ဆြဲေဆာင္မႈျမင့္မားတဲ့ လူေတြရဲ႕ အမူအက်င့္ ၆ ခ်က္

0
1244

ဆြဲေဆာင္မႈျမင့္မားတဲ့ လူေတြဟာ အျမဲတမ္းပဲ လူေတြၾကားထဲမွာ ထင္ေပၚေနတတ္ၿပီး သူတို႔ဘာေၾကာင့္ စိတ္၀င္စားစရာေကာင္းလဲဆိုတာကို သင္သိခ်င္ပါလိမ့္မယ္။ တခ်ိဳ႕က ႐ုပ္ပိုင္းဆိုင္ရာ ေခ်ာေမာလွပတာေၾကာင့္ ထင္ေပၚေနတတ္ေပမယ့္ တခ်ိဳ႕ကေတာ့ ကၽြန္ေတာ္တို႔ရဲ႕စိတ္ကို အလိုလိုလႈံ႕ေဆာ္ႏိုင္ေအာင္ စြမ္းအင္ေတြရွိၾကပါတယ္။ သူတို႔ေတြက ကၽြန္ေတာ္တို႔ရဲ႕ စိတ္ခံစားမႈ သို႔မဟုတ္ အာ႐ံု ဒါမွမဟုတ္ ႏွစ္ခုစလုံးကို ဆြဲေဆာင္ဖို႔အတြက္ ဘယ္အရာေတြမွာ ထူးခၽြန္ေနၾကတာလဲ ဆိုတာကို ေလ့လာၾကည့္ရေအာင္ပါ။

၁။ အျခားသူေတြကို အသိအမွတ္ျပဳတတ္တဲ့အတြက္
ဆြဲေဆာင္မႈရွိတဲ့လူေတြဟာ အျခားသူေတြကို ပြင့္လင္းမႈအစစ္အမွန္နဲ႔ အသိအမွတ္ျပဳတတ္ၾကၿပီး ယခုလိုအျခားသူေတြကို လက္ခံတတ္ျခင္းဟာ ေျပာတာလြယ္သေလာက္ ခါးသက္တဲ့အရာကို မ်ိဳခ်ရသလိုပဲ ခက္ခဲပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ယေန႔ေခတ္ကမာၻႀကီးမွာ မတူတာေတြကိုလက္ခံဖို႔ခက္ခဲတာေတြ တယူသန္စိတ္ေတြေၾကာင့္ တစ္ဦးကိုတစ္ဦး အသိအမွတ္မျပဳႏိုင္တာေတြ၊ မနာလိုတာေတြ၊ မုန္းတီးတာေတြေၾကာင့္ ပဋိပကၡမ်ားစြာ ျဖစ္ပြားလ်က္ရွိပါတယ္။ ဒါေၾကာင့္ ဒီလိုလူေတြၾကားထဲမွာ အျခားသူေတြကို အသိအမွတ္ျပဳတတ္သူရွိေနတဲ့အခါ သူကအျခားသူေတြထက္ ထင္ေပၚေနတာျဖစ္ပါတယ္။

၂။ ကိုယ့္ကိုယ္ကိုယံုၾကည္မႈ
ကိုယ့္ကိုယ္ကို ယံုၾကည္မႈဆိုတဲ့ အေလ့အက်င့္ဟာလည္း တည္ေဆာက္ဖို႔ခက္ခဲတဲ့ အရာတစ္ခုပါ။ လူတိုင္းဟာ ကိုယ့္ကိုယ္ကိုေ၀ဖန္မႈ ရွိၾကေပမယ့္ ဆြဲေဆာင္မႈရွိသူေတြကေတာ့ သူတို႔ေကာင္းစြာလုပ္ႏိုင္တဲ့အရာေတြကို အာ႐ံုစိုက္ႏိုင္စြမ္း ရွိၾကၿပီး သူတို႔ရဲ႕ေအာင္ျမင္မႈေတြ၊ အျခားသူေတြကို ကူညီႏိုင္မယ့္ကိစၥေတြကေနတဆင့္ သူတို႔ရဲ႕ ကိုယ့္ကိုယ္ကိုယံုၾကည္ႏိုင္စြမ္းဟာ ရွင္သန္လာတတ္ပါတယ္။ သူတို႔ေတြဟာ သူတို႔ရဲ႕ေကာင္းတဲ့အရာေလးေတြကတဆင့္ ေကာင္းမြန္တဲ့ခံစားခ်က္ေတြကိုပဲ ရေအာင္ယူႏိုင္ၾကၿပီး သူတို႔ရဲ႕အားနည္းခ်က္ေတြက သူတို႔အတြက္စိတ္ဓါတ္က်စရာ ေပ်ာ့ညံ့စရာေတြ ျဖစ္မေနတတ္ပါဘူး။ သင္ကိုယ္တိုင္လည္း ကိုယ့္ရဲ႕ေကာင္းတဲ့အခ်က္ေတြကို အာ႐ံုစိုက္တတ္တဲ့ အေလ့အက်င့္ျပဳလုပ္လွ်င္ ကိုယ့္ကိုယ္ကိုယံုၾကည္ႏိုင္စြမ္းဟာ တိုးတက္လာမွာ ျဖစ္ပါတယ္။

၃။ ၾကင္နာမႈကိုျပသတတ္တယ္
ၾကင္နာမႈရွိျခင္းဟာ ဆြဲေဆာင္မႈရွိျခင္းရဲ႕ အခ်က္တစ္ခ်က္ျဖစ္ၿပီး အျခားသူေတြရဲ႕ အာ႐ံုစိုက္မႈကို မ်ားစြာရရွိေစပါတယ္။ ဒါေၾကာင့္ပဲ ပရဟိတလုပ္ၾကတဲ့ အႏုပညာရွင္ေတြကို ပရိသတ္ေတြက ပိုမိုအာ႐ံုစိုက္တတ္ၾကၿပီး အစားအစာလွဴဒါန္းတာေတြ၊ မိဘမဲ့ကေလးေတြကို ကူညီေစာင့္ေရွာက္တတ္သူေတြဆို လူတိုင္းကခ်စ္ၾကတာျဖစ္ပါတယ္။ တစ္ခါတစ္ေလမွာ အျခားသူတစ္ေယာက္ေယာက္ကို ၾကင္နာတဲ့စကားေျပာတာ၊ ကေလးေတြကို ခ်ိဳသာစြာေျပာတာေတြ စတဲ့ေသးေသးေလးေတြကေနတဆင့္ သင့္ရဲ႕ဆြဲေဆာင္မႈကိုျမင့္တက္ေစတာေၾကာင့္ ဘယ္ေလာက္ပဲနိမ့္၊၏က်ပါေစ လူတိုင္း၊ တိရိစာၦန္တိုင္းကိုၾကင္နာတတ္တဲ့ အေလ့အက်င့္ကိုေမြးျမဴသင့္ပါတယ္။

၄။ ဆံုျဖတ္ခ်က္ေတြ ခ်တတ္ျခင္း
ဆံုးျဖတ္ခ်က္ေတြခ်မွတ္ျခင္းဟာ ႐ိုးရွင္းတယ္လို႔ ျမင္ရေပမယ့္ ဆြဲေဆာင္မႈရွိသူေတြကေတာ့ အစဥ္အျမဲဂ႐ုစိုက္ ျပဳလုပ္ေနတတ္တဲ့ အရာတစ္ခုျဖစ္ပါတယ္။ ဆံုးျဖတ္ခ်က္ခ်သူေတြဟာ သူတို႔ဘာကိုလိုခ်င္တယ္ ဆိုတာကို ေကာင္းစြာသိရွိၾကပါတယ္။ ညစာစားဖို႔သပ္သပ္ သိတာကိုဆိုလိုတာမဟုတ္ပါဘူး။ ဘ၀အတြက္ကိုဆိုလိုတာပါ။ သူတို႔ေတြဟာ သူတို႔ရဲ႕ဘ၀လမ္းေၾကာင္းအေပၚမူတည္ၿပီး ဆံုးျဖတ္ခ်က္ေတြကို အားစိုက္မႈကင္းစြာ၊ လြယ္ကူစြာနဲ႔ ခ်တတ္တဲ့အမူအက်င့္ရွိတာေၾကာင့္ လူအမ်ားရဲ႕အာ႐ံုစိုက္အထင္ႀကီးမႈကို ပိုမိုခံရတာျဖစ္ပါတယ္။

၅။ ဘ၀အတြက္ စိတ္အားထက္သန္မႈ
စိတ္အားထက္သန္မႈဟာ ကၽြန္ေတာ္တို႔အတြက္ ရည္ရြယ္ခ်က္ေတြကိုေပးၿပီး စိတ္အားထက္သန္မႈမရွိတဲ့ ဘ၀ဟာအသက္ရွင္ရက်ိဳးမနပ္ေလာက္ေအာင္ ဆိုးရြားႏိုင္ပါတယ္။ အဆိုပါစိတ္အားထက္သန္မႈဟာ ကၽြန္ေတာ္တို႔ရဲ႕ ဆံုးျဖတ္ခ်က္ေတြကို တိုက္႐ိုက္အကူအညီေတြေပးႏိုင္ၿပီး အျခားသူေတြနဲ႔ စိတ္အားထက္သန္မႈကို မွ်ေဝဖို႔ ကူညီေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ဆြဲေဆာင္မႈအားေကာင္းသူေတြဟာ စိတ္အားထက္သန္မႈ ႀကီးမားသူေတြျဖစ္ေနတတ္ၾကၿပီး သူတို႔ရဲ႕စိတ္အားထက္သန္မႈေတြကပဲ သူတို႔ကိုျပန္လည္ျပဳျပင္ေပးႏိုင္ပါတယ္။

၆။ ဟာသဥာဏ္ရြင္ျခင္း
ကၽြန္ေတာ္တို႔ေတြအားလံုးဟာ ႐ႈပ္ေထြးေနတဲ့ အခ်ိန္ဇယားေတြ၊ ဆံုးျဖတ္ခ်က္ခ်ဖို႔ခက္တဲ့ ကိစၥေတြ၊ ဘ၀ထဲမွာျပည့္ေနတဲ့ စိတ္ဖိစီးစရာေတြ၊ အျခားမ်ားေျမာင္တဲ့ကိစၥေတြနဲ႔ ရင္ဆိုင္ေနၾကရပါတယ္။ ဒီလိုကိစၥေတြနဲ႔ၾကံဳတဲ့အေတာအတြင္း အရင္လိုပံုမွန္ျပန္ျဖစ္ေအာင္၊ ေပ်ာ္ရြင္စြာရယ္ေမာေနႏိုင္ေအာင္ မျပဳလုပ္ႏိုင္လွ်င္ ကၽြန္ေတာ္တို႔အတြက္နဲ႔ အျခားခ်စ္ရသူေတြအတြက္ ဆိုး၀ါးစရာေတြ ၾကံဳေတြ႕ႏိုင္ပါတယ္။ ရယ္ေမာေနသမွ်ကာလပတ္လံုး ကၽြန္ေတာ္တို႔ကိုယ္တိုင္နဲ႔ အျခားသူေတြအေပၚမွာ တိုက္႐ိုက္ေကာင္းမြန္တဲ့ ရည္ရြယ္မႈေတြ ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ သင့္ရဲ႕ကေလးက စားပြဲခံုေပၚက ႏြားႏို႕ခြက္ကိုေမွာက္ပစ္ရင္ေတာင္မွ သူ႔ကိုလိုက္ဖမ္းၿပီး ႐ိုက္ႏွက္မယ့္အစား မေတာ္တဆမႈတစ္ခုကဲ့သို႕ ရယ္ေမာေနၿပီး သန္႔ရွင္းေရးျပန္လုပ္ပါ။ ရယ္သံေတြက သင့္အတြက္လက္ေဆာင္ေတြ ျဖစ္ေစႏိုင္ပါတယ္။ ယခုလိုအရာရာကို အေကာင္းျမင္ၿပီးရယ္ေမာေပ်ာ္ရြင္ျခင္းက သင့္ကိုဟာသဥာဏ္ရြင္ေစၿပီး ဒုကၡေတြကိုေတာင္ သုခအျဖစ္ေျပာင္းလဲႏိုင္စြမ္းရွိတာေၾကာင့္ လူပံုအလယ္မွာ ထူးျခားၿပီးစိတ္ေကာင္းရွိသူ၊ ပြင့္လင္းတက္ၾကြသူတစ္ေယာက္အျဖစ္ ထင္ရွားေစႏိုင္ပါတယ္။

#LM_Naung_Naung
#Lifestyle_Myanmar
Source-iheartintelligent

အမ်ိဳးသမီးမ်ား ဘယ္ေတာ့မွ လ်စ္လ်ဴမရႈ႕သင့္တဲ့ ႏွလံုးထိခိုက္မႈ၏ အေစာပိုင္းသတိေပး လကၡဏာမ်ား

Unicode

ဆွဲဆောင်မှုမြင့်မားတဲ့ လူတွေရဲ့ အမူအကျင့် ၆ ချက်
ဆွဲဆောင်မှုမြင့်မားတဲ့ လူတွေဟာ အမြဲတမ်းပဲ လူတွေကြားထဲမှာ ထင်ပေါ်နေတတ်ပြီး သူတို့ဘာကြောင့် စိတ်ဝင်စားစရာကောင်းလဲဆိုတာကို သင်သိချင်ပါလိမ့်မယ်။ တချို့က ရုပ်ပိုင်းဆိုင်ရာ ချောမောလှပတာကြောင့် ထင်ပေါ်နေတတ်ပေမယ့် တချို့ကတော့ ကျွန်တော်တို့ရဲ့စိတ်ကို အလိုလိုလှုံ့ဆော်နိုင်အောင် စွမ်းအင်တွေရှိကြပါတယ်။ သူတို့တွေက ကျွန်တော်တို့ရဲ့ စိတ်ခံစားမှု သို့မဟုတ် အာရုံ ဒါမှမဟုတ် နှစ်ခုစလုံးကို ဆွဲဆောင်ဖို့အတွက် ဘယ်အရာတွေမှာ ထူးချွန်နေကြတာလဲ ဆိုတာကို လေ့လာကြည့်ရအောင်ပါ။

၁။ အခြားသူတွေကို အသိအမှတ်ပြုတတ်တဲ့အတွက်
ဆွဲဆောင်မှုရှိတဲ့လူတွေဟာ အခြားသူတွေကို ပွင့်လင်းမှုအစစ်အမှန်နဲ့ အသိအမှတ်ပြုတတ်ကြပြီး ယခုလိုအခြားသူတွေကို လက်ခံတတ်ခြင်းဟာ ပြောတာလွယ်သလောက် ခါးသက်တဲ့အရာကို မျိုချရသလိုပဲ ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ ယနေ့ခေတ်ကမ္ဘာကြီးမှာ မတူတာတွေကိုလက်ခံဖို့ခက်ခဲတာတွေ တယူသန်စိတ်တွေကြောင့် တစ်ဦးကိုတစ်ဦး အသိအမှတ်မပြုနိုင်တာတွေ၊ မနာလိုတာတွေ၊ မုန်းတီးတာတွေကြောင့် ပဋိပက္ခများစွာ ဖြစ်ပွားလျက်ရှိပါတယ်။ ဒါကြောင့် ဒီလိုလူတွေကြားထဲမှာ အခြားသူတွေကို အသိအမှတ်ပြုတတ်သူရှိနေတဲ့အခါ သူကအခြားသူတွေထက် ထင်ပေါ်နေတာဖြစ်ပါတယ်။

၂။ ကိုယ့်ကိုယ်ကိုယုံကြည်မှု
ကိုယ့်ကိုယ်ကို ယုံကြည်မှုဆိုတဲ့ အလေ့အကျင့်ဟာလည်း တည်ဆောက်ဖို့ခက်ခဲတဲ့ အရာတစ်ခုပါ။ လူတိုင်းဟာ ကိုယ့်ကိုယ်ကိုဝေဖန်မှု ရှိကြပေမယ့် ဆွဲဆောင်မှုရှိသူတွေကတော့ သူတို့ကောင်းစွာလုပ်နိုင်တဲ့အရာတွေကို အာရုံစိုက်နိုင်စွမ်း ရှိကြပြီး သူတို့ရဲ့အောင်မြင်မှုတွေ၊ အခြားသူတွေကို ကူညီနိုင်မယ့်ကိစ္စတွေကနေတဆင့် သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်နိုင်စွမ်းဟာ ရှင်သန်လာတတ်ပါတယ်။ သူတို့တွေဟာ သူတို့ရဲ့ကောင်းတဲ့အရာလေးတွေကတဆင့် ကောင်းမွန်တဲ့ခံစားချက်တွေကိုပဲ ရအောင်ယူနိုင်ကြပြီး သူတို့ရဲ့အားနည်းချက်တွေက သူတို့အတွက်စိတ်ဓါတ်ကျစရာ ပျော့ညံ့စရာတွေ ဖြစ်မနေတတ်ပါဘူး။ သင်ကိုယ်တိုင်လည်း ကိုယ့်ရဲ့ကောင်းတဲ့အချက်တွေကို အာရုံစိုက်တတ်တဲ့ အလေ့အကျင့်ပြုလုပ်လျှင် ကိုယ့်ကိုယ်ကိုယုံကြည်နိုင်စွမ်းဟာ တိုးတက်လာမှာ ဖြစ်ပါတယ်။

၃။ ကြင်နာမှုကိုပြသတတ်တယ်
ကြင်နာမှုရှိခြင်းဟာ ဆွဲဆောင်မှုရှိခြင်းရဲ့ အချက်တစ်ချက်ဖြစ်ပြီး အခြားသူတွေရဲ့ အာရုံစိုက်မှုကို များစွာရရှိစေပါတယ်။ ဒါကြောင့်ပဲ ပရဟိတလုပ်ကြတဲ့ အနုပညာရှင်တွေကို ပရိသတ်တွေက ပိုမိုအာရုံစိုက်တတ်ကြပြီး အစားအစာလှူဒါန်းတာတွေ၊ မိဘမဲ့ကလေးတွေကို ကူညီစောင့်ရှောက်တတ်သူတွေဆို လူတိုင်းကချစ်ကြတာဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ အခြားသူတစ်ယောက်ယောက်ကို ကြင်နာတဲ့စကားပြောတာ၊ ကလေးတွေကို ချိုသာစွာပြောတာတွေ စတဲ့သေးသေးလေးတွေကနေတဆင့် သင့်ရဲ့ဆွဲဆောင်မှုကိုမြင့်တက်စေတာကြောင့် ဘယ်လောက်ပဲနိမ့်၊၏ကျပါစေ လူတိုင်း၊ တိရိစ္ဆာန်တိုင်းကိုကြင်နာတတ်တဲ့ အလေ့အကျင့်ကိုမွေးမြူသင့်ပါတယ်။

၄။ ဆုံဖြတ်ချက်တွေ ချတတ်ခြင်း
ဆုံးဖြတ်ချက်တွေချမှတ်ခြင်းဟာ ရိုးရှင်းတယ်လို့ မြင်ရပေမယ့် ဆွဲဆောင်မှုရှိသူတွေကတော့ အစဉ်အမြဲဂရုစိုက် ပြုလုပ်နေတတ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ချသူတွေဟာ သူတို့ဘာကိုလိုချင်တယ် ဆိုတာကို ကောင်းစွာသိရှိကြပါတယ်။ ညစာစားဖို့သပ်သပ် သိတာကိုဆိုလိုတာမဟုတ်ပါဘူး။ ဘဝအတွက်ကိုဆိုလိုတာပါ။ သူတို့တွေဟာ သူတို့ရဲ့ဘဝလမ်းကြောင်းအပေါ်မူတည်ပြီး ဆုံးဖြတ်ချက်တွေကို အားစိုက်မှုကင်းစွာ၊ လွယ်ကူစွာနဲ့ ချတတ်တဲ့အမူအကျင့်ရှိတာကြောင့် လူအများရဲ့အာရုံစိုက်အထင်ကြီးမှုကို ပိုမိုခံရတာဖြစ်ပါတယ်။

၅။ ဘဝအတွက် စိတ်အားထက်သန်မှု
စိတ်အားထက်သန်မှုဟာ ကျွန်တော်တို့အတွက် ရည်ရွယ်ချက်တွေကိုပေးပြီး စိတ်အားထက်သန်မှုမရှိတဲ့ ဘဝဟာအသက်ရှင်ရကျိုးမနပ်လောက်အောင် ဆိုးရွားနိုင်ပါတယ်။ အဆိုပါစိတ်အားထက်သန်မှုဟာ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေကို တိုက်ရိုက်အကူအညီတွေပေးနိုင်ပြီး အခြားသူတွေနဲ့ စိတ်အားထက်သန်မှုကို မျှဝေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ဆွဲဆောင်မှုအားကောင်းသူတွေဟာ စိတ်အားထက်သန်မှု ကြီးမားသူတွေဖြစ်နေတတ်ကြပြီး သူတို့ရဲ့စိတ်အားထက်သန်မှုတွေကပဲ သူတို့ကိုပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။

၆။ ဟာသဉာဏ်ရွင်ခြင်း
ကျွန်တော်တို့တွေအားလုံးဟာ ရှုပ်ထွေးနေတဲ့ အချိန်ဇယားတွေ၊ ဆုံးဖြတ်ချက်ချဖို့ခက်တဲ့ ကိစ္စတွေ၊ ဘဝထဲမှာပြည့်နေတဲ့ စိတ်ဖိစီးစရာတွေ၊ အခြားများမြောင်တဲ့ကိစ္စတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ဒီလိုကိစ္စတွေနဲ့ကြုံတဲ့အတောအတွင်း အရင်လိုပုံမှန်ပြန်ဖြစ်အောင်၊ ပျော်ရွင်စွာရယ်မောနေနိုင်အောင် မပြုလုပ်နိုင်လျှင် ကျွန်တော်တို့အတွက်နဲ့ အခြားချစ်ရသူတွေအတွက် ဆိုးဝါးစရာတွေ ကြံုတွေ့နိုင်ပါတယ်။ ရယ်မောနေသမျှကာလပတ်လုံး ကျွန်တော်တို့ကိုယ်တိုင်နဲ့ အခြားသူတွေအပေါ်မှာ တိုက်ရိုက်ကောင်းမွန်တဲ့ ရည်ရွယ်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ကလေးက စားပွဲခုံပေါ်က နွားနို့ခွက်ကိုမှောက်ပစ်ရင်တောင်မှ သူ့ကိုလိုက်ဖမ်းပြီး ရိုက်နှက်မယ့်အစား မတော်တဆမှုတစ်ခုကဲ့သို့ ရယ်မောနေပြီး သန့်ရှင်းရေးပြန်လုပ်ပါ။ ရယ်သံတွေက သင့်အတွက်လက်ဆောင်တွေ ဖြစ်စေနိုင်ပါတယ်။ ယခုလိုအရာရာကို အကောင်းမြင်ပြီးရယ်မောပျော်ရွင်ခြင်းက သင့်ကိုဟာသဉာဏ်ရွင်စေပြီး ဒုက္ခတွေကိုတောင် သုခအဖြစ်ပြောင်းလဲနိုင်စွမ်းရှိတာကြောင့် လူပုံအလယ်မှာ ထူးခြားပြီးစိတ်ကောင်းရှိသူ၊ ပွင့်လင်းတက်ကြွသူတစ်ယောက်အဖြစ် ထင်ရှားစေနိုင်ပါတယ်။

#LM_Naung_Naung
#Lifestyle_Myanmar
Source-iheartintelligence

LEAVE A REPLY

Please enter your comment!
Please enter your name here