• Home
  • Lifestyle
  • တူရာသီဖြား မိန္းမပ်ိဳတစ္ေယာက္ရဲ႕ ႏွလံုးသားကို ပိုင္ဆိုင္ႏိုင္ဖို႔အတြက္ နည္းလမ္း (၅) ခ်က္
Lifestyle Relationship

တူရာသီဖြား မိန္းမပ်ိဳတစ္ေယာက္ရဲ႕ ႏွလံုးသားကို ပိုင္ဆိုင္ႏိုင္ဖို႔အတြက္ နည္းလမ္း (၅) ခ်က္

နကၡတ္ေဗဒင္ေတြရဲ႕ အဆိုအရ ေကာင္းကင္ကၾကယ္ေတြဟာ ကၽြန္ေတာ္တို႔ရဲ႕စ႐ိုက္သဘာ၀ေတြနဲ႔ ကိုယ္ရည္ကိုယ္ေသြး ကံၾကမၼာေတြအေပၚ ၾသဇာလႊမ္းမိုးလွ်က္ ရွိၾကပါတယ္။ လြန္ခဲ့တဲ့ရာစုႏွစ္မ်ားစြာကတည္းက ၾကယ္ေတြကိုၾကည့္ၿပီး ကံၾကမၼာကိုေဟာကိန္းထုတ္မႈေတြဟာ ယေန႔အခ်ိန္ထိ မေပ်ာက္ပ်က္ပဲ ရွိေနဆဲပါ။ ဒီလိုပါပဲ ကၽြန္ေတာ္တို႔ေမြးဖြားတဲ့ ရာသီခြင္အေပၚ အေျခခံၿပီး ေဟာကိန္းေတြဟာလည္း ယေန႔ထက္တိုင္ လူႀကိဳက္မ်ားယံုၾကည္ေနၾကဆဲျဖစ္ပါတယ္။ ဒါေၾကာင့္ နကၡတ္ေဗဒင္ကို ယံုၾကည္သူေတြအတြက္ ၁၂ ရာသီခြင္ရွိတဲ့အထဲကမွ စက္တင္ဘာ၂၃ ကေန ေအာက္တိုဘာ ၂၃ ၾကားေမြးဖြားတဲ့ တူရာသီဖြား မိန္းမပ်ိဳေတြရဲ႕ အေၾကာင္းနဲ႔ သူမတို႔ရဲ႕အခ်စ္ကို ပိုင္ဆိုင္ႏိုင္မယ့္ လႈိ႕၀ွက္နည္းလမ္း (၅) ခ်က္ကိုေဖာ္ျပလိုက္ပါတယ္။

၁။ စာနာမႈနဲ႔ ခ်ဥ္းကပ္နည္း
တူရာသီဖြား မိန္းကေလးေတြရဲ႕စိတ္ဟာ အရမ္းကိုခံစားလြယ္တာေၾကာင့္ သတိရွိစြာနဲ႔ ခ်ဥ္းကပ္ဖို႔ ႀကိဳးစားသင့္ပါတယ္။ သင္တကယ္လို႔ အနည္းဆံုး တူရာသီဖြားမိန္းကေလးတစ္ေယာက္နဲ႔ ခင္ရင္ေတာင္မွ သူမဘယ္ေလာက္ထိ စာနာစိတ္ႀကီးမားတယ္ဆိုတာကို သင္သတိထားမိႏိုင္ပါတယ္။ တစ္စံုတစ္ေယာက္ ဒုကၡေရာက္ေနတာကို ျမင္တာနဲ႔ သူမတို႔ဟာ မ်က္ရည္ေတြခ်က္ခ်င္းက်လာတတ္ၾကပါတယ္။ ဒါေၾကာင့္ သူမတို႔ရဲ႕အခ်စ္ကို ပိုင္ဆိုင္ခ်င္ရင္ သူမတို႕ဘယ္ေလာက္ပဲ ခံစားေနရပါေစ အျမဲတမ္းျမတ္ႏိုးစိတ္နဲ႔ ေလးစားမႈထားရွိဖို႔ လိုအပ္ပါတယ္။ သူမရဲ႕ခံစားခ်က္ေတြအေၾကာင္း သင့္ကိုေျပာျပတဲ့ အခါတိုင္းလည္း အေလးထားမႈေတြ စာနာမႈေတြနဲ႔ အာ႐ံုစိုက္နားေထာင္ေပးၿပီး ႏွစ္သိမ့္ေပးသင့္ပါတယ္။

၂။ သူမရဲ႕စိတ္မခ်မ္းသာမႈေတြကို ဘယ္ေတာ့မွလစ္လ်ဴမ႐ႈသင့္ဘူး
တူရာသီဖြားေတြဟာ အရမ္းကိုစြန္႔လႊတ္တတ္တဲ့ သဘာ၀ရွိၾကပါတယ္။ ဒါေၾကာင့္ပဲ ဘယ္အရာကိုမွ အတင္းအက်ပ္ သို႔မဟုတ္ ေတာင္းဆိုမႈေတြကို ျပဳလုပ္မွာ မဟုတ္ၾကပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ သူမကသင့္ကိုေျပာဆိုတဲ့အခါတိုင္းမွာ ေျပာဆိုမႈတိုင္းကို စိတ္ပါဝင္စားစြာနဲ႔ အျပည့္အဝပါဝင္ဖို႔ သူမကေမွ်ာ္လင့္ေနတတ္ပါတယ္။

၃။ အေၾကာင္းျပခ်က္မရွိ ျငင္းခံုမႈကို မစတင္ပါနဲ႔
တူရာသီဖြားမိန္းကေလးေတြဟာ ပဋိပကၡေတြနဲ႔ အျငင္းပြားဖြယ္ရာေတြကို ေရွာင္ရွားတတ္ၾကပါတယ္။ သူမတို႔ရဲ႕စိတ္ထဲမွာ ခၽြန္ထက္တဲ့အစြန္းေတြကို ေခ်ာမြတ္စြာ၀ိုင္းေစခ်င္သူေတြပါ။ ဒါေၾကာင့္ပဲ သူတို႔ေတြဘယ္လိုပဲအမွားေတြလုပ္လုပ္ အေကာင္းဆံုးျဖစ္ေအာင္ ျပန္လည္ျပဳျပင္လိုစိတ္ ရွိၾကပါတယ္။ ပတ္၀န္းက်င္ေလထုရဲ႕ ေဖာ္ေရြမႈကို သူမတို႔ ပိုခံစားလိုၾကတယ္။ တူရာသီဖြား မိန္းကေလးေတြဟာ စမတ္က်ၿပီး ပဋိပကၡေတြကို ဘယ္လိုေျဖရွင္းရမယ္ဆိုတာ အျခားသူေတြထက္ ပိုနားလည္တတ္ၾကသလို တစ္ေယာက္ကိုတစ္ေယာက္ ေလးစားဖို႔ကိုလည္း ေမွ်ာ္လင့္ၾကတဲ့ သူေတြ ျဖစ္ပါတယ္။ သင့္အတြက္ အေရးအႀကီးဆံုးအခ်က္တစ္ခုကေတာ့ သူတို႔ေျပာတာေတြ အၾကံေပးမႈေတြကို လိုက္ပါလုပ္ေဆာင္သင့္ၿပီး တူရာသီဖြားမိန္းကေလးေတြ ျပႆနာတိုင္းကို ဘယ္လိုေျဖရွင္းတယ္ဆိုတာကို သင္ကိုယ္တိုင္မ်က္ျမင္ၾကံဳေတြ႕ရပါလိမ့္မယ္။

၄။ စကားေတြကေန လုပ္ရပ္ေတြကို ႏွစ္သက္တယ္
သင့္ရဲ႕ လုပ္ရပ္ေတြကေနတဆင့္ တူရာသီဖြား မိန္းကေလးေတြကို ခ်စ္ေၾကာင္း သက္ေသျပလိုက္ပါ။ တူရာသီဖြား မိန္းမပ်ိဳေတြဟာ စကားလံုးေတြ ကတိေတြလြယ္လြယ္ေပးတာေတြထက္ သင့္ရဲ႕တန္ဖိုးထားမႈကို ပိုမိုျမင္ေတြ႕လိုၾကပါတယ္။ ဒါေၾကာင့္ သူမအႏွစ္သက္ဆံုး ေကာ္ဖီဆိုင္မွာ သင့္ရဲ႕အခ်စ္ကို ျပသပါ။ သူမပိုင္ဆိုင္ခ်င္ၿပီး၊ ေမွ်ာ္လင္ခဲ့ရတဲ့ ပစၥည္းေလးေတြနဲ႔ သူမကိုေပ်ာ္ရြင္မႈေတြေပးပါ။ တန္ဖိုးနည္းျခင္းမ်ားျခင္းကို သူမက ဂ႐ုစိုက္မွာမဟုတ္ပါဘူး။ ဒါဟာ တူရာသီဖြားမိန္းကေလးေတြက ႐ုပ္ပိုင္း၀ါဒသမားေတြ ျဖစ္တယ္လို႔ ဆိုလိုတာမဟုတ္ပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ သူမတို႔ကို အထူးအေလးေပးဂ႐ုစိုက္မႈေတြကိုေတာ့ အျခားမိန္းကေလးေတြလိုပဲ ခံယူခ်င္ၾကပါတယ္။

၅။ သူမကို တစ္ဦးတည္းလြတ္လပ္စြာေနဖို႔ အခ်ိန္ေပးပါ
တူရာသီဖြား မိန္းကေလးေတြဟာာ လူအမ်ားနဲ႔ ေပါင္းသင္းဆက္ဆံရျခင္းကို ႏွစ္သက္ၾကၿပီး လူေပါင္းဆံ့ျခင္းႏွင့္ ခင္မင္တတ္သူေတြ ျဖစ္ၾကပါတယ္။ မည္သို႔ပင္ျဖစ္ေစ သူတို႔ရဲ႕တခ်ိဳ႕အခ်ိန္ေတြကိုေတာ့ သီျခားတစ္ကိုယ္တည္း နလိုသူေတြျဖစ္ၾကပါတယ္။ ဒါေၾကာင့္ သင့္ရဲ႕လက္တြဲေဖာ္ျဖစ္တဲ့ တူရာသီဖြားမိန္းကေလးေတြကို သူမလြတ္လြတ္လပ္လပ္ေနဖို႔ အခ်ိန္ေပးျခင္းျဖင့္ သူမပိုမိုေပ်ာ္ရြင္ရၿပီး သင့္ကိုပိုမိုခ်စ္ျမတ္ႏိုးပါလိမ့္မယ္။


#LM_Naung_Naung
#Lifestyle_Myanmar

Unicode

တူရာသီဖွား မိန်းမပျိုတစ်ယောက်ရဲ့ နှလုံးသားကို ပိုင်ဆိုင်နိုင်ဖို့အတွက် နည်းလမ်း (၅) ချက်

နက္ခတ်ဗေဒင်တွေရဲ့ အဆိုအရ ကောင်းကင်ကကြယ်တွေဟာ ကျွန်တော်တို့ရဲ့စရိုက်သဘာဝတွေနဲ့ ကိုယ်ရည်ကိုယ်သွေး ကံကြမ္မာတွေအပေါ် သြဇာလွှမ်းမိုးလျှက် ရှိကြပါတယ်။ လွန်ခဲ့တဲ့ရာစုနှစ်များစွာကတည်းက ကြယ်တွေကိုကြည့်ပြီး ကံကြမ္မာကိုဟောကိန်းထုတ်မှုတွေဟာ ယနေ့အချိန်ထိ မပျောက်ပျက်ပဲ ရှိနေဆဲပါ။ ဒီလိုပါပဲ ကျွန်တော်တို့မွေးဖွားတဲ့ ရာသီခွင်အပေါ် အခြေခံပြီး ဟောကိန်းတွေဟာလည်း ယနေ့ထက်တိုင် လူကြိုက်များယုံကြည်နေကြဆဲဖြစ်ပါတယ်။ ဒါကြောင့် နက္ခတ်ဗေဒင်ကို ယုံကြည်သူတွေအတွက် ၁၂ ရာသီခွင်ရှိတဲ့အထဲကမှ စက်တင်ဘာ၂၃ ကနေ အောက်တိုဘာ ၂၃ ကြားမွေးဖွားတဲ့ တူရာသီဖွား မိန်းမပျိုတွေရဲ့ အကြောင်းနဲ့ သူမတို့ရဲ့အချစ်ကို ပိုင်ဆိုင်နိုင်မယ့် လှို့ဝှက်နည်းလမ်း (၅) ချက်ကိုဖော်ပြလိုက်ပါတယ်။

၁။ စာနာမှုနဲ့ ချဉ်းကပ်နည်း
တူရာသီဖွား မိန်းကလေးတွေရဲ့စိတ်ဟာ အရမ်းကိုခံစားလွယ်တာကြောင့် သတိရှိစွာနဲ့ ချဉ်းကပ်ဖို့ ကြိုးစားသင့်ပါတယ်။ သင်တကယ်လို့ အနည်းဆုံး တူရာသီဖွားမိန်းကလေးတစ်ယောက်နဲ့ ခင်ရင်တောင်မှ သူမဘယ်လောက်ထိ စာနာစိတ်ကြီးမားတယ်ဆိုတာကို သင်သတိထားမိနိုင်ပါတယ်။ တစ်စုံတစ်ယောက် ဒုက္ခရောက်နေတာကို မြင်တာနဲ့ သူမတို့ဟာ မျက်ရည်တွေချက်ချင်းကျလာတတ်ကြပါတယ်။ ဒါကြောင့် သူမတို့ရဲ့အချစ်ကို ပိုင်ဆိုင်ချင်ရင် သူမတို့ဘယ်လောက်ပဲ ခံစားနေရပါစေ အမြဲတမ်းမြတ်နိုးစိတ်နဲ့ လေးစားမှုထားရှိဖို့ လိုအပ်ပါတယ်။ သူမရဲ့ခံစားချက်တွေအကြောင်း သင့်ကိုပြောပြတဲ့ အခါတိုင်းလည်း အလေးထားမှုတွေ စာနာမှုတွေနဲ့ အာရုံစိုက်နားထောင်ပေးပြီး နှစ်သိမ့်ပေးသင့်ပါတယ်။

၂။ သူမရဲ့စိတ်မချမ်းသာမှုတွေကို ဘယ်တော့မှလစ်လျူမရှုသင့်ဘူး
တူရာသီဖွားတွေဟာ အရမ်းကိုစွန့်လွှတ်တတ်တဲ့ သဘာဝရှိကြပါတယ်။ ဒါကြောင့်ပဲ ဘယ်အရာကိုမှ အတင်းအကျပ် သို့မဟုတ် တောင်းဆိုမှုတွေကို ပြုလုပ်မှာ မဟုတ်ကြပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူမကသင့်ကိုပြောဆိုတဲ့အခါတိုင်းမှာ ပာဆိုမှုတိုင်းကို စိတ်ပါဝင်စားစွာနဲ့ အပြည့်အဝပါဝင်ဖို့ သူမကမျှော်လင့်နေတတ်ပါတယ်။

၃။ အကြောင်းပြချက်မရှိ ငြင်းခုံမှုကို မစတင်ပါနဲ့
တူရာသီဖွားမိန်းကလေးတွေဟာ ပဋိပက္ခတွေနဲ့ အငြင်းပွားဖွယ်ရာတွေကို ရှောင်ရှားတတ်ကြပါတယ်။ သူမတို့ရဲ့စိတ်ထဲမှာ ချွန်ထက်တဲ့အစွန်းတွေကို ချောမွတ်စွာဝိုင်းစေချင်သူတွေပါ။ ဒါကြောင့်ပဲ သူတို့တွေဘယ်လိုပဲအမှားတွေလုပ်လုပ် အကောင်းဆုံးဖြစ်အောင် ပြန်လည်ပြုပြင်လိုစိတ် ရှိကြပါတယ်။ ပတ်ဝန်းကျင်လေထုရဲ့ ဖော်ရွေမှုကို သူမတို့ ပိုခံစားလိုကြတယ်။ တူရာသီဖွား မိန်းကလေးတွေဟာ စမတ်ကျပြီး ပဋိပက္ခတွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ အခြားသူတွေထက် ပိုနားလည်တတ်ကြသလို တစ်ယောက်ကိုတစ်ယောက် လေးစားဖို့ကိုလည်း မျှော်လင့်ကြတဲ့ သူတွေ ဖြစ်ပါတယ်။ သင့်အတွက် အရေးအကြီးဆုံးအချက်တစ်ခုကတော့ သူတို့ပြောတာတွေ အကြံပေးမှုတွေကို လိုက်ပါလုပ်ဆောင်သင့်ပြီး တူရာသီဖွားမိန်းကလေးတွေ ပြဿနာတိုင်းကို ဘယ်လိုဖြေရှင်းတယ်ဆိုတာကို သင်ကိုယ်တိုင်မျက်မြင်ကြုံတွေ့ရပါလိမ့်မယ်။

၄။ စကားတွေကနေ လုပ်ရပ်တွေကို နှစ်သက်တယ်
သင့်ရဲ့ လုပ်ရပ်တွေကနေတဆင့် တူရာသီဖွား မိန်းကလေးတွေကို ချစ်ကြောင်း သက်သေပြလိုက်ပါ။ တူရာသီဖွား မိန်းမပျိုတွေဟာ စကားလုံးတွေ ကတိတွေလွယ်လွယ်ပေးတာတွေထက် သင့်ရဲ့တန်ဖိုးထားမှုကို ပိုမိုမြင်တွေ့လိုကြပါတယ်။ ဒါကြောင့် သူမအနှစ်သက်ဆုံး ကော်ဖီဆိုင်မှာ သင့်ရဲ့အချစ်ကို ပြသပါ။ သူမပိုင်ဆိုင်ချင်ပြီး၊ မျှော်လင်ခဲ့ရတဲ့ ပစ္စည်းလေးတွေနဲ့ သူမကိုပျော်ရွင်မှုတွေပေးပါ။ တန်ဖိုးနည်းခြင်းများခြင်းကို သူမက ဂရုစိုက်မှာမဟုတ်ပါဘူး။ ဒါဟာ တူရာသီဖွားမိန်းကလေးတွေက ရုပ်ပိုင်းဝါဒသမားတွေ ဖြစ်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူမတို့ကို အထူးအလေးပေးဂရုစိုက်မှုတွေကိုတော့ အခြားမိန်းကလေးတွေလိုပဲ ခံယူချင်ကြပါတယ်။

၅။ သူမကို တစ်ဦးတည်းလွတ်လပ်စွာနေဖို့ အချိန်ပေးပါ
တူရာသီဖွား မိန်းကလေးတွေဟာာ လူအများနဲ့ ပေါင်းသင်းဆက်ဆံရခြင်းကို နှစ်သက်ကြပြီး လူပေါင်းဆံ့ခြင်းနှင့် ခင်မင်တတ်သူတွေ ဖြစ်ကြပါတယ်။ မည်သို့ပင်ဖြစ်စေ သူတို့ရဲ့တချို့အချိန်တွေကိုတော့ သီခြားတစ်ကိုယ်တည်း နလိုသူတွေဖြစ်ကြပါတယ်။ ဒါကြောင့် သင့်ရဲ့လက်တွဲဖော်ဖြစ်တဲ့ တူရာသီဖွားမိန်းကလေးတွေကို သူမလွတ်လွတ်လပ်လပ်နေဖို့ အချိန်ပေးခြင်းဖြင့် သူမပိုမိုပျော်ရွင်ရပြီး သင့်ကိုပိုမိုချစ်မြတ်နိုးပါလိမ့်မယ်။
#LM_Naung_Naung
#Lifestyle_Myanmar

 

Related posts

ခံတြင္းၿမိန္ေစမယ့္ ငရုတ္သီး ၾကက္သားေၾကာ္

Nandar Lwin

Single ေတြ Valentine’s Day ကိုဘယ္လို ျဖတ္သန္းၾကမလဲ

Naung Naung

ပဲပင္ေပါက္ စားသံုးျခင္းျဖင့္ က်န္းမာေရး အက်ိဳးေက်းဇူး 5 မ်ိဳးရနိုင္

Nandar Lwin

Leave a Comment