သင္အိပ္စက္တဲ့အခါ ေဟာက္တတ္လား။ ဒါဆိုမေဟာက္မိေအာင္ဘာေတြေရွာင္ၾကဥ္သင့္သလဲ။

0
42

အိပ္စက္တဲ့အခ်ိန္ ေဟာက္ျခင္းဟာ သူတစ္ပါးအတြက္လဲ အေႏွာင့္အယွက္ျဖစ္သလို သင့္အတြက္လည္း က်န္းမာေရးထိခိုက္ႏိုင္တာျဖစ္ပါတယ္။ ဘာေၾကာင့္ အခုလို ဆိုးဆိုးရြားရြားေဟာက္လဲဆိုေတာ့ အသက္႐ွဴလမ္းေၾကာင္းမွာ အတာအဆီးတစ္ခုခုရွိတဲ့အခါ
အသက္႐ွဴလမ္းေၾကာင္းအေပၚပိုင္းရွိတစ္႐ွဴးတစ္ခုခုျဖင့္ တိုက္မိၿပီး တုန္ခါျခင္းေၾကာင့္ အသံထြက္ေပၚလာတာျဖစ္ပါတယ္။ ေဟာက္ျခင္းဟာ လူႀကီးလူငယ္မေရြးျဖစ္တတ္ၿပီး ပုံမွန္အားျဖင့္ေတာ့ အသက္ ၄၀အရြယ္ေလာက္မွာ အိပ္တဲ့အခါ ေဟာက္တတ္ၾကပါတယ္။
အမ်ိဳးသမီးမ်ား ၅၅% ေလာက္ ျဖစ္ႏိုင္ေျခရွိၿပီး အမ်ိဳးသားေတြကေတာ့ ၈၀% ေလာက္က ေဟာက္တတ္ၾကပါတယ္။ ဘယ္လိုအေျခအေနေတြမွာ ေဟာက္တတ္လဲဆိုေတာ့ ႏွာေခါင္းနဲ႔ ပါးစပ္ ေလျဖတ္သန္းတဲ့အခါ ေလဝင္လမ္းေၾကာင္းမွာ တစ္ခုခုပိတ္ဆို႔ျခင္း၊
အသက္အရြယ္အရ လည္ေခ်ာင္၊ လွ်ာ ၾကြက္သားမ်ား ေပ်ာ့တြဲလာျခင္း၊ လုံလုံေလာက္ေလာက္မအိပ္စက္တဲ့အခါ ၾကြက္သားမ်ား ေလ်ာ့ရဲလာျခင္း၊ အရက္ေသာက္ျခင္းေၾကာင့္လည္ေခ်ာင္းၾကြက္သားမ်ား ေလ်ာ့ရဲျခင္း၊ ဓာတ္မတည့္တဲ့ရာသီေတြမွာ ႏွာေခါင္းပိတ္ဆို႔မႈရွိျခင္း၊အသက္႐ွဴၾကပ္ျခင္း၊ အဆီမ်ားၿပီး ဝျခင္း၊ ပက္လက္လွန္အိပ္တဲ့အခါမွာ ၾကြက္သားမ်ား တြဲက်ျခင္းေၾကာင့္ ေဟာက္သံကိုျဖစ္ေပၚေစပါတယ္။

အိပ္စက္တဲ့အခါ မေဟာက္မိေအာင္ ဘာေတြေရွာင္ၾကဥ္သင့္သလဲ။


အဓိကအားျဖင့္ အိပ္ယာသို႔ မဝင္ခင္ အိပ္ေဆး၊ အရက္၊ ေကာ္ဖီ မေသာက္သုံးသင့္ပါဘူး။ လူႀကီးလူငယ္မေရြး အိပ္ခ်ိန္ကို လုံလုံေလာက္ေလာက္ရရွိဖို႔ လိုအပ္ၿပီး အိပ္ယာသို႔ မဝင္ခင္ ၂နာရီေလာက္ထဲက အစားအေသာက္ စားခ်င္းကိုေရွာင္ၾကဥ္သင့္ပါတယ္။
ေဆးလိပ္ေသာက္ျခင္းဟာ အဆုတ္ကို ထိခိုက္ ၿပီး အသက္႐ွဴလမ္းေၾကာင္းကိုပါ ဒုကၡေပးတာေၾကာင့္ အသက္႐ွဴမဝတဲ့အခါ ေဟာက္ျခင္းကို ျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္ ေဆးလိပ္ေသာက္သုံးျခင္းကိုလည္း ေရွာင္ၾကဥ္သင့္ပါတယ္။ အဆီမ်ားတဲ့ အစားအစာေတြဟာ
ေလလမ္းေၾကာင္းရွိ အေျမွးပါးကိုဖိအားေပးတာေၾကာင့္ သင့္အေနနဲ႔ ေရွာင္ၾကဥ္သင့္ပါတယ္။ အိပ္ခန္းကို ေလဝင္ေလထြက္ ေကာင္းၿပီး ေလေကာင္းေလသန္႔ရရွိတဲ့ေနရာမ်ိဳးျဖစ္ေအာင္ ျပင္ဆင္ၿပီးမွ အိပ္စက္သင့္ပါတယ္။ ေဟာက္တတ္တဲ့အက်င့္ကို ဖယ္ေဖ်ာက္ႏိုင္ဖို႔အတြက္အာေခါင္ေလ့က်င့္ခန္းကို ျပဳလုပ္ေပးသင့္ပါတယ္။ အဆိုပါ ေလ့က်င့္ခန္းဟာ လွ်ာကို ေမးေစ့နဲ႔ အနီးစပ္ဆုံးျဖစ္ေအာင္ ထုတ္လိုက္ သြင္းလိုက္ နဲ႔ တစ္ေန႔ကို ၁၀ႀကိမ္ျပဳလုပ္ေပးရမွာျဖစ္ပါတယ္။

ဂ်ိဳင္းေအာက္မွာ အဆီေတြတိုက္ဖ်က္ဖို႔အတြက္ အေကာင္းဆုံးေလ့က်င့္ခန္းအခ်ိဳ႕

 #Lifestyle_Myanmar

#Thar_Nage


Unicode

သင်အိပ်စက်တဲ့အခါ ဟောက်တတ်လား။ မဟောက်မိအောင်ဘာတွေရှောင်ကြဉ်သင့်သလဲ။
အိပ်စက်တဲ့အချိန် ဟောက်ခြင်းဟာ သူတစ်ပါးအတွက်လဲ အနှောင့်အယှက်ဖြစ်သလို သင့်အတွက်လည်း ကျန်းမာရေးထိခိုက်နိုင်တာဖြစ်ပါတယ်။ ဘာကြောင့် အခုလို ဆိုးဆိုးရွားရွားဟောက်လဲဆိုတော့ အသက်ရှူလမ်းကြောင်းမှာ အတာအဆီးတစ်ခုခုရှိတဲ့အခါ
အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းရှိတစ်ရှူးတစ်ခုခုဖြင့် တိုက်မိပြီး တုန်ခါခြင်းကြောင့် အသံထွက်ပေါ်လာတာဖြစ်ပါတယ်။ ဟောက်ခြင်းဟာ လူကြီးလူငယ်မရွေးဖြစ်တတ်ပြီး ပုံမှန်အားဖြင့်တော့ အသက် ၄၀အရွယ်လောက်မှာ အိပ်တဲ့အခါ ဟောက်တတ်ကြပါတယ်။
အမျိုးသမီးများ ၅၅% လောက် ဖြစ်နိုင်ခြေရှိပြီး အမျိုးသားတွေကတော့ ၈၀% လောက်က ဟောက်တတ်ကြပါတယ်။ ဘယ်လိုအခြေအနေတွေမှာ ဟောက်တတ်လဲဆိုတော့ နှာခေါင်းနဲ့ ပါးစပ် လေဖြတ်သန်းတဲ့အခါ လေဝင်လမ်းကြောင်းမှာ တစ်ခုခုပိတ်ဆို့ခြင်း၊
အသက်အရွယ်အရ လည်ချောင်၊ လျှာ ကြွက်သားများ ပျော့တွဲလာခြင်း၊ လုံလုံလောက်လောက်မအိပ်စက်တဲ့အခါ ကြွက်သားများ လျော့ရဲလာခြင်း၊ အရက်သောက်ခြင်းကြောင့်လည်ချောင်းကြွက်သားများ လျော့ရဲခြင်း၊ ဓာတ်မတည့်တဲ့ရာသီတွေမှာ နှာခေါင်းပိတ်ဆို့မှုရှိခြင်း၊အသက်ရှူကြပ်ခြင်း၊ အဆီများပြီး ဝခြင်း၊ ပက်လက်လှန်အိပ်တဲ့အခါမှာ ကြွက်သားများ တွဲကျခြင်းကြောင့် ဟောက်သံကိုဖြစ်ပေါ်စေပါတယ်။

အိပ်စက်တဲ့အခါ မဟောက်မိအောင် ဘာတွေရှောင်ကြဉ်သင့်သလဲ။
အဓိကအားဖြင့် အိပ်ယာသို့ မဝင်ခင် အိပ်ဆေး၊ အရက်၊ ကော်ဖီ မသောက်သုံးသင့်ပါဘူး။ လူကြီးလူငယ်မရွေး အိပ်ချိန်ကို လုံလုံလောက်လောက်ရရှိဖို့ လိုအပ်ပြီး အိပ်ယာသို့ မဝင်ခင် ၂နာရီလောက်ထဲက အစားအသောက် စားချင်းကိုရှောင်ကြဉ်သင့်ပါတယ်။
ဆေးလိပ်သောက်ခြင်းဟာ အဆုတ်ကို ထိခိုက် ပြီး အသက်ရှူလမ်းကြောင်းကိုပါ ဒုက္ခပေးတာကြောင့် အသက်ရှူမဝတဲ့အခါ ဟောက်ခြင်းကို ဖြစ်စေပါတယ်။ ဒါ့ကြောင့် ဆေးလိပ်သောက်သုံးခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ အဆီများတဲ့ အစားအစာတွေဟာ
လေလမ်းကြောင်းရှိ အမြှေးပါးကိုဖိအားပေးတာကြောင့် သင့်အနေနဲ့ ရှောင်ကြဉ်သင့်ပါတယ်။ အိပ်ခန်းကို လေဝင်လေထွက် ကောင်းပြီး လေကောင်းလေသန့်ရရှိတဲ့နေရာမျိုးဖြစ်အောင် ပြင်ဆင်ပြီးမှ အိပ်စက်သင့်ပါတယ်။ ဟောက်တတ်တဲ့အကျင့်ကို ဖယ်ဖျောက်နိုင်ဖို့အတွက်အာခေါင်လေ့ကျင့်ခန်းကို ပြုလုပ်ပေးသင့်ပါတယ်။ အဆိုပါ လေ့ကျင့်ခန်းဟာ လျှာကို မေးစေ့နဲ့ အနီးစပ်ဆုံးဖြစ်အောင် ထုတ်လိုက် သွင်းလိုက် နဲ့ တစ်နေ့ကို ၁၀ကြိမ်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here