီ အရေးအကြောင်းတွေကို ပိုမိုဖြစ်စေနိုင်တာကြောင့် သကြားအစား သကြားဓါတ်ပါ၀င်ပြီး ကယ်လိုရီနည်းတဲ့သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တို့ကို အစားထိုးစားသုံးပေးသင့်ပါတယ်။

၄။ အဆီတွေကို စုစေပြီးကိုယ်အလေးချိန်တိုးစေတယ်
သင်ဟာအချိုကို အရမ်းကြိုက်တတ်သူဆိုပါက အရင်စားနေကြပမာဏထက်နည်းအောင် အလေ့အကျင့်ပြုလုပ်ပြီး စားသုံးသင့်ပါတယ်။ ကော်ဖီတို့လ္ဘက်ရည်တို့ကို စွဲလမ်းစွာသောက်သုံးတတ်သူဆိုပါက သကြားမပါပဲသောက်ကြည့်ပါ၊ သို့မဟုတ်သကြားလျော့ထည့်ပါ။ သကြားဓါတ်ဟာ အဆီတွေကိုစုစေပြီး ကိုယ်အလေးချိန်ကိုတိုးစေနိုင်သလို နှလုံးရောဂါများနှင့် ဆီးချိုရောဂါတို့ကို ဖြစ်စေနိုင်တာကြောင့် မဖြစ်ခင် ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါပဲ။

၅။ ဆဲလ်တွေကို ထိခိုက်စေနိုင်တယ်
သကြားစားသုံးခြင်းဟာ ဆဲလ်တွေရဲ့ ပုံမှန်လုပ်ငန်းစဉ်တွေကို ထိခိုက်စေနိုင်ပါတယ်။ သကြားပါ၀င်တဲ့ အစားအစာအားလုံးဟာ ကိုယ်တွင်းအင်္ဂါတွေနဲ့ တစ်သျှူးတွေကို ပျက်စီးစေနိုင်ပါတယ်။ ၎င်းဟာ စနစ်တစ်ခုလုံးကို ပြန်လည်ကုစားဖို့အတွက် လုပ်ငန်းစဉ်တွေကို နှောင့်နှေးစေနိုင်ပြီး သင့်ရဲ့ကျန်းမာရေးအခြေအနေကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ သကြားဟာ သင့်ရဲ့ အသဲ၊ ကျောက်ကပ်နဲ့ အမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။

၆။ စွဲလမ်းစေတယ်
သကြားဓါတ်ဟာ စားပါများလေ စွဲလေသဘာဝရှိပါတယ်။ ယခုလိုစွဲလမ်းခြင်းကြောင့် သင့်ရဲ့ခန္ဓာကိုယ်နဲ့ စိတ်က သကြားဓါတ်ကို အချိန်တိုင်းတောင့်တနေတတ်ပြီး သကြားလုံးတွေနဲ့ ကွတ်ကီးတွေကိုသာ အချိန်တိုင်းစားချင်နေပါလိမ့်မယ်။ အဆိုးဆုံးကတော့ အချိန်တိုင်းမှာ သကြားဓါတ်ကို တိုးမြှင့်စေတာကြောင့် စိတ်မကျေနပ်မှုတွေနဲ့ ကျန်းမာရေးဆိုးရွားမှုကို ဖြစ်စေနိုင်ပါတယ်။

၇။ စိတ်ဖိစီးမှုတိုးစေတယ်
သကြားဓါတ်ဟာ စိတ်ဖိစီးမှုတွေနဲ့ စိတ်တင်းမာမှုကို ပိုမိုဆိုးရွားစေနိုင်တာကြောင့် သင့်ရဲ့ ခန္ဓာကိုယ်တွင်းက cortisol ပမာဏကို နိမ့်ကျစေဖို့အတွက် အခြားနည်းလမ်းတစ်ခုကို စဉ်းစားရှာဖွေသင့်ပါတယ်။  အလယ်အလတ်လေ့ကျင့်ခန်းတွေ လုပ်ခြင်းဟာ သင့်ရဲ့စိတ်ဖိစီးမှုကို လျော့ကျဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ဟောမုန်းပမာဏကို ထိန်းညှိဖို့အတွက် အချိုဓါတ်ကို လျော့စားသင့်ပြီး ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊ တရားထိုင်ခြင်း စတာတွေနဲ့ အစားထိုးခြင်းဟာ သင့်ကိုအရွယ်တင်နုပျိုစေပြီး၊ ရောဂါကင်းဝေးစေပါလိမ့်မယ်။
#LM_Naung_Nauung
#Lifestyle_Myanmar
Source-wmnlife

LEAVE A REPLY

Please enter your comment!
Please enter your name here