
0
52


-Advertisement-



#LM_Naung_Naung
#Lifestyle_Myanmar
Source-mnn.com

အင်တာနက်မှာ နာမည်ကြီးနေတဲ့ ဗီယမ်နမ်နိုင်ငံက သခင်နှင့်အတူ ငါးရောင်းနေတဲ့ ကြောင်လေးရဲ့ချစ်စဖွယ်ပုံများ

Unicode

မြစ်ထဲမှကျောက်တုံးများကို စွန်ပလွံသီးအရွယ် တိရိစ္ဆာန်လေးတွေအဖြစ် ပြောင်းလဲစေတဲ့ ဂျပန်ပန်းချီပညာရှင်တစ်ဦး

Akie Nakata ဟာသဘာဝတရားကြီးနဲ့ ပန်းချီပညာကို ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်ပါတယ်။ သူမကလေးဘဝအရွယ်တည်းက ကျောက်တုံးတွေကိုလိုက်ကောက်ပြီး တိရိစ္ဆာန်ပုံလေးတွေ ဆွဲခြင်းကို ဝါသနာထုံသူ တစ်ယောက်ပါ။ ဒါပေမယ့် ကျောက်တုံးတွေဟာ သူမအတွက်တော့ တိရိစ္ဆာန်ပုံလေးတွေ ဆွဲဖို့အရာဝတ္တုသက်သက်မဟုတ်ပါဘူး။ ကျောက်တုံးတွေဟာ သူမအတွက်အရမ်းကို အဓိပ္ပာယ်ရှိပြီး တိရိစ္ဆာန်တွေလိုပဲ အသက်ရှိနေကြောင်းကို သူမကယုံကြည်ထားသူလည်း ဖြစ်ပါတယ်။

ယခုသူမလက်ဖဝါးပေါ်က ကျောက်တုံးတွေဟာ တချိန်ကအလွန်ကြီးမားတဲ့ ကျောက်တောင်တွေကနေ ပြောင်းလဲလာတယ်လို့ သူမကဆိုပြီး၊ ထောင်စုနှစ်များစွာက ကမ္ဘာကြီးရဲ့သမိုင်းကြောင်းတွေဟာ ကျောက်တုံးတွေဆီမှာ ရှိနေပြီး ကမ္ဘာကြီးရဲ့အသက်ရှုသံကိုလည်း အတွင်းပိုင်းထိသူမခံစားလို့ ရကြောင်းလည်း ပြောခဲ့ပါတယ်။ ဒါကြောင့် ကျောက်တုံးတွေနဲ့ လုပ်ရတဲ့အလုပ်ကို ယခုအချိန်ထိ ပျော်ရွင်စွာလုပ်နေပြီး သူမခံစားလို့ရသည့်အတိုင်း ကျောက်တုံးပုံစံကို လှပပြီးချစ်စရာကောင်းတဲ့ တိရိစ္ဆာန်လေးတွေအဖြစ် ပြောင်းလဲခဲ့တာကြောင့် အင်တာနက်မှာ လူသိများသူတစ်ယောက်လည်း ဖြစ်နေလျက်ရှိပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Source-mnn.com

LEAVE A REPLY

Please enter your comment!
Please enter your name here