Single mother တစ္ဦးျဖစ္သူ ကမာၻေက်ာ္ေပါ့ပ္အဆိုေတာ္ စီလင္းဒီယြန္ ရဲ႕ မိဘအုပ္ထိန္းမႈနည္းလမ္း

0
29

Celine Dion လို႔ဆိုလိုက္တာနဲ႔ လူတိုင္းႏွစ္သက္ခဲ့ၾကတဲ့ တိုက္တန္းနစ္ဇာတ္ကားရဲ႕ ဇာတ္၀င္သီခ်င္း My heart will go on ကိုအသံပါ၀ါျပည့္ျပည့္နဲ႔သီဆိုခဲ့တဲ့ ကေနးဒီယန္း အမ်ိဳးသမီးတစ္ေယာက္ကို ျမင္ေယာင္မိပါလိမ့္မယ္။ သူမဟာ သီခ်င္းဆိုတဲ့ေနရာမွာသာ ထူးခၽြန္တာမဟုတ္ပဲ Single mother ဘ၀ကိုလည္း စိုးရြံ႕ျခင္းမရွိပဲ ရဲရဲရင့္ရင့္နဲ႔ ျဖတ္သန္းေနသူတစ္ေယာက္ပါ။ Single mother ျဖစ္တာေၾကာင့္ သူမရဲ႕ဘ၀မွာ အခ်ိဳ႕ေသာအခက္အခဲေတြ ရွိခဲ့ေပမယ့္ ဂုဏ္သိကၡာနဲ႔အတူ ရင္ဆိုင္ေက်ာ္လႊားႏိုင္ခဲ့ပါတယ္။ ယခုဆိုရင္ သူမဟာအသက္ ၅၀ ရွိၿပီျဖစ္ၿပီး ၂၀၀၁ ခုႏွစ္မွာေမြးခဲ့တဲ့ သားအႀကီးဆံုး Rene-Charles Angelil နဲ႔ ၂၀၁၀ မွာေမြးခဲ့တဲ့ Eddy နဲ႔ Nelson ဆိုတဲ့
အမႊာသမီးေလးႏွစ္ေယာက္နဲ႔အတူ ဘ၀ကိုေပ်ာ္ရြင္စြာ ျဖတ္သန္းေနတဲ့ မိခင္တစ္ဦးျဖစ္ပါတယ္။

-Advertisement-

၂၀၁၃ ခုႏွစ္တုန္းက အင္တာဗ်ဴးတစ္ခုမွာ သူမရဲ႕ခင္ပြန္းျဖစ္သူ Rene Angelil နဲ႔လက္ထပ္ခဲ့တဲ့ အေၾကာင္းကို သူမကအမွတ္တရအေနနဲ႔ ျပန္ေျပာခဲ့ပါတယ္။
” ကၽြန္မတို႔ႏွစ္ေယာက္ၾကားမွာ တင္းမာမႈေတြရွိခဲ့ပါတယ္၊ လင္မယားရယ္လို႔ ျဖစ္လာရင္ အားလံုးအဆင္ေျပလြယ္ကူတာေတာ့ မရွိပါဘူး၊ ဒီလိုပဲေဖ်ာ္ေျဖပြဲဖိအားေတြ၊ ခရီးစဥ္ေတြ၊ သြားလာဆက္ဆံေရးေတြနဲ႔ ကၽြန္မတို႔ႏွစ္ေယာက္လံုး စီးပြားေရးလုပ္ၾကရင္းနဲ႔ပဲ တကယ့္ကိုခက္ခဲခဲ့တာပါ။ ေျပာရရင္ေတာ့ အမ်ားႀကီးပါပဲ” လို႔သူက အရင္တုန္းကရင္ဆိုင္ခဲ့ရတဲ့ အခ်ိန္ေတြကို ျပန္ေျပာင္းေျပာျပခဲ့ပါတယ္။ ဒါေပမယ့္ အခက္အခဲေတြ ၾကားမွာပဲ သူတို႔ႏွစ္ေယာက္ အတူတူရွိခဲ့ၾကတယ္။ ” ကၽြန္မတို႔ အတူတူရယ္ေမာတယ္၊ ဟာသေတြလုပ္ၾကတယ္၊ ကေလးေတြအတူတူေမြးၾကတယ္၊ ကၽြန္မတို႔ရဲ႕ အိမ္ေထာင္ေရးကို ထာ၀ရတည္ျမဲခ်င္ခဲ့တာပါ” လို႔ သူမကဆိုပါတယ္။

ဒါေပမယ့္ ကံၾကမၼာကသူတို႔မိသားစုေလးကို မ်က္ႏွာသာမေပးခဲ့ပါဘူး။ ကံမေကာင္းစြာနဲ႔ပဲ ၂၀၁၆ ခုႏွစ္မွာ ကင္ဆာေရာဂါနဲ႔ သူမရဲ႕ခင္ပြန္းဆံုးပါးခဲ့ရတယ္။ ဟုတ္ပါတယ္ သူမအတြက္ထိတ္လန္႔စရာအႀကီးဆံုးျဖစ္ခဲ့ေပမယ့္ ဘာပဲျဖစ္ေနေန ကေလးေတြအတြက္ ၾကံ႕ၾကံ႕ခံ့ ရင္ဆိုင္ဖို႔အသင့္ရွိေနဆဲပါ။ သူမရဲ႕ မိဘအုပ္ထိန္းမႈနည္းလမ္းက တကယ့္ကို ႐ိုး႐ိုးေလးပါပဲ။ မိသားစုအတြက္ အခ်ိန္ပိုမိုေပးျခင္းဟာ တကယ့္ကိုလြယ္ကူတယ္လို႔ ထင္ရေပမယ့္ သူမလို႔ စူပါစတားတစ္ေယာက္အတြက္ေတာ့ သိပ္မလြယ္ပါဘူး။ ဒါေပမယ့္ သူမျဖစ္ေအာင္လုပ္ခဲ့ပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ သူမရဲ႕သားသမီးေတြထက္ပိုၿပီး တန္ဖိုးရွိတဲ့အရာ ေလာကမွာမရွိတာေၾကာင့္ ျဖစ္ပါတယ္။
တကယ့္ကိုမိခင္ေကာင္းတစ္ေယာက္ပါ။ သူမတို႔မိသားစုဟာ အခ်ိန္တိုင္းမွာပဲ ေပ်ာ္စရာေတြနဲ႔ အမွတ္ရစရာေတြကို အျမဲဖန္တီးေနတတ္တယ္။ ကေလးေတြက Disneyland ကိုသြားခ်င္တဲ့အခါတိုင္းလည္း စီလင္းဒီယြန္က မအားလပ္တာေတြကိုေမ့ထားၿပီး ကေလးေတြနဲ႔အတူတူလိုက္သြားခဲ့ပါတယ္။

စီလင္းဒီယြန္ဟာ သူမရဲ႕ကေလးသံုးေယာက္အတြက္ တကယ့္ကိုစိတ္ဓာတ္တက္ၾကြမႈကိုေပးႏိုင္ၿပီး ၿပီးျပည့္စံုတဲ့ မိခင္ေကာင္းတစ္ေယာက္ျဖစ္တာေၾကာင့္ Lifestyle Myanmar စာဖတ္သူေတြလည္း Single mother ဘ၀ကိုတုန္လႈပ္စရာမလိုသလို အလုပ္ေတြမ်ားတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ကေလးေတြကို ဂ႐ုမစိုက္မိတာေတြ မျဖစ္ေစဖို႔ ႀကိဳးစားေစခ်င္ပါတယ္။ ကေလးေတြငယ္ရြယ္စဥ္ဘ၀တည္းက မိဘေတြနဲ႔ ေပ်ာ္ရြင္ရတဲ့ အခ်ိန္မ်ားေလေလ အရြယ္ေရာက္လာတဲ့အခါ ပိုမိုခ်မ္းေျမ့ၿပီး သံေယာဇဥ္ခိုင္ျမဲတဲ့ မိသားစုဘ၀ကို ပိုင္ဆိုင္ရေလေလျဖစ္႐ံုသာမက ကေလးေတြရဲ႕ဖြံ႕ၿဖိဳးတိုးတက္မႈကိုလည္း မ်ားစြာအေထာက္အကူျဖစ္ေစပါတယ္။

 

#LM_Naung_Naung
#Lifestyle_Myanmar
Source-Fabiosa

ျမစ္ထဲမွေက်ာက္တံုးမ်ားကို စြန္ပလြံသီးအရြယ္ တိရိစာၦန္ေလးေတြအျဖစ္ ေျပာင္းလဲေစတဲ့ ဂ်ပန္ပန္းခ်ီပညာရွင္တစ္ဦး

Unicode

Single mother တစ်ဦးဖြစ်သူ ကမ္ဘာကျော်ပေါ့ပ်အဆိုတော် စီလင်းဒီယွန် ရဲ့ မိဘအုပ်ထိန်းမှုနည်းလမ်း
Celine Dion လို့ဆိုလိုက်တာနဲ့ လူတိုင်းနှစ်သက်ခဲ့ကြတဲ့ တိုက်တန်းနစ်ဇာတ်ကားရဲ့ ဇာတ်ဝင်သီချင်း My heart will go on ကိုအသံပါဝါပြည့်ပြည့်နဲ့သီဆိုခဲ့တဲ့ ကနေးဒီယန်း အမျိုးသမီးတစ်ယောက်ကို မြင်ယောင်မိပါလိမ့်မယ်။ သူမဟာ သီချင်းဆိုတဲ့နေရာမှာသာ ထူးချွန်တာမဟုတ်ပဲ Single mother ဘဝကိုလည်း စိုးရွံ့ခြင်းမရှိပဲ ရဲရဲရင့်ရင့်နဲ့ ဖြတ်သန်းနေသူတစ်ယောက်ပါ။ Single mother ဖြစ်တာကြောင့် သူမရဲ့ဘဝမှာ အချို့သောအခက်အခဲတွေ ရှိခဲ့ပေမယ့် ဂုဏ်သိက္ခာနဲ့အတူ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ပါတယ်။ ယခုဆိုရင် သူမဟာအသက် ၅၀ ရှိပြီဖြစ်ပြီး ၂၀၀၁ ခုနှစ်မှာမွေးခဲ့တဲ့ သားအကြီးဆုံး Rene-Charles Angelil နဲ့ ၂၀၁၀ မှာမွေးခဲ့တဲ့ Eddy နဲ့ Nelson ဆိုတဲ့
အမွှာသမီးလေးနှစ်ယောက်နဲ့အတူ ဘဝကိုပျော်ရွင်စွာ ဖြတ်သန်းနေတဲ့ မိခင်တစ်ဦးဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်တုန်းက အင်တာဗျူးတစ်ခုမှာ သူမရဲ့ခင်ပွန်းဖြစ်သူ Rene Angelil နဲ့လက်ထပ်ခဲ့တဲ့ အကြောင်းကို သူမကအမှတ်တရအနေနဲ့ ပြန်ပြောခဲ့ပါတယ်။
” ကျွန်မတို့နှစ်ယောက်ကြားမှာ တင်းမာမှုတွေရှိခဲ့ပါတယ်၊ လင်မယားရယ်လို့ ဖြစ်လာရင် အားလုံးအဆင်ပြေလွယ်ကူတာတော့ မရှိပါဘူး၊ ဒီလိုပဲဖျော်ဖြေပွဲဖိအားတွေ၊ ခရီးစဉ်တွေ၊ သွားလာဆက်ဆံရေးတွေနဲ့ ကျွန်မတို့နှစ်ယောက်လုံး စီးပွားရေးလုပ်ကြရင်းနဲ့ပဲ တကယ့်ကိုခက်ခဲခဲ့တာပါ။ ပြောရရင်တော့ အများကြီးပါပဲ” လို့သူက အရင်တုန်းကရင်ဆိုင်ခဲ့ရတဲ့ အချိန်တွေကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။ ဒါပေမယ့် အခက်အခဲတွေ ကြားမှာပဲ သူတို့နှစ်ယောက် အတူတူရှိခဲ့ကြတယ်။ ” ကျွန်မတို့ အတူတူရယ်မောတယ်၊ ဟာသတွေလုပ်ကြတယ်၊ ကလေးတွေအတူတူမွေးကြတယ်၊ ကျွန်မတို့ရဲ့ အိမ်ထောင်ရေးကို ထာဝရတည်မြဲချင်ခဲ့တာပါ” လို့ သူမကဆိုပါတယ်။

ဒါပေမယ့် ကံကြမ္မာကသူတို့မိသားစုလေးကို မျက်နှာသာမပေးခဲ့ပါဘူး။ ကံမကောင်းစွာနဲ့ပဲ ၂၀၁၆ ခုနှစ်မှာ ကင်ဆာရောဂါနဲ့ သူမရဲ့ခင်ပွန်းဆုံးပါးခဲ့ရတယ်။ ဟုတ်ပါတယ် သူမအတွက်ထိတ်လန့်စရာအကြီးဆုံးဖြစ်ခဲ့ပေမယ့် ဘာပဲဖြစ်နေနေ ကလေးတွေအတွက် ကြံ့ကြံ့ခံ့ ရင်ဆိုင်ဖို့အသင့်ရှိနေဆဲပါ။ သူမရဲ့ မိဘအုပ်ထိန်းမှုနည်းလမ်းက တကယ့်ကို ရိုးရိုးလေးပါပဲ။ မိသားစုအတွက် အချိန်ပိုမိုပေးခြင်းဟာ တကယ့်ကိုလွယ်ကူတယ်လို့ ထင်ရပေမယ့် သူမလို့ စူပါစတားတစ်ယောက်အတွက်တော့ သိပ်မလွယ်ပါဘူး။ ဒါပေမယ့် သူမဖြစ်အောင်လုပ်ခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူမရဲ့သားသမီးတွေထက်ပိုပြီး တန်ဖိုးရှိတဲ့အရာ လောကမှာမရှိတာကြောင့် ဖြစ်ပါတယ်။
တကယ့်ကိုမိခင်ကောင်းတစ်ယောက်ပါ။ သူမတို့မိသားစုဟာ အချိန်တိုင်းမှာပဲ ပျော်စရာတွေနဲ့ အမှတ်ရစရာတွေကို အမြဲဖန်တီးနေတတ်တယ်။ ကလေးတွေက Disneyland ကိုသွားချင်တဲ့အခါတိုင်းလည်း စီလင်းဒီယွန်က မအားလပ်တာတွေကိုမေ့ထားပြီး ကလေးတွေနဲ့အတူတူလိုက်သွားခဲ့ပါတယ်။

စီလင်းဒီယွန်ဟာ သူမရဲ့ကလေးသုံးယောက်အတွက် တကယ့်ကိုစိတ်ဓာတ်တက်ကြွမှုကိုပေးနိုင်ပြီး ပြီးပြည့်စုံတဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်တာကြောင့် Lifestyle Myanmar စာဖတ်သူတွေလည်း Single mother ဘဝကိုတုန်လှုပ်စရာမလိုသလို အလုပ်တွေများတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကလေးတွေကို ဂရုမစိုက်မိတာတွေ မဖြစ်စေဖို့ ကြိုးစားစေချင်ပါတယ်။ ကလေးတွေငယ်ရွယ်စဉ်ဘဝတည်းက မိဘတွေနဲ့ ပျော်ရွင်ရတဲ့ အချိန်များလေလေ အရွယ်ရောက်လာတဲ့အခါ ပိုမိုချမ်းမြေ့ပြီး သံယောဇဉ်ခိုင်မြဲတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ရလေလေဖြစ်ရုံသာမက ကလေးတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုလည်း များစွာအထောက်အကူဖြစ်စေပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Source-Fabiosa

LEAVE A REPLY

Please enter your comment!
Please enter your name here